< ၁ ဓမ္မရာဇဝင် 30 >
1 ၁ သုံး ရက် လွန်၍ ဒါဝိဒ် နှင့် သူ ၏ လူ တို့သည် ဇိကလတ် မြို့သို့ရောက် သောအခါ ၊ အာမလတ် လူတို့သည် တောင် ပြည်နှင့် ဇိကလတ် မြို့ကို တိုက် သဖြင့် ၊ ဇိကလတ် မြို့ကို လုပ်ကြံ ၍ မီး ရှို့ နှင့်ကြပြီ။
၁သုံးရက်လွန်၍ ဒါဝိဒ်နှင့် သူ၏ လူတို့သည် ဇိကလတ်မြို့သို့ရောက်သောအခါ၊ အာမလတ် လူတို့သည် တောင်ပြည်နှင့် ဇိကလတ်မြို့ကို တိုက်သဖြင့်၊ ဇိကလတ်မြို့ကို လုပ်ကြံ၍ မီးရှို့နှင့်ကြပြီ။
2 ၂ မြို့၌ ရှိသောမိန်းမ အကြီး အငယ် တယောက် ကိုမျှမ သတ် ၊ ရှိသမျှတို့ကို သိမ်း သွားနှင့်ကြပြီ။
၂မြို့၌ ရှိသော မိန်းမအကြီးအငယ် တယောက်ကိုမျှမသတ်၊ ရှိသမျှတို့ကို သိမ်းသွားနှင့်ကြပြီ။
3 ၃ သို့ဖြစ်၍ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် မြို့ သို့ ရောက် သောအခါ ၊ မြို့ကို မီး ရှို့ ၍ မယား သား သမီး များကို သိမ်း သွားကြောင်းကို တွေ့ သဖြင့်၊
၃သို့ဖြစ်၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် မြို့သို့ရောက်သောအခါ၊ မြို့ကို မီးရှို့၍ မယားသားသမီးများကို သိမ်းသွားကြောင်းကို တွေ့သဖြင့်၊
4 ၄ ငိုသံ ကို လွှင့် ၍ အား ကုန် သည်တိုင်အောင် ငိုကြွေး ကြ၏။
၄ငိုသံကို လွှင့်၍ အားကုန်သည် တိုင်အောင် ငိုကြွေးကြ၏။
5 ၅ ဒါဝိဒ် မယား နှစ် ယောက် ယေဇရေလ မြို့သူအဟိနောင် နှင့် နာဗလ မယား ကရေမေလ မြို့သူအဘိဂဲလ တို့သည်လည်း ပါ သွားကြပြီ။
၅ဒါဝိဒ်မယားနှစ်ယောက် ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလ မယားက ရေမေလမြို့သူ အဘိဂဲလတို့သည်လည်း ပါသွားကြပြီ။
6 ၆ ဒါဝိဒ် သည် အလွန် စိတ်ငြိုငြင် ဆင်းရဲ၏။ လူ များတို့သည် မိမိ တို့ သား သမီး များကြောင့် စိတ် ညှိုးငယ် သဖြင့် ၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ် ကြမည်ဟု ဆို ကြ၏။ ဒါဝိဒ် မူကား မိမိ ဘုရား သခင်ထာဝရဘုရား ကို ကိုးစား လျက်နေ၍၊
၆ဒါဝိဒ်သည် အလွန်စိတ်ငြိုငြင်ဆင်းရဲ၏။ လူများတို့သည် မိမိတို့ သားသမီးများကြောင့် စိတ်ညှိုးငယ်သဖြင့်၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ်ကြမည်ဟု ဆိုကြ၏။ ဒါဝိဒ်မူကား မိမိထာဝရဘုရားကို ကိုးစားလျက်နေ၍၊
7 ၇ သင်တိုင်း တော်ကို ငါ့ ထံသို့ ဆောင် ခဲ့ပါလော့ဟု အဟိမလက် ၏သား အဗျာသာ ကို ဆို လျှင် ၊ အဗျာသာ သည် သင်တိုင်း တော်ကို ဒါဝိဒ် ထံသို့ ဆောင် ခဲ့လေ၏။
