< ၁ ဓမ္မရာဇဝင် 25 >
1 ၁ ထိုနောက် ရှမွေလ သေ သောအခါ ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် စည်းဝေး ၍ ငိုကြွေး မြည်တမ်းခြင်းကို ပြုသဖြင့် ၊ ရာမ မြို့တွင် သူ ၏အိမ် ၌ သင်္ဂြိုဟ် ကြ၏။ ဒါဝိဒ် သည် ထ ၍ ပါရန် တော သို့ သွား လေ၏။
Samuel died. Everyone in Israel gathered to mourn for him, and they buried him at his home in Ramah. David left and went to the Desert of Paran.
2 ၂ ထိုအခါ မောန အရပ်၌ နေ၍ ကရမေလ မြို့၌ ဥစ္စာ များ သော သူ တဦးရှိ၏။ ထိုသူသည်လူ ကြီး ဖြစ်၍ ၊ သိုး သုံး ထောင် ၊ ဆိတ် တထောင် ကို ရတတ်၏။ ကရမေလ မြို့မှာ သိုး မွေးကို ညှပ် ၍နေ၏။
A man from Maon was very wealthy. He had property in Carmel and owned one thousand goats and three thousand sheep. He was in Carmel shearing them.
3 ၃ ထိုသူ ၏အမည် ကား နာဗလ ၊ သူ ၏မယား အမည် ကား အဘိဂဲလ တည်း။ ထိုမိန်းမ သည် ဉာဏ် ကောင်း ၍ အဆင်း လည်းလှ ၏။ ယောက်ျား မူကား ခက်ထန် သော သဘောရှိ၏။ ဆိုး သောအမှု ကိုလည်း ပြုတတ်၏။ ကာလက် အဆွေအမျိုးဖြစ်၏။
The man's name was Nabal, and his wife's name was Abigail. She was a wise and beautiful woman, but her husband was cruel and treated people badly. He was a descendant of Caleb.
4 ၄ နာဗလ သည် သိုး မွေးညှပ် ၍ နေကြောင်း ကို ဒါဝိဒ် သည် တော ၌ ကြား လျှင်၊
David was in the wilderness, and he heard that Nabal was shearing sheep.
5 ၅ လုလင် တကျိပ် တို့ကို ခေါ်၍ နာဗလ ရှိရာ ကရမေလ မြို့သို့ သွား ကြတော့။
So David sent ten of his young men and told them, “Go and see Nabal at Carmel. Greet him in my name, and say hello from me.
6 ၆ စည်းစိမ်ကြီးသော ထိုသူကို ငါ့ ကိုယ်စားနှုတ်ဆက် ၍ ပြော ရမည်မှာ၊ ကိုယ်တော် မှစ၍ကိုယ်တော် ၏အိမ် ၊ ကိုယ်တော် နှင့် ဆိုင်သမျှ တို့၌ ချမ်းသာ ရှိပါစေသော။
Tell him, ‘I wish you a long life! Peace to you and your family, and may everything you do prosper.
7 ၇ ကိုယ်တော် ၌ သိုးမွေးညှပ် သော သူများရှိကြောင်း ကို အကျွန်ုပ်ကြား ပါ၏။ အကျွန်ုပ် တို့နှင့်အတူ နေ သောကိုယ်တော် ၏ သိုးထိန်း တို့ကို အကျွန်ုပ်တို့သည် မ ပြစ်မှား ပါ။ သူတို့သည် ကရမေလ မြို့မှာ နေ သောကာလ ပတ်လုံး၊ သူ တို့ဥစ္စာ တစုံတခုမျှ မ ပျောက် ပါ။
Now I've heard that you are busy shearing. When your shepherds were with us, we didn't mistreat them, and nothing belonging to them was stolen all the time they were in Carmel.
8 ၈ ကိုယ်တော် ၏ လုလင် တို့ကို မေးမြန်း ပါတော့။ သူတို့သည် ပြော ကြပါလိမ့်မည်။ ထို့ကြောင့်ကျွန်ုပ်၏ လုလင် တို့သည် ရှေ့ တော်၌ မျက်နှာ ရကြပါစေ။ အကျွန်ုပ်တို့သည် မင်္ဂလာ နေ့ ၌ ရောက် ပါ၏။ လက် တော်၌ ရှိ သမျှကို ကိုယ်တော် ကျွန် များ၊ ကိုယ်တော် ၏သား ဒါဝိဒ် အား သနား တော်မူပါဟု နှုတ်ဆက်ရမည်အကြောင်းမှာထား၍ လွှတ်လိုက် ၏။
Check with your men and they'll confirm it. Please be kind to my men, especially since we've come on this day of celebration. Please give whatever food you can to us and to your good friend David.’”
