< ၁ ဓမ္မရာဇဝင် 28 >

1 ထို ကာလ ၌ ဖိလိတ္တိ လူတို့သည်၊ ဣသရေလ အမျိုးကို စစ်တိုက် အံ့သောငှါ ဗိုလ်ခြေ များကို စုဝေး ကြ၏။ အာခိတ် မင်းကလည်း ၊ သင် သည် လူ များပါလျက် ငါ နှင့် လိုက်၍စစ်တိုက်သွား ရမည်ကို ဆက်ဆက်သဘောကျ လော့ဟု ဒါဝိဒ် အား ဆို လျှင်၊
ထိုကာလ၌ ဖိလိတ္တိလူတို့သည်၊ ဣသရေလ အမျိုးကို စစ်တိုက်အံ့သောငှါ ဗိုလ်ခြေများကို စုဝေးကြ၏။ အာခိတ်မင်းကလည်း၊ သင်သည် လူများပါလျက် ငါနှင့် လိုက်၍စစ်တိုက်သွားရမည်ကို ဆက်ဆက် သဘောကျလော့ဟု ဒါဝိဒ်အားဆိုလျှင်၊
2 ဒါဝိဒ် က၊ အကယ်စင်စစ် ကိုယ်တော် ကျွန် သည် အဘယ်သို့ ပြု နိုင်သည်ကို ကိုယ်တော် သည် သိ တော်မူလိမ့်မည်ဟု လျှောက် သော် ၊ အာခိတ် မင်းက၊ သို့ဖြစ်၍သင့် ကို ငါ့အသက် စောင့် ဗိုလ်ချုပ်အရာ၌ ငါခန့် မည်ဟုပြန်ပြော ၏။
ဒါဝိဒ်က၊ အကယ်စင်စစ် ကိုယ်တော်ကျွန်သည် အဘယ်သို့ပြုနိုင်သည်ကို ကိုယ်တော်သည် သိတော်မူလိမ့်မည်ဟု လျှောက်သော်၊ အာခိတ်မင်းက၊ သို့ဖြစ်၍သင့်ကို ငါ့အသက်စောင့် ဗိုလ်ချုပ် အရာ၌ ငါခန့်မည်ဟုပြန်ပြော၏။
3 ထိုကာလ၌ ရှမွေလ မရှိသေ လွန်ပြီ။ ဣသရေလ အမျိုးသားအပေါင်း တို့သည် ငိုကြွေး မြည်တမ်းခြင်းကို ပြုလျက် ၊ သူ့ ကိုသူ နေရင်း ရာမ မြို့ ၌ သင်္ဂြိုဟ် ကြပြီ။ ရှောလု သည် စုန်း နှင့် နတ်ဝင် ပေါင်းတို့ကို တပြည်လုံး တွင် သုတ်သင် ပယ်ရှင်းနှင့်ပြီ။
ထိုကာလ၌ ရှမွေလမရှိသေလွန်ပြီ။ ဣသရေလအမျိုးသားပေါင်းတို့သည် ငိုကြွေးမြည်တမ်းခြင်းကို ပြုလျက်၊ သူ့ကိုသူနေရင်း ရာမမြို့၌ သင်္ဂြိုဟ်ကြပြီ။ ရှောလုသည် စုန်းနှင့် နတ်ဝင်ပေါင်းတို့ကို တပြည်လုံးတွင် သုတ်သင်ပယ်ရှင်းနှင့်ပြီ။
4 ထိုအခါ ဖိလိတ္တိ လူတို့သည် စုဝေး ၍ ရှုနင် မြို့မှာ တပ်ချ ကြ၏။ ရှောလု သည်လည်း ဣသရလ အမျိုးသားအပေါင်း တို့ကို စုဝေး စေ၍ သူတို့သည် ဂိလဗော မြို့မှာ တပ်ချ ကြ၏။
ထိုအခါ ဖိလိတ္တိလူတို့သည် စုဝေး၍ ရှုနင်မြို့မှာ တပ်ချကြ၏။ ရှောလုသည်လည်း ဣသရလ အမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ သူတို့သည် ဂိလဗောမြို့မှာ တပ်ချကြ၏။
5 ရှောလု သည် ဖိလိတ္တိ လူအလုံးအရင်း ကို မြင် သောအခါ ကြောက် ၍ အလွန် တုန်လှုပ် သော စိတ် နှလုံးရှိ၏။
ရှောလုသည် ဖိလိတ္တိလူအလုံးအရင်းကို မြင်သောအခါ ကြောက်၍ အလွန်တုန်လှုပ်သော စိတ်နှလုံး ရှိ၏။
