< ၁ ဓမ္မရာဇဝင် 23 >

1 ဖိလိတ္တိ လူတို့သည် ကိလ မြို့ကို တိုက် ၍ ကောက်နယ် တလင်းတို့ကို လုယူ ကြောင်းကို ဒါဝိဒ် သည် ကြား သောအခါ၊
Then they told David, saying, Behold, the Philistines are fighting against Ke'ilah, and they are plundering the threshing-floors.
2 အကျွန်ုပ်သည် ထို ဖိလိတ္တိ လူတို့ကို သွား ၍ လုပ်ကြံ ရပါမည်လော ဟု ထာဝရဘုရား အား မေးလျှောက် လျှင် ၊ ထာဝရဘုရား က သွား လော့။ ဖိလိတ္တိ လူတို့ကို လုပ်ကြံ ၍ ကိလ မြို့ကို ကယ်တင် လော့ဟု ဒါဝိဒ် အား မိန့် တော်မူ၏။
Thereupon David asked counsel of the Lord, saying, Shall I go and smite among these Philistines? And the Lord said unto David, Go and smite among the Philistines, and deliver Ke'ilah.
3 ဒါဝိဒ် ၏လူ တို့ကလည်း ၊ ငါ တို့သည် ယုဒ ပြည်၌ ပင် ကြောက် ကြ၏။ ထိုမျှမက ကိလ မြို့သို့ရောက်၍ ဖိလိတ္တိ ဗိုလ်ခြေ တို့နှင့် စစ်ပြိုင်သောအခါသာ၍ကြောက်စရာရှိပါသည်တကားဟု ဆို ကြ၏။
And David's men said unto him, Behold, here in Judah are we afraid: how much more then if we should go to Ke'ilah against the battle-arrays of the Philistines?
4 တဖန် ဒါဝိဒ် သည် ထပ်၍ ထာဝရဘုရား အား မေးလျှောက် လျှင် ၊ ထာဝရဘုရား က၊ ထ ၍ ကိလ မြို့သို့ သွား လော့။ ဖိလိတ္တိ လူတို့ကို သင့် လက် ၌ ငါ အပ် မည်ဟု မိန့် တော်မူသည်အတိုင်း၊
Then David asked yet again counsel of the Lord. And the Lord answered him and said, Arise, Go down to Ke'ilah; for I [will] deliver the Philistines into thy hand.
5 ဒါဝိဒ် နှင့် သူ ၏လူ တို့သည် ကိလ မြို့သို့သွား ၍ ဖိလိတ္တိ လူတို့နှင့် တိုက် သဖြင့် ၊ ထိုသူ တို့၏ တိရစ္ဆာန် များကို ယူ ၍ သူ တို့ကို ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်သတ် ကြ၏။ ထိုသို့ဒါဝိဒ် သည် ကိလ မြို့ကို ကယ်တင် လေ၏။
So David and his men went to Ke'ilah; and he fought with the Philistines, and lead away their cattle, and smote among them a great slaughter. So David delivered the inhabitants of Ke'ilah.
6 အဟိမလက် ၏သား အဗျာသာ သည်၊ ဒါဝိဒ် ရှိရာ ကိလ မြို့သို့ ပြေး လာသောအခါ သင်တိုင်း တော် ပါလျက်ရောက် လာသတည်း။
And it came to pass, when Ebyathar the son of Achimelech, fled over to David, to Ke'ilah, that the ephod came down with him.
7 ဒါဝိဒ် သည် ကိလ မြို့သို့ ရောက် ကြောင်း ကို ရှောလု သည်ကြား လျှင် ၊ ဘုရား သခင်သည် သူ့ ကို ငါ့ လက် သို့ အပ် တော်မူပြီ။ တံခါး နှင့် ကန့်လန့်ကျင် ရှိသောမြို့ ထဲသို့ ဝင် သဖြင့်၊ အချုပ် ခံလျက် နေရသည်ဟု ဆို လျက်၊
And it was told to Saul that David was come to Ke'ilah. And Saul said, God hath delivered him into my hand; for he is shut in, by entering into a town that hath gates and bars.
