< ၁ ဓမ္မရာဇဝင် 31 >

1 ဖိလိတ္တိ လူတို့သည် ဣသရေလ လူတို့ကို စစ်တိုက် ၍ ၊ ဣသရေလ လူ တို့သည် ရန်သူရှေ့ မှာ ပြေး သဖြင့်၊ ဂိလဗော တောင် ပေါ် မှာ အထိအခိုက် နှင့် လဲ ၍သေကြ၏။
Na kua whawhai nga Pirihitini ki a Iharaira, a ka whati nga tangata o Iharaira i te aroaro o nga Pirihitini, a hinga ana, mate rawa, i Maunga Kiripoa.
2 ဖိလိတ္တိ လူတို့သည် ရှောလု မင်းနှင့် သူ ၏သား တို့ကို ပြင်းထန် စွာ လိုက်၍ ၊ ရှောလု ၏သား ယောနသန် ၊ အဘိနဒပ် ၊ မေလခိရွှ တို့ကိုသတ် ကြ၏။
Na ka whaia e nga Pirihitini a Haora ratou ko ana tama, a patua iho e nga Pirihitini a Honatana ratou ko Apinarapa, ko Marikihua, nga tama a Haora.
3 စစ်တိုက် ရာတွင် ရှောလု သည် အလွန်ခံရ၏။ လေး သမားတို့ ပစ် သော မြှားမှန်၍ အလွန် နာ သောကြောင့်၊
Na ka nui haere te whawhai ki a Haora, a ka mau ia i nga kaikopere; nui rawa tona tunga i nga kaikopere.
4 လက်နက် ဆောင် လုလင်ကို ခေါ်ပြီးလျှင်သင့် ထား ကို ထုတ် ၍ ငါ့ ကို ထိုး လော့။ သို့မဟုတ် အရေဖျား လှီးခြင်းကို မခံသောလူတို့သည်လာ ၍ ငါ့ ကိုထိုး ပြီးမှ မရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟု ဆို သော်လည်း ၊ လက်နက် ဆောင် လုလင်သည် အလွန် ကြောက် ၍ မ ပြုဘဲနေသောကြောင့် ၊ ရှောလု သည် ထိုထား ကို ယူ ၍ ထောင်ပြီးလျှင်၊ ထားဖျားပေါ် မှာ လှဲ ၍ သေလေ၏။
Katahi a Haora ka mea ki tana kaimau patu, Unuhia tau hoari, werohia hoki ahau; kei haere mai tenei hunga kokotikore, a ka wero i ahau, ka whakatupu kino i ahau. Otiia kihai i pai tana kaimau patu; he nui hoki no tona hopohopo. Na reira ka mau a Haora ki tana hoari, hinga iho ki runga.
5 ရှောလု သေ သည်ကို လက်နက် ဆောင် လုလင် မြင် လျှင် ၊ သူ သည်လည်း ထိုထားကိုထောင်၍ ရှောလုနှင့်အတူ ထား ဖျားပေါ် မှာ လှဲ ၍ သေ ၏။
A, no te kitenga o tana kaimau patu, kua mate a Haora, ka hinga hoki ia ki tana hoari, a mate tahi ana raua.
6 ထိုသို့ ရှောလု မှစ၍သူ ၏ သား သုံး ယောက်၊ သူ ၏ လက်နက် ဆောင် လုလင်၊ သူ ၏ လူ အပေါင်း တို့သည် ထို နေ့ခြင်းတွင် အတူ သေ ကြ၏။
Heoi kotahi tonu te matenga o Haora ratou ko ana tama tokotoru, ko tana kaimau patu, me ana tangata katoa i taua ra ano.