9 ၉ ဒါဝိဒ် ၏ လုလင် တို့သည် နာဗလ ထံသို့ ရောက် သောအခါ ၊ ဒါဝိဒ် မှာထားသမျှ သောစကား တို့ကို ပြန်ပြော ပြီးလျှင် တိတ်ဆိတ် စွာ နေကြ၏။
David's young men arrived, gave Nabal this message from David, and waited for his reply.
10 ၁၀ နာဗလ ကလည်း ၊ ဒါဝိဒ် ကား အဘယ်သူ နည်း။ ယေရှဲ ၏သား ကား အဘယ်သူ နည်း။ ယခုကာလ ၌သခင် ကို ပုန်ကန် သော ကျွန် များ ပါတကား။
“Who does this ‘David, son of Jesse’ think he is?” Nabal replied. “Nowadays there are many servants on the run from their masters!
11 ၁၁ ငါသည် ငါ့ သိုးမွေးကို ညှပ် သောသူတို့အဘို့ ပြင်ဆင် သော ငါ့ မုန့် ၊ ငါ့ ရေ ၊ ငါ့ အမဲသား ကို ယူ ၍ ငါမ သိ သော လူ တို့အား ပေး ရမည်လောဟု ဒါဝိဒ် ၏ လုလင် တို့အားပြောဆို ၏။
Why should I take the bread and water I've supplied, and the meat I've slaughtered for my shearers, and hand it over to these strangers? I don't even know where they're from!”
12 ၁၂ ဒါဝိဒ် ၏ လုလင် တို့သည် လှည့် သွား၍ ထို စကား အလုံးစုံ တို့ကို ဒါဝိဒ်အား ပြန်လျှောက် ကြ၏။
So David's men turned around and went back the way they came. When they got back they told David everything Nabal had said.
13 ၁၃ ဒါဝိဒ် ကလည်း ၊ လူ တိုင်း မိမိ ထား ကို ခါး၌စည်း စေဟု မိမိ လူ တို့အား ဆို လျက် မိမိ ထား ကို စည်း လေ၏။ လူ လေး ရာ တို့သည် ဒါဝိဒ် နောက် သို့လိုက် ကြ၏။ နှစ်ရာ တို့သည် ဥစ္စာ ပစ္စည်းများကို စောင့်၍ နေ ကြ၏။
“Everyone, put on your swords!” David ordered. They all put on their swords, and David did too. About four hundred followed David, while two hundred remained behind to guard their gear.
14 ၁၄ လုလင် တယောက် သည် နာဗလ မယား အဘိဂဲလ ထံသို့ သွား၍၊ ဒါဝိဒ် သည် အကျွန်ုပ် တို့သခင် ကို နှုတ်ဆက် အံ့သောငှါ တမန် တို့ကို တော မှ စေလွှတ် ၍ ၊ အကျွန်ုပ်တို့သခင်သည် သူ တို့ကို ဆဲ ပါ၏။
In the meantime one of Nabal's men told Abigail, Nabal's wife, “David sent some messengers from the wilderness to bring greetings to our master, but he only insulted them.
15 ၁၅ ထိုသူတို့သည် ကျွန်တော် တို့၌ အလွန် ကျေးဇူး ပြုပါပြီ။ ကျွန်တော် တို့သည် တော မှာ နေ ၍ သူ တို့နှင့်ပေါင်းဘော်သော ကာလ ပတ်လုံးအရှုံးမခံ၊ ဥစ္စာ တစုံတခုမျှ မ ပျောက် ပါ။
David's men were always very good to us and they never mistreated us. All the time we were out in the fields with them nothing was stolen from us.
16 ၁၆ ကျွန်တော်တို့သည် သိုး ထိန်း ၍ သူ တို့နှင့် ပေါင်းဘော်သော ကာလ ပတ်လုံး၊ သူတို့သည် နေ့ ညဉ့် အစဉ်ကွယ်ကာလျက် နေ ကြပါ၏။
They were like a protective wall to us, both day and night, during the whole time we were with them looking after the sheep.
