< ၁ ဓမ္မရာဇဝင် 1 >

1 ဧဖရတ် မြို့သားဇုဖ ၊ တောဟူ ၊ ဧလိဟူ ၊ ယေရောဟံ မှ ဆင်းသက်၍ ဧဖရိမ် တောင် ပေါ်မှာ ရာမသိမ် ဇုဖိမ်မြို့၌နေသောဧလကာန အမည် ရှိသောသူတယောက် ရှိ ၏။
Once there was a man from Ramathaim-zophim in the hill country of Ephraim. His name was Elkanah, son of Jeroham, son of Elihu, son of Tohu, son of Zuph, from the tribe of Ephraim.
2 ထိုသူ သည် မယား နှစ် ယောက်ရှိ၏။ တယောက် ကား၊ ဟန္န ၊ တယောက်ကား ပေနိန္န အမည် ရှိ၏။ ပေနိန္န ၌ သားသမီး ရှိ ၏။ ဟန္န ၌ မ ရှိ။
He had two wives. The name of the first wife was Hannah, and the name of the second, Peninnah. Peninnah had children, but Hannah had none.
3 ဧလကာနသည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ကို ကိုးကွယ် ၍ ယဇ် ပူဇော်ခြင်းငှါ ၊ မိမိ နေရာ မြို့ မှ ရှိလော မြို့သို့ နှစ် တိုင်းသွား မြဲရှိ၏။ ထာဝရဘုရား ၏ ယဇ်ပုရောဟိတ် ဧလိ ၏သား ဟောဖနိ နှင့် ဖိနဟတ် သည် ရှိလောမြို့၌ နေသတည်း။
Every year Elkanah would leave his town and go to worship and sacrifice to the Lord Almighty at Shiloh, where Eli's two sons, Hophni and Phinehas, were the Lord's priests.
4 ဧလကာန သည် ယဇ် ပူဇော်အချိန် ရောက် သောအခါ ၊ မယား ပေနိန္န နှင့် သူ ၏ သား သမီး အပေါင်း တို့အား ဝေမျှ ၏။
Whenever Elkanah offered a sacrifice, he would give portions of it to Peninnah his wife and to all her sons and daughters.
5 ဟန္န ကိုချစ် သောကြောင့် နှစ်ဆသောအဘို့ ကိုပေး ၏။ သို့ရာတွင် ထာဝရဘုရား သည် ဟန္န အား သား ဘွားသောအခွင့်ကိုပေးတော်မမူ။
He would give an extra portion to Hannah, to show his love for her even though the Lord hadn't given her any children.
6 ထိုသို့ ထာဝရဘုရား သည် အခွင့်ကိုပေးတော်မမူသောကြောင့် ၊ ဟန္န စိတ် ဆိုးညစ်အောင် ရန်သူ သည် အလွန်နှောင့်ယှက် တတ်၏။
Her rival—the other wife—would taunt her badly to upset her because the Lord hadn't given her any children.
7 နှစ်စဉ် မပြတ်ထာဝရဘုရား ၏ အိမ် တော်သို့ သွား သောအခါ ၊ ရန်သူနှောင့်ရှက် သဖြင့် ဟန္နသည် အစာမ စား နိုင်၊ ငို လျက် နေတတ်၏။
This went on for years. Whenever Hannah went to the Lord's Temple, Peninnah would taunt her until she cried and couldn't eat.
8 သူ ၏ ခင်ပွန်း ဧလကာန က၊ ဟန္န အဘယ်ကြောင့် ငို သနည်း။ အဘယ်ကြောင့် မ စား ဘဲနေသနည်း။ အဘယ်ကြောင့် စိတ် ညှိုးငယ် သနည်း။ သား တကျိပ် ထက် သင် ၌ ငါ သာ၍ ကောင်းသည် မ ဟုတ် လော ဟုဆို ၏။
“Hannah, what are you crying for?” her husband Elkanah would ask. “Why don't you eat? Why are you so upset? Aren't I better to you than ten sons?”
9 ရှိလော မြို့၌ စား သောက် ကြသောနောက် ၊ ယဇ်ပုရောဟိတ် ဧလိ သည် ထာဝရဘုရား ၏ အိမ် တော် တိုင် နား မှာ ထိုင် စဉ်၊
One time when they had finished eating and drinking in Shiloh, Hannah got up and went to the Temple. Eli the priest was sitting on his seat by the entrance to the Lord's Temple.
10 ၁၀ ဟန္နသည် ညှိုးငယ် သောစိတ် နှင့် ထ၍၊ မျက်ရည် များစွာကျလျက် ထာဝရဘုရား ကို ဆုတောင်း သည် ကား၊
She was terribly upset, and prayed to the Lord as she cried and cried.