၇သင်တိုင်းတော်ကို ငါ့ထံသို့ဆောင်ခဲ့ပါလော့ဟု အဟိမလက်၏သား အဗျာသာကို ဆိုလျှင်၊ အဗျာသာသည် သင်တိုင်းတော်ကို ဒါဝိဒ်ထံသို့ ဆောင်ခဲ့လေ၏။
8 ၈ ဒါဝိဒ် ကလည်း ၊ အကျွန်ုပ်သည် ထို အလုံးအရင်း ကို လိုက် ရပါမည်လော။ လိုက်လျှင် မှီ နိုင်ပါမည်လောဟု ထာဝရဘုရား ကို မေးလျှောက် သော် ၊ လိုက် လော့။ ဆက်ဆက်မှီ ၍ အလုံးစုံတို့ကို ရ ပြန်မည်ဟု မိန့် တော်မူသည်အတိုင်း၊
၈ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ထိုအလုံးအရင်းကို လိုက်ရပါမည်လော။ လိုက်လျှင် မှီနိုင်ပါမည်လောဟု ထာဝရဘုရားကို မေးလျှောက်သော်၊ လိုက်လော့။ ဆက်ဆက်မှီ၍ အလုံးစုံတို့ကို ရပြန်မည်ဟု မိန့်တော်မူသည်အတိုင်း၊
9 ၉ ဒါဝိဒ် နှင့် သူ ၌ ပါသော လူ ခြောက် ရာ တို့သည် သွား ၍ ဗေသော် ချောင်း သို့ ရောက် သောအခါ ၊ အချို့တို့သည် ထိုချောင်းနားမှာ နေရစ် ကြ၏။
၉ဒါဝိဒ်နှင့် သူ၌ ပါသော လူခြောက်ရာတို့သည် သွား၍ ဗေသော်ချောင်းသို့ ရောက်သောအခါ၊ အချို့တို့သည် ထိုချောင်းနားမှာ နေရစ်ကြ၏။
10 ၁၀ ဒါဝိဒ် နှင့် လူ လေး ရာ တို့သည် လိုက် ကြ၏။ နှစ်ရာ တို့သည်မော ၍ ဗေသော် ချောင်း ကိုမကူး နိုင်သောကြောင့် နေရစ် ကြ၏။
၁၀ဒါဝိဒ်နှင့် လူလေးရာတို့သည် လိုက်ကြ၏။
11 ၁၁ လွင်ပြင် ၌ အဲဂုတ္တု လူ တယောက်ကို တွေ့ ၍ ဒါဝိဒ် ထံသို့ ဆောင် ခဲ့သဖြင့် ၊ မုန့် ကိုပေး ၍ ထိုသူသည် စား ၏။ ရေ ကိုလည်း သောက် စေကြ၏။
၁၁လွင်ပြင်၌ အဲဂုတ္တု လူတယောက်ကို တွေ့၍ ဒါဝိဒ်ထံသို့ ဆောင်ခဲ့သဖြင့်၊ မုန့်ကိုပေး၍ ထိုသူသည် စား၏။ ရေကိုလည်းသောက်စေကြ၏။
12 ၁၂ သင်္ဘောသဖန်းသီး ပျဉ်တဖဲ့ ၊ စပျစ်သီး နှစ် ပြွတ်ကိုလည်း ပေး ၍ သူသည် စား သဖြင့် အားပြည့်ပြန်၏။ သုံး ရက်ပတ်လုံးမ စား မ သောက် ဘဲ ငတ်မွတ်ခဲ့ပြီ။
၁၂သင်္ဘောသဖန်းသီး ပျဉ်တဖဲ့၊ စပျစ်သီးနှစ်ပြွတ်ကိုလည်း ပေး၍ သူသည် စားသဖြင့် အားပြည့်ပြန်၏။ သုံးရက်ပတ်လုံး မစားမသောက်ဘဲ ငတ်မွတ်ခဲ့ပြီ။
13 ၁၃ ဒါဝိဒ် ကလည်း၊ သင် သည် အဘယ်သူ နှင့် ဆိုင်သနည်း။ အဘယ် အရပ်က လာသနည်းဟုမေး လျှင် ၊ ကျွန်တော် သည် အာမလက် လူ ထံ၌ ကျွန် ခံရသောအဲဂုတ္တု လူ ကလေးဖြစ်ပါ၏။ သုံး ရက် အထက်က အနာ ရောက်သောကြောင့် သခင် သည် ပစ်ထား ပါ၏။