8 ကိလ မြို့သို့ စစ် ချီ ၍ ဒါဝိဒ် နှင့် သူ ၏လူ တို့ကို ဝိုင်း ထားခြင်းငှါ မိမိလူ အပေါင်း တို့ကို စုဝေး စေ၏။
And Saul called all the people together to war, to go down to Ke'ilah, to besiege David and his men.
9 ရှောလု သည် မ ကောင်းသော အကြံနှင့် ကြိုးစား သည်ကို ဒါဝိဒ် သည် သိ ၍ ၊ ယဇ်ပုရောဟိတ် အဗျာသာ အား ၊ သင်တိုင်း တော်ကို ယူ ခဲ့ပါဟု ဆို ၏။
And David understood that Saul secretly devised mischief against him; and he said to Ebyathar the priest, Bring hither the ephod.
10 ၁၀ ထိုအခါ ဒါဝိဒ် က၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၊ ရှောလု သည် ကိလ မြို့သို့ လာ ၍ ကိုယ်တော် ၏ကျွန် အတွက် ဖျက်ဆီး မည်ဟု အကြံ ရှိသည်ကို ဆက်ဆက်ကြား ပါ၏။
Then said David, O Lord, God of Israel, thy servant hath heard for certain that Saul seeketh to come to Ke'ilah, to destroy the city for my sake.
11 ၁၁ ကိလ မြို့သား တို့သည် အကျွန်ုပ် ကို သူ ၏လက် ၌ အပ် ကြပါလိမ့်မည်လော။ ကိုယ်တော် ၏ ကျွန် ကြား သည်အတိုင်း ရှောလု သည် လာ ပါလိမ့်မည်လော။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ၏ကျွန် အား အမိန့် ရှိတော်မူမည်အကြောင်းတောင်းပန်ပါ၏ဟု မေးလျှောက် သော်၊ ထာဝရဘုရား က၊ ရှောလုသည် လာ လိမ့်မည်ဟု မိန့် တော်မူ၏။
Will the men of Ke'ilah surrender me into his hand? will Saul come down as thy servant hath heard? O Lord, God of Israel, I beseech thee, tell thy servant. And the Lord said, He will come down.
12 ၁၂ တဖန် ဒါဝိဒ် က၊ ကိလ မြို့သား တို့သည် အကျွန်ုပ် နှင့် အကျွန်ုပ် ၏လူ တို့ကို ရှောလု လက် သို့ အပ် ကြပါလိမ့်မည်လော ဟု မေးလျှောက် သော် ၊ ထာဝရဘုရား က၊ အပ် ကြလိမ့်မည်ဟု မိန့် တော်မူ၏။
Then said David, Will the men of Ke'ilah surrender me and my men into the hand of Saul! And the Lord said, They will surrender.
13 ၁၃ ထိုအခါ ဒါဝိဒ် သည် ခြောက် ရာ ခန့် ရှိသောမိမိ လူ တို့နှင့် ထ ၍ ကိလ မြို့မှ ထွက် ပြီးလျှင် ၊ သွား နိုင် ရာအရပ်ရပ်သို့ သွား ကြ၏။ ဒါဝိဒ် သည် ကိလ မြို့မှ အလွတ် ပြေးကြောင်း ကို ရှောလု သည်ကြား ၍ ကိုယ်တိုင်မသွား ဘဲ နေ၏။
Then arose David and his men, about six hundred men, and departed out of Ke'ilah, and wandered about whithersoever they could go. And when it was told to Saul that David was escaped from Ke'ilah, he forbore to go forth.
14 ၁၄ ဒါဝိဒ် သည် ဇိဖ တောင်အစရှိသော တော ကြိုတောင် ကြားတို့၌ နေ ၍ ၊ ရှောလု သည် နေ့ တိုင်း ရှာ သော်လည်း သူ ၏လက် ၌ ဒါဝိဒ်ကို ဘုရား သခင်အပ် တော်မ မူ။
And David remained in the wilderness in strong-holds, and abode on the mountain in the wilderness of Ziph. And Saul sought him all the time, but God delivered him not into his hand.
