< ၁ ဓမ္မရာဇဝင် 25 >

1 ထိုနောက် ရှမွေလ သေ သောအခါ ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် စည်းဝေး ၍ ငိုကြွေး မြည်တမ်းခြင်းကို ပြုသဖြင့် ၊ ရာမ မြို့တွင် သူ ၏အိမ် ၌ သင်္ဂြိုဟ် ကြ၏။ ဒါဝိဒ် သည် ထ ၍ ပါရန် တော သို့ သွား လေ၏။
וַיָּמׇת שְׁמוּאֵל וַיִּקָּבְצוּ כׇל־יִשְׂרָאֵל וַיִּסְפְּדוּ־לוֹ וַיִּקְבְּרֻהוּ בְּבֵיתוֹ בָּרָמָה וַיָּקׇם דָּוִד וַיֵּרֶד אֶל־מִדְבַּר פָּארָֽן׃
2 ထိုအခါ မောန အရပ်၌ နေ၍ ကရမေလ မြို့၌ ဥစ္စာ များ သော သူ တဦးရှိ၏။ ထိုသူသည်လူ ကြီး ဖြစ်၍ ၊ သိုး သုံး ထောင် ၊ ဆိတ် တထောင် ကို ရတတ်၏။ ကရမေလ မြို့မှာ သိုး မွေးကို ညှပ် ၍နေ၏။
וְאִישׁ בְּמָעוֹן וּמַֽעֲשֵׂהוּ בַכַּרְמֶל וְהָאִישׁ גָּדוֹל מְאֹד וְלוֹ צֹאן שְׁלֹשֶׁת־אֲלָפִים וְאֶלֶף עִזִּים וַיְהִי בִּגְזֹז אֶת־צֹאנוֹ בַּכַּרְמֶֽל׃
3 ထိုသူ ၏အမည် ကား နာဗလ ၊ သူ ၏မယား အမည် ကား အဘိဂဲလ တည်း။ ထိုမိန်းမ သည် ဉာဏ် ကောင်း ၍ အဆင်း လည်းလှ ၏။ ယောက်ျား မူကား ခက်ထန် သော သဘောရှိ၏။ ဆိုး သောအမှု ကိုလည်း ပြုတတ်၏။ ကာလက် အဆွေအမျိုးဖြစ်၏။
וְשֵׁם הָאִישׁ נָבָל וְשֵׁם אִשְׁתּוֹ אֲבִגָיִל וְהָאִשָּׁה טֽוֹבַת־שֶׂכֶל וִיפַת תֹּאַר וְהָאִישׁ קָשֶׁה וְרַע מַעֲלָלִים וְהוּא (כלבו) [כָֽלִבִּֽי]׃
4 နာဗလ သည် သိုး မွေးညှပ် ၍ နေကြောင်း ကို ဒါဝိဒ် သည် တော ၌ ကြား လျှင်၊
וַיִּשְׁמַע דָּוִד בַּמִּדְבָּר כִּי־גֹזֵז נָבָל אֶת־צֹאנֽוֹ׃
5 လုလင် တကျိပ် တို့ကို ခေါ်၍ နာဗလ ရှိရာ ကရမေလ မြို့သို့ သွား ကြတော့။
וַיִּשְׁלַח דָּוִד עֲשָׂרָה נְעָרִים וַיֹּאמֶר דָּוִד לַנְּעָרִים עֲלוּ כַרְמֶלָה וּבָאתֶם אֶל־נָבָל וּשְׁאֶלְתֶּם־לוֹ בִשְׁמִי לְשָׁלֽוֹם׃
6 စည်းစိမ်ကြီးသော ထိုသူကို ငါ့ ကိုယ်စားနှုတ်ဆက် ၍ ပြော ရမည်မှာ၊ ကိုယ်တော် မှစ၍ကိုယ်တော် ၏အိမ် ၊ ကိုယ်တော် နှင့် ဆိုင်သမျှ တို့၌ ချမ်းသာ ရှိပါစေသော။
וַאֲמַרְתֶּם כֹּה לֶחָי וְאַתָּה שָׁלוֹם וּבֵיתְךָ שָׁלוֹם וְכֹל אֲשֶׁר־לְךָ שָׁלֽוֹם׃
7 ကိုယ်တော် ၌ သိုးမွေးညှပ် သော သူများရှိကြောင်း ကို အကျွန်ုပ်ကြား ပါ၏။ အကျွန်ုပ် တို့နှင့်အတူ နေ သောကိုယ်တော် ၏ သိုးထိန်း တို့ကို အကျွန်ုပ်တို့သည် မ ပြစ်မှား ပါ။ သူတို့သည် ကရမေလ မြို့မှာ နေ သောကာလ ပတ်လုံး၊ သူ တို့ဥစ္စာ တစုံတခုမျှ မ ပျောက် ပါ။