၁၃ဒါဝိဒ်ကလည်း၊ သင်သည် အဘယ်သူနှင့် ဆိုင်သနည်း။ အဘယ်အရပ်က လာသနည်းဟု မေးလျှင်၊ ကျွန်တော်သည် အာမလက်လူထံ၌ ကျွန်ခံရသော အဲဂုတ္တုလူကလေးဖြစ်ပါ၏။ သုံးရက်အထက်က အနာရောက်သောကြောင့် သခင်သည် ပစ်ထားပါ၏။
14 ၁၄ ခေရသိ ပြည်တောင် ပိုင်း၊ ယုဒ ပြည်နှင့် ကာလက် ပြည်တောင် ပိုင်းကို တိုက် ၍ ဇိကလတ် မြို့ကို မီး ရှို့ ပါပြီဟုပြောဆို ၏။
၁၄ခေရသိပြည်တောင်ပိုင်း၊ ယုဒပြည်နှင့် ကာလက်ပြည်တောင်ပိုင်းကို တိုက်၍ ဇိကလတ်မြို့ကို မီးရှို့ပါပြီဟုပြောဆို၏။
15 ၁၅ ဒါဝိဒ် ကလည်း၊ ထို အလုံးအရင်း ရှိရာသို့ လမ်းပြ နိုင်သလောဟုမေး လျှင် သူက၊ ကိုယ်တော်သည် ကျွန်တော့် ကို မ သတ် ၊ သခင့် လက် သို့ မ အပ် မည်အကြောင်းဘုရား သခင်ကို တိုင်တည် ၍ ကျိန်ဆိုပါတော့။ သို့ဖြစ်လျှင် ထို အလုံးအရင်း ရှိရာသို့ လမ်းပြ ပါမည်ဟု ဆို သည်အတိုင်း ၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကို ပြုလေ၏။
၁၅ဒါဝိဒ်ကလည်း၊ ထိုအလုံးအရင်း ရှိရာသို့ လမ်းပြနိုင်သလောဟု မေးလျှင် သူက၊ ကိုယ်တော်သည် ကျွန်တော့်ကို မသတ်၊ သခင့်လက်သို့ မအပ်မည်အကြောင်း ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုပါတော့။သို့ဖြစ်လျှင် ထိုအလုံးအရင်းရှိရာသို့ လမ်းပြပါမည်ဟု ဆိုသည်အတိုင်း၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကို ပြုလေ၏။
16 ၁၆ လူကလေးသည်လမ်းပြ၍ ဒါဝိဒ်ရောက်သောအခါ၊ ထိုလူများတို့သည် ဖိလိတ္တိ ပြည် နှင့် ယုဒ ပြည် ထဲက သိမ်းယူ သော ဥစ္စာ ပစ္စည်းများ အပေါင်း တို့ကြောင့် စား သောက် လျက် ၊ ကခုန် လျက် မြေ တပြင်လုံး ၌ အနှံ့အပြား ရှိကြ၏။
၁၆လူကလေးသည်လမ်းပြ၍ ဒါဝိဒ်ရောက်သောအခါ၊ ထိုလူများတို့သည် ဖိလိတ္တိပြည်နှင့် ယုဒပြည်ထဲက သိမ်းယူသော ဥစ္စာ ပစ္စည်းများအပေါင်းတို့ကြောင့် စားသောက်လျက်၊ ကခုန်လျက် မြေတပြင်လုံး၌ အနှံ့အပြားရှိကြ၏။
17 ၁၇ ဒါဝိဒ် သည်လည်း ညဦး မှစ၍ နက်ဖြန် ညဦး တိုင်အောင် သူ တို့ကို လုပ်ကြံ သဖြင့် ၊ ကုလားအုပ် ကို စီး ၍ ပြေး သော လုလင် လေး ရာ မှတပါး လူတယောက် မှ မ လွတ်။
၁၇ဒါဝိဒ်သည်လည်း ညဦးမှစ၍ နက်ဖြန်ညဦးတိုင်အောင် သူတို့ကို လုပ်ကြံသဖြင့်၊ ကုလားအုပ်ကို စီး၍ပြေးသော လုလင်လေးရာမှ တပါးလူတယောက်မှ မလွတ်။
18 ၁၈ အာမလက် လူတို့သည် သိမ်းသွင်း သမျှ တို့ကို ဒါဝိဒ် သည် ရ ပြန်၍၊ မိမိ မယား နှစ် ယောက်ကိုလည်း ကယ်နှုတ် လေ၏။
