< ၁ ဓမ္မရာဇဝင် 5 >

1 ဖိလိတ္တိ လူတို့သည် ဘုရား သခင်၏ သေတ္တာ တော်ကို ယူ ၍ ဧဗနေဇာ မြို့မှ အာဇုတ် မြို့သို့ ဆောင် သွားကြ၏။
LAWE aku la ko Pilisetia i ka pahu o ke Akua, a halihali aku la mai Ebenezera aku a hiki i Asedoda.
2 ဘုရား သခင်၏ သေတ္တာ တော်ကို ဒါဂုန် ကျောင်း ထဲသို့ သွင်း ၍ ဒါဂုန် အနား မှာထား ကြ၏။
A lawe ae la ko Pilisetia i ka pahu o ke Akua, a hali aku la iloko o ka hale o Dagona, a waiho ma ka aoao o Dagona.
3 အာဇုတ် မြို့သားတို့သည် နံနက်စောစောထ ကြသောအခါ ၊ ဒါဂုန် သည် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ ၌ မြေ ပေါ်မှာလဲ ၍ ပြပ်ဝပ်လျက်ရှိသည်ကို တွေ့သဖြင့်၊ သူ့ကိုယူ ၍ သူ ၏နေရာ ၌ တင် ထား ပြန်ကြ၏။
Ia la iho, ala ae la ko Asedoda i kakahiaka nui, aia hoi, ua hina iho la o Dagona ilalo ke alo ma ka honua imua o ka pahu o Iehova. Lawe aku la lakou ia Dagona, a hooku hou ia ia ma kona wahi.
4 တဖန် နက်ဖြန် နံနက် စောစောထ ကြသောအခါ ၊ ဒါဂုန် သည် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ ၌ မြေ ပေါ် မှာ လဲ ၍ ပြပ်ဝပ်လျက်၊ ခေါင်း နှင့် လက်ဝါး နှစ် ဘက်ပြတ် ၍ တံခါးခုံ ပေါ် မှာတင်လျက်၊ ဒါဂုန် ၌ ကိုယ်တိတိရှိသည်ကို တွေ့ကြ၏။
A ia la ae, ala hou ae la lakou i kakahiaka nui, aia hoi, ua hina iho la o Dagona ilalo ke alo ma ka honua imua o ka pahu o Iehova; a o ke poo o Dagona, a me kona mau lima elua, ua hemo ma ka paepae, a o ka ia wale no i koe ia ia.
5 ထိုကြောင့် ဒါဂုန် ၏ ယဇ် ပုရောဟိတ်များ၊ ဒါဂုန် ကျောင်း သို့ ဝင် သောသူများတို့သည်၊ အာဇုတ် မြို့၌ ရှိသောဒါဂုန် ကျောင်းတံခါးခုံ ကို ယနေ့ တိုင်အောင် ကျော် နင်းလေ့မ ရှိကြ။
No ia mea, o na kahuna a Dagona, a me na mea a pau e hele maloko o ka hale o Dagona, aole lakou e hehi maluna o ka paepae o Dagona ma Asedoda, a hiki i keia wa.
6 အာဇုတ် မြို့နှင့် မြို့နယ် ၌နေသောသူတို့ အပေါ် မှာ၊ ထာဝရဘုရား သည် လေး သောလက် တော်နှင့် ဖျက် တော်မူ၏။ မြင်းသရိုက် အနာနှင့် လည်း ဒဏ်ခတ် တော်မူ၏။
A ua kaumaha ka lima o Iehova maluna o ko Asedoda, a luku mai oia ia lakou, a hahau mai ia lakou i ka mai hikoko, i ko Asedoda a me ko laila wahi a puni.
7 အာဇုတ် မြို့သား တို့သည် ထိုအမှုကို မြင် လျှင် ၊ ဣသရေလအမျိုး၏ ဘုရားသခင် သည် ငါ တို့နှင့် ငါ တို့ဘုရား ဒါဂုန် အပေါ် မှာ လေး သောလက် တော်ကို တင်တော်မူသည်ဖြစ်၍၊ ထိုဘုရား သခင်၏ သေတ္တာ တော်ကို ငါ တို့တွင် မ ရှိ စေရဟု ဆို လျက်၊
A ike aku la na kanaka o Asedoda i ka mea i hanaia pela, i ae la lakou, Aole e noho me kakou ka pahu o ke Akua o ka Iseraela: no ka mea, ua kaumaha kona lima maluna o kakou, a maluna o Dagona ko kakou akua.