15 ၁၅ တရံရောအခါဒါဝိဒ် သည် ဇိဖ တောအုပ် ၌ ရှိ၍၊ သူ ၏ အသက် ကိုသတ် မည်ဟု ရှောလု လာ သည်ကို သိ သောအခါ၊
And David saw that Saul was gone forth to seek his life: and David was in the wilderness of Ziph in the forest.
16 ၁၆ ရှောလု ၏ သား ယောနသန် သည် ထ ၍ ဒါဝိဒ် ရှိရာ တောအုပ် သို့ သွား ပြီးလျှင် ၊ ဘုရား သခင်၌ ခိုလှုံအားကြီး စေခြင်းငှါထောက်မလျက်၊
And Jonathan, the son of Saul, arose and went to David into the forest, and strengthened his hand in God.
17 ၁၇ မ စိုးရိမ် နှင့်။ သင် သည် ကျွန်ုပ် အဘ ရှောလု ၏ လက် မှလွတ်၍ ဣသရေလ ရှင် ဘုရင် ဖြစ်လိမ့်မည်။ ကျွန်ုပ် သည်လည်း သင့်အောက်မှာ အရာကြီးလိမ့်မည်။ ထိုသို့ဖြစ်မည်ကို ကျွန်ုပ် အဘ ရှောလု သိ သည်ဟု ဆို သဖြင့်၊
And he said unto him, Fear not; for the hand of Saul my father will not find thee; and thou wilt be king over Israel, and I will be next unto thee; and also Saul my father knoweth this.
18 ၁၈ ထိုသူ နှစ် ယောက်တို့သည် ထာဝရဘုရား ရှေ့ တော်၌ ပဋိညာဉ် ဖွဲ့ ကြပြီးမှ ၊ ဒါဝိဒ် သည် တောအုပ် ၌ နေ ၍ ယောနသန် သည် မိမိ အိမ် သို့ သွား ၏။
And they made, both of them, a covenant before the Lord: and David remained in the forest; but Jonathan went to his house.
19 ၁၉ တဖန် ဇိဖ သားတို့သည် ရှောလု ရှိရာ ဂိဗာ မြို့သို့ လာ ၍၊ ဒါဝိဒ် သည် ကျွန်တော် တို့နေရာ ယေရှိမုန် မြို့ တောင် ဘက်မှာ ၊ ဟခိလ တော ကြို တောင် ကြား၌ ပုန်း လျက်နေသည်ဖြစ်၍၊
Then came up the Ziphites unto Saul to Gib'ah, saying, Behold, David is hiding himself with us in the strong-holds in the forest, on the hill of Chachilah, which is on the right of the desert.
20 ၂၀ အရှင်မင်းကြီး ကြွ ချင်သောစိတ် အားကြီးသည် အတိုင်းကြွ တော်မူပါ။ ထိုသူကို အရှင်မင်းကြီး လက် တော်သို့ အပ် သော အမှုသည် ကျွန်တော် တို့တာရှိပါစေဟု လျှောက်လျှင်၊
And now in accordance with all the longing of thy soul, O king, to come down, come down; and our part shall be to surrender him into the king's hand.
21 ၂၁ ရှောလု က၊ သင် တို့သည် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောသူဖြစ် ပါစေသော။ သင်တို့သည် ငါ့ ကိုသနား ကြပြီ။
And Saul said, Blessed be ye of the Lord; for ye have pity on me.
22 ၂၂ ယခု သွား ၍ ပြင်ဆင် ကြလော့။ သူ ပုန်းရှောင်၍ နေရာ ကို၎င်း၊ အဘယ်သူ မြင် ပြီးသည်ကို၎င်း စူးစမ်း ကြလော့။ သူ သည် အလွန်လိမ္မာ သည်ကို ငါကြား၏။
Go, I pray you, make yet more preparations, and remark and see his place where his foot may be, who hath seen him there; for I am told that he dealeth with great subtilty.