17 ၁၇ သို့ဖြစ်၍ သခင်မသည် အဘယ်သို့ ပြု သင့်သည်ကို ကြည့်ရှု ဆင်ခြင် ပါတော့။ အကျွန်ုပ် တို့ သခင် နှင့် အိမ်သူ အိမ်သား အပေါင်း တို့၌ ဘေး ပြုမည်ဟု စီရင်ပါပြီ။ သခင်သည် အဓမ္မ လူဖြစ်သောကြောင့်၊ အဘယ်သူမှ၊ မပြော မလျှောက်ဝံ့ပါဟု ဆို လေသော်၊
You should know what happened and consider what you should do about it. Disaster is about to strike our master and his whole family, but he's so obnoxious no one can talk sense into him!”
18 ၁၈ အဘိဂဲလ သည် မုန့် လုံးနှစ်ရာ ၊ စပျစ်ရည် ဘူး နှစ် လုံး၊ ချက် ပြီးသော သိုး ငါး ကောင်၊ ပေါက်ပေါက် ငါး ဧဖာ ၊ စပျစ်သီး ခြောက် အပြွတ်တရာ ၊ သင်္ဘောသဖန်းသီး ပျဉ်အပြားနှစ်ရာ တို့ကို အလျင်အမြန် ယူ ၍ မြည်း တို့အပေါ် ၌တင် ပြီးလျှင်၊
Abigail quickly gathered together two hundred loaves of bread, two skins of wine, five sheep already slaughtered, five seahs of roasted grain, a hundred raisin cakes, and two hundred fig cakes, and then loaded everything on donkeys.
19 ၁၉ ငါ့ ရှေ့ မှာ သွား ကြ။ ငါ လိုက် မည်ဟု ကျွန် တို့အား ဆို ၏။ လင် နာဗလ ကို အလျှင်းမ ပြော။
She told her men, “Go on ahead. I'll follow you.” But she didn't say anything to her husband Nabal.
20 ၂၀ မြည်း ကို စီး လျက်သွား၍ တောင် ခြေရင်း၌ ဆင်း လှည့်စဉ်တွင်၊ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် တစ်ဘက်တချက်ဆင်းလာ၍ တယောက်နှင့် တယောက်တွေ့ကြုံ ကြ၏။
As Abigail was riding her donkey through a mountain valley, she saw David and his men descending towards her, and she met them.
21 ၂၁ ထိုသို့မတွေ့မှီ ဒါဝိဒ် က၊ အကယ် စင်စစ်ထိုသူ ၏ ဥစ္စာ တစုံတခုကိုမျှ မ ပျောက် စေခြင်းငှါ ၊ တော ၌ သူပိုင်သမျှ တို့ကို ငါသည် အချည်းနှီး စောင့် ပါပြီတကား။ ငါ ကောင်း သော အမှုအတွက် ၊ မကောင်း သော အမှုကို သူပြု ပါပြီတကား။
David had just been complaining, “So much for my protecting everything that belonged to this man in the wilderness! Nothing at all was stolen from him, and yet what does he do? Pay me back evil for good!
22 ၂၂ နက်ဖြန်မိုဃ်းလင်း သောအခါ၊ နာဗလနှင့် ဆိုင်သော သူအပေါင်းတို့တွင် ယောက်ျားတစုံတယောက်ကို ငါချန်ထား လျှင် ၊ ထိုမျှမက ထာဝရဘုရား သည် ဒါဝိဒ် ၏ ရန်သူ တို့အား ပြု တော်မူစေသတည်းဟု ဆို နှင့်ပြီ။
May God punish me very severely if I leave even a single one of his men alive by morning!”
23 ၂၃ အဘိဂဲလ သည် ဒါဝိဒ် ကို မြင် သောအခါ ၊ မြည်း ပေါ် က အလျင်အမြန် ဆင်း ပြီးလျှင် ဒါဝိဒ် ရှေ့တွင် မြေ ပေါ် မှာ ဦးညွှတ် ချ၍၊
When Abigail saw David, she quickly got off the donkey, and bowed before him, her face to the ground.
