< ၁ ဓမ္မရာဇဝင် 5 >
1 ၁ ဖိလိတ္တိ လူတို့သည် ဘုရား သခင်၏ သေတ္တာ တော်ကို ယူ ၍ ဧဗနေဇာ မြို့မှ အာဇုတ် မြို့သို့ ဆောင် သွားကြ၏။
And the Philistines took the ark of God, and carried it from the Stone of help into Azotus.
2 ၂ ဘုရား သခင်၏ သေတ္တာ တော်ကို ဒါဂုန် ကျောင်း ထဲသို့ သွင်း ၍ ဒါဂုန် အနား မှာထား ကြ၏။
And the Philistines took the ark of God, and brought it into the temple of Dagon, and set it by Dagon.
3 ၃ အာဇုတ် မြို့သားတို့သည် နံနက်စောစောထ ကြသောအခါ ၊ ဒါဂုန် သည် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ ၌ မြေ ပေါ်မှာလဲ ၍ ပြပ်ဝပ်လျက်ရှိသည်ကို တွေ့သဖြင့်၊ သူ့ကိုယူ ၍ သူ ၏နေရာ ၌ တင် ထား ပြန်ကြ၏။
And when the Azotians arose early the next day, behold Dagon lay upon his face on the ground before the ark of the Lord: and they took Dagon, and set him again in his place.
4 ၄ တဖန် နက်ဖြန် နံနက် စောစောထ ကြသောအခါ ၊ ဒါဂုန် သည် ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ ၌ မြေ ပေါ် မှာ လဲ ၍ ပြပ်ဝပ်လျက်၊ ခေါင်း နှင့် လက်ဝါး နှစ် ဘက်ပြတ် ၍ တံခါးခုံ ပေါ် မှာတင်လျက်၊ ဒါဂုန် ၌ ကိုယ်တိတိရှိသည်ကို တွေ့ကြ၏။
And the next day again, when they rose in the morning, they found Dagon lying upon his face on the earth before the ark of the Lord: and the head of Dagon, and both the palms of his hands were cut off upon the threshold:
5 ၅ ထိုကြောင့် ဒါဂုန် ၏ ယဇ် ပုရောဟိတ်များ၊ ဒါဂုန် ကျောင်း သို့ ဝင် သောသူများတို့သည်၊ အာဇုတ် မြို့၌ ရှိသောဒါဂုန် ကျောင်းတံခါးခုံ ကို ယနေ့ တိုင်အောင် ကျော် နင်းလေ့မ ရှိကြ။
And only the stump of Dagon remained in its place. For this cause neither the priests of Dagon, nor any that go into the temple tread on the threshold of Dagon in Azotus unto this day.
6 ၆ အာဇုတ် မြို့နှင့် မြို့နယ် ၌နေသောသူတို့ အပေါ် မှာ၊ ထာဝရဘုရား သည် လေး သောလက် တော်နှင့် ဖျက် တော်မူ၏။ မြင်းသရိုက် အနာနှင့် လည်း ဒဏ်ခတ် တော်မူ၏။
And the hand of the Lord was heavy upon the Azotians, and he destroyed them, and afflicted Azotus and the coasts thereof with emerods. And in the villages and fields in the midst of that country, there came forth a multitude of mice, and there was the confusion of a great mortality in the city.
7 ၇ အာဇုတ် မြို့သား တို့သည် ထိုအမှုကို မြင် လျှင် ၊ ဣသရေလအမျိုး၏ ဘုရားသခင် သည် ငါ တို့နှင့် ငါ တို့ဘုရား ဒါဂုန် အပေါ် မှာ လေး သောလက် တော်ကို တင်တော်မူသည်ဖြစ်၍၊ ထိုဘုရား သခင်၏ သေတ္တာ တော်ကို ငါ တို့တွင် မ ရှိ စေရဟု ဆို လျက်၊
And the men of Azotus seeing this kind of plague, said: The ark of the God of Israel shall not stay with us: for his hand is heavy upon us, and upon Dagon our god.