8 လူကိုစေလွှတ် ၍ ဖိလိတ္တိ မင်း အပေါင်း တို့ကို စုဝေး စေပြီးလျှင် ၊ ဣသရေလ အမျိုး၏ ဘုရား သခင့် သေတ္တာ တော်ကို အဘယ်သို့ ပြု ရပါမည်နည်းဟုမေး ကြ၏။ မင်းများကလည်း၊ ဣသရေလ အမျိုး၏ ဘုရား သခင့်သေတ္တာ တော်ကို ဂါသ မြို့သို့ ဆောင် သွားစေဟု စီရင်သည်အတိုင်း ဆောင် သွားကြ၏။
Hoouna aku la lakou e houluulu i na haku a pau o ko Pilisetia io lakou la, ninau aku la ia lakou, Heaha ka makou e hana aku ai i ka pahu o ke Akua o ka Iseraela? I mai la lakou, E laweia'ku ka pahu o ke Akua o ka Iseraela ma Gata. A lawe aku la lakou i ka pahu o ke Akua o ka Iseraela ilaila.
9 ထိုမြို့သို့ ဆောင် သွားသောနောက် ၊ ထာဝရဘုရား ၏ လက် တော်သည် ထိုမြို့ ၌ ကြီးစွာ သော ဖျက်ဆီး ခြင်းကို ပြု ၍၊ မြို့သူ မြို့သားအကြီး အငယ် တို့ကို ဒဏ်ခတ် တော်မူသဖြင့် ၊ ကိုယ်အတွင်း၌ မြင်းသရိုက် အနာကို ခံရကြ၏။
A mahope o ka lakou lawe ana ku ia mea malaila, ku e mai la ka lima o Iehova i ua kulanakauhale la me ka luku nui loa; a hahau mai ia i ua kanaka o ke kulanakauhale, i ka mea uuku, a me ka mea nui, a poha iho la ko lakou puupuu koko.
10 ၁၀ တဖန် ဘုရား သခင်၏ သေတ္တာ တော်ကို ဧကြုန် မြို့သို့ ပို့ လိုက်သဖြင့်၊ ထိုမြို့သို့ ရောက် သောအခါ ၊ မြို့သူမြို့သားတို့က၊ ငါ တို့နှင့် ငါ တို့လူ များကိုသတ် စေခြင်းငှါ ၊ ဣသရေလ အမျိုး၏ ဘုရား သခင့် သေတ္တာ တော်ကို ဆောင် ခဲ့ပါသည်တကားဟု ဟစ်ကြော် လျက်၊
No ia mea, lawe aku la lakou i ka pahu o ke Akua i Ekerona. A hiki aku la ka pahu o ke Akua ma Ekerona, auwe iho la ko Ekerona, i ka i ana ae, Ua lawe mai lakou i ka pahu o ke Akua o ka Iseraela io kakou nei e pepehi ia kakou a me ko kakou poe kanaka.
11 ၁၁ လူကိုစေလွှတ် ၍ ဖိလိတ္တိ မင်း အပေါင်း တို့ကို စုဝေး စေပြီးလျှင် ၊ ဣသရေလ အမျိုး၏ ဘုရား သခင့် သေတ္တာ တော်သည် ငါ တို့နှင့် ငါ တို့လူ များကို မ သတ် စေခြင်းငှါလွှတ် လိုက်ကြကုန်အံ့၊ မိမိ နေရင်း အရပ် သို့ သွား ပါလေစေဟု ဆို ကြ၏။ အကြောင်း မူကား၊ ဘုရား သခင်သည် အလွန် လေး သော လက် တော်ကို တင်တော်မူသဖြင့်၊ တမြို့လုံး သေ စေတတ်သော အနာ ရောဂါနှံ့ပြားလေ၏။
No ia hoi, hoouna aku la lakou e houluulu i na haku a pau o ko Pilisetia, i aku la, E lawe aku i ka pahu o ke Akua o ka Iseraela, a e hoihoi aku ma kona wahi, i ole ai ia e pepehi mai ia makou a me ko makou poe kanaka: no ka mea, he make nui ma ke kulanakauhale a pau; ua kaumaha loa ka lima o ke Akua malaila.
12 ၁၂ သေ ဘေးနှင့်လွတ် သော်လည်းမြင်းသရိုက်နာ ဖြင့် ဒဏ်ခတ် ခြင်းကိုခံရ၍ ၊ ထိုမြို့ အော်ဟစ် သော အသံ သည် မိုဃ်း ကောင်းကင်သို့ တက် လေ၏။
A o na kanaka aole i make, loohia lakou e ka mai hikoko; a pii ae la ka uwe o ua kulanakauhale la i ka lani.

< ၁ ဓမ္မရာဇဝင် 5 >