6 ထာဝရဘုရား ကို မေးလျှောက် သော်လည်း ထာဝရဘုရား သည် ထူး တော်မ မူ။ အိပ်မက် အားဖြင့် ၎င်း ၊ ဥရိမ် အားဖြင့် ၎င်း ၊ ပရောဖက် အားဖြင့် ၎င်း ထူးတော်မမူ။
ထာဝရဘုရားကို မေးလျှောက်သော်လည်း ထာဝရဘုရားသည် ထူးတော်မမူ။ အိပ်မက်အားဖြင့်၎င်း၊ ဥရိမ်အားဖြင့်၎င်း၊ ပရာဖက်အားဖြင့်၎င်း ထူးတော်မူ။
7 ထိုအခါ ရှောလု က၊ နတ်ဝင် မိန်းမ ကို ရှာ ကြလော့။ ငါသွား ၍ မေးမြန်း မည်ဟု ကျွန် တို့အား ဆို သည်အတိုင်း ၊ ကျွန် တို့က အင်္ဒေါရ မြို့မှာ နတ်ဝင် မိန်းမ တယောက်ရှိပါ၏ဟု လျှောက် သော်၊
ထိုအခါရှောလုက၊ နတ်ဝင်မိန်းမကို ရှာကြလော့။ ငါသွား၍ မေးမြန်းမည်ဟု ကျွန်တို့အား ဆိုသည်အတိုင်း၊ ကျွန်တို့က အင်္ဒေါရမြို့မှာ နတ်ဝင်မိန်းမတယောက်ရှိပါ၏ဟု လျှောက်သော်၊
8 ရှောလု သည် အဝတ် လဲ၍ ထူးခြားသော အယောင် ကို ဆောင်လျက် ၊ ညဉ့် အခါ လူ နှစ် ယောက်နှင့်တကွ ထိုမိန်းမ ဆီသို့ သွား ၍ ရောက် ပြီးလျှင် ၊ သင်ပေါင်းသော နတ် ကို အမှီပြု၍ သင့် အား ငါပြော မည့်သူ ကို ဘော် ပါလော့ဟု တောင်းပန် လေ၏။
ရှောလုသည် အဝတ်လဲ၍ ထူးခြားသော အယောင်ကို ဆောင်လျက်၊ ညဉ့်အခါ လူနှစ်ယောက်နှင့်တကွ ထိုမိန်းမဆီသို့သွား၍ ရောက်ပြီးလျှင်၊ သင်ပေါင်းသော နတ်ကို အမှီပြု၍ သင့်အားငါပြောမည့်သူကို ဘော်ပါလော့ဟု တောင်းပန်လေ၏။
9 မိန်းမ ကလည်း ၊ ရှောလု ပြု သော အမှု၊ စုန်း နှင့် နတ်ဝင် တို့ကို တပြည်လုံး တွင် သုတ်သင် ဖယ်ရှင်းသော အမှုကို သင်သည် သိ လျက်နှင့် ငါ့ ကို သေ စေခြင်းငှါ အဘယ်ကြောင့် ငါ့ အသက် ကို ကျော့စမ်း သနည်းဟု ပြန်ပြော သော်၊
မိန်းမကလည်း၊ ရှောလုပြုသောအမှု၊ စုန်းနှင့် နတ်ဝင်တို့ကို တပြည်လုံးတွင် သုတ်သင်ဖယ်ရှင်းသော အမှုကို သင်သည် သိလျက်နှင့် ငါ့ကို သေစေခြင်းငှါ အဘယ်ကြောင့် ငါ့အသက်ကို ကျော့စမ်းသနည်းဟု ပြန်ပြောသော်၊
10 ၁၀ ရှောလု က၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ ဤ အမှု ကြောင့် အဘယ်အပြစ် မျှ မ ရောက် ရဟု ထာဝရဘုရား ကို တိုင်တည် ၍ ကျိန်ဆိုလေ၏။
၁၀ရှောလုက၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ဤအမှုကြောင့် အဘယ်အပြစ်မျှ မရောက်ရဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုလေ၏။
