< ၁ ဓမ္မရာဇဝင် 9 >
1 ၁ ဗင်္ယာမိန် အမျိုးသားအာဖိ ၊ ဗေခေါရတ် ၊ ဇေရော် ၊ အဗျေလ မှ ဆင်းသက်၍ ကိရှ အမည် ရှိသောဗင်္ယာမိန် အမျိုးသား တယောက်ရှိ ၏။ သူသည်အလွန် ခွန်အား ကြီးသောသူဖြစ်၏။
There was a man from Benjamin, a man of influence. His name was Kish son of Abiel son of Zeror son of Bekorath son of Aphiah, the son of a Benjamite.
2 ၂ ထိုသူ ၌ ရှောလု အမည် ရှိသောသား တယောက်ရှိ ၏။ ထိုသားသည် အဆင်း လှ၍ ထူးဆန်းသောသူဖြစ် ၏။ ဣသရေလ အမျိုးသား တို့တွင် ထိုသူ ထက် သာ၍အဆင်းလှသော သူတယောက်မျှမ ရှိ။ သူသည် အခြား သောသူထက် ပခုံး အထက် မှာ အရပ်သာ၍မြင့် ၏။
He had a son named Saul, a handsome young man. There was no man among the people of Israel who was a more handsome person than he. From his shoulders upward he was taller than any of the people.
3 ၃ ရှောလု အဘ ကိရှ ၏ မြည်း တို့သည် ပျောက် သောကြောင့် ၊ ကိရှ က၊ သင် သည် ငယ်သား တယောက် ကို ခေါ် ၍ မြည်း တို့ကို ရှာ အံ့သောငှါထ သွား လော့ဟု မိမိ သား ရှောလု အား ဆို သည်အတိုင်း၊
Now the donkeys of Kish, Saul's father, were lost. So Kish said to Saul his son, “Take one of the servants with you; arise and go look for the donkeys.”
4 ၄ သူတို့သည် ဧဖရိမ် တောင် အရပ်နှင့် ရှလိရှ အရပ် တရှောက်လုံး၌ ရှာ ၍ မ တွေ့လျှင် ၊ တဖန် ရှာလိမ် အရပ် မှသည် ဗင်္ယာမိန် အရပ် များ တရှောက်လုံး၌ မ တွေ့။
So Saul passed through the hill country of Ephraim and went through the land of Shalishah, but they did not find them. Then they passed through the land of Shaalim, but they were not there. Then he passed through the land of the Benjamites, but they did not find them.
5 ၅ ဇုဖ အရပ် သို့ ရောက် သောအခါ ရှောလု က၊ ပြန် ကြစို့။ သို့မဟုတ် အဘ သည် မြည်း တို့ကြောင့် မ စိုးရိမ်၊ ငါ တို့ကြောင့် စိုးရိမ် လိမ့်မည်ဟု ငယ်သားကို ပြောဆိုလျှင်၊
When they came to the land of Zuph, Saul said to his servant who was with him, “Come, let us go back, or my father may stop caring for the donkeys and begin to worry about us.”
6 ၆ ငယ်သားက၊ ဤ မြို့ ၌ အသရေ ထင်ရှားသော ဘုရား သခင်၏ လူ တယောက်ရှိ၏။ သူပြော သမျှ သော စကားသည် ဧကန်အမှန်ပြည့်စုံ တတ်၏။ သူ့ထံသို့သွား ကြစို့။ ငါ တို့ သွား ရသော လမ်း ကို သူပြ ကောင်း ပြလိမ့်မည်ဟု ဆို ၏။
But the servant said to him, “Listen, there is a man of God in this city. He is a man who is held in honor; everything that he says comes true. Let us go there; maybe he can tell us which way we should go on our journey.”
7 ၇ ရှောလု ကလည်း ၊ သွား လျှင် အဘယ် အရာကို လှူ ရမည်နည်း။ ငါ တို့၌ပါသောမုန့် ကုန် ပြီ။ ဘုရား သခင် ၏ လူ ကို လှူ စရာ အလှူ တစုံတခုမျှ မရှိ။ ငါ တို့၌ တစုံတခုရှိသေးသလောဟုငယ်သား အား မေး သော်၊
Then Saul said to his servant, “But if we go, what can we bring the man? For the bread in our sack is gone, and there is no present to bring to the man of God. What do we have?”
