< ၁ ဓမ္မရာဇဝင် 4 >
1 ၁ တဖန် ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိ လူတို့ကို တိုက် ခြင်းငှါ ချီ သွား၍ ၊ ဧဗနေဇာ မြို့နား မှာ တပ်ချ လျက် ၊ ဖိလိတ္တိ လူတို့သည် အာဖက် မြို့၌ တပ်ချ လျက်နေကြ၏။
La parole de Samuel fut adressée à tout Israël. Israël sortit contre les Philistins pour combattre, et il campa près d'Ébénézer; les Philistins campèrent à Aphek.
2 ၂ ဖိလိတ္တိ လူတို့သည် ဣသရေလ အမျိုးကို စစ်ခင်းကျင်း ၍ တိုက်ကြသောအခါ ၊ ဣသရေလ အမျိုးသည် စစ်ရှုံး ၍ ၊ ရန်သူလက်တွင် သူရဲ လေး ထောင် ခန့် မျှ သေ ကြ၏။
Les Philistins se rangèrent en bataille contre Israël. Lorsqu'ils se battirent, Israël fut vaincu par les Philistins, qui tuèrent en campagne environ quatre mille hommes de l'armée.
3 ၃ လူ များတို့သည် တပ် ထဲသို့ ရောက် သောအခါ ၊ ဣသရေလ အမျိုး အသက်ကြီး သူတို့က၊ ယနေ့ ထာဝရဘုရား သည် ငါ တို့ကို ဖိလိတ္တိ လူတို့ရှေ့ မှာ အဘယ်ကြောင့် ရှုံး စေတော်မူသနည်း။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်သည် လာ ၍ ၊ ငါ တို့ကို ရန်သူ လက် မှ ကယ်တင် စေခြင်းငှါ၊ ရှိလော မြို့မှ ဆောင် ခဲ့ ကြကုန်အံ့ဟု ဆို ကြသည်အတိုင်း၊
Lorsque le peuple fut rentré dans le camp, les anciens d'Israël dirent: « Pourquoi Yahvé nous a-t-il vaincus aujourd'hui devant les Philistins? Allons chercher l'arche de l'alliance de Yahvé à Silo et apportons-la à nous, afin qu'elle vienne au milieu de nous et nous sauve de la main de nos ennemis. »
4 ၄ လူများတို့သည် ရှိလော မြို့သို့ လူ ကို စေလွှတ် ၍ ၊ ခေရုဗိမ် စပ်ကြားမှာနေ သောကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ဆောင် ခဲ့သဖြင့် ၊ ဘုရား သခင်၏ ပဋိညာဉ် သေတ္တာ တော်နှင့်အတူ ဧလိ ၏ သား ဟောဖနိ နှင့် ဖိနဟတ် နှစ် ယောက်တို့သည် ပါကြ၏။
Et le peuple envoya à Silo, et l'on apporta de là l'arche de l'alliance de Yahvé des armées, qui est assis au-dessus des chérubins; et les deux fils d'Eli, Hophni et Phinées, étaient là avec l'arche de l'alliance de Dieu.
5 ၅ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်သည် တပ် ထဲ သို့ရောက် သောအခါ ၊ မြေကြီး အသံမြည် သည်တိုင်အောင်တပ်သားအပေါင်း တို့သည် ကြွေးကြော် ကြ၏။
Lorsque l'arche de l'alliance de Yahvé entra dans le camp, tout Israël poussa de grands cris, au point que la terre en résonna.
6 ၆ ကြွေးကြော် သံ ကို ဖိလိတ္တိ လူတို့သည် ကြား လျှင် ၊ ဟေဗြဲ တပ် ၌ ပြုသောကြွေးကြော် သံ ကြီး ကား အဘယ်သို့ နည်းဟုမေး လျက် ၊ ထာဝရဘုရား ၏ သေတ္တာ တော်သည် ထိုတပ် ထဲ သို့ ရောက် ကြောင်း ကို သိ ကြ၏။
Lorsque les Philistins entendirent le bruit de ce cri, ils dirent: « Que signifie le bruit de ce grand cri dans le camp des Hébreux? ». Ils comprirent que l'arche de Yahvé était entrée dans le camp.
7 ၇ ဖိလိတ္တိ လူတို့သည် ကြောက် ၍ ၊ ဘုရား သခင်သည် ဟေဗြဲတပ် ထဲ သို့ ရောက် လေပြီ တကား။ ငါ တို့ သည် အမင်္ဂလာ ရှိကြ၏။ တခါမျှ ဤ သို့မ ဖြစ် စဖူး။
Les Philistins eurent peur, car ils disaient: « Dieu est entré dans le camp. » Ils dirent: « Malheur à nous! Car il n'y a jamais eu de chose semblable auparavant.