11 ၁၁ မိန်းမ ကလည်း ၊ အဘယ်သူ ကို ငါဘော် ရမည်နည်းဟုမေး လျှင် ၊ ရှောလုက၊ ရှမွေလ ကို ဘော် ပါဟု ဆို ၏။
၁၁မိန်းမကလည်း၊ အဘယ်သူကို ငါဘော်ရမည်နည်းဟု မေးလျှင်၊ ရှောလုက၊ ရှမွေလကို ဘော်ပါဟု ဆို၏။
12 ၁၂ မိန်းမ သည် ရှမွေလ ကို မြင် သောအခါ ကြီး သောအသံ နှင့် အော်ဟစ် ၍ ၊ ကိုယ်တော်သည် ကျွန်မ ကို အဘယ်ကြောင့် လှည့်စား သနည်း။ ကိုယ်တော် သည် ရှောလု ဖြစ်ပါ၏ဟု ရှောလု အား ဆို လျှင်၊
၁၂မိန်းမသည် ရှမွေလကို မြင်သောအခါ ကြီးသောအသံနှင့် အော်ဟစ်၍၊ ကိုယ်တော်သည် ကျွန်မကို အဘယ်ကြောင့် လှည့်စားသနည်း။ ကိုယ်တော်သည် ရှောလုဖြစ်ပါ၏ဟု ရှောလုအားဆိုလျှင်၊
13 ၁၃ ရှင် ဘုရင်က မ စိုးရိမ် နှင့်။ အဘယ် အရာကို မြင် သနည်းဟုမေး သော် ၊ မိန်းမ က၊ မြေကြီး ထဲက ဘုရား တက်လာ သည်ကို ကျွန်မမြင် ပါသည်ဟု လျှောက် ၏။
၁၃ရှင်ဘုရင်က မစိုးရိမ်နှင့်။ အဘယ်အရာကို မြင်သနည်းဟု မေးသော်၊ မိန်းမက၊ မြေကြီးထဲက ဘုရားတက်လာသည်ကို ကျွန်မမြင်ပါသည်ဟု လျှောက်၏။
14 ၁၄ အဘယ်သို့ သော အယောင် ဆောင်သနည်းဟုမေး ပြန်သော် ၊ လူ အို တက်လာ ပါ၏။ ဝတ်လုံ ခြုံ လျက် ရှိပါ၏ဟု လျှောက် ပြန်လျှင် ၊ ရှမွေလ ဖြစ်ကြောင်း ကို ရှောလု သည် ရိပ်မိ လျှင် မြေ ပေါ် ၌ ဦးညွှတ် ပြပ်ဝပ်လျက် နေ၏။
၁၄အဘယ်သို့သော အယောင်ဆောင်သနည်းဟု မေးပြန်သော်၊ လူအိုတက်လာပါ၏။ ဝတ်လုံခြုံလျက် ရှိပါ၏ဟု လျှောက်ပြန်လျှင်၊ ရှမွေလဖြစ်ကြောင်းကို ရှောလုသည် ရိပ်မိလျှင် မြေပေါ်၌ ဦးညွှတ်ပြပ်ဝပ် လျက်နေ၏။
15 ၁၅ ရှမွေလ ကလည်း ၊ သင်သည် ငါ့ ကို နှောက်ရှက် လျက် အဘယ်ကြောင့် ဘော် သနည်းဟု ရှောလု ကို မေး သော် ၊ ရှောလု က၊ အကျွန်ုပ် သည် အလွန် ဆင်းရဲ ခြင်းသို့ရောက်ပါပြီ။ ဖိလိတ္တိ လူတို့သည် စစ်တိုက် ကြပါ၏။ ဘုရား သခင်သည် အကျွန်ုပ် ကို စွန့် တော်မူပြီ။ ပရောဖက် အားဖြင့် ထူး တော်မ မူ။ အိပ်မက် အားဖြင့် ထူးတော်မမူ။ အကျွန်ုပ် သည် အဘယ်သို့ ပြု ရမည်ကို၊ ကိုယ်တော် ပြ စေခြင်းငှါ ကိုယ်တော်ကို အကျွန်ုပ်ခေါ် ပါပြီဟု ပြောဆို ၏။