8 ၈ ငယ်သား က၊ ကျွန်တော် လက် ၌ ငွေ တမတ် ရှိ ပါ၏။ ငါ တို့ကို လမ်း ပြ သည်အတွက် ဘုရား သခင်၏ လူ အား ပေး ပါမည်ဟု ရှောလု အား ပြန်ပြော ၏။
The servant answered Saul and said, “Here, I have with me one-fourth of a shekel of silver that I will give to the man of God, to tell us which way we should go.”
9 ၉ ရှေး ကာလ၌ ဣသရေလ အမျိုးသားတို့သည် ဘုရား သခင်ကို မေးမြန်း ခြင်းငှါ သွား မည်ဟု အကြံရှိလျှင်၊ မြင် သောသူထံသို့ သွား ကြစို့ဟု ဆိုတတ်ကြ၏။ ပရောဖက် ဟူ၍ခေါ်ဝေါ်သောသူကို ရှေး ကာလ၌ မြင် သောသူဟူ၍ ခေါ်ဝေါ် ကြသတည်း။
(Formerly in Israel, when a man went to seek the knowledge of God's will, he said, “Come, let us go to the seer.” For today's prophet was formerly called a seer.)
10 ၁၀ ရှောလု ကလည်း၊ ကောင်း ပြီသွား ကြစို့ဟု ငယ်သား အား ဆို လျက် ၊ ဘုရား သခင်၏ လူ ရှိရာမြို့ သို့ သွား ကြ၏။
Then Saul said to his servant, “Well said. Come, let us go.” So they went to the city where the man of God was.
11 ၁၁ မြို့ ပြင်ကုန်း ပေါ် သို့ ရောက် သောအခါ ၊ ရေ ခပ် လာ သောမိန်းမပျို တို့ကို တွေ့ ၍ ၊ ဤ အရပ်၌ မြင် သောသူ ရှိ သလောဟု မေး သော်၊
As they went up the hill to the city, they found young women coming out to draw water; Saul and his servant said to them, “Is the seer here?”
12 ၁၂ ရှိ ပါ၏။ သင် တို့ရှေ့ မှာ ရှိပါ၏။ အလျင်အမြန် သွားတော့။ မြင်သောသူသည် ဤမြို့ သို့ ယနေ့ လာ ပြီ။ လူ များ တို့သည် မြင့် သောအရပ်၌ ယနေ့ ယဇ် ပွဲကို ဆောင်ကြ၏။
They answered, and said, “He is; see, he is just ahead of you. Hurry up, for he is coming to the city today, because the people are sacrificing today at the high place.
13 ၁၃ ဆရာသည် မြင့် သောအရပ်၌ ယဇ်သားကို စား အံ့သောငှါ မ တက် မှီ သင် တို့သည် မြို့ ထဲသို့ဝင် လျှင် ချက်ခြင်းတွေ့ လိမ့်မည်။ သူ မ ရောက် မှီ လူ များတို့သည် မ စား တတ်ကြ။ သူသည် ယဇ် ပွဲ၌ ဘုရားဝတ်ကို ပြုတတ်၏။ ဝတ်ပြုပြီးမှ ခေါ်ဘိတ် သောသူတို့ သည် စား တတ်ကြ၏။ ယခု မှာ သွား လျှင် တွေ့ ကြ လိမ့်မည်ဟု ပြန်ပြော သည်နှင့်အညီ၊
As soon as you enter the city you will find him, before he goes up to the high place to eat. The people will not eat until he comes, because he will bless the sacrifice; afterwards those who are invited will eat. Now go up, for you will find him immediately.”
14 ၁၄ သူ တို့သည် မြို့ ထဲ သို့ ဝင် ၍ ရှမွေလ သည် မြင့် သောအရပ်သို့ တက် သွားလျက် သူ တို့ကို ဆီး၍ ကြို လေ၏။
So they went up to the city. As they were entering the city, they saw Samuel coming out toward them, to go up to the high place.
