< ၁ ဓမ္မရာဇဝင် 6 >
1 ၁ ထာဝရဘုရား ၏ သေတ္တာ တော်သည် ဖိလိတ္တိ ပြည် ၌ ခုနှစ် လ နေ ပြီးမှ၊
၁ဖိလိတ္တိပြည်တွင်ထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်သည် ခုနစ်လမျှရောက်ရှိနေပြီး နောက်၊-
2 ၂ ဖိလိတ္တိ လူတို့သည် ယဇ် ပုရောဟိတ်များ၊ ပရောဖက် လုပ်သူများတို့ကို ခေါ် ၍ ထာဝရဘုရား ၏ သေတ္တာ တော်ကို အဘယ်သို့ ပြု ရပါမည်နည်း။ သူ နေရင်းအရပ် သို့ အဘယ်သို့ သောပူဇော်သက္ကာနှင့် လွှတ် လိုက်ရပါမည်နည်းဟု မေးမြန်းကြ၏။
၂ဖိလိတ္တိအမျိုးသားခေါင်းဆောင်များသည် ယဇ်ပုရောဟိတ်များနှင့် မှော်ဆရာများကို ဖိတ်ခေါ်ကာ``ထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်ကိုငါတို့အဘယ်သို့ပြုရ ကြပါမည်နည်း။ ထိုသေတ္တာတော်ကိုမူရင်း အရပ်သို့ပြန်လည်ပို့ဆောင်မည်ဆိုပါက ယင်းနှင့်အတူအဘယ်ပူဇော်သကာကို ပေးသင့်ပါသနည်း'' ဟုမေးမြန်းကြ၏။
3 ၃ သူတို့ကလည်း၊ ဣသရေလ အမျိုး၏ ဘုရား သခင့်သေတ္တာ တော်ကို လွှတ် လိုက်လျှင် ကိုယ် ချည်း မ လွှတ် လိုက်ကြနှင့်။ ဒုစရိုက် ပူဇော်သက္ကာကို ဆက်ဆက်ပေး လိုက်ရမည်။ သို့ပြုလျှင် ရောဂါ ငြိမ်းလိမ့်မည်။ အဘယ်ကြောင့် လက် တော်မ ရွေ့ သေးသည်ကို သိ ကြလိမ့်မည်ဟု ဆို ကြ၏။
၃ထိုသူတို့က``သင်တို့သည်ဣသရေလအမျိုး သားတို့ ကိုးကွယ်သောဘုရားသခင်၏ပဋိ ညာဉ်သေတ္တာတော်ကိုပြန်ပို့မည်ဆိုလျှင်ပူ ဇော်သကာမပါ၍မဖြစ်။ သင်တို့၏အပြစ် ဖြေရာပူဇော်သကာကိုပါပေးလှူရကြ မည်။ ယင်းသို့ပြုလျှင်သင်တို့သည်အနာ ရောဂါပျောက်ကင်းကြလိမ့်မည်။ ကိုယ်တော် သည်သင်တို့အား အဘယ်ကြောင့်ဒဏ်ခတ် လျက်နေတော်မူကြောင်းကိုလည်းသိရှိ ရကြလိမ့်မည်'' ဟုဆိုကြ၏။
4 ၄ အဘယ် အရာကို ဒုစရိုက် ဖြေရာ ပူဇော်သက္ကာဘို့ ပြန် ပေးလိုက်ရပါမည်နည်းဟုမေး လျှင် ၊ ဖိလိတ္တိ မင်း အရေအတွက် အတိုင်း ရွှေ မြင်းသရိုက် ပုံငါး ခုနှင့် ရွှေ ကြွက် ငါး ကောင်ကိုပေး လိုက်ရမည်။ သင်တို့နှင့် သင် တို့မင်း များ၌ ရောဂါ တပါးတည်း စွဲလျက်ရှိ၏။
၄ဖိလိတ္တိခေါင်းဆောင်များက``ငါတို့သည် အဘယ်ပူဇော်သကာကိုပေးလှူရပါမည် နည်း'' ဟုမေးကြလျှင် သူတို့က``သင်တို့သည်ဘုရင်ငါးပါးကိုတစ် ပါးလျှင် ရွှေအနာစိမ်းရုပ်ငါးခုနှင့်ရွှေကြွက် ရုပ်ငါးခုပြုလုပ်၍ပေးလှူရကြမည်။ ဘုရင် ငါးပါးနှင့်သင်တို့အပေါင်းသည် ကပ်ရောဂါ တစ်မျိုးတည်းသင့်ရကြသည်ဖြစ်ရာ၊-
