< ၁ ဓမ္မရာဇဝင် 8 >

1 ရှမွေလ သည် အသက် ကြီးသောအခါ ၊ မိမိ သား တို့ကို ဣသရေလ အမျိုး၌ အုပ်စိုး ရသောအခွင့်နှင့် ခန့်ထား ၏။
And it comes to pass, when Samuel [is] aged, that he makes his sons judges over Israel.
2 သားဦး အမည် ကား ယောလ ၊ ဒုတိယ သားအမည် ကား အဘိရ တည်း။ ထိုသူတို့သည် ဗေရရှေဘ မြို့၌ တရားသူကြီး လုပ်ကြ၏။
And the name of his firstborn son is Joel, and the name of his second Abiah, judges in Beer-Sheba:
3 သို့ရာတွင် အဘလမ်း သို့ မ လိုက်။ ငွေ ကို တပ်မက်သောစိတ် နှင့် လွဲ သွား၍ တံစိုး စားလျက် တရား ကို ဖျက် ကြ၏။
and his sons have not walked in his ways, and turn aside after the dishonest gain, and take a bribe, and turn aside judgment.
4 ထိုအခါ ဣသရေလ အမျိုး အသက် ကြီးသူအပေါင်း တို့သည် စည်းဝေး ၍ ၊ ရှမွေလ ရှိရာ အရပ် ရာမ မြို့သို့ လာ ပြီးလျှင်၊
And all [the] elderly of Israel gather themselves together, and come to Samuel at Ramath,
5 ကိုယ်တော် သည် အသက် ကြီးပါ၏။ ကိုယ်တော် ၏သား တို့သည် ကိုယ်တော် လမ်း သို့ မ လိုက် ကြပါ။ လူမျိုး အပေါင်း တို့၏ ထုံးစံရှိသည်အတိုင်း အကျွန်ုပ် တို့ကို အုပ်စိုး ရသောရှင် ဘုရင်ကို ချီးမြှောက် ပါ လော့ဟု လျှောက် ကြ၏။
and say to him, “Behold, you have become aged, and your sons have not walked in your ways; now, appoint a king to us, to judge us, like all the nations.”
6 ထိုသို့ အကျွန်ုပ် တို့ကို အုပ်စိုး ရသောရှင် ဘုရင်ကိုပေး ပါလော့ဟု လျှောက် သောအမှု ကို ရှမွေလ သည် မ နှစ်သက်သောကြောင့် ထာဝရဘုရား အား ဆုတောင်း လေ၏။
And the thing is evil in the eyes of Samuel when they have said, “Give a king to us, to judge us”; and Samuel prays to YHWH.
7 ထာဝရဘုရား ကလည်း ၊ သင့် အား လူ များတို့ ပြော ဆိုသမျှ သော စကား ကို နားထောင် လော့။ သူတို့ သည် သင့် ကိုသာ မ ပယ် ၊ ငါသည် သူ တို့ကို မအုပ်စိုး စေခြင်းငှါငါ့ ကိုလည်းပယ် ကြပြီ။
And YHWH says to Samuel, “Listen to the voice of the people, to all that they say to you, for they have not rejected you, but they have rejected Me from reigning over them.
8 သူတို့ကို အဲဂုတ္တု ပြည်မှ ငါ ဆောင် ခဲ့သောနေ့ မှစ၍ ယနေ့ တိုင်အောင် ငါ့ ကိုစွန့် ၍ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု သဖြင့် ကျင့် မိသမျှ သော အကျင့် အတိုင်း သင် ၌ လည်း ပြု ကြ၏။
According to all the works that they have done from the day of My bringing them up out of Egypt, even to this day, when they forsake Me, and serve other gods—so they are also doing to you.
9 ယခု မှာ သူ တို့စကား ကို နားထောင် လော့။ သို့ရာတွင် သတိ ပေး၍ သူ တို့ကို အုပ်စိုး သော ရှင်ဘုရင် ၏ ထုံးစံ ကို ပြ လော့ဟု မိန့် တော်မူ၏။
And now, listen to their voice; only, surely you certainly protest to them, and have declared to them the custom of the king who reigns over them.”
10 ၁၀ ရှမွေလ သည်လည်း ၊ ရှင်ဘုရင် ကို တောင်း သောသူတို့အား ထာဝရဘုရား အမိန့် တော်ရှိသမျှ ကို ပြန်ပြော ၍၊
And Samuel speaks all the words of YHWH to the people who are asking [for] a king from him,
11 ၁၁ သင် တို့ကို အုပ်စိုး သော ရှင်ဘုရင် ၏ ထုံးစံ ဟူမူကား ၊ သင် တို့သား များကိုယူ ၍ မိမိ ရထား ထိန်း၊ မြင်း ထိန်းအရာ၌ ခန့် ထား၍ ၊ အချို့တို့သည်လည်း သူ ၏ရထား ရှေ့ မှာ ပြေး ရကြမည်။
and says, “This is the custom of the king who reigns over you: he takes your sons, and has appointed for himself among his chariots, and among his horsemen, and they have run before his chariots;
12 ၁၂ လူတထောင် အုပ် ၊ တရာအုပ်၊ ငါး ဆယ်အုပ် ၊ တဆယ်အုပ်အရာ၌ ခန့် ထား၍၊ လယ် လုပ်ခြင်း၊ စပါး ရိတ် ခြင်း၊ စစ် တိုက်တန်ဆာ ၊ ရထား တန်ဆာ ကိုလုပ် ခြင်း အမှုများကို ဝေဖန်လိမ့်မည်။
also to appoint for himself heads of thousands, and heads of fifties; also to plow his plowing, and to reap his reaping; and to make instruments of his war, and instruments of his charioteer.