15 ၁၅ ရှောလု မ ရောက် မှီ မနေ့၌ ထာဝရဘုရား က၊ နက်ဖြန် နေ့၊
Now the day before Saul came, Yahweh had revealed to Samuel:
16 ၁၆ ဤအချိန်၌ ဗင်္ယာမိန် ပြည် မှ လူ တယောက်ကို သင် ရှိရာသို့ ငါစေလွှတ် မည်။ သင်သည် ထိုသူကို ငါ ၏လူ ဣသရေလ အမျိုး၏ မင်း အရာ၌ ခန့်ထား၍ ဆီလောင်းခြင်းဘိသိက် ကိုပေး ရမည်။ သူသည် ငါ ၏ လူ တို့ကို ဖိလိတ္တိ လူတို့လက် မှ ကယ်တင် ရလိမ့်မည်။ ငါသည် သူတို့အော်ဟစ်သံကိုကြား၍၊ သူတို့ကို ကြည့်ရှု သည်ဟု ရှမွေလနားအပါး၌ မိန့်တော်မူနှင့်ပြီ။
“Tomorrow about this time I will send you a man from the land of Benjamin, and you will anoint him to be prince over my people Israel. He will save my people from the hand of the Philistines. For I have looked on my people with pity because their call for help has come to me.”
17 ၁၇ ရှမွေလ သည် ရှောလု ကို မြင် သောအခါ ၊ ထာဝရဘုရား က၊ ငါပြော သော သူ ကို ကြည့် လော့၊ ဤ သူသည် ငါ ၏ လူ တို့ကို အုပ်ချုပ် ရလိမ့်မည်ဟု မိန့် တော်မူ၏။
When Samuel saw Saul, Yahweh told him, “Here is the man I told you about! He is the one who will rule over my people.”
18 ၁၈ ထိုအခါ ရှောလု သည် ရှမွေလ ရှိရာ တံခါးဝ သို့ ချဉ်းကပ် လျှင်၊ မြင် သောသူ၏အိမ် ကို ပြပါလော့ဟု တောင်းပန် သော်၊
Then Saul came close to Samuel in the gate and said, “Tell me where is the house of the seer?”
19 ၁၉ ရှမွေလ က၊ ငါ သည် မြင် သောသူဖြစ် ၏။ ငါ့ ရှေ့ မှာ မြင့် သောအရပ်သို့ တက် သွားလော့။ ယနေ့ ငါ နှင့်အတူ စား ရမည်။ နက်ဖြန် နေ့ ငါလွှတ် လိုက်မည်။ သင့် စိတ် နှလုံးထဲမှာ ရှိသမျှ ကိုလည်း ငါဘော်ပြ မည်။
Samuel answered Saul and said, “I am the seer. Go up before me to the high place, for today you will eat with me. In the morning I will let you go, and I will tell you everything that is on your mind.
20 ၂၀ တမြန် နေ့က ပျောက် သောသင် ၏ မြည်း တို့ကို မ အောက်မေ့နှင့် တွေ့ လျက်ရှိပြီ။ ဣသရေလ အမျိုး သည် အဘယ်သူ ကို အလို ရှိသနည်း။ သင် နှင့် သင် ၏ အဆွေအမျိုး အပေါင်း ကို အလိုရှိသည် မ ဟုတ် လောဟု ရှောလု အား ပြော ဆို၏။
As for your donkeys that were lost three days ago, do not worry about them, for they have been found. Then on whom are all the desires of Israel set? Is it not on you and all your father's house?”
21 ၂၁ ရှောလု ကလည်း ၊ အကျွန်ုပ် သည် ဣသရေလ အမျိုး တို့တွင် အငယ်ဆုံး သောအမျိုး၊ ဗင်္ယာမိန် အမျိုးသား ဖြစ်ပါသည် မ ဟုတ်လော။ အကျွန်ုပ် အဆွေအမျိုး သည် ဗင်္ယာမိန် အဆွေအမျိုး အပေါင်း တို့တွင် အငယ်ဆုံး ဖြစ်ပါသည် မဟုတ်လော။ ကိုယ်တော်သည် အကျွန်ုပ် အား အဘယ်ကြောင့် ဤသို့ ပြောပါသနည်းဟု လျှောက် လေ၏။
Saul answered and said, “Am not I a Benjamite, from the smallest of the tribes of Israel? Is not my clan the least of all the clans of the tribe of Benjamin? Why then have you spoken to me in this manner?”
