< ၁ ဓမ္မရာဇဝင် 21 >

1 ဒါဝိဒ် သည် ယဇ်ပုရောဟိတ် အဟိမလက် ရှိရာ နောဗ မြို့သို့ ရောက် ၍ ၊ အဟိမလက် သည် ဒါဝိဒ် နှင့် တွေ့ သောအခါ ကြောက် ၍၊ သင် သည် လူ တယောက်မျှ မ ပါဘဲ အဘယ်ကြောင့် တကိုယ်တည်း လာသနည်းဟုမေး သော်၊
David went to the town of Nob to see Ahimelek the priest. Ahimelek was trembling in fear when he met him, and he asked, “Why are you here alone? Why isn't there anybody with you?”
2 ဒါဝိဒ် က၊ ရှင်ဘုရင် အမှု တော်တခုကို အပ် ၍၊ ငါ စေခိုင်း မှာ ထားသော အမှု ကို အဘယ်သူမျှမ သိ စေနှင့်ဟု မိန့် တော်မူသောကြောင့် ၊ ငါ့ကျွန် တို့ကို ဤမည်သောအရပ် ဤမည်သောအရပ်၌ ဆိုင်းလင့်စေခြင်းငှါ အရင်စေလွှတ်လေပြီ။
“The king has given me an assignment,” David replied. “He told me ‘Nobody must know anything about the assignment I have sent you to do.’ As for my men, I've told them where to meet me.
3 သို့ဖြစ်၍ ကိုယ်တော် လက် ၌ ရှိ သော မုန့် ငါး လုံးကိုသော်၎င်း၊ တွေ့ သမျှကို သော်၎င်း၊ ကျွန်ုပ် လက် သို့ အပ် ပေးပါဟု ယဇ်ပုရောဟိတ် အဟိမလက် အား တောင်း ၏။
So what do you have on hand to eat? Let me have five loaves of bread, or whatever you can find.”
4 ယဇ် ပုရောဟိတ်က၊ ငါ့ လက် ၌ လူတိုင်းစားရသောမုန့် မ ရှိ။ လုလင် တို့သည် မိန်းမ ကိုသာ ရှောင် လျှင် ၊ သန့်ရှင်း သော မုန့် ရှိ သည်ဟု ဒါဝိဒ် အားဆို ၏။
“There's no ordinary bread,” the priest told David, “but there's some holy bread, as long as your men have not slept with any women lately.”
5 ဒါဝိဒ် ကလည်း ၊ ကျွန်ုပ် ထွက် ကတည်းကအဘယ်သူမျှမိန်းမ နှင့် မ ပေါင်းဘော်၊ လုလင် တန်ဆာ တို့သည် သန့်ရှင်း ပါ၏။ ထိုမုန့်လည်း လူတိုင်းစားရသောမုန့်ကဲ့သို့ဖြစ်ပါ၏။ အကြောင်းမူကား၊ ယနေ့ သန့်ရှင်း သောမုန့်သစ်ကို တင်ထားလျက်ရှိပါ၏ဟု ယဇ်ပုရောဟိတ် အား ပြန် ပြောသော်၊
“We have not slept with any women,” David answered. “In fact that's the rule when I lead the troops on mission. They keep themselves pure even during ordinary missions, and all the more so right now.”
6 ယဇ် ပုရောဟိတ်သည် ရှေ့ တော်မုန့် မှတပါး အခြားသော မုန့် မ ရှိ သောကြောင့် သန့်ရှင်း သော မုန့်ကိုပေး ၏။ ထိုရှေ့တော်မုန့်အစား၌ မုန့် သစ်ကို တင် ထားအံ့သောငှါ ထာဝရဘုရား ရှေ့ တော်မှ နှုတ်ပယ် နှင့်ပြီ။
So the priest gave him the holy bread as they didn't have any other bread there except this “Bread of the Presence,” which had been removed from the presence of the Lord that day and replaced with fresh bread.
7 ထို နေ့၌ အမှု တော်ထမ်းအဝင် သိုး တော်ထိန်းအုပ် ဧဒုံ အမျိုးသား၊ ဒေါဂ အမည် ရှိသောသူသည် ထာဝရဘုရား ရှေ့ တော်၌ စောင့် နေရ၏။
One of Saul's servants happened to be there that day, trying to make himself right with the Lord. He was Doeg the Edomite, Saul's chief shepherd.
