< ၁ ဓမ္မရာဇဝင် 30 >

1 သုံး ရက် လွန်၍ ဒါဝိဒ် နှင့် သူ ၏ လူ တို့သည် ဇိကလတ် မြို့သို့ရောက် သောအခါ ၊ အာမလတ် လူတို့သည် တောင် ပြည်နှင့် ဇိကလတ် မြို့ကို တိုက် သဖြင့် ၊ ဇိကလတ် မြို့ကို လုပ်ကြံ ၍ မီး ရှို့ နှင့်ကြပြီ။
Now when David and his men came to Ziklag on the third day, the Amalekites had made an attack on the South and on Ziklag, and had overcome Ziklag and put it on fire;
2 မြို့၌ ရှိသောမိန်းမ အကြီး အငယ် တယောက် ကိုမျှမ သတ် ၊ ရှိသမျှတို့ကို သိမ်း သွားနှင့်ကြပြီ။
And had made the women and all who were there, small and great, prisoners: they had not put any of them to death, but had taken them all away.
3 သို့ဖြစ်၍ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် မြို့ သို့ ရောက် သောအခါ ၊ မြို့ကို မီး ရှို့ ၍ မယား သား သမီး များကို သိမ်း သွားကြောင်းကို တွေ့ သဖြင့်၊
And when David and his men came to the town, they saw that it had been burned down, and their wives and their sons and daughters had been made prisoners.
4 ငိုသံ ကို လွှင့် ၍ အား ကုန် သည်တိုင်အောင် ငိုကြွေး ကြ၏။
Then David and the people who were with him gave themselves up to weeping till they were able to go on weeping no longer.
5 ဒါဝိဒ် မယား နှစ် ယောက် ယေဇရေလ မြို့သူအဟိနောင် နှင့် နာဗလ မယား ကရေမေလ မြို့သူအဘိဂဲလ တို့သည်လည်း ပါ သွားကြပြီ။
And David's two wives, Ahinoam of Jezreel and Abigail, the wife of Nabal of Carmel, had been made prisoners.
6 ဒါဝိဒ် သည် အလွန် စိတ်ငြိုငြင် ဆင်းရဲ၏။ လူ များတို့သည် မိမိ တို့ သား သမီး များကြောင့် စိတ် ညှိုးငယ် သဖြင့် ၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ် ကြမည်ဟု ဆို ကြ၏။ ဒါဝိဒ် မူကား မိမိ ဘုရား သခင်ထာဝရဘုရား ကို ကိုးစား လျက်နေ၍၊
And David was greatly troubled; for the people were talking of stoning him, because their hearts were bitter, every man sorrowing for his sons and his daughters: but David made himself strong in the Lord his God.
7 သင်တိုင်း တော်ကို ငါ့ ထံသို့ ဆောင် ခဲ့ပါလော့ဟု အဟိမလက် ၏သား အဗျာသာ ကို ဆို လျှင် ၊ အဗျာသာ သည် သင်တိုင်း တော်ကို ဒါဝိဒ် ထံသို့ ဆောင် ခဲ့လေ၏။
And David said to Abiathar the priest, the son of Ahimelech, Come here to me with the ephod. And Abiathar took the ephod to David.
8 ဒါဝိဒ် ကလည်း ၊ အကျွန်ုပ်သည် ထို အလုံးအရင်း ကို လိုက် ရပါမည်လော။ လိုက်လျှင် မှီ နိုင်ပါမည်လောဟု ထာဝရဘုရား ကို မေးလျှောက် သော် ၊ လိုက် လော့။ ဆက်ဆက်မှီ ၍ အလုံးစုံတို့ကို ရ ပြန်မည်ဟု မိန့် တော်မူသည်အတိုင်း၊
Then David, questioning the Lord, said, Am I to go after this band? will I be able to overtake them? And in answer he said, Go after them, for you will certainly overtake them, and get back everything.
9 ဒါဝိဒ် နှင့် သူ ၌ ပါသော လူ ခြောက် ရာ တို့သည် သွား ၍ ဗေသော် ချောင်း သို့ ရောက် သောအခါ ၊ အချို့တို့သည် ထိုချောင်းနားမှာ နေရစ် ကြ၏။
So David went, and his six hundred men went with him, and they came to the stream Besor.
10 ၁၀ ဒါဝိဒ် နှင့် လူ လေး ရာ တို့သည် လိုက် ကြ၏။ နှစ်ရာ တို့သည်မော ၍ ဗေသော် ချောင်း ကိုမကူး နိုင်သောကြောင့် နေရစ် ကြ၏။
And David, with four hundred men, went on: but two hundred of them were overcome with weariness, and not able to go across the stream.
