< ၁ ဓမ္မရာဇဝင် 3 >
1 ၁ သူငယ် ရှမွေလ သည်၊ ဧလိ ရှေ့ တွင် ထာဝရဘုရား ၏ အမှု တော်ကို ဆောင်ရွက်လေ၏။ ထို ကာလ ၌ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် နည်းပါး ၏။ ထင်ရှားသော ရူပါရုံ မ ရှိ။
၁သူငယ်ရှမွေလသည်ဧလိညွှန်ကြားမှုကို ခံယူကာ ထာဝရဘုရား၏အမှုတော်ကို ထမ်းဆောင်လျက်နေ၏။ ထိုကာလ၌ထာဝရ ဘုရားထံမှဗျာဒိတ်တော်များကိုများစွာ မကြားရကြ။ ဗျာဒိတ်ရူပါရုံများကို လည်းမြင်တွေ့ရမှုနည်းပါးလေသည်။-
2 ၂ တရံရောအခါဧလိ သည် မိမိ နေရာ ၌ အိပ် လျက်၊ သူ ၏ မျက်စိ မှုန် သောကြောင့် မ မြင် နိုင် သည်ကာလ၊
၂တစ်ညသ၌မျက်စိအလင်းကွယ်လုနီးပါး ရှိသောဧလိသည် မိမိ၏အခန်းတွင်အိပ်စက် လျက်နေ၏။-
3 ၃ ဘုရား သခင်၏ သေတ္တာ တော်ရှိ ရာထာဝရဘုရား အိမ် တော်၌ မီးခွက် မ သေ မှီ၊ ရှမွေလ သည်လည်း အိပ် လျက်ရှိသောအခါ၊
၃ရှမွေလမူကားပဋိညာဉ်သေတ္တာတော်ရှိရာ တဲတော်တွင်အိပ်လျက်နေသတည်း။ အရုဏ် မတက်သေးသဖြင့် မီးခွက်ကိုမငြိမ်းမသတ် ရသေးမီအချိန်၌၊-
4 ၄ ထာဝရဘုရား သည် ရှမွေလ ကို ခေါ် တော်မူ၍ ၊ ရှမွေလက အကျွန်ုပ် ရှိ ပါသည်ဟု ထူး သဖြင့်၊
၄ထာဝရဘုရားသည်ရှမွေလအားခေါ် တော်မူ၏။ ရှမွေလကလည်း``ရှိပါသည် အရှင်'' ဟုထူးပြီးလျှင်၊-
5 ၅ ဧလိ ထံသို့ ပြေး ၍ ၊ ကိုယ်တော်ခေါ် သောကြောင့် အကျွန်ုပ် လာပါသည်ဟု ဆို လျှင်၊ ဧလိက ငါမ ခေါ် ၊ အိပ် တော့ဟု ဆို သည်အတိုင်း ၊ ရှမွေလသွား ၍ အိပ် ပြန်လေ၏။
၅ဧလိထံသို့ပြေး၍သွားကာ``အရှင်ခေါ် သဖြင့် ကျွန်တော်လာပါပြီ'' ဟုလျှောက်၏။ သို့ရာတွင်ဧလိက``သင့်ကိုငါမခေါ်။ ပြန်၍ အိပ်လော့'' ဟုဆို၏။ သို့ဖြစ်၍ရှမွေလသည် ပြန်၍အိပ်လေ၏။
6 ၆ တဖန် ထာဝရဘုရား က၊ ရှမွေလ ဟု ခေါ် တော်မူလျှင် ၊ ရှမွေလ သည် ထ ပြီးလျှင် ၊ ဧလိ ထံသို့ သွား ၍ ၊ ကိုယ်တော်ခေါ် သောကြောင့် အကျွန်ုပ် လာပါသည်ဟု ဆို သော်၊ ဧလိက ငါမ ခေါ် ငါ့ သား ၊ အိပ် တော့ဟု ဆို ၏။