5 ၅ ထိုကြောင့် မြင်းသရိုက် ပုံ ၊ မြေ ကို ဖျက် တတ်သော ကြွက် ပုံ တို့ကို လုပ် ၍ ဣသရေလ အမျိုး၏ ဘုရား သခင်ဂုဏ် တော်ကို ချီးမွမ်းရကြမည်။ လက် တော်သည် သင် တို့နှင့် သင် တို့ဘုရား အပေါ် ၊ သင် တို့မြေ အပေါ် မှာ ပေါ့ ကောင်းပေါ့လိမ့်မည်။
၅အနာစိမ်း၏ပုံစံ၊ သင်တို့ပြည်ကိုဖျက်ဆီး လျက်နေသည့်ကြွက်၏ပုံစံတို့ကိုပြုလုပ်၍ ဣသရေလအမျိုးသားတို့ဘုရားကိုဂုဏ် ပြုချီးမြှင့်ရမည်။ ကိုယ်တော်သည်သင်တို့ နှင့်သင်တို့၏ဘုရားများကိုလည်းကောင်း၊ သင်တို့၏ပြည်ကိုလည်းကောင်းဒဏ်မ ခတ်တော့ဘဲနေကောင်းနေတော်မူလိမ့်မည်။-
6 ၆ သို့ဖြစ်၍ ဖာရော ဘုရင်နှင့် အဲဂုတ္တု လူတို့သည် ခိုင်မာ သော စိတ် နှလုံးရှိသကဲ့သို့ အဘယ်ကြောင့် ခိုင်မာ သော စိတ် နှလုံးရှိကြသနည်း။ သူ တို့တွင် အထူးသဖြင့်ပြု တော်မူသောအခါ ၊ သူတို့သည် လွှတ် လိုက်၍ ဣသရေလလူတို့သည် သွား ကြ၏။
၆သင်တို့သည်အဘယ်ကြောင့်အီဂျစ်ဘုရင် နှင့် အီဂျစ်အမျိုးသားတို့ကဲ့သို့ခေါင်းမာ နေကြပါမည်နည်း။ သူတို့သည်ဣသရေလ အမျိုးသားတို့ကိုအီဂျစ်ပြည်မှထွက်ခွာ ခွင့်မပြုမချင်းဘုရားသခင်သည် သူတို့ အားအဘယ်သို့ဒဏ်ခတ်တော်မူခဲ့သည်ကို သင်တို့မမေ့ကြနှင့်။-
7 ၇ ယခု မှာ လှည်း သစ် ကိုလုပ် ပြီးမှထမ်းပိုး မ တင် ၊ သား ငယ်ရှိသောနွားမ နှစ် ကောင်ကို လှည်း ၌ က ၍ ၊ နွားသငယ် တို့ကို သူ့နေရာ သို့ ပို့ ကြလော့။
၇သို့ဖြစ်၍လှည်းသစ်ကိုပြုလုပ်ပြီးနောက် တစ် ခါမျှထမ်းပိုးမတင်ဘူးသေးသောသားငယ် ရှိသည့်နွားမနှစ်ကောင်ကိုလှည်း၌တပ်၍ သားငယ်တို့ကိုမူခြံသို့ပြန်ပို့လော့။-
8 ၈ ထာဝရဘုရား ၏ သေတ္တာ တော်ကို လှည်း ပေါ် မှာ တင် ၍ ပြန် ပေးလိုက်သော ဒုစရိုက် ဖြေရာ ပူဇော်သက္ကာတည်းဟူသောရွှေ တန်ဆာ တို့ကို သေတ္တာတော်နား မှာ အခြားသောသေတ္တာ၌ ထား ပြီးလျှင် လွှတ် လိုက်၍ သွား ပါလေစေ။
၈ထိုနောက်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုလှည်းပေါ်သို့တင်ပြီးလျှင် သင်တို့၏ အပြစ်ဖြေရာပူဇော်သကာတည်းဟူသောရွှေ ရုပ်တုများကိုအခြားသောသေတ္တာတစ်လုံး တွင်ထည့်၍သေတ္တာတော်အနီး၌ထားလော့။ ထို နောက်လှည်းကိုအလိုရှိရာသို့ထွက်ခွာသွား စေလော့။-