וְעַתָּה שָׁמַעְתִּי כִּי גֹזְזִים לָךְ עַתָּה הָרֹעִים אֲשֶׁר־לְךָ הָיוּ עִמָּנוּ לֹא הֶכְלַמְנוּם וְלֹֽא־נִפְקַד לָהֶם מְאוּמָה כׇּל־יְמֵי הֱיוֹתָם בַּכַּרְמֶֽל׃
8 ကိုယ်တော် ၏ လုလင် တို့ကို မေးမြန်း ပါတော့။ သူတို့သည် ပြော ကြပါလိမ့်မည်။ ထို့ကြောင့်ကျွန်ုပ်၏ လုလင် တို့သည် ရှေ့ တော်၌ မျက်နှာ ရကြပါစေ။ အကျွန်ုပ်တို့သည် မင်္ဂလာ နေ့ ၌ ရောက် ပါ၏။ လက် တော်၌ ရှိ သမျှကို ကိုယ်တော် ကျွန် များ၊ ကိုယ်တော် ၏သား ဒါဝိဒ် အား သနား တော်မူပါဟု နှုတ်ဆက်ရမည်အကြောင်းမှာထား၍ လွှတ်လိုက် ၏။
שְׁאַל אֶת־נְעָרֶיךָ וְיַגִּידוּ לָךְ וְיִמְצְאוּ הַנְּעָרִים חֵן בְּעֵינֶיךָ כִּֽי־עַל־יוֹם טוֹב בָּנוּ תְּנָה־נָּא אֵת אֲשֶׁר תִּמְצָא יָֽדְךָ לַעֲבָדֶיךָ וּלְבִנְךָ לְדָוִֽד׃
9 ဒါဝိဒ် ၏ လုလင် တို့သည် နာဗလ ထံသို့ ရောက် သောအခါ ၊ ဒါဝိဒ် မှာထားသမျှ သောစကား တို့ကို ပြန်ပြော ပြီးလျှင် တိတ်ဆိတ် စွာ နေကြ၏။
וַיָּבֹאוּ נַעֲרֵי דָוִד וַיְדַבְּרוּ אֶל־נָבָל כְּכׇל־הַדְּבָרִים הָאֵלֶּה בְּשֵׁם דָּוִד וַיָּנֽוּחוּ׃
10 ၁၀ နာဗလ ကလည်း ၊ ဒါဝိဒ် ကား အဘယ်သူ နည်း။ ယေရှဲ ၏သား ကား အဘယ်သူ နည်း။ ယခုကာလ ၌သခင် ကို ပုန်ကန် သော ကျွန် များ ပါတကား။
וַיַּעַן נָבָל אֶת־עַבְדֵי דָוִד וַיֹּאמֶר מִי דָוִד וּמִי בֶן־יִשָׁי הַיּוֹם רַבּוּ עֲבָדִים הַמִּתְפָּרְצִים אִישׁ מִפְּנֵי אֲדֹנָֽיו׃
11 ၁၁ ငါသည် ငါ့ သိုးမွေးကို ညှပ် သောသူတို့အဘို့ ပြင်ဆင် သော ငါ့ မုန့် ၊ ငါ့ ရေ ၊ ငါ့ အမဲသား ကို ယူ ၍ ငါမ သိ သော လူ တို့အား ပေး ရမည်လောဟု ဒါဝိဒ် ၏ လုလင် တို့အားပြောဆို ၏။
וְלָקַחְתִּי אֶת־לַחְמִי וְאֶת־מֵימַי וְאֵת טִבְחָתִי אֲשֶׁר טָבַחְתִּי לְגֹזְזָי וְנָֽתַתִּי לַאֲנָשִׁים אֲשֶׁר לֹא יָדַעְתִּי אֵי מִזֶּה הֵֽמָּה׃
12 ၁၂ ဒါဝိဒ် ၏ လုလင် တို့သည် လှည့် သွား၍ ထို စကား အလုံးစုံ တို့ကို ဒါဝိဒ်အား ပြန်လျှောက် ကြ၏။
וַיַּהַפְכוּ נַעֲרֵֽי־דָוִד לְדַרְכָּם וַיָּשֻׁבוּ וַיָּבֹאוּ וַיַּגִּדוּ לוֹ כְּכֹל הַדְּבָרִים הָאֵֽלֶּה׃