24 ၂၄ သူ ၏ ခြေရင်း ၌ ဝပ်တွား လျက် ၊ ကျွန်မ သခင် ၊ အပြစ် ရှိသမျှကို ကျွန်မ ခံပါမည်။ ကိုယ်တော် ၏ ကျွန် မသည် နား တော်လျှောက် ရသောအခွင့်ကိုပေး တော်မူပါ။
Falling at his feet in respect, she said, “Sir, I accept full responsibility for what's happened. Please listen to what I, your servant, have to say.
25 ၂၅ ကိုယ်တော် ၏ ကျွန် မစကား ကို နားညောင်း တော်မူပါ။ ထို အဓမ္မ လူ နာဗလ ကို ကျွန်မ သခင် မှတ် တော်မ မူပါနှင့်။ သူ ၏အမည် သည် သူ၏သဘောနှင့် ညီညွတ်ပါ၏။ သူ ၏အမည် ကား နာဗလ ။ သူ ၏ သဘောကား မိုက် ခြင်းဖြစ်သတည်း။ သခင် စေလွှတ် တော်မူသော လုလင် တို့ကို ကိုယ်တော် ကျွန် မသည် မ မြင် ရပါ။
Please don't concern yourself with this worthless man Nabal. His name means ‘fool,’ and he is really foolish! As for me, your servant, I didn't even see the men you sent.
26 ၂၆ ယခု မှာ ကျွန်မ သခင် ၊ ကိုယ်တော်သည် လူအသက် ကို သတ်ခြင်းငှါ မသွား မည်အကြောင်းကိုယ် လက် နှင့် ကိုယ် အမှုကို စောင့်၍ အပြစ်ဒဏ်မပေးမည်အကြောင်း၊ ထာဝရဘုရား ဆီးတား တော်မူသည်ဖြစ်၍ ၊ ထာဝရဘုရား အသက် တော် ကိုယ်တော် အသက် လည်း ရှင်တော်မူသည်အတိုင်း ၊ အကျိုးတော်ကို ဖျက်ဆီးလိုသော ကိုယ်တော် ၏ ရန်သူ တို့သည် နာဗလ ကဲ့သို့ ဖြစ် ကြပါစေသော။
Now, sir, as the Lord lives and as you live, the Lord has kept you from shedding blood and from taking your own revenge. Sir, may your enemies and those who want to do you harm be like Nabal.
27 ၂၇ ယခု မှာ ကိုယ်တော် ၏ ကျွန် မသည် သခင့် ထံသို့ ဆောင် ခဲ့သော လက်ဆောင် ကို ကျွန်မ သခင် နောက်တော်သို့ လိုက် သော လုလင် တို့ အား ပေး စေတော်မူပါ။
Please accept this present that I, your servant, have brought to you, sir, and give it to your men.
28 ၂၈ ကိုယ်တော် ၏ ကျွန် မအပြစ် ကို သည်းခံ တော်မူပါ။ ကျွန်မ သခင် သည် ထာဝရဘုရား ဘက်မှာ စစ်တိုက် သောကြောင့် ၎င်း၊ တသက်လုံး ကိုယ်တော် ၌ အပြစ်တင် စရာ အခွင့်မ ရှိ သောကြောင့်၎င်း၊ ထာဝရဘုရား သည် ကျွန်မ ၏သခင် အဘို့ ခိုင်ခံ့ မြဲမြံသော အိမ် ကို တည်ဆောက် တော်မူလိမ့်မည်။
Please forgive any offense that I, your servant, have committed, for the Lord is sure to set up a dynasty for you that will last for a long time, because you, sir, fight the battles of the Lord. Wickedness should not be found in you as long as you live.
29 ၂၉ ကိုယ်တော် ၏ အသက် ကိုသတ် အံ့သောငှါ လူ အချို့တို့သည် ထ ၍ ရှာ သော်လည်း ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကျွန်မ သခင် ၏ အသက် ကို အသက် ထုပ် ၌ နှောင်ဖွဲ့ တော်မူလိမ့်မည်။ ကိုယ်တော် ၏ ရန်သူ တို့အသက် ကိုမူကား ၊ လောက်လွှဲ ထဲက ပစ်သကဲ့သို့ပစ် တော်မူလိမ့်မည်။
If anyone pursues you and tries to kill you, then your life will remain bound up with those the Lord your God looks after, safe in his care. But he will throw away the lives of your enemies like stones from a sling.