11 ၁၁ လွင်ပြင် ၌ အဲဂုတ္တု လူ တယောက်ကို တွေ့ ၍ ဒါဝိဒ် ထံသို့ ဆောင် ခဲ့သဖြင့် ၊ မုန့် ကိုပေး ၍ ထိုသူသည် စား ၏။ ရေ ကိုလည်း သောက် စေကြ၏။
And in the fields they saw an Egyptian whom they took to David, and they gave him bread, and he had a meal, and they gave him water for drink;
12 ၁၂ သင်္ဘောသဖန်းသီး ပျဉ်တဖဲ့ ၊ စပျစ်သီး နှစ် ပြွတ်ကိုလည်း ပေး ၍ သူသည် စား သဖြင့် အားပြည့်ပြန်၏။ သုံး ရက်ပတ်လုံးမ စား မ သောက် ဘဲ ငတ်မွတ်ခဲ့ပြီ။
And they gave him part of a cake of figs and some dry grapes; and after the food, his spirit came back to him, for he had had no food or drink for three days and nights.
13 ၁၃ ဒါဝိဒ် ကလည်း၊ သင် သည် အဘယ်သူ နှင့် ဆိုင်သနည်း။ အဘယ် အရပ်က လာသနည်းဟုမေး လျှင် ၊ ကျွန်တော် သည် အာမလက် လူ ထံ၌ ကျွန် ခံရသောအဲဂုတ္တု လူ ကလေးဖြစ်ပါ၏။ သုံး ရက် အထက်က အနာ ရောက်သောကြောင့် သခင် သည် ပစ်ထား ပါ၏။
And David said to him, Whose man are you and where do you come from? And he said, I am a young man of Egypt, servant to an Amalekite; and my master went on without me because three days back I became ill.
14 ၁၄ ခေရသိ ပြည်တောင် ပိုင်း၊ ယုဒ ပြည်နှင့် ကာလက် ပြည်တောင် ပိုင်းကို တိုက် ၍ ဇိကလတ် မြို့ကို မီး ရှို့ ပါပြီဟုပြောဆို ၏။
We made an attack on the south part of the country of the Cherethites, and on the land which is Judah's, and on the south of Caleb; and we put Ziklag on fire.
15 ၁၅ ဒါဝိဒ် ကလည်း၊ ထို အလုံးအရင်း ရှိရာသို့ လမ်းပြ နိုင်သလောဟုမေး လျှင် သူက၊ ကိုယ်တော်သည် ကျွန်တော့် ကို မ သတ် ၊ သခင့် လက် သို့ မ အပ် မည်အကြောင်းဘုရား သခင်ကို တိုင်တည် ၍ ကျိန်ဆိုပါတော့။ သို့ဖြစ်လျှင် ထို အလုံးအရင်း ရှိရာသို့ လမ်းပြ ပါမည်ဟု ဆို သည်အတိုင်း ၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကို ပြုလေ၏။
And David said to him, Will you take me down to this band? And he said, If you give me your oath that you will not put me to death or give me up to my master, I will take you to them.
16 ၁၆ လူကလေးသည်လမ်းပြ၍ ဒါဝိဒ်ရောက်သောအခါ၊ ထိုလူများတို့သည် ဖိလိတ္တိ ပြည် နှင့် ယုဒ ပြည် ထဲက သိမ်းယူ သော ဥစ္စာ ပစ္စည်းများ အပေါင်း တို့ကြောင့် စား သောက် လျက် ၊ ကခုန် လျက် မြေ တပြင်လုံး ၌ အနှံ့အပြား ရှိကြ၏။
And when he had taken him down, they saw them all, seated about on all sides, feasting and drinking among all the mass of goods which they had taken from the land of the Philistines and the land of Judah.
17 ၁၇ ဒါဝိဒ် သည်လည်း ညဦး မှစ၍ နက်ဖြန် ညဦး တိုင်အောင် သူ တို့ကို လုပ်ကြံ သဖြင့် ၊ ကုလားအုပ် ကို စီး ၍ ပြေး သော လုလင် လေး ရာ မှတပါး လူတယောက် မှ မ လွတ်။
And David went on fighting them from evening till the evening of the day after; and not one of them got away but only four hundred young men who went in flight on camels.
18 ၁၈ အာမလက် လူတို့သည် သိမ်းသွင်း သမျှ တို့ကို ဒါဝိဒ် သည် ရ ပြန်၍၊ မိမိ မယား နှစ် ယောက်ကိုလည်း ကယ်နှုတ် လေ၏။
And David got back everything the Amalekites had taken; and he got back his two wives.
19 ၁၉ လူအကြီး အငယ် ၊ သား သမီး ၊ ဥစ္စာ ပစ္စည်း၊ လုယူသိမ်းသွား သမျှ တို့တွင် တစုံတခုမျှမ ကျန် ၊ အလုံးစုံ တို့ကို ဒါဝိဒ် သည် ရ ပြန်လေ၏။
There was no loss of anything, small or great, sons or daughters or goods or anything which they had taken away: David got it all back.
20 ၂၀ ဒါဝိဒ် သည်လည်း ထို သိုး နွားများရှေ့ မှာ အရင်နှင် သော သိုး နွား အပေါင်း တို့ကိုလည်း ယူ ၍ ၊ ဤ ဥစ္စာသည် ဒါဝိဒ် ပိုင်သော လက်ရ ဥစ္စာ ဖြစ်သည်ဟုဆို ၏။
And they took all the flocks and herds, and driving them in front of him, said, These are David's.