11 ၁၁ အိုကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၊ ကိုယ်တော် ၏ ကျွန် မကို မေ့လျော့ တော်မ မူဘဲ၊ ကိုယ်တော် ကျွန် မ၏ ဆင်းရဲ ခြင်းကို ကြည့်ရှု အောက်မေ့ သဖြင့် ၊ သား ယောက်ျား ကိုပေး သနားတော်မူလျှင်၊ သူ၏ ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု။ တသက်လုံး ထာဝရဘုရား ၏ ကျွန်ဖြစ်စေခြင်းငှါကျွန်မအပ် ပါမည် ဟု သစ္စာ ဂတိပြုလေ၏။
She made a vow, asking, “Lord Almighty, if only you would pay attention to the suffering of your servant and remember me, and not forget me but give me a son, then I will dedicate him to the Lord for his whole life, and no razor shall ever touch his head.”
12 ၁၂ ဟန္နသည် ထာဝရဘုရား ရှေ့ တော်၌ ကြာမြင့် စွာ ဆုတောင်း စဉ်၊ ဧလိ သည် သူ ၏ နှုတ် ကို ကြည့် မှတ် လေ၏။
As Hannah went on praying before the Lord, Eli watched her mouth.
13 ၁၃ စိတ် နှလုံးနှင့် ဆုတောင်း ၍ နှုတ်ခမ်း လှုပ် သော်လည်း၊ စကား သံမ ထွက်သောကြောင့်၊ ယစ်မူး သည်ဟု ဧလိ ထင် လျက်၊
Hannah was praying in her head, and though her lips were moving, her voice made no sound. Eli thought she must be drunk.
14 ၁၄ သင်သည် အဘယ်မျှ ကာလပတ်လုံး ယစ်မူး လိမ့်မည်နည်း။ သင် ၏ စပျစ်ရည် ကို ပယ် ရှောင်လော့ ဟု ဆို ၏။
“Do you have to come here drunk?” he asked. “Get rid of your wine!”
15 ၁၅ ဟန္န ကလည်း၊ မ ဟုတ်ပါအရှင်။ ကျွန်မ သည် စိတ်ညှိုးငယ် သော မိန်းမ ဖြစ်ပါ၏။ စပျစ်ရည် ကို မသောက် ပါ၊ သေရည် သေရက်ကို မ သောက် ပါ၊ ထာဝရဘုရား ရှေ့ တော်၌ စိတ် နှလုံးကို သွန်းလောင်း လျက် နေပါ၏။
“It's not that, my lord,” Hannah replied. “I'm a very miserable woman. I haven't been drinking wine or beer; I'm just pouring my heart out to the Lord.
16 ၁၆ ကိုယ်တော် ၏ ကျွန် မကို အဓမ္မ မိန်းမ ဟူ၍ မ မှတ် ပါနှင့်။ မြည်တမ်း စရာ အကြောင်း၊ ဝမ်းနည်း စရာ အကြောင်းများ သည်ဖြစ်၍၊ ယခု တိုင်အောင် လျှောက် နေပါသည်ဟု ပြန် ပြောသော်၊ ဧလိ က၊ ငြိမ်ဝပ် စွာသွား လော့။
Please don't think I'm a bad woman! I have been praying because of all my troubles and grief.”
17 ၁၇ ယခု ဆုတောင်း သည်အတိုင်း၊ ဣသရေလ အမျိုး၏ ဘုရား သခင်ပေး သနားတော်မူပါစေသောဟု မြွက်ဆို ၏။
“Go in peace, and may the God of Israel give you what you have asked him for,” Eli replied.
18 ၁၈ ဟန္နကလည်း၊ ကိုယ်တော် ၏ ကျွန် မသည် ရှေ့ တော်၌ မျက်နှာ ရပါစေသောဟု လျှောက် ပြီးမှ ၊ ခြားနားသော မျက်နှာ နှင့် သွား ၍ အစာစား လေ၏။
“Thank you for your kindness to your servant,” she said. Then she went on her way, had something to eat, and she didn't look sad any more.
19 ၁၉ ထိုသူတို့သည် နံနက် စောစောထ ၍ ထာဝရဘုရား ရှေ့ တော်၌ ကိုးကွယ် ပြီးလျှင် ၊ ရာမ မြို့မှာရှိသော မိမိ တို့အိမ် သို့ ပြန် သွားကြ၏။ ထိုအခါ ဧလကာန သည် မယား ဟန္န နှင့် ဆက်ဆံ ၍ ထာဝရဘုရား အောက်မေ့ တော်မူသဖြင့်၊
Elkanah and Hannah got up early the next morning to worship the Lord and then they went home to Ramah. Elkanah made love to his wife Hannah, and the Lord honored her request.