13 ၁၃ ဒါဝိဒ် ကလည်း ၊ လူ တိုင်း မိမိ ထား ကို ခါး၌စည်း စေဟု မိမိ လူ တို့အား ဆို လျက် မိမိ ထား ကို စည်း လေ၏။ လူ လေး ရာ တို့သည် ဒါဝိဒ် နောက် သို့လိုက် ကြ၏။ နှစ်ရာ တို့သည် ဥစ္စာ ပစ္စည်းများကို စောင့်၍ နေ ကြ၏။
וַיֹּאמֶר דָּוִד לַאֲנָשָׁיו חִגְרוּ ׀ אִישׁ אֶת־חַרְבּוֹ וַֽיַּחְגְּרוּ אִישׁ אֶת־חַרְבּוֹ וַיַּחְגֹּר גַּם־דָּוִד אֶת־חַרְבּוֹ וַֽיַּעֲלוּ ׀ אַחֲרֵי דָוִד כְּאַרְבַּע מֵאוֹת אִישׁ וּמָאתַיִם יָשְׁבוּ עַל־הַכֵּלִֽים׃
14 ၁၄ လုလင် တယောက် သည် နာဗလ မယား အဘိဂဲလ ထံသို့ သွား၍၊ ဒါဝိဒ် သည် အကျွန်ုပ် တို့သခင် ကို နှုတ်ဆက် အံ့သောငှါ တမန် တို့ကို တော မှ စေလွှတ် ၍ ၊ အကျွန်ုပ်တို့သခင်သည် သူ တို့ကို ဆဲ ပါ၏။
וְלַאֲבִיגַיִל אֵשֶׁת נָבָל הִגִּיד נַֽעַר־אֶחָד מֵהַנְּעָרִים לֵאמֹר הִנֵּה שָׁלַח דָּוִד מַלְאָכִים ׀ מֵהַמִּדְבָּר לְבָרֵךְ אֶת־אֲדֹנֵינוּ וַיָּעַט בָּהֶֽם׃
15 ၁၅ ထိုသူတို့သည် ကျွန်တော် တို့၌ အလွန် ကျေးဇူး ပြုပါပြီ။ ကျွန်တော် တို့သည် တော မှာ နေ ၍ သူ တို့နှင့်ပေါင်းဘော်သော ကာလ ပတ်လုံးအရှုံးမခံ၊ ဥစ္စာ တစုံတခုမျှ မ ပျောက် ပါ။
וְהָאֲנָשִׁים טֹבִים לָנוּ מְאֹד וְלֹא הׇכְלַמְנוּ וְלֹֽא־פָקַדְנֽוּ מְאוּמָה כׇּל־יְמֵי הִתְהַלַּכְנוּ אִתָּם בִּֽהְיוֹתֵנוּ בַּשָּׂדֶֽה׃
16 ၁၆ ကျွန်တော်တို့သည် သိုး ထိန်း ၍ သူ တို့နှင့် ပေါင်းဘော်သော ကာလ ပတ်လုံး၊ သူတို့သည် နေ့ ညဉ့် အစဉ်ကွယ်ကာလျက် နေ ကြပါ၏။
חוֹמָה הָיוּ עָלֵינוּ גַּם־לַיְלָה גַּם־יוֹמָם כׇּל־יְמֵי הֱיוֹתֵנוּ עִמָּם רֹעִים הַצֹּֽאן׃
17 ၁၇ သို့ဖြစ်၍ သခင်မသည် အဘယ်သို့ ပြု သင့်သည်ကို ကြည့်ရှု ဆင်ခြင် ပါတော့။ အကျွန်ုပ် တို့ သခင် နှင့် အိမ်သူ အိမ်သား အပေါင်း တို့၌ ဘေး ပြုမည်ဟု စီရင်ပါပြီ။ သခင်သည် အဓမ္မ လူဖြစ်သောကြောင့်၊ အဘယ်သူမှ၊ မပြော မလျှောက်ဝံ့ပါဟု ဆို လေသော်၊
וְעַתָּה דְּעִי וּרְאִי מַֽה־תַּעֲשִׂי כִּֽי־כָלְתָה הָרָעָה אֶל־אֲדֹנֵינוּ וְעַל כׇּל־בֵּיתוֹ וְהוּא בֶּן־בְּלִיַּעַל מִדַּבֵּר אֵלָֽיו׃
18 ၁၈ အဘိဂဲလ သည် မုန့် လုံးနှစ်ရာ ၊ စပျစ်ရည် ဘူး နှစ် လုံး၊ ချက် ပြီးသော သိုး ငါး ကောင်၊ ပေါက်ပေါက် ငါး ဧဖာ ၊ စပျစ်သီး ခြောက် အပြွတ်တရာ ၊ သင်္ဘောသဖန်းသီး ပျဉ်အပြားနှစ်ရာ တို့ကို အလျင်အမြန် ယူ ၍ မြည်း တို့အပေါ် ၌တင် ပြီးလျှင်၊