21 ၂၁ မော ၍ ဒါဝိဒ် နောက် သို့ မလိုက် နိုင်၊ ဗေသော် ချောင်း နား မှာ နေရစ် သော လူ နှစ် ရာရှိရာသို့ ဒါဝိဒ် ရောက် ၍ ၊ သူတို့သည် ဒါဝိဒ် နှင့် သူ့ ၌ ပါသော လူ တို့ကို ခရီးဦးကြို ပြုလိုသောငှါ ထွက် လာသဖြင့် ၊ ဒါဝိဒ် သည် အနီး သို့ရောက်သောအခါ သူ တို့ကို နှုတ်ဆက် လေ၏။
And David came to the two hundred men, who because of weariness had not gone with him, but were waiting at the stream Besor: and they went out, meeting David and the people who were with him; and when they came near them, they said, How are you?
22 ၂၂ ဒါဝိဒ် နှင့် လိုက် သွားသော သူ တို့တွင် အဓမ္မ လူဆိုးများတို့က၊ ဤသူတို့သည် ငါတို့နှင့်မ လိုက် သောကြောင့် ၊ ငါတို့ရ သော ဥစ္စာ တို့တွင် သူ တို့သား မယား မှတပါး အခြားသော ဥစ္စာကို သူ တို့အားမ ပေး ရ။ ကိုယ်သားမယားကို ယူ ၍ ထွက်သွား ကြစေဟု ဆို ကြ၏။
Then the bad and good-for-nothing men among those who went with David said, Because they did not go with us, we will give them nothing of the goods which we have got back, but only to every man his wife and children, so that he may take them and go.
23 ၂၃ ဒါဝိဒ် ကလည်း ၊ ငါ့ ညီအစ်ကို တို့ ငါ တို့ကို စောင့်မ ၍ ငါ တို့ကို တိုက်လာ သောအလုံးအရင်း ကို ငါ တို့လက် သို့ အပ် တော်မူသောထာဝရဘုရား ပေး သနားတော်မူသော ဥစ္စာကို ထိုသို့ မ ပြု ရ။
Then David said, You are not to do this, my brothers, after what the Lord has given us, who has kept us safe and given up the band which came against us into our hands.
24 ၂၄ ဤ အမှု၌ သင် တို့စကား ကို အဘယ်သူ နားထောင် လိမ့်မည်နည်း။ စစ်တိုက် သွား သော သူရ သည်အတိုင်း ၊ ဥစ္စာ ကို စောင့်လျက် နေရစ်သောသူရစေ။ နှစ်ပါးစလုံးတို့သည် အညီအမျှခံစေဟု စီရင်၏။
Who is going to give any attention to you in this question? for an equal part will be given to him who went to the fight and to him who was waiting by the goods: they are all to have the same.
25 ၂၅ ထို နေ့မှစ၍ ယနေ့ တိုင်အောင် ဣသရေလ အမျိုး၌ ထိုသို့သော ထုံးစံ ဖြစ်စေခြင်းငှါစီရင် ထုံးဖွဲ့သတည်း။
And so he made it a rule and an order for Israel from that day till now.
26 ၂၆ ဒါဝိဒ် သည် ဇိကလတ် မြို့သို့ ရောက် သောအခါ ၊ လက်ရ ဥစ္စာ အချို့ကို မိမိ အဆွေ ခင်ပွန်း၊ ယုဒ အမျိုး အသက်ကြီး သူတို့ထံသို့ ပေး လိုက်၍၊ ထာဝရဘုရား ၏ ရန်သူ လက် မှရခဲ့သော ဥစ္စာထဲက သင် တို့အဘို့ လက်ဆောင် ကို ကြည့် လော့ဟုမှာ လိုက်၏။
And when David came to Ziklag, he sent some of the goods to the responsible men of Judah, and to his friends, saying, Here is an offering for you from the goods of those who were fighting against the Lord;
27 ၂၇ ဗေသလ မြို့၊ တောင် ရာမုတ်မြို့၊ယတ္တိယ မြို့၊
He sent to those who were in Beth-el, and in Ramah of the South, and in Jattir;
28 ၂၈ အာရော် မြို့၊ ရှိဖမုတ် မြို့၊ ဧရှတမော မြို့၊
And to those in Arara and Eshtemoa
29 ၂၉ ရာခလ မြို့၊ ယေရမေလ လူနေရာမြို့ များ၊ ကေနိ လူ နေရာမြို့ များ၊
and Carmel and in the towns of the Jerahmeelites, and in the towns of the Kenites;
30 ၃၀ ဟောမာ မြို့၊ ခေါရာရှန် မြို့၊ အာသက် မြို့၊
And to those who were in Hormah and in Bor-ashan and in Athach;
31 ၃၁ ဟေဗြုန် မြို့မှစ၍ဒါဝိဒ် နှင့် သူ ၏လူ တို့သည် တည်းခိုတတ်သော မြို့ရွာအရပ်ရပ် သို့ ပေးလိုက်သတည်း။
And in Hebron, and to all the places where David and his men had been living.

< ၁ ဓမ္မရာဇဝင် 30 >