8 ၈ ငါ တို့သည် အမင်္ဂလာ ရှိကြ၏။ တန်ခိုး ကြီးသော ဤဘုရား သခင်၏လက် မှ ငါ တို့ကို အဘယ်သူ ကယ်တင် လိမ့်မည်နည်း။ တော ၌ အဲဂုတ္တု လူတို့ကို ဘေး အပေါင်း နှင့် ဒဏ်ခတ် သော ဘုရား ကား၊ အခြား မဟုတ် ဤ ဘုရားပေတည်း။
Malheur à nous! Qui nous délivrera de la main de ces dieux puissants? Ce sont ces dieux qui ont frappé les Égyptiens de toutes sortes de plaies dans le désert.
9 ၉ အို ဖိလိတ္တိ လူတို့၊ ဣသရေလလူတို့သည် သင် တို့ထံ ၌ကျွန် ခံရသကဲ့သို့ ၊ သူတို့ထံ၌ ငါတို့သည် ကျွန် မခံရမည်အကြောင်း၊ အားယူ ၍ ယောက်ျား ပြု ကြလော့။ ယောက်ျား ပြု ၍ တိုက် ကြလော့ဟု ပြောဆို ကြ၏။
Fortifiez-vous et comportez-vous comme des hommes, Philistins, pour ne pas être les esclaves des Hébreux, comme ils l'ont été pour vous. Fortifiez-vous comme des hommes, et combattez! »
10 ၁၀ ဖိလိတ္တိ လူတို့သည် စစ် တိုက်သဖြင့် ၊ ဣသရေလ အမျိုး ရှုံး ပြန်၍ ၊ လူ တိုင်း မိမိ နေရာ သို့ ပြေး လေ၏။ ကြီးစွာ သော လုပ်ကြံ ခြင်းဖြစ် ၍ ၊ ဣသရေလ ခြေသည် သူရဲ သုံး သောင်းတို့သည် သေ ကြ၏။
Les Philistins combattirent, Israël fut vaincu, et chacun s'enfuit dans sa tente. Il y eut un très grand carnage, car trente mille fantassins d'Israël tombèrent.
11 ၁၁ ဘုရား သခင်၏ သေတ္တာ တော်သည် ရန်သူလက် သို့ ရောက်၍ ၊ ဧလိ ၏သား ဟောဖနိ နှင့် ဖိနဟတ် နှစ် ယောက်တို့သည် အသက် ဆုံးလေ၏။
L'arche de Dieu fut prise, et les deux fils d'Eli, Hophni et Phinées, furent tués.
12 ၁၂ ဗင်္ယာမိန် အမျိုးသား တယောက်သည်၊ စစ်တိုက် ရာထဲက ပြေး လာ၍ ၊ မိမိ အဝတ် ကို ဆုတ် လျက် ၊ မိမိ ခေါင်း ပေါ် မှာ မြေမှုန့် ကိုတင်လျက်၊ ထို နေ့ခြင်းတွင် ရှိလော မြို့သို့ ရောက် လေ၏။
Un homme de Benjamin sortit de l'armée et arriva à Silo le même jour, les vêtements déchirés et la tête couverte de terre.
13 ၁၃ ရောက် သောအခါ ၊ ဧလိ သည် လမ်း နား ၌ ခုံ ပေါ် မှာထိုင် ၍၊ ဘုရား သခင်၏ သေတ္တာ တော်အတွက် စိတ် နှလုံးတုန်လှုပ် လျက် စောင့် နေ၏။ ပြေးသောသူသည် မြို့ ထဲ သို့ရောက် ၍ သိတင်းပြော သဖြင့် ၊ တမြို့လုံး အော်ဟစ် ကြ၏။
Lorsqu'il arriva, voici qu'Eli était assis sur son siège, au bord du chemin, à regarder, car son cœur tremblait pour l'arche de Dieu. Lorsque l'homme entra dans la ville et en fit le récit, toute la ville poussa des cris.
14 ၁၄ အော်ဟစ် သံ ကို ဧလိ ကြား သော်၊ အုတ်အုတ် ကျက်ကျက်သော အသံ ကား၊ အဘယ်သို့ နည်းဟုမေး လျှင်၊ ထိုသူသည် အလျင် အမြန်လာ ၍ ဧလိ အား လျှောက် လေ၏။
Lorsque Eli entendit le bruit des cris, il dit: « Que signifie le bruit de ce tumulte? » L'homme se hâta, et vint le dire à Eli.
15 ၁၅ ထိုအခါ ဧလိ သည် အသက် ကိုး ဆယ်ရှစ် နှစ်ရှိ၍ မျက်စိ မ မြင် နိုင် အောင် မျက်ကြော သေနှင့်ပြီ။
Or, Eli était âgé de quatre-vingt-dix-huit ans. Ses yeux étaient fixes, de sorte qu'il ne pouvait pas voir.