9 ၉ သေတ္တာတော်သည် မိမိ ပြည် သို့ သွားသောလမ်း ဗက်ရှေမက် မြို့သို့လိုက် လျှင် ၊ ထိုဘုရားသခင် သည် ဤဘေး ကြီး ကို ငါ တို့၌ ဖြစ် စေပြီ။ သို့မဟုတ်ဒဏ်ခတ်တော်မူသောကြောင့်ငါတို့မခံ၊ အလိုလို ခံရသည် ကို သိရကြမည်ဟု စီရင်သည်အတိုင်း၊
၉လှည်းအဘယ်အရပ်သို့သွားသည်ကိုစောင့်၍ ကြည့်လော့။ အကယ်၍ဗက်ရှေမက်မြို့ရှိရာသို့ သွားလျှင် ဣသရေလအမျိုးသားတို့၏ဘုရား သည် ငါတို့အပေါ်သို့ကြောက်မက်ဖွယ်ရာကပ် ရောဂါကိုကျရောက်စေကြောင်းသိမှတ်ရမည်။ သို့ရာတွင်လှည်းသည်ထိုမြို့ရှိရာသို့မသွား ခဲ့သော် ကိုယ်တော်သည်ငါတို့ထံကပ်ရောဂါ ကိုစေလွှတ်တော်မူသည်မဟုတ်။ ကပ်ရောဂါ သည်အလိုအလျောက်ဆိုက်ရောက်လာခြင်း သာဖြစ်ကြောင်းငါတို့သိမှတ်ရမည်။''
10 ၁၀ လူ များတို့သည် ပြု သဖြင့် ၊ သား ငယ်ရှိသောနွားမ နှစ် ကောင်ကို လှည်း ၌ က ၍ ၊ နွားသငယ် တို့ကို သူ့ နေရာ ၌ ချုပ် ထားကြ၏။
၁၀သူတို့သည်ယဇ်ပုရောဟိတ်တို့စေခိုင်းသည့် အတိုင်း နွားမနှစ်ကောင်ကိုလှည်းတွင်တပ်၍ နွားငယ်ကလေးများကိုခြံတွင်လှောင်ထား ကြ၏။-
11 ၁၁ ထာဝရဘုရား ၏ သေတ္တာ တော်နှင့်တကွရွှေ ကြွက် များ၊ မြင်းသရိုက် ပုံ များပါသောသေတ္တာ တော်ကို လှည်း ပေါ် မှာ တင် ကြ၏။
၁၁ပဋိညာဉ်သေတ္တာတော်ကိုရွှေကြွက်ရုပ်နှင့် ရွှေအနာစိမ်းရုပ်တုပုံများ ပါရှိသည့်သေတ္တာ နှင့်အတူလှည်းပေါ်သို့တင်ကြ၏။-
12 ၁၂ နွားမ တို့သည် ဗက်ရှေမက် လမ်း သို့ တည့်တည့် လိုက်၍ မြည်တွန်လျက် သွားကြ၏။ လက်ျာ ဘက် လက်ဝဲ ဘက်သို့မ လွှဲ လမ်းမ သို့သာ လိုက် ကြ၏။ ဖိလိတ္တိ မင်း တို့သည် ဗက်ရှေမက် မြို့နယ် တိုင်အောင် လိုက် ကြ၏။
၁၂နွားမတို့သည်ဗက်ရှေမက်လမ်းအတိုင်း စတင်ထွက်ခွာပြီး ဝဲယာမကွေ့ဘဲတည့် မတ်စွာတစ်လမ်းလုံးအော်မြည်လျက် ဗက် ရှေမက်မြို့ရှိရာသို့သွားကြလေသည်။ ဖိ လိတ္တိဘုရင်ငါးပါးတို့သည်ဗက်ရှေမက် မြို့နယ်စပ်အနီးအထိလိုက်ပါသွားကြ ၏။
13 ၁၃ ဗက်ရှေမက် မြို့သားတို့သည် ချိုင့် ၌ ဂျုံ ၊ စပါးကိုရိတ် လျက် မြော် ကြည့်၍ သေတ္တာ တော်ကို မြင် သောအခါ ဝမ်းမြောက် ကြ၏။
၁၃ဗက်ရှေမက်မြို့သားတို့သည်ချိုင့်ဝှမ်းထဲတွင် ဂျုံစပါးများကိုရိတ်သိမ်းလျက်နေစဉ်ရုတ် တရက်မျှော်ကြည့်လိုက်သောအခါ ပဋိညာဉ် သေတ္တာတော်ကိုတွေ့မြင်ကြသဖြင့်အတိုင်း ထက်အလွန်ဝမ်းမြောက်ကြ၏။-
