< ၁ ဓမ္မရာဇဝင် 27 >

1 တဖန် ဒါဝိဒ် က၊ ငါသည် ရှောလု လက် ဖြင့် ဆုံးရှုံး ရသောအချိန် ရောက်လိမ့်မည်။ သို့ဖြစ်၍ဖိလိတ္တိ ပြည် သို့ အလျင်အမြန်ပြေး ကောင်း၏။ သည်ထက်ကောင်း သော အရာမ ရှိ။ သို့ပြုလျှင် ရှောလု သည် ဣသရေလ ပြည်နယ် တွင် ငါ့ ကို ရှာ ၍မတွေ့နိုင်ကြောင်းကို သိလျက်၊ အားလျော့ ၍ သူ့ လက် မှ ငါလွတ် လိမ့်မည်ဟု အကြံ ရှိသည်အတိုင်း၊
David se dit à lui-même: « Je périrai un jour par la main de Saül; il n'y a rien de mieux pour moi que de me réfugier promptement au pays des Philistins, afin que Saül renonce à me chercher encore dans tout le territoire d'Israël; j'échapperai ainsi à sa main. »
2 မိမိ ၌ ပါသော လူ ခြောက် ရာ နှင့်တကွထ ၍ ဂါသ မင်း မောခ သား အာခိတ် ထံသို့ ကူးသွား ကြ၏။
Et David s'étant levé, lui et les six cents hommes qui étaient avec lui, ils passèrent chez Achis, fils de Maoch, roi de Geth.
3 ဒါဝိဒ် နှင့် သူ ၏လူ များတို့သည် အသီးအသီးမိမိ သား မယားပါလျက် ဂါသ မြို့၊ အာခိတ် မင်းထံမှာ နေ ကြ၏။ ဒါဝိဒ် မယား နှစ် ယောက်၊ ယေဇရေလ မြို့သူအဟိနောင် နှင့် နာဗလ မယား ၊ ကရမေလ မြို့သူအဘိဂဲလ ပါသတည်း။
David demeura auprès d'Achis, à Geth, lui et ses gens, chacun avec sa famille, et David avec ses deux femmes, Achinoam de Jezraël, et Abigaïl de Carmel, femme de Nabal.
4 ဒါဝိဒ် သည် ဂါသ မြို့သို့ ပြေး သွားကြောင်း ကို ရှောလု သည် ကြား ၍ နောက် တဖန်မ လိုက် မရှာဘဲ နေ၏။
On annonça à Saül que David s'était enfui à Geth, et il ne recommença pas à le poursuivre.
5 ဒါဝိဒ် သည် အာခိတ် မင်းထံသို့ ဝင်၍၊ ကျွန်တော်သည် ရှေ့ တော်၌မျက်နှာရ သည်မှန်လျှင် ကျွန်တော် နေစရာ တောရွာ တရွာ ကို သနား တော်မူပါ။ ကိုယ်တော် ကျွန် သည် မြို့ တော်၌ ကိုယ်တော် နှင့်အတူ အဘယ်ကြောင့် နေ ရပါသနည်းဟု လျှောက် လေသော်၊
David dit à Achis: « Si j'ai trouvé grâce à tes yeux, qu'on me donne dans l'une des villes de la campagne un lieu où je puisse demeurer; car pourquoi ton serviteur habiterait-il avec toi dans la ville royale? »
6 ထို နေ့၌ အာခိတ် မင်းသည် ဇိကလတ် မြို့ကိုပေး ၏။ ထို့ကြောင့် ယနေ့ တိုင်အောင် ယုဒ ရှင် ဘုရင်တို့သည် ဇိကလတ် မြို့ကို ပိုင်ကြ၏။
Et, ce jour-là, Achis lui donna Siceleg; c'est pourquoi Siceleg a appartenu aux rois de Juda jusqu'à ce jour.