၆ဘုရားသခင်သည်ရှမွေလကိုတစ်ဖန်ခေါ်တော် မူပြန်၏။ သူငယ်သည်ထာဝရဘုရားခေါ်တော် မူမှန်းကိုမသိ။ အဘယ်ကြောင့်ဆိုသော်ထာဝရ ဘုရားသည် သူ့အားအဘယ်အခါကမျှဗျာ ဒိတ်ပေးတော်မမူခဲ့ဘူးသောကြောင့်ဖြစ်၏။ ထို့ ကြောင့်သူသည်ဧလိထံသို့သွားပြီးလျှင်``အရှင် ခေါ်သောကြောင့် လာပါပြီ'' ဟုလျှောက်၏။ သို့ရာတွင်ဧလိက``ငါ့သားသင့်ကိုငါ မခေါ်။ သင်ပြန်၍အိပ်လော့'' ဟုဆို၏။
7 ၇ ရှမွေလ သည် ထာဝရဘုရား ကို မ သိ သေး။ ဗျာဒိတ် တော်ကို မ ခံရ သေး။
၇
8 ၈ တတိယ အကြိမ် ထာဝရဘုရား က၊ ရှမွေလ ဟု ခေါ် တော်မူလျှင် ၊ ရှမွေလထ ပြီးလျှင် ဧလိ ထံသို့ သွား ၍ ၊ ကိုယ်တော်ခေါ် သောကြောင့် အကျွန်ုပ် လာပါသည်ဟုဆို သော်၊ ထာဝရဘုရား သည် ထိုသူငယ် ကို ခေါ် တော်မူကြောင်း ကို ဧလိ သည် ရိပ်မိ လျှင်၊
၈ထာဝရဘုရားသည်ရှမွေလကိုတတိယ အကြိမ်ခေါ်တော်မူပြန်၏။ သူသည်ထ၍ ဧလိထံသို့သွားပြီးလျှင်``အရှင်ခေါ်သော ကြောင့်ကျွန်တော်လာပါပြီ'' ဟုလျှောက်၏။ ထိုအခါဧလိသည်သူငယ်ကိုခေါ်သောသူ ကား ထာဝရဘုရားပင်ဖြစ်တော်မူကြောင်း ရိပ်မိသဖြင့်၊-
9 ၉ သင်သွား ၍ အိပ် ဦးတော့၊ နောက် တဖန်ခေါ် လျှင် ၊ အိုထာဝရဘုရား အမိန့် ရှိတော်မူပါ။ ကိုယ်တော် ကျွန် ကြား ပါသည်ဟု လျှောက် ရမည်အကြောင်းရှမွေလ ကို မှာ ထားသည်အတိုင်း ၊ ရှမွေလ သွား ၍ မိမိ နေရာ ၌ အိပ် လေ၏။
၉``သင်သည်ပြန်၍အိပ်လော့။ အကယ်၍သင့်အား နောက်တစ်ကြိမ်ခေါ်လျှင်`ထာဝရဘုရား၊ အမိန့် ရှိတော်မူပါ။ ကိုယ်တော်၏ကျွန်နာခံလျက်ရှိ ပါ၏' ဟုလျှောက်ထားလော့'' ဟုမှာကြားလိုက်၏။ သို့ဖြစ်၍ရှမွေလသည်ပြန်၍အိပ်လေ၏။
10 ၁၀ ထာဝရဘုရား သည်လည်း ရှေ့နည်းတူလာ ရပ် လျက် ၊ ရှမွေလ ၊ ရှမွေလ ဟု ခေါ်တော်မူလျှင်၊ ရှမွေလ က၊ အိုထာဝရဘုရား အမိန့် ရှိတော်မူပါ။ ကိုယ်တော် ကျွန် ကြား ပါသည်ဟု လျှောက် လေသော်၊
၁၀ထာဝရဘုရားသည်ကြွလာတော်မူ၍ ရှမွေလအနီးတွင်ရပ်တော်မူလျက်``ရှမွေလ၊ ရှမွေလ'' ဟုရှေးနည်းတူခေါ်တော်မူ၏။ ရှမွေလက``အမိန့်ရှိတော်မူပါ။ ကိုယ်တော်၏ ကျွန်နာခံလျက်ရှိပါ၏'' ဟုလျှောက်၏။
11 ၁၁ ထာဝရဘုရား က၊ သိတင်းကြား သောသူ တိုင်း နား နှစ် ဘက်ခါး စေခြင်းငှါ ငါ သည် ဣသရေလ အမျိုး၌ တစုံတခု ကိုပြု မည်။