23 ၂၃ ထိုကြောင့် သူပုန်းရှောင် ခိုလှုံရာ အရပ်ရပ် တို့ကို သေချာ စွာကြည့်ရှု သိမှတ် ပြီးမှ ၊ ငါ့ ထံသို့ တဖန် လာကြလျှင် ၊ သင် တို့နှင့်အတူ ငါလိုက် မည်။ သူသည်ထိုပြည်၌ ရှိလျှင်၊ ယုဒ အမျိုးသားအထောင် အသောင်းတို့တွင် ငါရှာ ၍ ထုတ်မည်ဟု မှာထားသည်အတိုင်း၊
See therefore, and remark every one of all the lurking-places where he usually hideth himself, and come ye again to me with the certainty, and I will go with you; and it shall come to pass, if he be in the land, that I will search him out throughout all the thousands of Judah.
24 ၂၄ သူတို့သည် ထ ၍ ရှောလု အရင် ဇိဖ တောသို့ သွား ကြ၏။ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် မောန တော ၊ ယေရှိမုန် မြို့ တောင် ဘက်လွင်ပြင် ၌ ရှိကြ၏။
And they arose, and went to Ziph before Saul; but David and his men were in the wilderness of Ma'on, in the plain on the right of the desert.
25 ၂၅ ရှောလု သည်လည်း လူ များနှင့်တကွလာ၍ ရှာ သည်ကို ဒါဝိဒ် သည် ကြား ပြန်လျှင် ၊ ကျောက် ကြားမှ ထွက်သွား ၍ မောန တော ၌ နေ ၏။ ရှောလု ကြား ပြန်သော် ၊ မောန တော ၌ ဒါဝိဒ် ကို လိုက် ၍ ရှာ၏။
And Saul and his men went to make a search. And they told it to David: wherefore he came down to the rock, and abode in the wilderness of Ma'on. And when Saul heard this, he pursued after David into the wilderness of Ma'on.
26 ၂၆ ရှောလု သည် တောင် တစ်ဘက် ၌ ၎င်း ၊ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် တစ်ဘက် ၌ ၎င်း၊ သွား ကြ၍ ရှောလု ကို ကြောက်သဖြင့်၊ လွတ်အောင်ကြိုးစားစဉ်တွင်၊ ရှောလု နှင့် သူ ၏လူ တို့သည် ဒါဝိဒ် နှင့် သူ ၏လူ တို့ကို ဝိုင်း ၍ ဘမ်းမိ လုကြပြီ။
And Saul went on this side of the mountain, and David and his men on that side of the mountain; and David made haste to get away from before Saul; and Saul and his men were compassing David and his men to seize them.
27 ၂၇ ထိုအခါ တမန် ရောက် လာ၍၊ အလျင်အမြန် ကြွ လာတော်မူပါ။ ဖိလိတ္တိ လူတို့သည် ပြည် တော်ကို တိုက် လာကြပါပြီဟု ရှောလု အား ကြားလျှောက် သောကြောင့်၊
But a messenger came unto Saul, saying, Haste thee, and come; for the Philistines have invaded the land.
28 ၂၈ ရှောလု သည် ဒါဝိဒ် ကို လိုက် ရှာရာမှ ပြန် ၍ ဖိလိတ္တိ လူတို့ရှိရာသို့ ချီ သွားလေ၏။ သို့ဖြစ်၍ ထို အရပ် ကို သေလဟမ္မလေကုပ် အမည်ဖြင့် သမုတ် သတည်း။
Wherefore Saul returned from pursuing after David, and went against the Philistines: therefore they called that place Sela-hammachlekoth.
29 ၂၉ ဒါဝိဒ် သည် ထို အရပ်မှ သွား ၍ အင်္ဂေဒိ မြို့နယ်၊ ခိုင်ခံ့ သော အရပ်တို့၌ နေ လေ၏။
And David went up from there, and dwelt in strong-holds of 'En-gedi.

< ၁ ဓမ္မရာဇဝင် 23 >