וַתְּמַהֵר (אבוגיל) [אֲבִיגַיִל] וַתִּקַּח מָאתַיִם לֶחֶם וּשְׁנַיִם נִבְלֵי־יַיִן וְחָמֵשׁ צֹאן (עשוות) [עֲשׂוּיוֹת] וְחָמֵשׁ סְאִים קָלִי וּמֵאָה צִמֻּקִים וּמָאתַיִם דְּבֵלִים וַתָּשֶׂם עַל־הַחֲמֹרִֽים׃
19 ၁၉ ငါ့ ရှေ့ မှာ သွား ကြ။ ငါ လိုက် မည်ဟု ကျွန် တို့အား ဆို ၏။ လင် နာဗလ ကို အလျှင်းမ ပြော။
וַתֹּאמֶר לִנְעָרֶיהָ עִבְרוּ לְפָנַי הִנְנִי אַחֲרֵיכֶם בָּאָה וּלְאִישָׁהּ נָבָל לֹא הִגִּֽידָה׃
20 ၂၀ မြည်း ကို စီး လျက်သွား၍ တောင် ခြေရင်း၌ ဆင်း လှည့်စဉ်တွင်၊ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် တစ်ဘက်တချက်ဆင်းလာ၍ တယောက်နှင့် တယောက်တွေ့ကြုံ ကြ၏။
וְהָיָה הִיא ׀ רֹכֶבֶת עַֽל־הַחֲמוֹר וְיֹרֶדֶת בְּסֵתֶר הָהָר וְהִנֵּה דָוִד וַאֲנָשָׁיו יֹרְדִים לִקְרָאתָהּ וַתִּפְגֹשׁ אֹתָֽם׃
21 ၂၁ ထိုသို့မတွေ့မှီ ဒါဝိဒ် က၊ အကယ် စင်စစ်ထိုသူ ၏ ဥစ္စာ တစုံတခုကိုမျှ မ ပျောက် စေခြင်းငှါ ၊ တော ၌ သူပိုင်သမျှ တို့ကို ငါသည် အချည်းနှီး စောင့် ပါပြီတကား။ ငါ ကောင်း သော အမှုအတွက် ၊ မကောင်း သော အမှုကို သူပြု ပါပြီတကား။
וְדָוִד אָמַר אַךְ לַשֶּׁקֶר שָׁמַרְתִּי אֶֽת־כׇּל־אֲשֶׁר לָזֶה בַּמִּדְבָּר וְלֹא־נִפְקַד מִכׇּל־אֲשֶׁר־לוֹ מְאוּמָה וַיָּשֶׁב־לִי רָעָה תַּחַת טוֹבָֽה׃
22 ၂၂ နက်ဖြန်မိုဃ်းလင်း သောအခါ၊ နာဗလနှင့် ဆိုင်သော သူအပေါင်းတို့တွင် ယောက်ျားတစုံတယောက်ကို ငါချန်ထား လျှင် ၊ ထိုမျှမက ထာဝရဘုရား သည် ဒါဝိဒ် ၏ ရန်သူ တို့အား ပြု တော်မူစေသတည်းဟု ဆို နှင့်ပြီ။
כֹּה־יַעֲשֶׂה אֱלֹהִים לְאֹיְבֵי דָוִד וְכֹה יֹסִיף אִם־אַשְׁאִיר מִכׇּל־אֲשֶׁר־לוֹ עַד־הַבֹּקֶר מַשְׁתִּין בְּקִֽיר׃
23 ၂၃ အဘိဂဲလ သည် ဒါဝိဒ် ကို မြင် သောအခါ ၊ မြည်း ပေါ် က အလျင်အမြန် ဆင်း ပြီးလျှင် ဒါဝိဒ် ရှေ့တွင် မြေ ပေါ် မှာ ဦးညွှတ် ချ၍၊
וַתֵּרֶא אֲבִיגַיִל אֶת־דָּוִד וַתְּמַהֵר וַתֵּרֶד מֵעַל הַחֲמוֹר וַתִּפֹּל לְאַפֵּי דָוִד עַל־פָּנֶיהָ וַתִּשְׁתַּחוּ אָֽרֶץ׃
24 ၂၄ သူ ၏ ခြေရင်း ၌ ဝပ်တွား လျက် ၊ ကျွန်မ သခင် ၊ အပြစ် ရှိသမျှကို ကျွန်မ ခံပါမည်။ ကိုယ်တော် ၏ ကျွန် မသည် နား တော်လျှောက် ရသောအခွင့်ကိုပေး တော်မူပါ။