30 ၃၀ ထာဝရဘုရား ဂတိ ထားတော်မူသည်အတိုင်း ၊ ကိုယ်တော် ၌ ကျေးဇူး ပြု၍ ဣသရေလ အမျိုးကို အုပ်စိုးစေခြင်းငှါ ခန့်ထား တော်မူသောအခါ၊
So when the Lord has done for you, sir, everything good he promised, and has made you ruler over Israel,
31 ၃၁ ကျွန်မ ၏ သခင် ကိုယ်တော်သည် အကြောင်း မရှိဘဲ လူအသက် ကိုသတ် မိသောကြောင့်၎င်း၊ ကိုယ်အမှုကို စောင့်၍၊ အပြစ်ဒဏ်ပေးမိသောကြောင့်၎င်း၊ ကျွန်မ ၏ သခင် ကိုယ်တော်သည် စိတ် ညှိုးငယ် ခြင်း၊ ကိုယ်တိုင်ကိုယ်အပြစ်တင်ခြင်းနှင့် ကင်းလွတ်တော်မူပါစေသော။ ထာဝရဘုရား သည် ကျွန်မ ၏ သခင် ၌ ကျေးဇူး ပြုတော်မူပြီးမှ ၊ ကိုယ်တော် ၏ ကျွန် မကို အောက်မေ့ တော်မူပါဟု လျှောက် လေ၏။
you won't have feelings of remorse or a guilty conscience over unnecessary bloodshed or of taking your own revenge. And when the Lord has done these good things for you, sir, please remember me, your maidservant.”
32 ၃၂ ဒါဝိဒ် ကလည်း ၊ ယနေ့ ငါ နှင့် တွေ့ စေခြင်းငှါ ၊ သင့် ကို စေလွှတ် တော်မူသော ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။
Then David said to Abigail, “Praise the Lord, the God of Israel, who sent you to meet me today!
33 ၃၃ သင် ပေးသောအကြံ လည်း မင်္ဂလာ ရှိစေသတည်း။ ယနေ့ ငါသည် လူအသက် ကိုသတ် အံ့သောငှါ၊ မသွား ရမည်အကြောင်း၊ ကိုယ် လက် နှင့် ကိုယ် အမှုကို စောင့်၍ အပြစ်ဒဏ်မပေးရမည်အကြောင်းဆီးတား သောသင် သည်လည်း မင်္ဂလာ ရှိစေသတည်း။
May you be rewarded for your wise decisions, for preventing me from shedding blood today and taking my own revenge.
34 ၃၄ အကယ် စင်စစ်သင့် ကို ငါ မညှင်းဆဲ ရမည်အကြောင်း၊ ဆီးတား တော်မူသော ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ၊ သင်သည်ငါ နှင့် တွေ့ ခြင်းငှါ အလျင်အမြန် မ လာ လျှင် ၊ အကယ် စင်စစ်နက်ဖြန် မိုဃ်းလင်း သောအခါ၊ နာဗလ ၏ လူယောက်ျား တစုံတယောက်ကိုမျှ ငါချန် ၍မ ထားဟု အဘိဂဲလ အား ပြောဆို လျက်၊
On the contrary, as the Lord, the God of Israel, lives, who has kept me from harming you, if you hadn't rushed to meet me, then definitely not a single one of Nabal's men would have been left alive by dawn.”
35 ၃၅ သူဆောင် ခဲ့သော လက်ဆောင်ကို သူ ၏လက် မှ ခံယူ ၍ ၊ သင် သည် နေရာအိမ် သို့ ငြိမ်ဝပ် စွာသွား လော့။ သင် ၏စကား ကို ငါနားထောင် ပြီ။ သင် ၏ မျက်နှာ ကိုလည်း ထောက် ၍ နေမည်ဟုဆို လေ၏။
David accepted from Abigail what she had brought him, and told her, “You may go home in peace, because I agree with your advice and grant your request.”
36 ၃၆ အဘိဂဲလ သည်လည်း နာဗလ ထံသို့ ပြန် သွား၍ ၊ သူသည် ရှင်ဘုရင် ၏ ပွဲ ကဲ့သို့ သော ပွဲ ကို မိမိ အိမ် ၌ ခံသဖြင့်၊ ယစ်မူး ၍ စိတ် ရွှင်လန်း လျက်နေသောကြောင့်၊ မိုဃ်း မ လင်းမှီ မယားသည် အလျှင်းမ ပြော။
When Abigail got back home to Nabal, he was in the house, partying like a king. He was feeling very merry, and he was very drunk. So she didn't tell him anything until the morning.
