< ၁ ဓမ္မရာဇဝင် 29 >
1 ၁ ဖိလိတ္တိ လူတို့သည် ဗိုလ်ခြေ အပေါင်း တို့ကို အာဖက် မြို့မှာ စုဝေး စေကြ၏။ ဣသရေလ လူတို့သည် ယေဇရေလ မြို့မှာ ရှိသော စမ်းရေတွင်း အနား၌ တပ်ချ ကြ၏။
၁ဖိလိတ္တိလူတို့သည် ဗိုလ်ခြေအပေါင်းတို့ကို အာဖက်မြို့မှာ စုဝေးစေကြ၏။ ဣသရေလ လူတို့သည် ယေဇရေလမြို့မှာ ရှိသော စမ်းရေတွင်းအနား၌ တပ်ချကြ၏။
2 ၂ ဖိလိတ္တိ မင်း တို့သည် လူတရာ တပ်၊ တထောင် တပ်အစဉ်အတိုင်းချီသွား သဖြင့် ၊ ဒါဝိဒ် နှင့် သူ ၏ လူ တို့သည် နောက် တပ်၌ အာခိတ် မင်းနှင့်အတူ လိုက် ကြ၏။
၂ဖိလိတ္တိမင်းတို့သည် လူတရာတပ်၊ တထောင်တပ်အစဉ်အတိုင်း ချီသွားသဖြင့်၊ ဒါဝိဒ်နှင့် သူ၏ လူတို့သည် နောက်တပ်၌ အာခိတ်မင်းနှင့်အတူ လိုက်ကြ၏။
3 ၃ ဖိလိတ္တိ မင်း တို့ကလည်း ၊ သင်နှင့်လိုက်သော ထို သူတို့သည် အဘယ်သူ နည်းဟုမေး လျှင် ၊ အာခိတ် မင်းက၊ ဤ သူသည် ဣသရေလ ရှင်ဘုရင် ရှောလု ၏ကျွန် ဒါဝိဒ် ဖြစ်သည်မ ဟုတ်လော။ ကြာမြင့်စွာ ငါ့ ထံမှာ နေပြီ။ ငါ့ထံသို့ရောက်သောနေ့ မှစ၍ ယနေ့ တိုင်အောင် သူ ၌ အပြစ်တင်စရာ တစုံတခု ကိုမျှ မ တွေ့ ဟု ဖိလိတ္တိ မင်း တို့အား ပြောဆို သော်လည်း၊
၃ဖိလိတ္တိမင်းတို့ကလည်း၊ သင်နှင့်လိုက်သော ထိုသူတို့သည် အဘယ်သူနည်းဟုမေးလျှင်၊ အာခိတ်မင်းက၊ ဤသူသည် ဣသရေလရှင်ဘုရင် ရှောလု၏ကျွန် ဒါဝိဒ် ဖြစ်သည်မဟုတ်လော။ ကြာမြင့်စွာ ငါ့ထံမှာနေပြီ။ ငါ့ထံသို့ ရောက်သောနေ့မှစ၍ ယနေ့တိုင်အောင် သူ၌အပြစ်တင်စရာ တစုံတခုကိုမျှ မတွေ့ဟု ဖိလိတ္တိမင်းတို့အား ပြောဆိုသော်လည်း၊
4 ၄ ဖိလိတ္တိ မင်း တို့သည် စိတ်ဆိုး လျက် ဤသူ ပြန် ပါစေ။ မင်းနေရာ ချသော အရပ် သို့ သွား ၍နေပါစေ။ ငါ တို့နှင့်အတူ စစ်တိုက် မ လိုက် စေနှင့်။ စစ်တိုက် ရာတွင် ငါ တို့ ရန်ဘက် ၌ နေ မည်ကို စိုးရိမ်စရာရှိ၏။ သူသည် သူ့ သခင် ၏ စိတ် ကို ပြေစေခြင်းငှါအဘယ်သို့ ပြုနိုင်သနည်း။ ငါတို့လူ များ၏ အသက် ကို အပ်၍ ပြုနိုင်သည်မ ဟုတ်လော။
၄ဖိလိတ္တိမင်းတို့သည် စိတ်ဆိုးလျက် ဤသူ ပြန်ပါစေ။ မင်းနေရာချသော အရပ်သို့ သွား၍နေပါစေ။ ငါတို့နှင့်အတူ စစ်တိုက်မလိုက်စေနှင့်။ စစ်တိုက်ရာတွင် ငါတို့ ရန်ဘက်၌ နေမည်ကို စိုးရိမ်စရာရှိ၏။ သူသည် သူ့သခင်၏ စိတ်ကို ပြေစေခြင်းငှါ အဘယ်သို့ပြုနိုင်သနည်း။ ငါတို့လူများ၏ အသက်ကို အပ်၍ ပြုနိုင်သည်မဟုတ်လော။
5 ၅ ရှောလု အထောင်ထောင် ၊ ဒါဝိဒ် အသောင်းသောင်း သတ် လေစွတကားဟု အလှည့်လှည့်က လျက် သီချင်း ဆိုကြသောအခါ ၊ ဤ ဒါဝိဒ် ကို ရည်ဆောင်၍ သီချင်းဆိုကြသည်မ ဟုတ်လော ဟု အပြစ်တင်သောကြောင့်၊
၅ရှောလုအထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု အလှည့်လှည့်ကလျက် သီချင်းဆိုကြသောအခါ၊ ဤဒါဝိဒ်ကို ရည်ဆောင်၍ သီချင်းဆိုကြသည်မဟုတ်လောဟု အပြစ်တင်သောကြောင့်၊
