< ၁ ဓမ္မရာဇဝင် 3 >

1 သူငယ် ရှမွေလ သည်၊ ဧလိ ရှေ့ တွင် ထာဝရဘုရား ၏ အမှု တော်ကို ဆောင်ရွက်လေ၏။ ထို ကာလ ၌ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် နည်းပါး ၏။ ထင်ရှားသော ရူပါရုံ မ ရှိ။
וְהַנַּעַר שְׁמוּאֵל מְשָׁרֵת אֶת־יְהֹוָה לִפְנֵי עֵלִי וּדְבַר־יְהֹוָה הָיָה יָקָר בַּיָּמִים הָהֵם אֵין חָזוֹן נִפְרָֽץ׃
2 တရံရောအခါဧလိ သည် မိမိ နေရာ ၌ အိပ် လျက်၊ သူ ၏ မျက်စိ မှုန် သောကြောင့် မ မြင် နိုင် သည်ကာလ၊
וַֽיְהִי בַּיּוֹם הַהוּא וְעֵלִי שֹׁכֵב בִּמְקוֹמוֹ וְעֵינָו הֵחֵלּוּ כֵהוֹת לֹא יוּכַל לִרְאֽוֹת׃
3 ဘုရား သခင်၏ သေတ္တာ တော်ရှိ ရာထာဝရဘုရား အိမ် တော်၌ မီးခွက် မ သေ မှီ၊ ရှမွေလ သည်လည်း အိပ် လျက်ရှိသောအခါ၊
וְנֵר אֱלֹהִים טֶרֶם יִכְבֶּה וּשְׁמוּאֵל שֹׁכֵב בְּהֵיכַל יְהֹוָה אֲשֶׁר־שָׁם אֲרוֹן אֱלֹהִֽים׃
4 ထာဝရဘုရား သည် ရှမွေလ ကို ခေါ် တော်မူ၍ ၊ ရှမွေလက အကျွန်ုပ် ရှိ ပါသည်ဟု ထူး သဖြင့်၊
וַיִּקְרָא יְהֹוָה אֶל־שְׁמוּאֵל וַיֹּאמֶר הִנֵּֽנִי׃
5 ဧလိ ထံသို့ ပြေး ၍ ၊ ကိုယ်တော်ခေါ် သောကြောင့် အကျွန်ုပ် လာပါသည်ဟု ဆို လျှင်၊ ဧလိက ငါမ ခေါ် ၊ အိပ် တော့ဟု ဆို သည်အတိုင်း ၊ ရှမွေလသွား ၍ အိပ် ပြန်လေ၏။
וַיָּרׇץ אֶל־עֵלִי וַיֹּאמֶר הִנְנִי כִּֽי־קָרָאתָ לִּי וַיֹּאמֶר לֹֽא־קָרָאתִי שׁוּב שְׁכָב וַיֵּלֶךְ וַיִּשְׁכָּֽב׃
6 တဖန် ထာဝရဘုရား က၊ ရှမွေလ ဟု ခေါ် တော်မူလျှင် ၊ ရှမွေလ သည် ထ ပြီးလျှင် ၊ ဧလိ ထံသို့ သွား ၍ ၊ ကိုယ်တော်ခေါ် သောကြောင့် အကျွန်ုပ် လာပါသည်ဟု ဆို သော်၊ ဧလိက ငါမ ခေါ် ငါ့ သား ၊ အိပ် တော့ဟု ဆို ၏။
וַיֹּסֶף יְהֹוָה קְרֹא עוֹד שְׁמוּאֵל וַיָּקׇם שְׁמוּאֵל וַיֵּלֶךְ אֶל־עֵלִי וַיֹּאמֶר הִנְנִי כִּי קָרָאתָ לִי וַיֹּאמֶר לֹא־קָרָאתִֽי בְנִי שׁוּב שְׁכָֽב׃
7 ရှမွေလ သည် ထာဝရဘုရား ကို မ သိ သေး။ ဗျာဒိတ် တော်ကို မ ခံရ သေး။
וּשְׁמוּאֵל טֶרֶם יָדַע אֶת־יְהֹוָה וְטֶרֶם יִגָּלֶה אֵלָיו דְּבַר־יְהֹוָֽה׃
8 တတိယ အကြိမ် ထာဝရဘုရား က၊ ရှမွေလ ဟု ခေါ် တော်မူလျှင် ၊ ရှမွေလထ ပြီးလျှင် ဧလိ ထံသို့ သွား ၍ ၊ ကိုယ်တော်ခေါ် သောကြောင့် အကျွန်ုပ် လာပါသည်ဟုဆို သော်၊ ထာဝရဘုရား သည် ထိုသူငယ် ကို ခေါ် တော်မူကြောင်း ကို ဧလိ သည် ရိပ်မိ လျှင်၊