16 ၁၆ ပြေးသောသူက၊ အကျွန်ုပ် သည် စစ်တိုက် ရာမှ ရောက် လာသောသူဖြစ် ပါ၏။ စစ်တိုက် ရာထဲက ယနေ့ အကျွန်ုပ်ပြေး ၍ လာပါ၏ဟု လျှောက် လျှင် ၊ ဧလိက၊ ငါ့ သား ၊ အမှုကားအဘယ်သို့ နည်းဟုမေး လေသော်၊
L'homme dit à Eli: « Je suis celui qui est sorti de l'armée, et je me suis enfui aujourd'hui de l'armée. » Il a dit: « Comment ça s'est passé, mon fils? »
17 ၁၇ တမန်က၊ ဣသရေလ အမျိုးသည် ဖိလိတ္တိ လူတို့ရှေ့ မှာပြေး ၍ ကြီးစွာ သော လုပ်ကြံ ခြင်းကိုခံရ ကြပါပြီ။ ကိုယ်တော် ၏သား ၊ ဟောဖနိ နှင့် ဖိနဟတ် နှစ် ယောက်တို့သည် သေ ပါပြီ။ ဘုရား သခင်၏ သေတ္တာ တော် သည်လည်း ရန်သူလက် သို့ရောက်ပါပြီဟု ပြန် လျှောက်လေ၏။
Celui qui apportait la nouvelle répondit: « Israël a fui devant les Philistins, et il y a aussi eu un grand massacre parmi le peuple. Tes deux fils aussi, Hophni et Phinées, sont morts, et l'arche de Dieu a été capturée. »
18 ၁၈ ဘုရား သခင်၏ သေတ္တာ တော် သိတင်းကိုကြား သောအခါ ၊ ဧလိသည် တံခါး နား မှာ ထိုင်သောခုံ ပေါ် က နောက် သို့လန်ကျ သဖြင့် ၊ လည်ပင်း ကျိုး ၍ သေ လေ၏။ အသက် ကြီး၍ ကိုယ်လေး သောသူဖြစ် ၏။ ထိုသူ သည် ဣသရေလ အမျိုးကို အနှစ် လေး ဆယ်အုပ်စိုး သတည်း။
Lorsqu'il parla de l'arche de Dieu, Eli tomba de son siège en arrière, du côté de la porte; son cou se brisa, et il mourut, car il était vieux et pesant. Il avait jugé Israël pendant quarante ans.
19 ၁၉ သူ ၏ ချွေးမ ဖိနဟတ် ၏ မယား သည် ပဋိသန္ဓေ အရင့်အမာရှိ၍ အချိန်နီးလျက်၊ ဘုရား သခင်၏ သေတ္တာ တော်သည် ရန်သူလက် သို့ ရောက်ကြောင်း၊ ယောက္ခမ နှင့် လင် သေ ကြောင်းကို ကြား သောအခါ ၊ ကျောကုန်း ၍ သား ဘွားခြင်း ဝေဒနာကို ချက်ခြင်းခံရ၏။
Sa belle-fille, la femme de Phinées, était enceinte, sur le point d'accoucher. Lorsqu'elle apprit la nouvelle de la prise de l'arche de Dieu et de la mort de son beau-père et de son mari, elle se courba et accoucha, car ses douleurs la surprirent.
20 ၂၀ သေ လုသောအခါ အနားမှာရှိသော မိန်းမတို့က၊ မ စိုးရိမ် နှင့်။ သား ယောက်ျားကို ဘွားမြင် ပြီဟု ဆို သော်လည်း ပြန် မ ပြော၊ အမှု မ ထားဘဲနေ၏။
Vers le moment où elle mourut, les femmes qui se tenaient près d'elle lui dirent: « N'aie pas peur, car tu as donné naissance à un fils. » Mais elle ne répondit pas et n'y fit pas attention.
21 ၂၁ တဖန် ဘုရား သခင်၏ သေတ္တာ တော်သည် ရန်သူလက် သို့ ရောက်သောကြောင့် ၎င်း ၊ မိမိ ယောက္ခမ နှင့် လင် အမှုကြောင့် ၎င်း၊ ဣသရေလ ဘုန်း အသရေပျောက် ခဲ့ပြီဟုဆို လျက်၊ ထိုသူငယ် ကို ဣခဗုဒ် အမည် ဖြင့် မှည့်၍၊
Elle donna à l'enfant le nom d'Ichabod, en disant: « La gloire s'est retirée d'Israël », parce que l'arche de Dieu avait été prise, et à cause de son beau-père et de son mari.
22 ၂၂ ဣသရေလအမျိုး၏ ဘုရား သခင့် သေတ္တာ တော်သည် ရန်သူလက် သို့ ရောက်သောကြောင့်၊ ဣသရေလ ဘုန်း အသရေပျောက် ခဲ့ပြီဟု ဆို လေ၏။
Elle dit: « La gloire a disparu d'Israël, car l'arche de Dieu a été prise. »