וַתִּפֹּל עַל־רַגְלָיו וַתֹּאמֶר בִּֽי־אֲנִי אֲדֹנִי הֶעָוֺן וּֽתְדַבֶּר־נָא אֲמָֽתְךָ בְּאׇזְנֶיךָ וּשְׁמַע אֵת דִּבְרֵי אֲמָתֶֽךָ׃
25 ၂၅ ကိုယ်တော် ၏ ကျွန် မစကား ကို နားညောင်း တော်မူပါ။ ထို အဓမ္မ လူ နာဗလ ကို ကျွန်မ သခင် မှတ် တော်မ မူပါနှင့်။ သူ ၏အမည် သည် သူ၏သဘောနှင့် ညီညွတ်ပါ၏။ သူ ၏အမည် ကား နာဗလ ။ သူ ၏ သဘောကား မိုက် ခြင်းဖြစ်သတည်း။ သခင် စေလွှတ် တော်မူသော လုလင် တို့ကို ကိုယ်တော် ကျွန် မသည် မ မြင် ရပါ။
אַל־נָא יָשִׂים אֲדֹנִי ׀ אֶת־לִבּוֹ אֶל־אִישׁ הַבְּלִיַּעַל הַזֶּה עַל־נָבָל כִּי כִשְׁמוֹ כֶּן־הוּא נָבָל שְׁמוֹ וּנְבָלָה עִמּוֹ וַֽאֲנִי אֲמָתְךָ לֹא רָאִיתִי אֶת־נַעֲרֵי אֲדֹנִי אֲשֶׁר שָׁלָֽחְתָּ׃
26 ၂၆ ယခု မှာ ကျွန်မ သခင် ၊ ကိုယ်တော်သည် လူအသက် ကို သတ်ခြင်းငှါ မသွား မည်အကြောင်းကိုယ် လက် နှင့် ကိုယ် အမှုကို စောင့်၍ အပြစ်ဒဏ်မပေးမည်အကြောင်း၊ ထာဝရဘုရား ဆီးတား တော်မူသည်ဖြစ်၍ ၊ ထာဝရဘုရား အသက် တော် ကိုယ်တော် အသက် လည်း ရှင်တော်မူသည်အတိုင်း ၊ အကျိုးတော်ကို ဖျက်ဆီးလိုသော ကိုယ်တော် ၏ ရန်သူ တို့သည် နာဗလ ကဲ့သို့ ဖြစ် ကြပါစေသော။
וְעַתָּה אֲדֹנִי חַי־יְהֹוָה וְחֵֽי־נַפְשְׁךָ אֲשֶׁר מְנָעֲךָ יְהֹוָה מִבּוֹא בְדָמִים וְהוֹשֵׁעַ יָדְךָ לָךְ וְעַתָּה יִֽהְיוּ כְנָבָל אֹֽיְבֶיךָ וְהַֽמְבַקְשִׁים אֶל־אֲדֹנִי רָעָֽה׃
27 ၂၇ ယခု မှာ ကိုယ်တော် ၏ ကျွန် မသည် သခင့် ထံသို့ ဆောင် ခဲ့သော လက်ဆောင် ကို ကျွန်မ သခင် နောက်တော်သို့ လိုက် သော လုလင် တို့ အား ပေး စေတော်မူပါ။
וְעַתָּה הַבְּרָכָה הַזֹּאת אֲשֶׁר־הֵבִיא שִׁפְחָתְךָ לַֽאדֹנִי וְנִתְּנָה לַנְּעָרִים הַמִּֽתְהַלְּכִים בְּרַגְלֵי אֲדֹנִֽי׃
28 ၂၈ ကိုယ်တော် ၏ ကျွန် မအပြစ် ကို သည်းခံ တော်မူပါ။ ကျွန်မ သခင် သည် ထာဝရဘုရား ဘက်မှာ စစ်တိုက် သောကြောင့် ၎င်း၊ တသက်လုံး ကိုယ်တော် ၌ အပြစ်တင် စရာ အခွင့်မ ရှိ သောကြောင့်၎င်း၊ ထာဝရဘုရား သည် ကျွန်မ ၏သခင် အဘို့ ခိုင်ခံ့ မြဲမြံသော အိမ် ကို တည်ဆောက် တော်မူလိမ့်မည်။
שָׂא נָא לְפֶשַׁע אֲמָתֶךָ כִּי עָשֹֽׂה־יַעֲשֶׂה יְהֹוָה לַאדֹנִי בַּיִת נֶאֱמָן כִּֽי־מִלְחֲמוֹת יְהֹוָה אֲדֹנִי נִלְחָם וְרָעָה לֹא־תִמָּצֵא בְךָ מִיָּמֶֽיךָ׃