၁၈အာမလက်လူတို့သည် သိမ်းသွင်းသမျှတို့ကို ဒါဝိဒ်သည် ရပြန်၍၊ မိမိမယားနှစ်ယောက်ကိုလည်း ကယ်နှုတ်လေ၏။
19 ၁၉ လူအကြီး အငယ် ၊ သား သမီး ၊ ဥစ္စာ ပစ္စည်း၊ လုယူသိမ်းသွား သမျှ တို့တွင် တစုံတခုမျှမ ကျန် ၊ အလုံးစုံ တို့ကို ဒါဝိဒ် သည် ရ ပြန်လေ၏။
၁၉လူအကြီးအငယ်၊ သားသမီး၊ ဥစ္စာပစ္စည်း၊ လုယူသိမ်းသွားသမျှတို့တွင် တစုံတခုမျှမကျန်၊ အလုံးစုံတို့ကို ဒါဝိဒ်သည် ရပြန်လေ၏။
20 ၂၀ ဒါဝိဒ် သည်လည်း ထို သိုး နွားများရှေ့ မှာ အရင်နှင် သော သိုး နွား အပေါင်း တို့ကိုလည်း ယူ ၍ ၊ ဤ ဥစ္စာသည် ဒါဝိဒ် ပိုင်သော လက်ရ ဥစ္စာ ဖြစ်သည်ဟုဆို ၏။
၂၀ဒါဝိဒ်သည်လည်း ထိုသိုးနွားများရှေ့မှာ အရင်နှင်သော သိုးနွားအပေါင်းတို့ကိုလည်း ယူ၍၊ ဤဥစ္စာသည် ဒါဝိဒ်ပိုင်သော လက်ရဥစ္စာ ဖြစ်သည်ဟုဆို၏။
21 ၂၁ မော ၍ ဒါဝိဒ် နောက် သို့ မလိုက် နိုင်၊ ဗေသော် ချောင်း နား မှာ နေရစ် သော လူ နှစ် ရာရှိရာသို့ ဒါဝိဒ် ရောက် ၍ ၊ သူတို့သည် ဒါဝိဒ် နှင့် သူ့ ၌ ပါသော လူ တို့ကို ခရီးဦးကြို ပြုလိုသောငှါ ထွက် လာသဖြင့် ၊ ဒါဝိဒ် သည် အနီး သို့ရောက်သောအခါ သူ တို့ကို နှုတ်ဆက် လေ၏။
၂၁မော၍ ဒါဝိဒ်နောက်သို့ မလိုက်နိုင်၊ ဗေသော်ချောင်းနားမှာ နေရစ်သော လူနှစ်ရာရှိရာသို့ ဒါဝိဒ်ရောက်၍၊ သူတို့သည် ဒါဝိဒ်နှင့်သူ့၌ ပါသောလူတို့ကို ခရီးဦးကြိုပြုလိုသောငှါ ထွက်လာသဖြင့်၊ ဒါဝိဒ်သည် အနီးသို့ရောက်သောအခါ သူတို့ကို နှုတ်ဆက်လေ၏။
22 ၂၂ ဒါဝိဒ် နှင့် လိုက် သွားသော သူ တို့တွင် အဓမ္မ လူဆိုးများတို့က၊ ဤသူတို့သည် ငါတို့နှင့်မ လိုက် သောကြောင့် ၊ ငါတို့ရ သော ဥစ္စာ တို့တွင် သူ တို့သား မယား မှတပါး အခြားသော ဥစ္စာကို သူ တို့အားမ ပေး ရ။ ကိုယ်သားမယားကို ယူ ၍ ထွက်သွား ကြစေဟု ဆို ကြ၏။
၂၂ဒါဝိဒ်နှင့် လိုက်သွားသောသူတို့တွင် အဓမ္မလူဆိုးများတို့က၊ ဤသူတို့သည် ငါတို့နှင့်မလိုက်သောကြောင့်၊ ငါတို့ရသော ဥစ္စာတို့တွင် သူတို့သားမယားမှတပါး အခြားသော ဥစ္စာကို သူတို့အားမပေးရ။ ကိုယ်သားမယားကို ယူ၍ ထွက်သွားကြစေဟု ဆိုကြ၏။
23 ၂၃ ဒါဝိဒ် ကလည်း ၊ ငါ့ ညီအစ်ကို တို့ ငါ တို့ကို စောင့်မ ၍ ငါ တို့ကို တိုက်လာ သောအလုံးအရင်း ကို ငါ တို့လက် သို့ အပ် တော်မူသောထာဝရဘုရား ပေး သနားတော်မူသော ဥစ္စာကို ထိုသို့ မ ပြု ရ။