13 ၁၃ သင် တို့သမီး များကိုလည်း ယူ ၍၊ ခဲဘွယ် စားဘွယ်တို့ကို ပြင်ဆင်စေခြင်းငှါ ၎င်း ၊ စားတော်ကဲ ၊ မုန့် သည် ဖြစ်စေခြင်းငှါ ၎င်း ခန့်ထားလိမ့်မည်။
And he takes your daughters for perfumers, and for cooks, and for bakers;
14 ၁၄ သင် တို့လယ်ကွက် ၊ စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ် အကောင်းဆုံး တို့ကို ယူ ၍ မိမိ ကျွန် တို့အား ပေး လိမ့်မည်။
and your fields, and your vineyards, and your olive-yards—he takes the best, and has given to his servants.
15 ၁၅ သင် တို့မျိုးစေ့ စပျစ်သီး ဆယ်ဘို့ တဘို့ကို ယူ၍ သူ ၏အရာရှိ အမှုထမ်း တို့အား ပေး လိမ့်မည်။
And he tithes your seed and your vineyards, and has given to his eunuchs, and to his servants.
16 ၁၆ သင် တို့ကျွန် ၊ ကျွန် မ၊ အကောင်းဆုံး သော လုလင် ၊ မြည်း များကို ယူ ၍ သူ ၏ အမှု ကို လုပ်ကိုင် စေ လိမ့်မည်။
And your menservants and your maidservants, and the best of your young men and your donkeys, he takes, and has prepared for his own work;
17 ၁၇ သင် တို့သိုးစု ဆယ်ဘို့ တဘို့ကိုလည်းယူ၍ သင် တို့သည် သူ ၏ ကျွန် ခံရ ကြမည်။
he tithes your flock, and you are for servants to him.
18 ၁၈ သင် တို့ရွေး ယူသော ရှင်ဘုရင် ကြောင့် ၊ ထို နေ့၌ သင်တို့အော်ဟစ် သော်လည်း ၊ ထာဝရဘုရား သည် နားထောင် တော်မ မူဟု သတိပေးလေ၏။
And you have cried out in that day because of the king whom you have chosen for yourselves, and YHWH does not answer you in that day.”
19 ၁၉ သို့သော်လည်း လူ များတို့က၊ မ ဟုတ်ပါ။ အုပ်စိုးသော ရှင်ဘုရင် ကို လိုချင်ပါ၏။
And the people refuse to listen to the voice of Samuel, and say, “No, but a king is over us,
20 ၂၀ အကျွန်ုပ် တို့သည် တပါးအမျိုးသား အပေါင်း တို့နှင့် တူမည်အကြောင်းအကျွန်ုပ် တို့ကို အုပ်စိုး သော ရှင်ဘုရင် ရှိရမည်။ အကျွန်ုပ် တို့ရှေ့ မှာ ထွက် ကြွ၍ စစ် တိုက်ရမည်ဟု ရှမွေလ ၏ စကား ကို နား မထောင်ဘဲ ဆို ကြ၏။
and we have been, even we, like all the nations; and our king has judged us, and gone out before us, and fought our battles.”
21 ၂၁ ထိုသူတို့၏ စကား များကို ရှမွေလ သည် ကြား လျှင် ၊ ထာဝရဘုရား ရှေ့တော်၌ လျှောက် လေ၏။
And Samuel hears all the words of the people, and speaks them in the ears of YHWH;
22 ၂၂ ထာဝရဘုရား ကလည်း ၊ သူ တို့စကား ကို နားထောင် ၍ သူ တို့အဘို့ ရှင် ဘုရင်ကို ချီးမြှောက်လော့ဟု မိန့် တော်မူသဖြင့် ၊ ရှမွေလ က၊ သင်တို့အသီးအသီး နေရာ မြို့ ရွာသို့ ပြန် သွားကြလော့ဟု ဣသရေလ လူ တို့အား ပြော ဆိုလေ၏။
and YHWH says to Samuel, “Listen to their voice, and you have caused a king to reign over them.” And Samuel says to the men of Israel, “Go, each man, to his city.”

< ၁ ဓမ္မရာဇဝင် 8 >