8 ဒါဝိဒ် ကလည်း ၊ ကိုယ်တော် ၌ ထား လှံ ရှိ သလော။ အမှု တော်ကို အလျင်အမြန် ဆောင်ရသောကြောင့် ၊ ထား အစရှိသော လက်နက် တစုံတခု မျှ မ ပါ ဟု အဟိမလက် အား ပြော လေသော်၊
“Have you got a spear or sword here?” David asked Ahimelech. “I didn't bring my sword or any of my weapons with me, because what the king needed me to do was urgent.”
9 ယဇ် ပုရောဟိတ်က၊ ဧလာချိုင့် ၌ သင်လုပ်ကြံ ခဲ့သော ဖိလိတ္တိ လူ ဂေါလျတ် ၏ ထား သည် အဝတ် နှင့် ထုပ်ရစ် လျက် သင်တိုင်း တော်နောက် မှာ ရှိ၏။ ယူ ချင်လျင် ယူ တော့။ အခြား သော ထားမ ရှိဟု ဆိုလျှင်၊ ဒါဝိဒ် က ထိုထားနှင့် တူသော ထားမ ရှိ။ ပေး ပါတော့ဟု ဆို ၏။
The priest replied, “The sword of Goliath the Philistine is here—the one you killed in the Valley of Elah. It's wrapped in a cloth behind the ephod. You can take it if you want. It's the only one here.” “It's better than any other sword! Please give it to me,” David replied.
10 ၁၀ ထို နေ့၌ ဒါဝိဒ် သည် ရှောလု ကို ကြောက်သောကြောင့်ထ ၍ ဂါသ မင်းကြီး အာခိတ် ထံသို့ ပြေး သွား ၏။
David ran away from Saul that day and went to Achish, king of Gath.
11 ၁၁ အာခိတ် မင်း၏ ကျွန် တို့က၊ ဤ ဒါဝိဒ် သည် ဣသရေလရှင်ဘုရင် ဖြစ်သည်မ ဟုတ်လော။ ရှောလု အထောင်ထောင် ၊ ဒါဝိဒ် အသောင်းသောင်း သတ် လေစွတကားဟု ဤသူရှေ့မှာ အလှည့်လှည့်က လျက် သီချင်း ဆိုကြသည် မ ဟုတ်လော ဟု လျှောက် ကြ၏။
But Achish's officials asked the king, “Isn't this David, the king of that country? Didn't they sing about him in their dances, ‘Saul has killed his thousands, and David his tens of thousands’?”
12 ၁၂ ထို စကား ကို ဒါဝိဒ် သည် မှတ်မိ၍၊ ဂါသ မင်းကြီး အာခိတ် ကို အလွန် ကြောက် သောကြောင့်၊
David listened carefully to what they said and this made him very afraid of Achish, the king of Gath.
13 ၁၃ ရူးသွပ်ဟန်ဆောင်၍ သူ တို့ရှေ့ မှာ အရူး ကဲ့သို့ပြုလျက် ၊ တံခါးရွက် ပေါ် ၌ ရေးသား ၍ မိမိ တံထွေး ကို မုတ်ဆိတ် တွင် ယို စေ၏။
So he changed the way he acted toward them and pretended to be crazy. He scratched marks on the town gates and let his spit run down his beard.
14 ၁၄ အာခိတ် မင်းကလည်း ကြည့် ကြလော့။ ဤသူ သည် အရူး ဖြစ်၏။ အဘယ်ကြောင့် ငါ့ ထံသို့ သွင်း ကြသနည်း။
Achish told his officials, “Look, you can see the man is completely mad! Why did you bring him to me?
15 ၁၅ အရူး ကို ငါ အသုံးလို သည်ဟု သင်တို့သည် ထင်လျက် ငါ့ ရှေ့ မှာ အရူး လုပ်စေခြင်းငှါ ဤ သူကို သွင်း ကြသလော။ ဤ သူသည် နန်းတော် ထဲသို့ ဝင် ရမည်လော ဟု ကျွန် တို့အား ဆို ၏။
Is it because I need more mad people that you've brought this man to go crazy right in front of me? Do you think I'm going to let him come into my house?”

< ၁ ဓမ္မရာဇဝင် 21 >