၂၃ဒါဝိဒ်ကလည်း၊ ငါ့ညီအစ်ကိုတို့ ငါတို့ကို စောင့်မ၍ ငါတို့ကို တိုက်လာသော အလုံးအရင်းကို ငါတို့လက်သို့ အပ်တော်မူသော ထာဝရဘုရားပေးသနားတော်မူသော ဥစ္စာကို ထိုသို့ မပြုရ။
24 ၂၄ ဤ အမှု၌ သင် တို့စကား ကို အဘယ်သူ နားထောင် လိမ့်မည်နည်း။ စစ်တိုက် သွား သော သူရ သည်အတိုင်း ၊ ဥစ္စာ ကို စောင့်လျက် နေရစ်သောသူရစေ။ နှစ်ပါးစလုံးတို့သည် အညီအမျှခံစေဟု စီရင်၏။
၂၄ဤအမှု၌ သင်တို့စကားကို အဘယ်သူ နားထောင်လိမ့်မည်နည်း။ စစ်တိုက်သွားသော သူရသည်အတိုင်း၊ ဥစ္စာကို စောင့်လျက် နေရစ်သောသူရစေ။ နှစ်ပါးစလုံးတို့သည် အညီအမျှခံစေဟု စီရင်၏။
25 ၂၅ ထို နေ့မှစ၍ ယနေ့ တိုင်အောင် ဣသရေလ အမျိုး၌ ထိုသို့သော ထုံးစံ ဖြစ်စေခြင်းငှါစီရင် ထုံးဖွဲ့သတည်း။
၂၅ထိုနေ့မှစ၍ ယနေ့တိုင်အောင် ဣသရေလအမျိုး၌ ထိုသို့သော ထုံးစံဖြစ်စေခြင်းငှါ စီရင်ထုံးဖွဲ့သတည်း။
26 ၂၆ ဒါဝိဒ် သည် ဇိကလတ် မြို့သို့ ရောက် သောအခါ ၊ လက်ရ ဥစ္စာ အချို့ကို မိမိ အဆွေ ခင်ပွန်း၊ ယုဒ အမျိုး အသက်ကြီး သူတို့ထံသို့ ပေး လိုက်၍၊ ထာဝရဘုရား ၏ ရန်သူ လက် မှရခဲ့သော ဥစ္စာထဲက သင် တို့အဘို့ လက်ဆောင် ကို ကြည့် လော့ဟုမှာ လိုက်၏။
၂၆ဒါဝိဒ်သည် ဇိကလတ်မြို့သို့ ရောက်သောအခါ၊ လက်ရဥစ္စာ အချို့ကို မိမိအဆွေခင်ပွန်း၊ ယုဒအမျိုး အသက်ကြီးသူတို့ထံသို့ ပေးလိုက်၍၊ ထာဝရဘုရား၏ ရန်သူလက်မှရခဲ့သော ဥစ္စာထဲက သင်တို့ အဘို့ လက်ဆောင်ကို ကြည့်လော့ဟုမှာလိုက်၏။
27 ၂၇ ဗေသလ မြို့၊ တောင် ရာမုတ်မြို့၊ယတ္တိယ မြို့၊
၂၇ဗေသလမြို့၊ တောင်ရာမုတ်မြို့၊
28 ၂၈ အာရော် မြို့၊ ရှိဖမုတ် မြို့၊ ဧရှတမော မြို့၊
၂၈အာရော်မြို့၊ ရှိဖမုတ်မြို့၊ ဧရှတမောမြို့၊
29 ၂၉ ရာခလ မြို့၊ ယေရမေလ လူနေရာမြို့ များ၊ ကေနိ လူ နေရာမြို့ များ၊
၂၉ရာခလမြို့၊ ယေရမေလလူ နေရာမြို့များ၊ ကေနိလူ နေရာမြို့များ၊
30 ၃၀ ဟောမာ မြို့၊ ခေါရာရှန် မြို့၊ အာသက် မြို့၊
၃၀ဟောမာမြို့များ၊ ခေါရာရှန်မြို့၊ အာသက်မြို့၊
31 ၃၁ ဟေဗြုန် မြို့မှစ၍ဒါဝိဒ် နှင့် သူ ၏လူ တို့သည် တည်းခိုတတ်သော မြို့ရွာအရပ်ရပ် သို့ ပေးလိုက်သတည်း။
၃၁ဟေဗြုန်မြို့မှစ၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် တည်းခိုတတ်သော မြို့ရွာအရပ်ရပ်သို့ ပေးလိုက်သတည်း။