8 ၈ လူကိုစေလွှတ် ၍ ဖိလိတ္တိ မင်း အပေါင်း တို့ကို စုဝေး စေပြီးလျှင် ၊ ဣသရေလ အမျိုး၏ ဘုရား သခင့် သေတ္တာ တော်ကို အဘယ်သို့ ပြု ရပါမည်နည်းဟုမေး ကြ၏။ မင်းများကလည်း၊ ဣသရေလ အမျိုး၏ ဘုရား သခင့်သေတ္တာ တော်ကို ဂါသ မြို့သို့ ဆောင် သွားစေဟု စီရင်သည်အတိုင်း ဆောင် သွားကြ၏။
And sending, they gathered together all the lords of the Philistines to them, and said: What shall we do with the ark of the God of Israel? And the Gethrites answered: Let the ark of the God of Israel be carried about. And they carried the ark of the God of Israel about.
9 ၉ ထိုမြို့သို့ ဆောင် သွားသောနောက် ၊ ထာဝရဘုရား ၏ လက် တော်သည် ထိုမြို့ ၌ ကြီးစွာ သော ဖျက်ဆီး ခြင်းကို ပြု ၍၊ မြို့သူ မြို့သားအကြီး အငယ် တို့ကို ဒဏ်ခတ် တော်မူသဖြင့် ၊ ကိုယ်အတွင်း၌ မြင်းသရိုက် အနာကို ခံရကြ၏။
And while they were carrying it about, the band of the Lord came upon every city with an exceeding great slaughter: and he smote the men of every city, both small and great, and they had emerods in their secret parts. And the Gethrites consulted together, and made themselves seats of skins.
10 ၁၀ တဖန် ဘုရား သခင်၏ သေတ္တာ တော်ကို ဧကြုန် မြို့သို့ ပို့ လိုက်သဖြင့်၊ ထိုမြို့သို့ ရောက် သောအခါ ၊ မြို့သူမြို့သားတို့က၊ ငါ တို့နှင့် ငါ တို့လူ များကိုသတ် စေခြင်းငှါ ၊ ဣသရေလ အမျိုး၏ ဘုရား သခင့် သေတ္တာ တော်ကို ဆောင် ခဲ့ပါသည်တကားဟု ဟစ်ကြော် လျက်၊
Therefore they sent the ark of God into Accaron. And when the ark of God was come into Accaron, the Accaronites cried out, saying: They have brought the ark of the God of Israel to us, to kill us and our people.
11 ၁၁ လူကိုစေလွှတ် ၍ ဖိလိတ္တိ မင်း အပေါင်း တို့ကို စုဝေး စေပြီးလျှင် ၊ ဣသရေလ အမျိုး၏ ဘုရား သခင့် သေတ္တာ တော်သည် ငါ တို့နှင့် ငါ တို့လူ များကို မ သတ် စေခြင်းငှါလွှတ် လိုက်ကြကုန်အံ့၊ မိမိ နေရင်း အရပ် သို့ သွား ပါလေစေဟု ဆို ကြ၏။ အကြောင်း မူကား၊ ဘုရား သခင်သည် အလွန် လေး သော လက် တော်ကို တင်တော်မူသဖြင့်၊ တမြို့လုံး သေ စေတတ်သော အနာ ရောဂါနှံ့ပြားလေ၏။
They sent therefore and gathered together all the lords of the Philistines: and they said: Send away the ark of the God of Israel, and let it return into its own place, and not kill us and our people.
12 ၁၂ သေ ဘေးနှင့်လွတ် သော်လည်းမြင်းသရိုက်နာ ဖြင့် ဒဏ်ခတ် ခြင်းကိုခံရ၍ ၊ ထိုမြို့ အော်ဟစ် သော အသံ သည် မိုဃ်း ကောင်းကင်သို့ တက် လေ၏။
For there was the fear of death in every city, and the hand of God was exceeding heavy. The men also that did not die, were afflicted with the emerods: and the cry of every city went up to heaven.