7 ဒါဝိဒ် သည် ဖိလိတ္တိ ပြည် ၌ နေ သော နေ့ရက် ပေါင်း ကား တနှစ်နှင့် လေး လ စေ့သတည်း။
Le nombre des jours que David passa dans le pays des Philistins fut d'un an et quatre mois.
8 တရံရောအခါဒါဝိဒ် နှင့် သူ ၏လူ တို့သည် သွား ၍ ဂေရှုရိ လူ၊ ဂေရဇိ လူ၊ အာမလက် လူတို့ကို တိုက် ကြ၏။ ထိုလူမျိုးတို့သည် ရှေး ကာလ၌ ရှုရ မြို့လမ်းမှစ၍ အဲဂုတ္တု ပြည် တိုင်အောင် အမြဲနေ သောသူဖြစ်သတည်း။
David et ses hommes montaient et faisaient des incursions chez les Gessuriens, les Gerziens et les Amalécites; car ces peuplades habitaient dès les temps anciens du côté de Sur et jusqu'au pays d'Egypte.
9 ထိုပြည် ကို ဒါဝိဒ် သည် လုပ်ကြံ ၍ ယောက်ျား မိန်းမ တစုံတယောက်ကိုမျှ အသက် ချမ်းသာမ ပေး။ သိုး ၊ နွား ၊ မြည်း ၊ ကုလားအုပ် ၊ အဝတ် တန်ဆာတို့ကို သိမ်းယူ ၍ အာခိတ် မင်းထံသို့ ပြန် သွားလေ၏။
David ravageait la contrée, ne laissant en vie ni homme ni femme, enlevant les brebis, les bœufs, les ânes, les chameaux, les vêtements; puis il s'en revenait chez Achis.
10 ၁၀ အာခိတ် မင်းက၊ သင်တို့သည် ယနေ့ အဘယ်အရပ်သို့ သွား၍ တိုက် သနည်းဟုမေး သော် ၊ ဒါဝိဒ် က၊ ယုဒ ပြည်တောင် ဘက်၊ ယေရမေလ ပြည်တောင် ဘက်၊ ကေနိ ပြည်တောင် ဘက်သို့ သွား၍ တိုက်ပါသည်ဟု လျှောက် ၏။
Achis disait: « Où avez-vous fait incursion, aujourd'hui? » Et David répondait: « Dans le Négéb de Juda, dans le Négéb des Jéraméélites et dans le Négéb des Cinéens. »
11 ၁၁ ထိုသို့ ဒါဝိဒ် ပြု ပြီဟု ဂါသ မြို့သို့ လာ၍ သိတင်းကြား ပြောမည့်သူမ ရှိစေခြင်းငှါ ယောက်ျား မိန်းမ တစုံတယောက်ကိုမျှ အသက် ချမ်းသာမ ပေး။ ဒါဝိဒ်သည် ဖိလိတ္တိ ပြည် ၌ နေ သော ကာလ ပတ်လုံး ထိုသို့ ပြုလေ့ရှိ၏။
David ne laissait en vie ni homme ni femme pour les amener à Geth, de peur, se disait-il, « qu'ils ne fassent des rapports contre nous, en disant: Ainsi a fait David. » Et telle fut sa manière d'agir tout le temps qu'il demeura dans le pays des Philistins.
12 ၁၂ အာခိတ် မင်းက၊ ဒါဝိဒ်သည် မိမိကို မိမိ လူမျိုး အလွန်စက်ဆုပ် ရွံရှာသည်တိုင်အောင်ပြုပြီ။ သို့ဖြစ်၍ ငါ့ ထံ၌ အစဉ် ကျွန် ခံ လိမ့်မည်ဟု ဒါဝိဒ် စကားကို ယုံ လျက် ဆို ၏။
Achis se fiait à David, et il disait: « Il s'est rendu odieux à son peuple, à Israël, donc il sera mon serviteur à jamais. »

< ၁ ဓမ္မရာဇဝင် 27 >