< ၁ ဓမ္မရာဇဝင် 2 >

1 တဖန် ဟန္န သည် ပဌနာ စကားကို မြွက်ဆိုသည်ကား၊ ငါ့ စိတ် နှလုံးသည် ထာဝရဘုရား ကို အမှီပြု ၍ ရွှင်လန်း လျက်၊ ထာဝရဘုရား ကြောင့် ငါ့ ဦးချို မြင့် လျက် ရှိ၏။ ကယ်တင် ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက် ၍၊ ရန်သူ တို့အား ဝါကြွားသောစကားကို ပြောရ၏။
Kisha Hana akaomba na kusema: “Moyo wangu wamshangilia Bwana, katika Bwana pembe yangu imeinuliwa juu. Kinywa changu chajisifu juu ya adui zangu, kwa kuwa naufurahia wokovu wako.
2 ထာဝရဘုရား သန့်ရှင်း တော်မူသကဲ့သို့ အဘယ်သူ မျှမ သန့်ရှင်း။ ကိုယ်တော် မှတပါး အခြားသော ဘုရားမရှိ။
“Hakuna yeyote aliye mtakatifu kama Bwana, hakuna mwingine zaidi yako; hakuna Mwamba kama Mungu wetu.
3 ငါ တို့ ဘုရား သခင်ကဲ့သို့ သော ခိုလှုံစရာမ ရှိ။ ကိုယ့်ကိုကိုယ်မချီးမြှောက် ကြနှင့်။ ဝါကြွား စော်ကားသော စကားကိုမ ပြော ကြနှင့်။ အဓမ္မ စကားကို နှုတ် ထဲက မထွက် စေကြနှင့်။ အကြောင်း မူကား၊ ထာဝရဘုရား သည် သဗ္ဗညုတ ဘုရား ဖြစ်တော်မူ၏။ အမှု အရာတို့ကို ညှိညွှတ် တော်မူ၏။
“Msiendelee kusema kwa kiburi hivyo wala msiache vinywa vyenu kunena kwa kiburi, kwa kuwa Bwana ndiye Mungu ajuaye, na kwa yeye matendo hupimwa.
4 သူရဲ တို့ ကိုင်သောလေး များ ကျိုး လျက် ၊ လဲ တတ်သောသူတို့သည် ခွန်အား နှင့် ပြည့်စုံ လျက် ရှိကြ၏။
“Pinde za mashujaa zimevunjika, lakini wale wanaojikwaa wamevikwa nguvu.
5 ဝ စွာစားသောသူတို့သည် စားစရာ ကို ရခြင်းငှါ၊ သူငှါး လုပ်ရကြပြီ။ ငတ်မွတ် သောသူတို့ မူကား ၊ တဖန် ဝကြပြီ။ မြုံ သောသူသည် ခုနှစ် ကြိမ်တိုင်အောင် ဘွားမြင် ပြီ။ သား များ သောသူမူကား ၊ တဖန် အားလျော့ ပြီ။
Wale waliokuwa na chakula tele wamejikodisha wenyewe ili kupata chakula, lakini wale waliokuwa na njaa hawana njaa tena. Mwanamke yule aliyekuwa tasa amezaa watoto saba, lakini yule ambaye alikuwa na wana wengi amedhoofika.
6 ထာဝရဘုရား သည် သေ စေသော အခွင့်၊ အသက် ရှင်စေသောအခွင့်၊ မရဏာ နိုင်ငံသို့ နှိမ့်ချ သောအခွင့်၊ ထမြောက် စေသောအခွင့် ရှိတော်မူ၏။ (Sheol h7585)
“Bwana huua na huleta uhai, hushusha chini mpaka kaburini na hufufua. (Sheol h7585)
7 ဆင်းရဲ စေခြင်းငှါ၎င်း ၊ ရ တတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရား ပြု၍၊ နှိမ့်ချ သောအခွင့်၊ ချီးမြှောက် သောအခွင့်ရှိတော်မူ၏။
Bwana humfanya mtu maskini naye hutajirisha, hushusha na hukweza.