6 ၆ အာခိတ် မင်းသည် ဒါဝိဒ် ကို ခေါ် ၍ ၊ အကယ်စင်စစ် ထာဝရဘုရား အသက် ရှင်တော်မူသည့်အတိုင်း သင် သည် ဖြောင့်မတ် စွာ ပြုပြီ။ ငါ နှင့်အတူ တပ်မှု တပ်ရင်း၌ သင်သွား လာပြုမူခြင်းကို ငါ အားရ ပြီ။ သင် သည် ငါ့ ထံသို့ ရောက် သောနေ့ မှစ၍ ယနေ့ တိုင်အောင် သင် ၌ အပြစ် ကို မ တွေ့။ သို့သော်လည်း ဖိလိတ္တိမင်း တို့သည် သင့် ကို အလို မ ရှိကြ။
၆အာခိတ်မင်းသည် ဒါဝိဒ်ကို ခေါ်၍၊ အကယ်စင်စစ် ထာဝရဘုရား အသက်ရှင်တော်မှုသည့်အတိုင်း သင်သည် ဖြောင့်မတ်စွာ ပြုပြီ။ ငါနှင့်အတူ တပ်မှုတပ်ရင်း၌ သင်သွားလာပြုမူခြင်းကို ငါအားရပြီ။ သင်သည် ငါ့ထံသို့ရောက်သော နေ့မှစ၍ ယနေ့တိုင်အောင် သင်၌ အပြစ်ကို မတွေ့။ သို့သော် ဖိလိတ္တိမင်းတို့သည် သင့်ကို အလိုမရှိကြ။
7 ၇ သို့ဖြစ်၍ ယခု ငြိမ်ဝပ် စွာ ပြန် သွား တော့။ ဖိလိတ္တိ မင်း တို့ကို စိတ်ဆိုး စေခြင်းငှါမ ပြု ပါနှင့်ဟုဆိုသော်၊
၇သို့ဖြစ်၍ ယခုငြိမ်ဝပ်စွာ ပြန်သွားတော့။ ဖိလိတ္တိမင်းတို့ကို စိတ်ဆိုးစေခြင်းငှါ မပြုပါနှင့်ဟုဆိုသော်၊
8 ၈ ဒါဝိဒ် က ကျွန်တော်သည် ကျွန်တော် သခင် ရှင်ဘုရင် ၏ ရန်သူ တို့ကို စစ်တိုက် မ သွား စေခြင်းငှါအဘယ်သို့ ပြု ဘိသနည်း။ ကိုယ်တော် ထံမှာ နေ သမျှ ကာလ ပတ်လုံး ယနေ့ တိုင်အောင် အဘယ် အပြစ်ကို တွေ့ တော်မူသနည်းဟု အာခိတ် မင်းအား မေးလျှောက် သော်၊
၈ဒါဝိဒ်က ကျွန်တော်သည် ကျွန်တော်သခင် ရှင်ဘုရင်၏ ရန်သူတို့ကို စစ်တိုက်မသွားစေခြင်းငှါ အဘယ်သို့ ပြုဘိသနည်း။ ကိုယ်တော်ထံမှာ နေသမျှ ကာလပတ်လုံး ယနေ့တိုင်အောင် အဘယ်အပြစ်ကို တွေ့တော်မူသနည်းဟု အာခိတ်မင်းအား မေးလျှောက်သော်၊
9 ၉ အာခိတ် မင်းက၊ သင် သည် ငါ့ ရှေ့ မှာ ဘုရား သခင်၏ ကောင်းကင် တမန်ကဲ့သို့ ကောင်း သည်ကို ငါသိ ၏။ သို့သော်လည်း ငါ တို့နှင့်အတူ စစ်တိုက် မ လိုက် စေနှင့်ဟု ဖိလိတ္တိ မင်း တို့သည် စီရင် ကြပြီ။
၉အာခိတ်မင်းက၊ သင်သည် ငါ့ရှေ့မှာ ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့ ကောင်းသည်ကို ငါသိ၏။ သို့သော်လည်း ငါတို့နှင့်အတူ စစ်တိုက်မလိုက်စေနှင့်ဟု ဖိလိတ္တိမင်းတို့သည် စီရင်ကြပြီ။
10 ၁၀ သို့ဖြစ်၍ သင် နှင့် လိုက်လာ သော သင့် သခင် ၏ ကျွန် တို့နှင့်အတူ နံနက် စောစောထ ၍ မိုဃ်းလင်း သောအခါ ပြန် သွားတော့ဟု ဒါဝိဒ် အား ဆို သည်အတိုင်း၊
၁၀သို့ဖြစ်၍ သင်နှင့်လိုက်လာသော သင့်သခင်၏ ကျွန်တို့နှင့်အတူ နံနက်စောစောထ၍ မိုဃ်းလင်းသောအခါ ပြန်သွားတော့ဟု ဒါဝိဒ်အား ဆိုသည်အတိုင်း၊
11 ၁၁ ဒါဝိဒ် နှင့် သူ ၏ လူ တို့သည် နံနက် စောစောထ ၍ ဖိလိတ္တိ ပြည် သို့ ပြန် သွားကြ၏။ ဖိလိတ္တိ လူတို့သည်လည်း ၊ ယေဇရေလ မြို့သို့ ချီ သွားကြ၏။
၁၁ဒါဝိဒနှင့် သူ၏ လူတို့သည် နံနက်စောစောထ၍ ဖိလိတ္တိပြည်သို့ ပြန်သွားကြ၏။ ဖိလိတ္တိ လူတို့သည်လည်း၊ ယေဇရေလမြို့သို့ ချီသွားကြ၏။