וַיֹּסֶף יְהֹוָה קְרֹא־שְׁמוּאֵל בַּשְּׁלִישִׁת וַיָּקׇם וַיֵּלֶךְ אֶל־עֵלִי וַיֹּאמֶר הִנְנִי כִּי קָרָאתָ לִי וַיָּבֶן עֵלִי כִּי יְהֹוָה קֹרֵא לַנָּֽעַר׃
9 သင်သွား ၍ အိပ် ဦးတော့၊ နောက် တဖန်ခေါ် လျှင် ၊ အိုထာဝရဘုရား အမိန့် ရှိတော်မူပါ။ ကိုယ်တော် ကျွန် ကြား ပါသည်ဟု လျှောက် ရမည်အကြောင်းရှမွေလ ကို မှာ ထားသည်အတိုင်း ၊ ရှမွေလ သွား ၍ မိမိ နေရာ ၌ အိပ် လေ၏။
וַיֹּאמֶר עֵלִי לִשְׁמוּאֵל לֵךְ ׀ שְׁכָב וְהָיָה אִם־יִקְרָא אֵלֶיךָ וְאָֽמַרְתָּ דַּבֵּר יְהֹוָה כִּי שֹׁמֵעַ עַבְדֶּךָ וַיֵּלֶךְ שְׁמוּאֵל וַיִּשְׁכַּב בִּמְקוֹמֽוֹ׃
10 ၁၀ ထာဝရဘုရား သည်လည်း ရှေ့နည်းတူလာ ရပ် လျက် ၊ ရှမွေလ ၊ ရှမွေလ ဟု ခေါ်တော်မူလျှင်၊ ရှမွေလ က၊ အိုထာဝရဘုရား အမိန့် ရှိတော်မူပါ။ ကိုယ်တော် ကျွန် ကြား ပါသည်ဟု လျှောက် လေသော်၊
וַיָּבֹא יְהֹוָה וַיִּתְיַצַּב וַיִּקְרָא כְפַֽעַם־בְּפַעַם שְׁמוּאֵל ׀ שְׁמוּאֵל וַיֹּאמֶר שְׁמוּאֵל דַּבֵּר כִּי שֹׁמֵעַ עַבְדֶּֽךָ׃
11 ၁၁ ထာဝရဘုရား က၊ သိတင်းကြား သောသူ တိုင်း နား နှစ် ဘက်ခါး စေခြင်းငှါ ငါ သည် ဣသရေလ အမျိုး၌ တစုံတခု ကိုပြု မည်။
וַיֹּאמֶר יְהֹוָה אֶל־שְׁמוּאֵל הִנֵּה אָנֹכִי עֹשֶׂה דָבָר בְּיִשְׂרָאֵל אֲשֶׁר כׇּל־שֹׁמְעוֹ תְּצִלֶּינָה שְׁתֵּי אׇזְנָֽיו׃
12 ၁၂ ဧလိ အိမ်သား တို့တဘက် ၌ ငါပြော သမျှ အတိုင်း ထို နေ့ တွင် ငါပြုမည်။ ပြု စရှိပြီးမှ လက်စသတ် မည်။
בַּיּוֹם הַהוּא אָקִים אֶל־עֵלִי אֵת כׇּל־אֲשֶׁר דִּבַּרְתִּי אֶל־בֵּיתוֹ הָחֵל וְכַלֵּֽה׃
13 ၁၃ ထိုသူ ၏သား တို့သည် ကိုယ်ယုတ်မာ သည်တိုင်အောင်၊ ကိုယ်ပြုသောဒုစရိုက် အပြစ်ကို သူသိ သော်လည်း ကျပ်တည်း စွာ မ ဆုံးမဘဲနေသောကြောင့် ၊ သူ ၏ အိမ်သား တို့၌ ငါ သည် အစဉ်အမြဲ ဒဏ် ပေး မည်ဟု ငါပြော ပြီ။
וְהִגַּדְתִּי לוֹ כִּֽי־שֹׁפֵט אֲנִי אֶת־בֵּיתוֹ עַד־עוֹלָם בַּעֲוֺן אֲשֶׁר־יָדַע כִּֽי־מְקַלְלִים לָהֶם בָּנָיו וְלֹא כִהָה בָּֽם׃
14 ၁၄ ထိုကြောင့် ဧလိ ၏အိမ်သား တို့ အပြစ် သည် ယဇ် နှင့် ပူဇော် သက္ကာအားဖြင့် မ ဖြေ ၊ အစဉ်အမြဲ တည် ရမည် အကြောင်းသူတို့အား ငါ ကျိန်ဆို ပြီဟု မိန့် တော်မူ၏။
וְלָכֵן נִשְׁבַּעְתִּי לְבֵית עֵלִי אִֽם־יִתְכַּפֵּר עֲוֺן בֵּית־עֵלִי בְּזֶבַח וּבְמִנְחָה עַד־עוֹלָֽם׃