၁၁ထာဝရဘုရားက``တစ်နေ့သောအခါ ဣသရေလအမျိုးသားတို့အားငါပြုမည့် အမှုသည်လွန်စွာကြောက်မက်ဖွယ်ကောင်းသဖြင့် ယင်းအကြောင်းကိုကြားသိရသူလူအပေါင်း တို့သည်ထိတ်လန့်၍သွားကြလိမ့်မည်။-
12 ၁၂ ဧလိ အိမ်သား တို့တဘက် ၌ ငါပြော သမျှ အတိုင်း ထို နေ့ တွင် ငါပြုမည်။ ပြု စရှိပြီးမှ လက်စသတ် မည်။
၁၂ထိုနေ့ကျရောက်သောအခါ ငါသည်ဧလိ၏ အိမ်ထောင်စုသားတို့အားဒဏ်စီရင်မည်ဟု မိန့်တော်မူခဲ့သည်အတိုင်း အစမှအဆုံး တိုင်အောင်ငါစီရင်မည်။-
13 ၁၃ ထိုသူ ၏သား တို့သည် ကိုယ်ယုတ်မာ သည်တိုင်အောင်၊ ကိုယ်ပြုသောဒုစရိုက် အပြစ်ကို သူသိ သော်လည်း ကျပ်တည်း စွာ မ ဆုံးမဘဲနေသောကြောင့် ၊ သူ ၏ အိမ်သား တို့၌ ငါ သည် အစဉ်အမြဲ ဒဏ် ပေး မည်ဟု ငါပြော ပြီ။
၁၃သူ၏သားတို့သည်ငါ့အားပြစ်မှားပြောဆိုခဲ့ ကြသဖြင့် ငါသည်သူ၏အိမ်ထောင်စုကိုအပြစ် ဒဏ်စီရင်မည်ဖြစ်ကြောင်းဧလိအားပြောကြား ခဲ့ပြီးဖြစ်၏။ သူတို့သည်ဤသို့သောဒုစရိုက် များကိုပြုကျင့်လျက်နေကြောင်းကိုဧလိသိ သော်လည်းသူတို့အားမတားမြစ်။-
14 ၁၄ ထိုကြောင့် ဧလိ ၏အိမ်သား တို့ အပြစ် သည် ယဇ် နှင့် ပူဇော် သက္ကာအားဖြင့် မ ဖြေ ၊ အစဉ်အမြဲ တည် ရမည် အကြောင်းသူတို့အား ငါ ကျိန်ဆို ပြီဟု မိန့် တော်မူ၏။
၁၄သို့ဖြစ်၍အဘယ်ယဇ်အဘယ်ပူဇော်သကာမျှ ဤဆိုးရွားသောအပြစ်ကိုဖြေလွတ်အောင်စွမ်း ဆောင်နိုင်လိမ့်မည်မဟုတ်ကြောင်း ငါသည်ဧလိ အိမ်ထောင်စုအားအလေးအနက်မြွက်ဆို၏'' ဟုမိန့်တော်မူ၏။
15 ၁၅ ရှမွေလ သည် နံနက် တိုင်အောင် အိပ် ပြီးမှ ၊ ထာဝရဘုရား ၏ အိမ် တော်တံခါး တို့ကို ဖွင့် လေ၏။ မြင်ရသော ရူပါရုံ ကို ဧလိ အား မကြားမ ပြော ဝံ့။
၁၅ရှမွေလသည်မိုးလင်းသည်တိုင်အောင်အိပ် ရာတွင်နေပြီးမှ ဘုရားသခင်၏အိမ်တော် တံခါးများကိုဖွင့်၏။ သူသည်မိမိမြင်ရ သည့်ဗျာဒိတ်ရူပါရုံအကြောင်းကိုဧလိ အားမပြောဝံ့။-
16 ၁၆ ဧလိ က၊ ငါ့ သား ရှမွေလ ဟုခေါ် လျှင် ၊ ရှမွေလ က အကျွန်ုပ် ရှိပါသည်ဟု ထူး လေ၏။
၁၆ဧလိက``ငါ့သားရှမွေလ'' ဟုခေါ်လျှင်၊ ``ရှိပါသည်အရှင်'' ဟုလျှောက်၏။
