< ၁ ဓမ္မရာဇဝင် 22 >

1 ဒါဝိဒ် သည် ထို အရပ်မှ ပြေး ၍ အဒုလံ ဥမင် သို့ ဘေး လွတ်လျက် ရောက်လေ၏။ သူ့ အစ်ကို များ၊ အဆွေ အမျိုးများအပေါင်း တို့သည် ကြား လျှင် သူ့ ထံသို့ သွား ကြ၏။
ဒါဝိဒ်သည် ထိုအရပ်မှပြေး၍ အဒုလံဥမင်သို့ ဘေးလွတ်လျက် ရောက်လေ၏။ သူအစ်ကိုများ၊ အဆွေ အမျိုးများအပေါင်းတို့သည် ကြားလျှင် သူ့ထံသို့ သွားကြ၏။
2 အမှု ရောက်သောသူ ၊ ကြွေးတင် သောသူ ၊ စိတ်ညစ် သောသူ အပေါင်း တို့သည်၊ သူ့ ထံမှာ စုဝေး ကြ၍ လူ လေး ရာ ခန့် ရှိ သဖြင့် ၊ ဒါဝိဒ်သည် သူ တို့ကို အုပ် ရ၏။
အမှုရောက်သောသူ၊ ကြွေးတင်သောသူ၊ စိတ်ညစ်သောသူအပေါင်းတို့သည်၊ သူ့ထံမှာ စုဝေးကြ၍ လူလေးရာခန့်ရှိသဖြင့်၊ ဒါဝိဒ်သည် သူတို့ကို အုပ်ရ၏။
3 ထို အရပ်မှ မောဘ ပြည် မိဇပါ မြို့သို့သွား ၍ ၊ မောဘ ရှင်ဘုရင် အား ၊ ဘုရား သခင်သည် ကျွန်တော် ၌ အဘယ်သို့ ပြု တော်မူမည်ကို ကျွန်တော်မသိ ဘဲနေစဉ်တွင်၊ ကျွန်တော် မိဘ သည် ထွက် လာ၍ ကိုယ်တော် ထံ၌ နေရသောအခွင့်ကိုပေး တော်မူပါဟု လျှောက်သဖြင့်၊
ထိုအရပ်မှ မောဘပြည် မိဇပါမြို့သို့သွား၍၊ မောဘရှင်ဘုရင်အား၊ ဘုရားသခင်သည် ကျွန်တော်၌ အဘယ်သို့ပြုတော်မူမည်ကို ကျွန်တော်မသိဘဲနေစဉ်တွင်၊ ကျွန်တော်မိဘသည် ထွက်လာ၍ ကိုယ်တော် ထံ၌ နေရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်သဖြင့်၊
4 မောဘ ရှင်ဘုရင် ထံသို့ သွင်း ၍ ၊ ဒါဝိဒ် သည် ခိုင်ခံ့ သော ဥမင်၌ နေ သည်ကာလ ပတ်လုံး၊ မိဘတို့သည် မောဘရှင်ဘုရင်ထံမှာနေ ကြ၏။
မောဘရှင်ဘုရင်ထံသို့ သွင်း၍၊ ဒါဝိဒ်သည် ခိုင်ခံ့သော ဥမင်၌ နေသည်ကာလပတ်လုံး၊ မိဘတို့သည် မောဘရှင်ဘုရင်ထံမှာ နေကြ၏။
5 တဖန် ပရောဖက် ဂဒ် က၊ ခိုင်ခံ့ သော ဥမင်၌ မ နေ နှင့်။ ထွက်၍ ယုဒ ပြည် သို့ သွား လော့ဟု ဒါဝိဒ် အား ဆို သည်အတိုင်း ဒါဝိဒ် သွား ၍ ဟာရက် တော ၌ နေ၏။
တဖန် ပရောဖက်ဂဒ်က၊ ခိုင်ခံ့သော ဥမင်၌ မနေနှင့်။ ထွက်၍ ယုဒပြည်သို့ သွားလော့ဟု ဒါဝိဒ်အား ဆိုသည်အတိုင်း ဒါဝိဒ်သွား၍ ဟာရက်တော၌ နေ၏။