22 ၂၂ ထိုအခါ ရှမွေလ သည် ရှောလု နှင့် သူ ၏ငယ်သား ကိုခေါ် ၍ အိမ်ခန်း ထဲသို့ သွင်း ပြီးလျှင် ၊ ခေါ်ဘိတ် သောသူ သုံး ဆယ်တို့တွင် အမြတ်ဆုံး သော အရပ် ၌ ထိုင်စေ၏။
So Samuel took Saul and his servant, brought them into the hall, and seated them at the head place of those who had been invited, who were about thirty people.
23 ၂၃ ပွဲသူကြီး ကို လည်းခေါ်ပြီးလျှင်၊ သင် ၌ ငါအပ် ပေး၍ အခြားစီထား စေခြင်းငှါ ၊ ငါမှာ ခဲ့သော အဘို့ ကို ယူ ခဲ့တော့ဟု ဆို သည်အတိုင်း၊
Samuel said to the cook, “Bring the portion which I gave to you, of which I said to you, 'Put it aside.'”
24 ၂၄ ပွဲသူကြီး သည် ပခုံး နှင့် ပခုံးပေါ် မှာ ခင်းသောအရာကိုယူ ၍ ရှောလု ရှေ့ မှာထား လေ၏။ ရှမွေလက လည်း၊ ချန် ထားသောအရာကို ယူ၍ စား တော့။ ခေါ်ဘိတ် သောသူတို့ အား ပြောနှင့်သည်အတိုင်း သင့် အဘို့ ယခုတိုင်အောင်သိုထား လျက်ရှိပြီဟု ဆို ၍ ထို နေ့၌ ရှောလု သည် ရှမွေလ နှင့်အတူ စား သောက် လေ၏။
So the cook took up the thigh and what was on it and set it before Saul. Then Samuel said, “See what has been kept is set before you. Eat it, because it has been kept for you until the appointed time, from the time when I said, 'I have invited the people.'” So Saul ate with Samuel that day.
25 ၂၅ ထိုသူတို့သည် မြင့် သောအရပ်မှ ဆင်း ၍ မြို့ ထဲသို့ဝင်ပြီးလျှင် ၊ ရှမွေလနှင့်ရှောလု တို့သည် အိမ်မိုး ပေါ် မှာ စကားပြော လျက် နေကြ၏။
When they had come down from the high place into the city, Samuel spoke with Saul on the rooftop.
26 ၂၆ နံနက်စောစောထ ၍ မိုဃ်းလင်း သောအခါ ၊ ရှမွေလ က၊ ထ လော့။ သင့် ကို ငါလွှတ် လိုက်မည်ဟု ရှောလု ကို အိမ်မိုး ပေါ် မှာ ခေါ် ပြီးလျှင် ၊ ရှောလု သည် ထ ၍ ထိုသူ နှစ် ယောက်တို့သည် ထွက်သွား ကြ၏။
Then at the break of dawn, Samuel called to Saul on the rooftop and said, “Get up, so I can send you on your way.” So Saul got up, and both he and Samuel went out into the street.
27 ၂၇ မြို့ စွန်း သို့ ရောက်သောအခါ ရှမွေလ က၊ သင်၏ ငယ်သား ကို ရှေ့ သို့သွား စေခြင်းငှါပြော တော့ဟု ရှောလု အား ဆို သဖြင့် ၊ ငယ်သားသည် ရှေ့သို့သွား လေ၏။ ရှမွေလကလည်း ရပ် နေတော့။ ဘုရား သခင် ၏ အမိန့် တော်ကို ငါပြန် မည်ဟုဆိုလျက်၊
As they were going to the outskirts of the city, Samuel said to Saul, “Tell the servant to go ahead of us”—and he went ahead—”but you must stay here awhile, that I may announce the message of God to you.”