37 ၃၇ မိုဃ်းလင်း ၍ နာဗလ သောက်သော စပျစ်ရည် အရှိန်ကုန် သောအခါ ၊ ထို အမှု များကို မယား ပြော သဖြင့် သူသည်နှလုံး သေ ၍ ကျောက် ကဲ့သို့ ဖြစ် ၏။
When Nabal had sobered up the next morning, his wife told him what had happened. When he heard what she had to say he had a heart attack and was paralyzed.
38 ၃၈ ဆယ် ရက် လောက်လွန်မှ ထာဝရဘုရား သည် ဒဏ်ခတ် တော်မူသဖြင့် နာဗလ သေ ၏။
About ten days later the Lord struck Nabal down and he died.
39 ၃၉ နာဗလ သေ ကြောင်း ကို ဒါဝိဒ် ကြား သောအခါ ၊ ငါ ခံရသောကဲ့ရဲ့ ခြင်းအမှု ကို စောင့် ၍ နာဗလ လက် မှ နှုတ်တော်မူ၍၊ ကိုယ်တော် ကျွန် ကို ဒုစရိုက် နှင့် ကင်းလွှတ် စေတော်မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။ ထာဝရဘုရား သည် နာဗလ ပြုသော ဒုစရိုက် ကို သူ့ ခေါင်း ပေါ် သို့ ပြန် ရောက်စေတော်မူပြီဟု ဆို ၏။ တဖန် လူကို စေလွှတ် ၍ အဘိဂဲလ နှင့် လက်ထပ် ခြင်းငှါ နှုတ်ဆက် လေ၏။
When David heard that Nabal was dead, he said, “Praise the Lord who has supported me against Nabal's insult and has kept me from doing evil. For the Lord made Nabal's wickedness fall back on himself.” Then David sent a message to Abigail, asking for her to marry him.
40 ၄၀ ဒါဝိဒ် ၏ ကျွန် တို့သည် အဘိဂဲလ ရှိရာ ကရမေလ မြို့သို့ ရောက် သောအခါ ၊ ဒါဝိဒ် သည် သခင်မနှင့် လက်ထပ် ခြင်းငှါ ကျွန်တော် တို့ကို စေလွှတ် ပါပြီဟု ပြောဆို လျှင်၊
When David's men arrived at Carmel, they said to Abigail, “David has sent us to you to bring you back to become his wife.”
41 ၄၁ အဘိဂဲလသည် ထ ၍ မြေ ပေါ်မှာ ပြပ်ဝပ် လျက် ၊ ကျွန် မသည် ကျွန်မ သခင် ၏ ကျွန် တို့ ခြေ ကို ဆေး သော ကျွန် မိန်းမဖြစ်စေသောဟု ဆို ပြီးမှ၊
She stood up, then bowed down low, and said, “I am David's maidservant. I am prepared to serve and to wash the feet of my master's servants.”
42 ၄၂ အလျင်အမြန် ထ ၍ မိမိ နောက်လိုက် ကျွန် မငါး ယောက်ပါလျက် မြည်း စီး သဖြင့် ၊ ဒါဝိဒ် စေလွှတ် သော လူတို့နှင့်တကွ လိုက်၍ ဒါဝိဒ်၏ခင်ပွန်း ဖြစ် လေ၏။
Abigail quickly got on a donkey and, with her five female servants, went back with David's men and became his wife.
43 ၄၃ ဒါဝိဒ် သည် ယေဇရေလ မြို့သူအဟိနောင် ကိုလည်း သိမ်း ၍ ထိုမိန်းမနှစ် ယောက်တို့သည် သူ ၏ ခင်ပွန်း ဖြစ် ကြ၏။
David had also married Ahinoam of Jezreel. So they both were his wives.
44 ၄၄ ရှောလု သည် မိမိ သမီး ဖြစ်သော ဒါဝိဒ် ၏ မယား မိခါလ ကို၊ ဂလ္လိမ် မြို့သားဖြစ်သော လဲရှ ၏သား ဖာလတိ အား ပေးစား နှင့်ပြီ။
However, Saul had given his daughter Michal, David's wife, to Paltiel, son of Laish. He was from Gallim.