29 ၂၉ ကိုယ်တော် ၏ အသက် ကိုသတ် အံ့သောငှါ လူ အချို့တို့သည် ထ ၍ ရှာ သော်လည်း ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကျွန်မ သခင် ၏ အသက် ကို အသက် ထုပ် ၌ နှောင်ဖွဲ့ တော်မူလိမ့်မည်။ ကိုယ်တော် ၏ ရန်သူ တို့အသက် ကိုမူကား ၊ လောက်လွှဲ ထဲက ပစ်သကဲ့သို့ပစ် တော်မူလိမ့်မည်။
וַיָּקׇם אָדָם לִרְדׇפְךָ וּלְבַקֵּשׁ אֶת־נַפְשֶׁךָ וְֽהָיְתָה נֶפֶשׁ אֲדֹנִי צְרוּרָה ׀ בִּצְרוֹר הַחַיִּים אֵת יְהֹוָה אֱלֹהֶיךָ וְאֵת נֶפֶשׁ אֹיְבֶיךָ יְקַלְּעֶנָּה בְּתוֹךְ כַּף הַקָּֽלַע׃
30 ၃၀ ထာဝရဘုရား ဂတိ ထားတော်မူသည်အတိုင်း ၊ ကိုယ်တော် ၌ ကျေးဇူး ပြု၍ ဣသရေလ အမျိုးကို အုပ်စိုးစေခြင်းငှါ ခန့်ထား တော်မူသောအခါ၊
וְהָיָה כִּֽי־יַעֲשֶׂה יְהֹוָה לַֽאדֹנִי כְּכֹל אֲשֶׁר־דִּבֶּר אֶת־הַטּוֹבָה עָלֶיךָ וְצִוְּךָ לְנָגִיד עַל־יִשְׂרָאֵֽל׃
31 ၃၁ ကျွန်မ ၏ သခင် ကိုယ်တော်သည် အကြောင်း မရှိဘဲ လူအသက် ကိုသတ် မိသောကြောင့်၎င်း၊ ကိုယ်အမှုကို စောင့်၍၊ အပြစ်ဒဏ်ပေးမိသောကြောင့်၎င်း၊ ကျွန်မ ၏ သခင် ကိုယ်တော်သည် စိတ် ညှိုးငယ် ခြင်း၊ ကိုယ်တိုင်ကိုယ်အပြစ်တင်ခြင်းနှင့် ကင်းလွတ်တော်မူပါစေသော။ ထာဝရဘုရား သည် ကျွန်မ ၏ သခင် ၌ ကျေးဇူး ပြုတော်မူပြီးမှ ၊ ကိုယ်တော် ၏ ကျွန် မကို အောက်မေ့ တော်မူပါဟု လျှောက် လေ၏။
וְלֹא תִהְיֶה זֹאת ׀ לְךָ לְפוּקָה וּלְמִכְשׁוֹל לֵב לַאדֹנִי וְלִשְׁפׇּךְ־דָּם חִנָּם וּלְהוֹשִׁיעַ אֲדֹנִי לוֹ וְהֵיטִב יְהֹוָה לַֽאדֹנִי וְזָכַרְתָּ אֶת־אֲמָתֶֽךָ׃
32 ၃၂ ဒါဝိဒ် ကလည်း ၊ ယနေ့ ငါ နှင့် တွေ့ စေခြင်းငှါ ၊ သင့် ကို စေလွှတ် တော်မူသော ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။
וַיֹּאמֶר דָּוִד לַאֲבִיגַל בָּרוּךְ יְהֹוָה אֱלֹהֵי יִשְׂרָאֵל אֲשֶׁר שְׁלָחֵךְ הַיּוֹם הַזֶּה לִקְרָאתִֽי׃
33 ၃၃ သင် ပေးသောအကြံ လည်း မင်္ဂလာ ရှိစေသတည်း။ ယနေ့ ငါသည် လူအသက် ကိုသတ် အံ့သောငှါ၊ မသွား ရမည်အကြောင်း၊ ကိုယ် လက် နှင့် ကိုယ် အမှုကို စောင့်၍ အပြစ်ဒဏ်မပေးရမည်အကြောင်းဆီးတား သောသင် သည်လည်း မင်္ဂလာ ရှိစေသတည်း။