6 ထိုအခါ ရှောလု သည် ဂိဗာ မြို့၌ ကုန်း ပေါ် တွင် သစ်ပင် အောက် မှာ လှံ ကို ကိုင်လျက်၊ ကျွန် အပေါင်း တို့ သည် ခြံရံ လျက်နေစဉ်တွင်၊ ဒါဝိဒ် နှင့် သူ ၏ လူ တို့သည် ပေါ် ကြောင်း ကို ရှောလု ကြား ၍၊
ထိုအခါ ရှောလုသည် ဂိဗာမြို့၌ ကုန်းပေါ်တွင် သစ်ပင်အောက်မှာ လှံကို ကိုင်လျက်၊ ကျွန်အပေါင်းတို့ သည် ခြံရံလျက်နေစဉ်တွင်၊ ဒါဝိဒ်နှင့်သူ၏ လူတို့သည် ပေါ်ကြောင်းကို ရှောလုကြား၍၊
7 အို ဗင်္ယာမိန် အမျိုးသား တို့၊ ယေရှဲ ၏သား သည် လယ် များ၊ စပျစ် ဥယျာဉ်များကို သင် တို့ရှိသမျှ ၌ ဝေပေး နိုင်သလော။ သင် တို့ရှိသမျှ ကို လူတထောင် အုပ် ၊ တရာ အုပ် အရာ၌ ခန့်ထား နိုင်သလော။
အို ဗင်္ယာမိန် အမျိုးသားတို့၊ ယေရှဲ၏သားသည် လယ်များ၊ စပျစ်ဥယျာဉ်များကို သင်တို့ရှိသမျှ၌ ဝေပေးနိုင်သလော။ သင်တို့ရှိသမျှကို လူတထောင်အုပ်၊ တရာအုပ်အရာ၌ ခန့်ထားနိုင်သလော။
8 ထိုသို့ ပြုနိုင်သောကြောင့်သင် တို့အပေါင်း သည် ငါ့ တဘက် ၌ သင်းဖွဲ့ ကြသလော။ ငါ့ သား သည် ယေရှဲ ၏သား နှင့် မိဿဟာယ ဖွဲ့ကြောင်းကို တယောက်မျှမ ပြော။ ငါ့ အတွက် တယောက်မျှ ဝမ်း မ နည်း။ ငါ့ ကျွန် သည် ယနေ့ ပြုသည် အတိုင်း ၊ ငါ့ ကို ချောင်းမြောင်း စေခြင်းငှါ ၊ ငါ့ သား နှိုးဆော် ကြောင်း ကို တယောက်မျှမပြော ဘဲ နေကြသည်တကားဟု အခြံအရံ တို့အား ဆို လေသော်၊
ထိုသို့ ပြုနိုင်သောကြောင့် သင်တို့အပေါင်းသည် ငါ့တဘက်၌ သင်းဖွဲ့ကြသလော။ ငါ့သားသည် ယေရှဲ၏သားနှင့် မိဿဟာယဖွဲ့ကြောင်းကို တယောက်မျှမပြော။ ငါ့အတွက် တယောက်မျှ ဝမ်းမနည်း။ ငါ့ကျွန်သည် ယနေ့ ပြုသည် အတိုင်း၊ ငါ့ကို ချောင်းမြောင်းစေခြင်းငှါ၊ ငါ့သားနှိုးဆော် ကြောင်းကို တယောက်မျှမပြောဘဲ နေကြသည်တကားဟု အခြံအရံတို့အား ဆိုလေသော်၊
9 ရှောလု ၏ ကျွန် အုပ် ဧဒုံ အမျိုးသားဒေါဂ က၊ ယေရှဲ ၏သား သည် အဟိတုပ် ၏သား အဟိမလက် ရှိရာ နောဗ မြို့သို့ ရောက် ကြောင်းကို ကျွန်တော်မြင် ပါ၏။
ရှောလု၏ ကျွန်အုပ် ဧဒုံ အမျိုးသား ဒေါဂက၊ ယေရှဲ၏သားသည် အဟိတုပ်၏သား အဟိမလက်ရှိရာ နောဗမြို့သို့ရောက်ကြောင်းကို ကျွန်တော်မြင်ပါ၏။