14 ၁၄ လှည်း သည် ဗက်ရှေမက် မြို့သားယောရှု ၏ လယ်ကွက် ထဲသို့ ဝင် ၍ ကျောက် ကြီး အနားမှာ ရပ် နေ၏။ ထိုသူတို့သည် လှည်း ကို ချိုး ခွဲပြီးလျှင် နွားမ တို့ကို ထာဝရဘုရား အား မီးရှို့ ရာယဇ်ပြု၍ ပူဇော် ကြ၏။
၁၄လှည်းသည်ဗက်ရှေမက်မြို့သားယောရှု၏ လယ်သို့ရောက်သောအခါ ကျောက်တုံးကြီး အနီးတွင်ရပ်တန့်လေသည်။ လူတို့သည်လှည်း ကိုခုတ်ဖြတ်၍နွားမတို့ကိုသတ်ပြီးလျှင် မီးရှို့ရာယဇ်အဖြစ်ဖြင့်ထာဝရဘုရား အားပူဇော်ကြ၏။-
15 ၁၅ ထိုအခါ လေဝိ သားတို့သည် ထာဝရဘုရား ၏ သေတ္တာ တော်နှင့် ရွှေ တန်ဆာ ပါ သော သေတ္တာ ကိုချ ၍ ကျောက် ကြီး ပေါ် မှာ တင် ထားပြီးလျှင် ၊ ဗက်ရှေမက် မြို့သား တို့သည် ထို နေ့ခြင်းတွင် မီးရှို့ ရာယဇ်မှစ၍ယဇ် မျိုးကို ထာဝရဘုရား အား ပူဇော် ကြ၏။
၁၅လေဝိအနွယ်ဝင်တို့သည်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်နှင့် ရွှေရုပ်များပါ ရှိသည့်သေတ္တာကိုချီပင့်ပြီးလျှင်ကျောက်တုံး ကြီးပေါ်တွင်တင်ထားကြ၏။ ထိုနောက်ဗက် ရှေမက်မြို့သားတို့သည်ထာဝရဘုရား အားမီးရှို့ရာယဇ်နှင့်အခြားပူဇော် သကာများကိုတင်လှူကြ၏။-
16 ၁၆ ထိုအမှုကို ဖိလိတ္တိ မင်း ငါး ယောက်တို့သည် မြင် ပြီးမှ ၊ ထို နေ့ခြင်းတွင် ဧကြုန် မြို့သို့ ပြန် သွားကြ၏။
၁၆ဖိလိတ္တိဘုရင်ငါးပါးတို့သည်ဤအခြင်း အရာကိုကြည့်ရှုကြပြီးနောက် ထိုနေ့၌ပင် ဧကြုန်မြို့သို့ပြန်သွားကြ၏။
17 ၁၇ ထာဝရဘုရား အား ပြန် ပေးသော ဒုစရိုက် ဖြေရာပူဇော်သက္ကာတည်းဟူသော ရွှေ မြင်းသရိုက် ပုံတို့ကား၊ အာဇုတ် မြို့ဘို့ တခု ၊ ဂါဇ မြို့ဘို့ တခု ၊ အာရှကေလုန် မြို့ဘို့ တခု ၊ ဂါသ မြို့ဘို့ တခု ၊ ဧကြုန် မြို့ဘို့ တခု ဖြစ်သတည်း။
၁၇ဖိလိတ္တိအမျိုးသားတို့သည်ရွှေအနာစိမ်း ရုပ်ငါးခုကိုမြို့တစ်မြို့လျှင် တစ်ခုနှုန်းဖြင့် အာဇုတ်မြို့၊ ဂါဇမြို့၊ အာရှကေလုန်မြို့၊ ဂါသ မြို့နှင့်ဧကြုန်မြို့တို့ကိုရည်စူး၍မိမိတို့ အတွက် အပြစ်ဖြေရာပူဇော်သကာအဖြစ် ဖြင့်ထာဝရဘုရားထံပေးပို့ကြ၏။-
18 ၁၈ ရွှေ ကြွက် တို့ကား၊ ထာဝရဘုရား ၏ သေတ္တာ တော်ကို တင် ထားသော ကျောက် ကြီး တိုင်အောင် ခိုင်ခံ့ သော မြို့ ဖြစ်စေ၊ တော ရွာဖြစ်စေ၊ ဖိလိတ္တိ မင်း ငါး ပါးဆိုင်သမျှ သောမြို့ ရွာအရေအတွက် အတိုင်း ဖြစ်သတည်း။ ထိုကျောက်ကား ယနေ့ တိုင်အောင် ဗက်ရှေမက် မြို့သားယောရှု ၏ လယ်ကွက် ၌ ရှိ၏။