וּבָרוּךְ טַעְמֵךְ וּבְרוּכָה אָתְּ אֲשֶׁר כְּלִתִנִי הַיּוֹם הַזֶּה מִבּוֹא בְדָמִים וְהֹשֵׁעַ יָדִי לִֽי׃
34 ၃၄ အကယ် စင်စစ်သင့် ကို ငါ မညှင်းဆဲ ရမည်အကြောင်း၊ ဆီးတား တော်မူသော ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ၊ သင်သည်ငါ နှင့် တွေ့ ခြင်းငှါ အလျင်အမြန် မ လာ လျှင် ၊ အကယ် စင်စစ်နက်ဖြန် မိုဃ်းလင်း သောအခါ၊ နာဗလ ၏ လူယောက်ျား တစုံတယောက်ကိုမျှ ငါချန် ၍မ ထားဟု အဘိဂဲလ အား ပြောဆို လျက်၊
וְאוּלָם חַי־יְהֹוָה אֱלֹהֵי יִשְׂרָאֵל אֲשֶׁר מְנָעַנִי מֵהָרַע אֹתָךְ כִּי ׀ לוּלֵי מִהַרְתְּ (ותבאתי) [וַתָּבֹאת] לִקְרָאתִי כִּי אִם־נוֹתַר לְנָבָל עַד־אוֹר הַבֹּקֶר מַשְׁתִּין בְּקִֽיר׃
35 ၃၅ သူဆောင် ခဲ့သော လက်ဆောင်ကို သူ ၏လက် မှ ခံယူ ၍ ၊ သင် သည် နေရာအိမ် သို့ ငြိမ်ဝပ် စွာသွား လော့။ သင် ၏စကား ကို ငါနားထောင် ပြီ။ သင် ၏ မျက်နှာ ကိုလည်း ထောက် ၍ နေမည်ဟုဆို လေ၏။
וַיִּקַּח דָּוִד מִיָּדָהּ אֵת אֲשֶׁר־הֵבִיאָה לוֹ וְלָהּ אָמַר עֲלִי לְשָׁלוֹם לְבֵיתֵךְ רְאִי שָׁמַעְתִּי בְקוֹלֵךְ וָאֶשָּׂא פָּנָֽיִךְ׃
36 ၃၆ အဘိဂဲလ သည်လည်း နာဗလ ထံသို့ ပြန် သွား၍ ၊ သူသည် ရှင်ဘုရင် ၏ ပွဲ ကဲ့သို့ သော ပွဲ ကို မိမိ အိမ် ၌ ခံသဖြင့်၊ ယစ်မူး ၍ စိတ် ရွှင်လန်း လျက်နေသောကြောင့်၊ မိုဃ်း မ လင်းမှီ မယားသည် အလျှင်းမ ပြော။
וַתָּבֹא אֲבִיגַיִל ׀ אֶל־נָבָל וְהִנֵּה־לוֹ מִשְׁתֶּה בְּבֵיתוֹ כְּמִשְׁתֵּה הַמֶּלֶךְ וְלֵב נָבָל טוֹב עָלָיו וְהוּא שִׁכֹּר עַד־מְאֹד וְלֹא־הִגִּידָה לּוֹ דָּבָר קָטֹן וְגָדוֹל עַד־אוֹר הַבֹּֽקֶר׃
37 ၃၇ မိုဃ်းလင်း ၍ နာဗလ သောက်သော စပျစ်ရည် အရှိန်ကုန် သောအခါ ၊ ထို အမှု များကို မယား ပြော သဖြင့် သူသည်နှလုံး သေ ၍ ကျောက် ကဲ့သို့ ဖြစ် ၏။
וַיְהִי בַבֹּקֶר בְּצֵאת הַיַּיִן מִנָּבָל וַתַּגֶּד־לוֹ אִשְׁתּוֹ אֶת־הַדְּבָרִים הָאֵלֶּה וַיָּמׇת לִבּוֹ בְּקִרְבּוֹ וְהוּא הָיָה לְאָֽבֶן׃
38 ၃၈ ဆယ် ရက် လောက်လွန်မှ ထာဝရဘုရား သည် ဒဏ်ခတ် တော်မူသဖြင့် နာဗလ သေ ၏။
וַיְהִי כַּעֲשֶׂרֶת הַיָּמִים וַיִּגֹּף יְהֹוָה אֶת־נָבָל וַיָּמֹֽת׃