17 ၁၇ ဧလိကလည်း၊ အဘယ်သို့ မိန့် တော်မူသနည်း။ ငါ့ အား ဝှက် မ ထားပါနှင့်။ မိန့် တော်မူသမျှ တစုံတခုကို ငါ့ အား ဝှက်ထား လျှင် ၊ မိန့်တော်မူသည်အတိုင်းမကသင် ၌ ပြု တော်မူပါစေသောဟု ဆို လေသော်၊
၁၇ဧလိက``သင့်အားထာဝရဘုရားအဘယ်သို့ မိန့်တော်မူသနည်း။ ငါ့ထံမှအဘယ်အရာကို မျှထိမ်ဝှက်၍မထားနှင့်။ ဘုရားသခင်မိန့် တော်မူသမျှသောအရာတို့ကိုငါ့အား မဖော်ပြပါမူ ကိုယ်တော်သည်သင့်အားပြင်း ထန်စွာဒဏ်ခတ်တော်မူလိမ့်မည်'' ဟုဆို၏။-
18 ၁၈ ရှမွေလ သည် တစုံတခုကိုမျှ ဝှက် မ ထား အလုံးစုံ တို့ကို ပြန် ကြား၏။ ဧလိကလည်း၊ ထာဝရဘုရား ဖြစ် လျှင် အလိုတော်ရှိသည်အတိုင်း ပြု တော်မူပါစေသောဟု ဝန်ခံ လေ၏။
၁၈ထို့ကြောင့်ရှမွေလသည်အဘယ်အရာကိုမျှ ချန်လှပ်၍မထားဘဲ မိန့်တော်မူသမျှကိုပြန် ကြားလျှောက်ထားလေ၏။ ဧလိက``ကိုယ်တော် သည်ထာဝရဘုရားဖြစ်တော်မူ၏။ အလို တော်ရှိသည်အတိုင်းပြုတော်မူပါစေသော'' ဟုဆို၏။
19 ၁၉ ရှမွေလ သည် အစဉ်အတိုင်းကြီး ၍ ၊ ထာဝရဘုရား သည် သူ နှင့်အတူ ရှိ တော်မူသဖြင့် ၊ သူ ၏ စကား တခွန်းမျှ ပျက် စေခြင်းငှါအခွင့်ပေးတော်မ မူ။
၁၉ရှမွေလသည်ကြီးပြင်း၍လာ၏။ ထာဝရ ဘုရားသည်သူနှင့်အတူရှိတော်မူ၍ ရှမွေလ ဖော်ပြသမျှသောအမှုအရာတို့ကိုဖြစ် ပျက်စေတော်မူ၏။-
20 ၂၀ သူသည် ထာဝရဘုရား ၏ ပရောဖက် စစ် ဖြစ်ကြောင်း ကို ဣသရေလ အမျိုးသားအပေါင်း တို့သည်၊ ဒန် မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် သိ ကြ၏။
၂၀သို့ဖြစ်၍ရှမွေလသည်ထာဝရဘုရား၏ ပရောဖက်အမှန်ပင်ဖြစ်ကြောင်းကို တိုင်းပြည် တစ်စွန်းမှတစ်စွန်းတိုင်အောင်ဣသရေလ အမျိုးသားအပေါင်းတို့သိကြ၏။-
21 ၂၁ ထာဝရဘုရား သည် ရှိလော မြို့၌ အထပ်ထပ် ထင်ရှား တော်မူ၍၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် အားဖြင့် ရှမွေလ အား ဗျာဒိတ် ပေးတော်မူ၏။ ရှမွေလစကားသည်လည်း၊ ဣသရေလအမျိုးတရှောက်လုံးကို နှံ့ပြားလေ၏။
၂၁ရှိလောမြို့သည်ရှမွေလအားထာဝရဘုရား ဗျာဒိတ်ပေးတော်မူရာအရပ်ဖြစ်၏။ ကိုယ်တော် သည်ထိုမြို့တွင်အကြိမ်ကြိမ်ထင်ရှားတော် မူ၏။ ရှမွေလမိန့်ကြားသည့်အခါများ၌ ဣသရေလအမျိုးသားအပေါင်းတို့နာခံ ကြလေသည်။