၁၈သူတို့သည်ကြွက်ရုပ်များကိုလည်းဖိလိတ္တိ ဘုရင်များ အစိုးရသည့်ခံတပ်မြို့များနှင့် ကျေးရွာများအတွက် တစ်မြို့လျှင်တစ်ခု ကျစီဆက်သပေးပို့ကြ၏။ ဗက်ရှေမက် မြို့သားယောရှု၏လယ်၌ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်တင်ရာကျောက်တုံး ကြီးသည် ထိုစဉ်အခါကဖြစ်ပျက်ခဲ့သည့် အမှု၌အသိသက်သေအဖြစ်ဖြင့်ယနေ့ တိုင်အောင်တည်ရှိနေလေသည်။
19 ၁၉ ဗက်ရှေမက် မြို့သား တို့သည် ထာဝရဘုရား ၏ သေတ္တာ တော်ထဲသို့ ကြည့်ရှု မိသောကြောင့် ၊ လူ ခုနစ် ဆယ်နှင့်လူ ငါး သောင်းတို့သည် ဒဏ်ခတ် တော်မူခြင်းကိုခံရကြ၏။ ထိုသို့ ထာဝရဘုရား သည် ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်ဒဏ်ပေး တော်မူသောကြောင့် ၊ လူ များတို့သည် ငိုကြွေး မြည်တမ်းကြ၏။
၁၉ဗက်ရှေမက်မြို့သားခုနစ်ဆယ်တို့သည် ပဋိ ညာဉ်သေတ္တာတော်ထဲသို့ကြည့်မိသဖြင့် ထာဝရဘုရားသည် သူတို့အားသေဒဏ် ခတ်တော်မူ၏။ မြို့သားတို့သည်မိမိတို့ အထဲမှလူမြောက်မြားစွာကို ထာဝရ ဘုရားသေဒဏ်ခတ်တော်မူသောကြောင့် ငိုကြွေးမြည်တမ်းကြ၏။
20 ၂၀ ဗက်ရှေမက် မြို့သား တို့က၊ သန့်ရှင်း တော်မူသောဤ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ အဘယ်သူ ရပ် နေနိုင် သနည်း။ ငါ တို့အရပ်က၊ အဘယ်သူ ရှိရာသို့ ကြွ သွားတော်မူမည်နည်းဟု ဆို သဖြင့်၊
၂၀သို့ဖြစ်၍ဗက်ရှေမက်မြို့သားတို့က``သန့်ရှင်း မြင့်မြတ်တော်မူသည့်ဘုရားတည်းဟူသော ထာဝရဘုရား၏ရှေ့တော်၌ အဘယ်သူသည် ရပ်တည်နိုင်ပါမည်နည်း။ ငါတို့နှင့်ဝေးအောင် ကိုယ်တော်အားအဘယ်အရပ်သို့ပင့်ဆောင် သွားရပါမည်နည်း'' ဟုဆို၍၊-
21 ၂၁ ကိရယတ်ယာရိမ် မြို့သား တို့ထံသို့ လူကိုစေလွှတ် ၍ ဖိလိတ္တိ လူတို့သည် ထာဝရဘုရား ၏ သေတ္တာ တော်ကို တဖန်ပို့ ကြပြီ။ သင် တို့လာ ၍ ဆောင် သွားကြပါတော့ဟု မှာ လိုက်ကြ၏။
၂၁ကိရယတ်ယာရိမ်မြို့သားတို့ထံသို့တမန် များစေလွှတ်ပြီးလျှင်``ဖိလိတ္တိအမျိုးသား တို့သည်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုပြန်လည်ပို့ဆောင်ကြလေပြီ။ သင် တို့လာ၍သေတ္တာတော်ကိုပင့်ဆောင်ကြပါ လော့'' ဟုမှာကြားလိုက်ကြ၏။