39 ၃၉ နာဗလ သေ ကြောင်း ကို ဒါဝိဒ် ကြား သောအခါ ၊ ငါ ခံရသောကဲ့ရဲ့ ခြင်းအမှု ကို စောင့် ၍ နာဗလ လက် မှ နှုတ်တော်မူ၍၊ ကိုယ်တော် ကျွန် ကို ဒုစရိုက် နှင့် ကင်းလွှတ် စေတော်မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။ ထာဝရဘုရား သည် နာဗလ ပြုသော ဒုစရိုက် ကို သူ့ ခေါင်း ပေါ် သို့ ပြန် ရောက်စေတော်မူပြီဟု ဆို ၏။ တဖန် လူကို စေလွှတ် ၍ အဘိဂဲလ နှင့် လက်ထပ် ခြင်းငှါ နှုတ်ဆက် လေ၏။
וַיִּשְׁמַע דָּוִד כִּי מֵת נָבָל וַיֹּאמֶר בָּרוּךְ יְהֹוָה אֲשֶׁר רָב אֶת־רִיב חֶרְפָּתִי מִיַּד נָבָל וְאֶת־עַבְדּוֹ חָשַׂךְ מֵרָעָה וְאֵת רָעַת נָבָל הֵשִׁיב יְהֹוָה בְּרֹאשׁוֹ וַיִּשְׁלַח דָּוִד וַיְדַבֵּר בַּאֲבִיגַיִל לְקַחְתָּהּ לוֹ לְאִשָּֽׁה׃
40 ၄၀ ဒါဝိဒ် ၏ ကျွန် တို့သည် အဘိဂဲလ ရှိရာ ကရမေလ မြို့သို့ ရောက် သောအခါ ၊ ဒါဝိဒ် သည် သခင်မနှင့် လက်ထပ် ခြင်းငှါ ကျွန်တော် တို့ကို စေလွှတ် ပါပြီဟု ပြောဆို လျှင်၊
וַיָּבֹאוּ עַבְדֵי דָוִד אֶל־אֲבִיגַיִל הַכַּרְמֶלָה וַיְדַבְּרוּ אֵלֶיהָ לֵאמֹר דָּוִד שְׁלָחָנוּ אֵלַיִךְ לְקַחְתֵּךְ לוֹ לְאִשָּֽׁה׃
41 ၄၁ အဘိဂဲလသည် ထ ၍ မြေ ပေါ်မှာ ပြပ်ဝပ် လျက် ၊ ကျွန် မသည် ကျွန်မ သခင် ၏ ကျွန် တို့ ခြေ ကို ဆေး သော ကျွန် မိန်းမဖြစ်စေသောဟု ဆို ပြီးမှ၊
וַתָּקׇם וַתִּשְׁתַּחוּ אַפַּיִם אָרְצָה וַתֹּאמֶר הִנֵּה אֲמָֽתְךָ לְשִׁפְחָה לִרְחֹץ רַגְלֵי עַבְדֵי אֲדֹנִֽי׃
42 ၄၂ အလျင်အမြန် ထ ၍ မိမိ နောက်လိုက် ကျွန် မငါး ယောက်ပါလျက် မြည်း စီး သဖြင့် ၊ ဒါဝိဒ် စေလွှတ် သော လူတို့နှင့်တကွ လိုက်၍ ဒါဝိဒ်၏ခင်ပွန်း ဖြစ် လေ၏။
וַתְּמַהֵר וַתָּקׇם אֲבִיגַיִל וַתִּרְכַּב עַֽל־הַחֲמוֹר וְחָמֵשׁ נַעֲרֹתֶיהָ הַהֹלְכוֹת לְרַגְלָהּ וַתֵּלֶךְ אַֽחֲרֵי מַלְאֲכֵי דָוִד וַתְּהִי־לוֹ לְאִשָּֽׁה׃
43 ၄၃ ဒါဝိဒ် သည် ယေဇရေလ မြို့သူအဟိနောင် ကိုလည်း သိမ်း ၍ ထိုမိန်းမနှစ် ယောက်တို့သည် သူ ၏ ခင်ပွန်း ဖြစ် ကြ၏။
וְאֶת־אֲחִינֹעַם לָקַח דָּוִד מִֽיִּזְרְעֶאל וַתִּהְיֶיןָ גַּֽם־שְׁתֵּיהֶן לוֹ לְנָשִֽׁים׃
44 ၄၄ ရှောလု သည် မိမိ သမီး ဖြစ်သော ဒါဝိဒ် ၏ မယား မိခါလ ကို၊ ဂလ္လိမ် မြို့သားဖြစ်သော လဲရှ ၏သား ဖာလတိ အား ပေးစား နှင့်ပြီ။
וְשָׁאוּל נָתַן אֶת־מִיכַל בִּתּוֹ אֵשֶׁת דָּוִד לְפַלְטִי בֶן־לַיִשׁ אֲשֶׁר מִגַּלִּֽים׃

< ၁ ဓမ္မရာဇဝင် 25 >