10 ၁၀ အဟိမလက်သည် ယေရှဲ၏သားအဘို့ ထာဝရဘုရား ထံတော်၌ မေးမြန်း ၍ စားစရိတ် ကို၎င်း ၊ ဖိလိတ္တိ လူ ဂေါလျတ် ၏ ထား ကို၎င်းပေး ပါ၏ဟု ကြား လျှောက်လျှင်၊
၁၀အဟိမလက်သည် ယေရှဲ၏သားအဘို့ ထာဝရဘုရားထံတော်၌ မေးမြန်း၍ စားစရိတ်ကို၎င်း၊ ဖိလိတ္တိလူ ဂေါလျတ်၏ ထားကို၎င်း ပေးပါ၏ဟု ကြားလျှောက်လျှင်၊
11 ၁၁ ရှင် ဘုရင်သည် အဟိတုပ် ၏သား ယဇ်ပုရောဟိတ် အဟိမလက် နှင့် သူ ၏အဆွေအမျိုး တည်းဟူသောနောဗ မြို့၌ နေသော ယဇ်ပုရောဟိတ် အပေါင်း တို့ကို ခေါ် ၍ ၊ သူတို့သည် အထံ တော်သို့ ရောက် လာကြ၏။
၁၁ရှင်ဘုရင်သည် အဟိတုပ်၏သား ယဇ်ပုရောဟိတ် အဟိမလက်နှင့် သူ၏အဆွေအမျိုးတည်းဟူသော နောဗမြို့၌ နေသော ယဇ်ပုရောဟိတ်အပေါင်းတို့ကို ခေါ်၍၊ သူတို့သည် အထံတော်သို့ ရောက်လာကြ၏။
12 ၁၂ ရှောလု ကလည်း ၊ အဟိတုပ် ၏သား နားထောင် လော့ဟု ဆို လျှင် ၊ အဟိမလက်က အကျွန်ုပ် ရှိ ပါသည် သခင် ဟုလျှောက် ၏။
၁၂ရှောလုကလည်း၊ အဟိတုပ်၏သား နားထောင်လော့ဟု ဆိုလျှင်၊ အဟိမလက်က အကျွန်ုပ်ရှိပါသည် သခင်ဟုလျှောက်၏။
13 ၁၃ ရှောလု ကလည်း ၊ သင် နှင့် ယေရှဲ ၏သား သည် အဘယ်ကြောင့် ငါ့ တစ်ဘက် ၌ သင်းဖွဲ့ ကြသနည်း။ သူသည် ယနေ့ ပြုသည့်အတိုင်း ငါ့ ကို ပုန်ကန် စေခြင်းငှါ သင် သည် မုန့် နှင့် ထား ကိုပေး ၍ သူ အဘို့ ဘုရား သခင့်ထံတော်၌ မေးမြန်း ပြီတကားဟု ဆို သော်၊
၁၃ရှောလုကလည်း၊ သင်နှင့် ယေရှဲ၏သားသည် အဘယ်ကြောင့် ငါ့တဘက်၌ သင်းဖွဲ့ကြသနည်း။သူသည် ယနေ့ပြုသည့်အတိုင်း ငါ့ကို ပုန်ကန်စေခြင်းငှါ သင်သည် မုန့်နှင့်ထားကို ပေး၍ သူအဘို့ ဘုရားသခင့်ထံတော်၌ မေးမြန်းပြီတကားဟု ဆိုသော်၊
14 ၁၄ အဟိမလက် က၊ ကိုယ်တော် ၏ ကျွန် တို့တွင် ဒါဝိဒ် ကဲ့သို့ အဘယ်သူ သည် သစ္စာ ရှိသနည်း။ သမက် တော်ဖြစ်ပါ၏။ စေခိုင်းတော်မူသောသူ၊ နန်းတော် ၌ အသရေ ရှိသောသူဖြစ် ပါ၏။
၁၄အဟိမလက်က၊ ကိုယ်တော်၏ ကျွန်တို့တွင် ဒါဝိဒ်ကဲ့သို့ အဘယ်သူသည် သစ္စာရှိသနည်း။ သမက်တော်ဖြစ်ပါ၏။ စေခိုင်းတော်မူသောသူ၊ နန်းတော်၌ အသရေရှိသောသူ ဖြစ်ပါ၏။