7 ဣသရေလ လူ ပြေး ကြောင်း ၊ ရှောလု နှင့် သူ ၏သား များသေ ကြောင်း ကို ချိုင့် တစ်ဘက် ၊ ယော်ဒန် မြစ်တစ်ဘက် ၌ နေသော ဣသရေလ လူ တို့သည် သိမြင် လျှင် ၊ မြို့ ရွာတို့ကို စွန့် ပြေး သဖြင့် ၊ ဖိလိတ္တိ လူတို့သည် လာ ၍ နေ ကြ၏။
A, no te kitenga o nga tangata o Iharaira i tera taha o te raorao, i tawhi ano o Horano, kua whati nga tangata o Iharaira, a kua mate a Haora ratou ko ana tama, whakarerea ake e ratou nga pa, a rere ana; na ka haere nga Pirihitini nohoia iho.
8 နက်ဖြန် နေ့၌ ဖိလိတ္တိ လူတို့သည် အသေကောင် တို့၌ အဝတ်တန်ဆာကို ချွတ် ခြင်းငှါ လာ သောအခါ ၊ ဂိလဗော တောင် ပေါ် မှာ၊ ရှောလု နှင့် သူ ၏သား သုံး ယောက်တို့သည် လဲ သေလျက် ရှိသည်ကို တွေ့မြင် ကြ၏။
A, i te aonga ake, i te haerenga o nga Pirihitini ki te muru i te hunga i patua, na, ka kitea e ratou a Haora ratou ko ana tama tokotoru e takoto ana i Maunga Kiripoa.
9 ရှောလု၏ ခေါင်း ကို ဖြတ် ၍ လက်နက် တော်ကို ချွတ် ပြီးမှ သူ တို့ ရုပ်တု ကျောင်း များ၌၎င်း၊ လူ များတို့၌၎င်း၊ သိတင်း ကျော်စောစေခြင်းငှါ ဖိလိတ္တိ ပြည် အရပ်ရပ်သို့ ပေး လိုက်ကြ၏။
Na tapahia ana e ratou tona upoko, murua ana ana patu, unga ana e ratou kia kawea puta noa i te whenua o nga Pirihitini a tawhio noa, kia kauwhautia i roto i te whare o a ratou whakapakoko, i roto hoki i te iwi.
10 ၁၀ လက်နက် တော်ကိုလည်း အာရှတရက် ကျောင်း ၌ ထား ၍ အလောင်း တော်ကို ဗက်ရှန် မြို့ရိုး ၌ ဆွဲ ထားကြ၏။
A i whakatakotoria e ratou ana patu ki te whare o Ahataroto, ko tona tinana ia i titia e ratou ki te taiepa o Petehana.
11 ၁၁ ရှောလု ၌ ဖိလိတ္တိ လူတို့ ပြု သော အမှုကိုဂိလဒ် ပြည် ယာဗက်မြို့သား များကြား လျှင်၊
A, no ka rongo nga tangata o Iapehe Kireara ki ta nga Pirihitini i mea ai ki a Haora,
12 ၁၂ သူရဲ အပေါင်း တို့သည် ညဉ့် အခါ ထ သွား ၍ ၊ ရှောလု ၏အလောင်း နှင့် သူ ၏သား အလောင်း တို့ကို ဗက်ရှန် မြို့ရိုး မှ ချ ပြီးလျှင် ၊ ယာဗက် မြို့သို့ ဆောင် ခဲ့၍ မီး ရှို့ကြ၏။
Ka whakatika nga marohirohi katoa, a haere ana pau noa taua po katoa; na tangohia iho e ratou te tinana o Haora, me nga tinana o ana tama i te taiepa o Petehana, a haere ana ki Iapehe, tahuna ana ki reira.
13 ၁၃ အရိုး တို့ကိုလည်း ယူ ၍ ယာဗက် မြို့မှာ သစ်ပင် အောက် ၌ သင်္ဂြိုဟ် ပြီးမှ ခုနစ် ရက် ပတ်လုံးအစာရှောင် ကြ၏။
I maua hoki o ratou whenua e ratou, a tanumia ana ki raro i tetahi rakau i Iapehe, a e whitu nga ra i nohopuku ai.

< ၁ ဓမ္မရာဇဝင် 31 >