၁၅ရှမွေလကလည်း၊ သင်သည် ငါ့ကို နှောက်ရှက်လျက် အဘယ်ကြောင့် ဘော်သနည်းဟု ရှောလုကို မေးသော်၊ ရှောလုက၊ အကျွန်ုပ်သည် အလွန်ဆင်းရဲခြင်းသို့ရောက်ပါပြီ။ ဖိလိတ္တိလူတို့သည် စစ်တိုက် ကြပါ၏။ ဘုရားသခင်သည် အကျွန်ုပ်ကို စွန့်တော်မူပြီ။ ပရောဖက်အားဖြင့် ထူးတော်မမူ။ အိပ်မက်အားဖြင့် ထူးတော်မမူ။ အကျွန်ုပ် သည် အဘယ်သို့ပြုရမည်ကို၊ ကိုယ်တော်ပြစေခြင်းငှါ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါပြီဟု ပြောဆို၏။
16 ၁၆ ရှမွေလ ကလည်း ၊ ထာဝရဘုရား သည် သင့် ကို စွန့် ၍ သင့် ရန်ဘက် ဖြစ် တော်မူသည် မှန်လျှင် ၊ ငါ့ ကို အဘယ်ကြောင့် မေးမြန်း သေးသနည်း။
၁၆ရှမွေလကလည်း၊ ထာဝရဘုရားသည် သင့်ကို စွန့်၍ သင့်ရန်ဘက် ဖြစ်တော်မူသည် မှန်လျှင်၊ ငါ့ကို အဘယ်ကြောင့် မေးမြန်းသေးသနည်း။
17 ၁၇ ထာဝရဘုရား သည် ငါ့ အားဖြင့် မိန့် တော်မူသည်အတိုင်း သင်၌ပြု တော်မူပြီ။ ထာဝရဘုရား သည် ဤနိုင်ငံ ကို သင့် လက် မှ နှုတ် ၍ ၊ သင့် အိမ်နီးချင်း ဒါဝိဒ် အား ပေး တော်မူပြီ။
၁၇ထာဝရဘုရားသည် ငါ့အားဖြင့် မိန့်တော်မူသည်အတိုင်း သင်၌ပြုတော်မူပြီ။ ထာဝရဘုရားသည် ဤနိုင်ငံကို သင့်လက်မှနှုတ်၍၊ သင့်အိမ်နီးချင်း ဒါဝိဒ်အားပေးတော်မူပြီ။
18 ၁၈ အကြောင်းမူကား၊ သင်သည် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်။ ပြင်းစွာ သော အမျက် တော်ကို အာမလက် အမျိုး၌ မ စီရင် သောကြောင့် ၊ ထာဝရဘုရား သည် ဤ အမှု ကို ယနေ့ သင် ၌ ရောက်စေတော်မူပြီ။
၁၈အကြောင်းမူကား၊ သင်သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်။ ပြင်းစွာသော အမျက်ကို အာမလက်အမျိုး၌ မစီရင်သောကြောင့်၊ ထာဝရဘုရားသည် ဤအမှုကို ယနေ့ သင်၌ ရောက်စေတော် မူပြီ။
19 ၁၉ ထိုမှတပါး သင် နှင့် ဣသရေလ အမျိုးကို ဖိလိတ္တိ လူတို့လက် ၌ အပ် တော်မူမည်။ နက်ဖြန် နေ့ သင် နှင့် သင် ၏သား တို့သည် ငါ နှင့်အတူ ရှိလိမ့်မည်။ ထာဝရဘုရား သည် ဣသရေလ လူ အလုံးအရင်း ကို ဖိလိတ္တိ လူတို့လက် ၌ အပ် တော်မူမည်ဟု ဆို ၏။
၁၉ထိုမှတပါးသင်နှင့် ဣသရေလအမျိုးကို ဖိလိတ္တိလူတို့ လက်၌ အပ်တော်မူမည်။ နက်ဖြန်နေ့ သင်နှင့် သင်၏သားတို့သည် ငါနှင့်အတူရှိလိမ့်မည်။ ထာဝရဘုရားသည် ဣသရေလလူ အလုံးအရင်းကို ဖိလိတ္တိလူတို့လက်၌ အပ်တော်မူမည်ဟု ဆို၏။
20 ၂၀ ထိုအခါ ရှောလု သည် မြေ ပေါ် မှာ အလျား ပြပ်ဝပ် လဲနေ၍ ၊ ရှမွေလ စကား ကြောင့် အလွန် ကြောက်ရွံ့ ၏။ တနေ့ နှင့် တညဉ့်လုံး အဘယ်အစာ ကိုမျှ မ စား ဘဲနေသောကြောင့်အား ကုန်ပြီ။