15 ၁၅ ထိုကာလ ၌ အကျွန်ုပ်သည် ဒါဝိဒ် အဘို့ ဘုရား သခင့်ထံတော်၌ မေးမြန်း စ ပြုသလော။ ထိုအမှု ဝေး ပါစေသော။ ရှင် ဘုရင်သည် ကိုယ်တော် ကျွန် နှင့် ကျွန်တော် ၏အဆွေအမျိုး တစုံတယောက် ၌ မျှ အပြစ်တင် တော်မ မူပါနှင့်၊ ကိုယ်တော် ကျွန် သည် ဤ အမှု ကို အကြီး အငယ် အားဖြင့်မျှ မ သိ ပါဟု ရှင်ဘုရင် အား လျှောက် လေ၏။
၁၅ထိုကာလ၌ အကျွန်ုပ်သည် ဒါဝိဒ်အဘို့ ဘုရားသခင့်ထံတော်၌ မေးမြန်းစပြုသလော။ ထိုအမှု ဝေးပါစေသော။ ရှင်ဘုရင်သည် ကိုယ်တော်ကျွန်နှင့် ကျွန်တော်၏အဆွေအမျိုး တစုံတယောက်၌မျှ အပြစ်တင်တော်မမူပါနှင့်၊ ကိုယ်တော်ကျွန်သည် ဤအမှုကို အကြီးအငယ်အားဖြင့်မျှ မသိပါဟု ရှင်ဘုရင်အား လျှောက်လေ၏။
16 ၁၆ ရှင်ဘုရင် က၊ အဟိမလက် ၊ သင် နှင့် သင် ၏အဆွေအမျိုး အပေါင်း တို့သည် ဧကန်အမှန်အသေ ခံရမည်ဟု ဆို လျက်၊
၁၆ရှင်ဘုရင်က၊ အဟိမလက်၊သင်နှင့် သင်၏အဆွေအမျိုးအပေါင်းတို့သည် ဧကန်အမှန်အသေခံရမည်ဟု ဆိုလျက်၊
17 ၁၇ ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်တို့သည် ဒါဝိဒ် ဘက် မှာ နေ၍ ၊ သူ ပြေး ကြောင်း ကို သိ သော်လည်း ငါ့ အားမ ကြား မပြောသောကြောင့် ၊ သူတို့ကို လှည့် ၍ သတ် ကြဟု ခြံရံလျက်ရှိသောခြေသည် တို့အား အမိန့် တော်ရှိသော်လည်း ၊ ရှင်ဘုရင် ၏ ကျွန် တို့သည် ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်တို့ကို မ လုပ်ကြံ ဘဲ နေကြ၏။
၁၇ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့သည် ဒါဝိဒ်ဘက်မှာ နေ၍၊ သူပြေးကြောင်းကို သိသော်လည်း ငါ့အားမကြားမပြောသောကြောင့်၊ သူတို့ကို လှည့်၍ သတ်ကြဟု ခြံရံလျက်ရှိသော ခြေသည်တို့အား အမိန့်တော်ရှိသော်လည်း၊ ရှင်ဘုရင်၏ ကျွန်တို့သည် ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို မလုပ်ကြံ ဘဲ နေကြ၏။
18 ၁၈ တဖန် ရှင် ဘုရင်က၊ သင် သည်လှည့် ၍ ယဇ်ပုရောဟိတ် တို့ကို လုပ်ကြံ တော့ဟု ဒေါဂ အား မိန့် တော်မူသည် အတိုင်း ၊ ဧဒုံ အမျိုးသားဒေါဂ သည် လှည့် ၍ ပိတ် သင်တိုင်း ကို ဝတ် သော ယဇ်ပုရောဟိတ် ရှစ် ဆယ့်ငါးပါးတို့ကို လုပ်ကြံ သဖြင့် ထို နေ့၌ သတ် လေ၏။