15 ၁၅ ရှမွေလ သည် နံနက် တိုင်အောင် အိပ် ပြီးမှ ၊ ထာဝရဘုရား ၏ အိမ် တော်တံခါး တို့ကို ဖွင့် လေ၏။ မြင်ရသော ရူပါရုံ ကို ဧလိ အား မကြားမ ပြော ဝံ့။
וַיִּשְׁכַּב שְׁמוּאֵל עַד־הַבֹּקֶר וַיִּפְתַּח אֶת־דַּלְתוֹת בֵּית־יְהֹוָה וּשְׁמוּאֵל יָרֵא מֵהַגִּיד אֶת־הַמַּרְאָה אֶל־עֵלִֽי׃
16 ၁၆ ဧလိ က၊ ငါ့ သား ရှမွေလ ဟုခေါ် လျှင် ၊ ရှမွေလ က အကျွန်ုပ် ရှိပါသည်ဟု ထူး လေ၏။
וַיִּקְרָא עֵלִי אֶת־שְׁמוּאֵל וַיֹּאמֶר שְׁמוּאֵל בְּנִי וַיֹּאמֶר הִנֵּֽנִי׃
17 ၁၇ ဧလိကလည်း၊ အဘယ်သို့ မိန့် တော်မူသနည်း။ ငါ့ အား ဝှက် မ ထားပါနှင့်။ မိန့် တော်မူသမျှ တစုံတခုကို ငါ့ အား ဝှက်ထား လျှင် ၊ မိန့်တော်မူသည်အတိုင်းမကသင် ၌ ပြု တော်မူပါစေသောဟု ဆို လေသော်၊
וַיֹּאמֶר מָה הַדָּבָר אֲשֶׁר דִּבֶּר אֵלֶיךָ אַל־נָא תְכַחֵד מִמֶּנִּי כֹּה יַעֲשֶׂה־לְּךָ אֱלֹהִים וְכֹה יוֹסִיף אִם־תְּכַחֵד מִמֶּנִּי דָּבָר מִכׇּל־הַדָּבָר אֲשֶׁר־דִּבֶּר אֵלֶֽיךָ׃
18 ၁၈ ရှမွေလ သည် တစုံတခုကိုမျှ ဝှက် မ ထား အလုံးစုံ တို့ကို ပြန် ကြား၏။ ဧလိကလည်း၊ ထာဝရဘုရား ဖြစ် လျှင် အလိုတော်ရှိသည်အတိုင်း ပြု တော်မူပါစေသောဟု ဝန်ခံ လေ၏။
וַיַּגֶּד־לוֹ שְׁמוּאֵל אֶת־כׇּל־הַדְּבָרִים וְלֹא כִחֵד מִמֶּנּוּ וַיֹּאמַר יְהֹוָה הוּא הַטּוֹב בְּעֵינָו יַֽעֲשֶֽׂה׃
19 ၁၉ ရှမွေလ သည် အစဉ်အတိုင်းကြီး ၍ ၊ ထာဝရဘုရား သည် သူ နှင့်အတူ ရှိ တော်မူသဖြင့် ၊ သူ ၏ စကား တခွန်းမျှ ပျက် စေခြင်းငှါအခွင့်ပေးတော်မ မူ။
וַיִּגְדַּל שְׁמוּאֵל וַֽיהֹוָה הָיָה עִמּוֹ וְלֹא־הִפִּיל מִכׇּל־דְּבָרָיו אָֽרְצָה׃
20 ၂၀ သူသည် ထာဝရဘုရား ၏ ပရောဖက် စစ် ဖြစ်ကြောင်း ကို ဣသရေလ အမျိုးသားအပေါင်း တို့သည်၊ ဒန် မြို့မှစ၍ ဗေရရှေဘ မြို့တိုင်အောင် သိ ကြ၏။
וַיֵּדַע כׇּל־יִשְׂרָאֵל מִדָּן וְעַד־בְּאֵר שָׁבַע כִּי נֶאֱמָן שְׁמוּאֵל לְנָבִיא לַיהֹוָֽה׃
21 ၂၁ ထာဝရဘုရား သည် ရှိလော မြို့၌ အထပ်ထပ် ထင်ရှား တော်မူ၍၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် အားဖြင့် ရှမွေလ အား ဗျာဒိတ် ပေးတော်မူ၏။ ရှမွေလစကားသည်လည်း၊ ဣသရေလအမျိုးတရှောက်လုံးကို နှံ့ပြားလေ၏။
וַיֹּסֶף יְהֹוָה לְהֵרָאֹה בְשִׁלֹה כִּֽי־נִגְלָה יְהֹוָה אֶל־שְׁמוּאֵל בְּשִׁלוֹ בִּדְבַר יְהֹוָֽה׃

< ၁ ဓမ္မရာဇဝင် 3 >