20 ၂၀ ဟန္န သည် ပဋိသန္ဓေ ယူ၍ ကာလ အချိန်စေ့ သောအခါ ၊ သား ယောက်ျားကို ဘွားမြင် ပြီးလျှင် ၊ ထိုသားကို ထာဝရဘုရား ထံ၌ဆုတောင်း သောကြောင့် ၊ ရှမွေလ အမည် ဖြင့် မှည့် လေ၏။
In due course she became pregnant and gave birth to a son. She named him Samuel, saying, “Because I asked the Lord for him.”
21 ၂၁ ဧလကာန သည် အိမ်သူ အိမ်သားအပေါင်း တို့နှင့်အတူနှစ်စဉ် ပြုရသော ယဇ် ကို၎င်း၊ သစ္စာ ဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရား အား ပူဇော် ခြင်းငှါ တက် သွားသောအခါ -၊
Elkanah and all his family went to make the yearly sacrifice to the Lord and to fulfill his vow.
22 ၂၂ ဟန္န က၊ နို့ နှင့်ကွာပြီးမှ သူငယ် ကို ဆောင် သွားပါမည်။ ထိုအခါ သူသည် ထာဝရဘုရား ရှေ့ တော်သို့ ရောက် ၍ အမြဲ နေ ရလိမ့်မည်ဟုဆို လျှင်၊
But Hannah did not go. She told her husband, “Once the boy is weaned I will take him to be presented to the Lord and to remain there forever.”
23 ၂၃ ခင်ပွန်း ဧလကာန က၊ စိတ် ရှိသည် အတိုင်းပြု လော့။ နို့ နှင့်မကွာမှီတိုင်အောင် နေ လော့။ ထာဝရဘုရား ၏ ဂတိ တော်သာ တည် ပါစေသောဟု ဝန်ခံ၍၊ မယားသည် သူငယ် ကို နို့ တိုက်လျက် နို့ မကွာမှီတိုင်အောင် မသွားဘဲနေ ၏။
“Do as you see fit,” her husband Elkanah replied. “Stay here until you have weaned him. May the Lord fulfill what he has said.” So Hannah stayed behind and nursed her son until she had weaned him.
24 ၂၄ နို့ ကွာပြီးမှ၊ အသက်သုံး နှစ်ရှိသောနွားတကောင်၊ မုန့်ညက် တ ဧဖာ ၊ စပျစ်ရည် တဘူးနှင့်တကွသူငယ်ကို ဆောင် သွား၍၊ ရှိလော မြို့၌ ထာဝရဘုရား ၏ အိမ် တော်သို့ ရောက်လေ၏။ ထိုအခါ သူငယ် သည် အသက် နုသေး၏။
When she had weaned him, Hannah took the boy with her, along with a three-year-old bull, an ephah of flour, and a wineskin containing wine. Even though the boy was young, she brought him to the Lord's Temple at Shiloh.
25 ၂၅ နွား ကိုသတ် ၍ သူငယ် ကို ဧလိ ထံသို့ သွင်း လျက်၊ ဟန္နက၊ ကျွန်မ၏သခင်၊
After they had slaughtered the bull, they presented the boy to Eli.
26 ၂၆ ကိုယ်တော် အသက် ရှင်သည်အတိုင်း၊ ကျွန်မ သည် ယမန်တခါ ဤ အရပ်၌ ကိုယ်တော် အနား မှာ ရပ် လျက် ဆုတောင်း သော မိန်းမ ဖြစ်ပါ၏။
“Please, my lord,” said Hannah, “as surely as you live, my lord, I am the woman who stood here with you praying to the Lord.
27 ၂၇ ထိုအခါ ဤ သူငယ် ကို ရမည်အကြောင်းဆုတောင်း ပါ၏။ တောင်း သည်အတိုင်း ထာဝရဘုရား သည် ပေး သနားတော်မူပြီ။
I prayed for this boy, and since the Lord has given me what I asked him for,
28 ၂၈ ထိုကြောင့် ကျွန်မ သည် သူ့ ကို ထာဝရဘုရား အား ငှါး ပါပြီ။ သူ သည် တသက်လုံး ထာဝရဘုရား ထံ တော်၌ အငှါး ခံ၍ နေ ရပါမည်သခင်ဟု လျှောက်ပြီးမှ ၊ ထို အရပ်၌ ထာဝရဘုရား ကို ကိုးကွယ် ကြ၏။
now I'm giving him to the Lord. As long as he lives he will be dedicated to the Lord.” And he worshiped the Lord there.

< ၁ ဓမ္မရာဇဝင် 1 >