၁၈တဖန်ရှင်ဘုရင်က၊ သင်သည်လှည့်၍ ယဇ်ပုရောဟိတ်တို့ကို လုပ်ကြံတော့ဟု ဒေါဂအား မိန့်တော်မူ သည်အတိုင်း၊ ဧဒုံအမျိုးသား ဒေါဂသည် လှည့်၍ ပိတ်သင်တိုင်းကို ဝတ်သော ယဇ်ပုရောဟိတ် ရှစ်ဆယ့်ငါးပါးတို့ကို လုပ်ကြံသဖြင့် ထိုနေ့၌ သတ်လေ၏။
19 ၁၉ ယဇ်ပုရောဟိတ် ပိုင်သော နောဗ မြို့ ကိုလည်း တိုက်၍ ယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ နို့စို့ မှစ၍ နွား ၊ မြည်း ၊ သိုး တို့ကို ထား နှင့်လုပ်ကြံလေ၏။
၁၉ယဇ်ပုရောဟိတ် ပိုင်သော နောဗမြို့ကိုလည်း တိုက်၍ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍ နွား၊ မြည်း၊ သိုးတို့ကို ထားနှင့်လုပ်ကြံလေ၏။
20 ၂၀ အဟိတုပ် ၏ သား ဖြစ်သော အဟိမလက် ၏သား တို့တွင်၊ အဗျာသာ အမည် ရှိသောသူတယောက် သည် လွတ် ၍ ဒါဝိဒ် ရှိရာ သို့ ပြေး လေ၏။
၂၀အဟိတုပ်၏ သားဖြစ်သော အဟိမလက်၏သားတို့တွင်၊ အဗျာသာ အမည်ရှိသော သူတယောက်သည် လွတ်၍ ဒါဝိဒ်ရှိရာသို့ ပြေးလေ၏။
21 ၂၁ ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်တို့ကို ရှောလု သတ် ကြောင်း ကို၊ အဗျာသာ သည် ဒါဝိဒ် အား ကြားပြော သောအခါ၊
၂၁ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို ရှောလုသတ်ကြောင်းကို၊ အဗျာသာသည် ဒါဝိဒ်အား ကြားပြောသောအခါ၊
22 ၂၂ ဒါဝိဒ် က၊ ဧဒုံ အမျိုးသားဒေါဂ သည် ရှောလု အား ပြော မည်ဟု သူ့ကိုတွေ့သောနေ့ ၌ ငါရိပ်မိ ၏။ ငါ သည် သင် ၏ အဆွေအမျိုး အပေါင်း တို့ကို သေစေခြင်းငှါပြုမိပါပြီတကား။
၂၂ဒါဝိဒ်က၊ ဧဒုံအမျိုးသား ဒေါဂသည် ရှောလုအားပြောမည်ဟု သူ့ကိုတွေ့သောနေ့၌ ငါရိပ်မိ၏။ ငါသည် သင်၏ အဆွေအမျိုးအပေါင်းတို့ကို သေစေခြင်းငှါပြုမိပါပြီတကား။
23 ၂၃ ငါ နှင့်အတူ နေ ပါလော့။ မ စိုးရိမ် နှင့်။ ငါ့ အသက် ကို ရှာ သော သူသည် သင့် အသက် ကိုရှာ ၏။ ငါနှင့်အတူနေလျှင် ဘေးလွတ် ပါလိမ့်မည်ဟု အဗျာသာအား ပြောဆို၏။
၂၃ငါနှင့် အတူနေပါလော့။ မစိုးရိမ်နှင့်။ ငါ့အသက်ကို ရှာသောသူသည် သင့်အသက်ကိုရှာ၏။ ငါနှင့်အတူ နေပါလော့။ မစိုးရိမ်နှင့်။ ငါနှင့်အတူနေလျှင် ဘေးလွတ်ပါလိမ့်မည်ဟု အဗျာသာအား ပြောဆို၏။

< ၁ ဓမ္မရာဇဝင် 22 >