၂၀ထိုအခါ ရှောလုသည် မြေပေါ်မှာ အလျားပြပ်ဝပ်လဲနေ၍၊ ရှမွေလစကားကြောင့် အလွန် ကြောက်ရွံ့၏။ တနေ့နှင့် တညဉ့်လုံး အဘယ်အစာကိုမျှ မစားဘဲနေသောကြောင့် အားကုန်ပြီ။
21 ၂၁ ထိုမိန်းမ သည်လာ ၍ ရှောလု အလွန် စိတ်ညစ် သည်ကို မြင် လျှင် ၊ ကိုယ်တော် ကျွန် မသည် ကိုယ်တော် စကား ကို နားထောင် ပါပြီ။ ကိုယ် အသက် ကို မနှမြောဘဲ ကိုယ်တော် မိန့် တော်မူသော စကား ကို နားထောင် ပါပြီ။
၂၁ထိုမိန်းမသည်လာ၍ ရှောလု အလွန်စိတ်ညစ်သည်ကို မြင်လျှင်၊ ကိုယ်တော်ကျွန်မသည် ကိုယ်တော်စကားကို နားထောင်ပါပြီ။ ကိုယ်အသက်ကို မနှမြောဘဲ ကိုယ်တော်မိန့်တော်မူသော စကားကို နားထောင်ပါပြီ။
22 ၂၂ သို့ဖြစ်၍ ယခု ကိုယ်တော် ကျွန် မ၏ စကား ကို နားထောင် တော်မူပါ။ စားစရာ အနည်းငယ် ကို ရှေ့ တော်၌ တင် ပါရစေ။ ကိုယ်တော်ကြွ သွားသောအခါ အား ပြည့်စေခြင်းငှါစား တော်ခေါ်ပါဟု လျှောက် သော်လည်း၊
၂၂သို့ဖြစ်၍ ယခုကိုယ်တော် ကျွန်မ၏ စကားကို နားထောင်တော်မူပါ။ စားစရာအနည်းငယ်ကို ရှေ့တော်၌ တင်ပါရစေ။ ကိုယ်တော်ကြွသွားသောအခါ အားပြည့်စေခြင်းငှါ စားတော်ခေါ်ပါဟု လျှောက် သော်လည်း၊
23 ၂၃ ရှောလုက ငါမ စား ဟု ငြင်းပယ် လေ၏။ သို့ရာတွင် ကျွန် တို့သည် မိန်းမ နှင့် ဝိုင်း၍ အနိုင် ပြုကြသဖြင့် ၊ ရှောလုသည် သူ တို့စကား ကို နားထောင် ၍ မြေ ပေါ်က ထ ပြီးလျှင် ခုတင် ပေါ် မှာ ထိုင် လေ၏။
၂၃ရှောလုက ငါမစားဟု ငြင်းပယ်လေ၏။ သို့ရာတွင် ကျွန်တို့သည် မိန်းမနှင့် ဝိုင်း၍ အနိုင်ပြုကြသဖြင့်၊ ရှောလုသည် သူတို့စကားကို နားထောင်၍ မြေပေါ်ကထပြီးလျှင် ခုတင်ပေါ်မှာ ထိုင်လေ၏။
24 ၂၄ ထိုမိန်းမ သည် မိမိအိမ် ၌ ဆူ အောင်ကျွေးသော နွား ကလေးတကောင်ရှိသည်ဖြစ်၍ အလျင်အမြန် သတ် လေ၏။ မုန့်ညက် ကိုလည်း ယူ ၍ နယ် သဖြင့် ၊ တဆေးမဲ့ မုန့်ကို ဖုတ် ပြီးမှ၊
၂၄ထိုမိန်းမသည် မိမိအိမ်၌ ဆူအောင်ကျွေးသော နွားကလေးတကောင်ရှိသည်ဖြစ်၍ အလျင်အမြန် သတ်လေ၏။ မုန့်ညက်ကိုလည်း ယူ၍ နယ်သဖြင့်၊ တဆေးမဲ့မုန့်ကို ဖုတ်ပြီးမှ၊
25 ၂၅ ရှောလု နှင့် ကျွန် များတို့ ရှေ့ ၌ တင် လေ၏။ သူတို့သည် စား ၍ ထို ညဉ့် တွင် ထ သွား ကြ၏။
၂၅ရှောလုနှင့် ကျွန်များတို့ ရှေ့၌ တင်လေ၏။ သူတို့သည် စား၍ ထိုညဉ့်တွင် ထသွားကြ၏။

< ၁ ဓမ္မရာဇဝင် 28 >