8 ဆင်းရဲ သောသူကို မြေမှုန့် ထဲက ၎င်း၊ ငတ်မွတ် သောသူကို နောက်ချေးပုံ ထဲက ၎င်း ချီးမြှောက် ၍၊ မင်းသား တို့နှင့် ထိုင် ရသောအခွင့်၊ ဘုန်း ကြီးသောပလ္လင် ကို အမွေ ခံရသောအခွင့်ကိုပေးတော်မူ၏။ အကြောင်း မူကား၊ မြေကြီး တိုင် တို့ကို ထာဝရဘုရား ပိုင်၍ ထိုတိုင်တို့အပေါ် မှာ လောကဓါတ် ကို တည် တော်မူပြီ။
Humwinua maskini kutoka mavumbini na humwinua mhitaji kutoka lundo la majivu; huwaketisha pamoja na wakuu na kuwafanya warithi kiti cha enzi cha heshima. “Kwa kuwa misingi ya dunia ni ya Bwana; juu yake ameuweka ulimwengu.
9 မိမိ သန့်ရှင်းသူ တို့ခြေ ကို စောင့်မ တော်မူလိမ့်မည်။ မ တရားသောသူတို့သည် မှောင်မိုက် ၌ တိတ်ဆိတ် စွာ နေရကြလိမ့်မည်။ ကိုယ်အစွမ်း သတ္တိအားဖြင့် အဘယ်သူ မျှမ နိုင် ရာ။
Yeye atailinda miguu ya watakatifu wake, lakini waovu watanyamazishwa kwenye giza. “Si kwa nguvu mtu hushinda;
10 ၁၀ ထာဝရဘုရား သည် ရန်သူ တို့ကို ချိုးဖဲ့ တော်မူမည်။ သူတို့အပေါ်၌ မိုဃ်း ကောင်းကင်မှ မိုဃ်းချုန်း စေတော်မူမည်။ ထာဝရဘုရား သည် မြေကြီး စွန်း တိုင်အောင်တရား စီရင်သဖြင့်၊ ခန့်ထားတော်မူသောရှင်ဘုရင် ကို ခွန်အား နှင့် ပြည့်စုံစေ၍၊ အထံတော်၌ ဘိသိက် ခံသောသူကို ချီးမြှောက် တော်မူမည်ဟု မြွက်ဆို ၏။
wale wampingao Bwana wataharibiwa kabisa. Atapiga radi dhidi yao kutoka mbinguni; Bwana ataihukumu miisho ya dunia. “Atampa nguvu mfalme wake, na kuitukuza pembe ya mpakwa mafuta wake.”
11 ၁၁ ထိုနောက်မှ ၊ ဧလကာန သည် ရာမ မြို့၌ရှိသောမိမိ အိမ် သို့ သွား ၍၊ သူငယ် သည် ယဇ်ပုရောဟိတ် ဧလိ ရှေ့ တွင် အမှု တော်ကို ဆောင်ရွက်လေ၏။
Kisha Elikana akaenda nyumbani Rama, lakini mtoto akahudumu mbele za Bwana chini ya kuhani Eli.
12 ၁၂ ဧလိ ၏သား တို့သည် ထာဝရဘုရား ကို မ သိ ၊ အဓမ္မ လူဖြစ်ကြ၏။
Wana wa Eli walikuwa watu wabaya kabisa, hawakumheshimu Bwana.
13 ၁၃ လူ များတို့တွင် ယဇ်ပုရောဟိတ် ပြုသောထုံးစံ ဟူမူကား ၊ ယဇ် ပူဇော်၍ အမဲသား ကို ပြုတ် စဉ်အခါ ၊ ယဇ်ပုရောဟိတ် ၏ အစေအပါ တယောက်သည်လာ ၍၊ သုံး ချောင်းရှိသောအမဲချိတ် ကို ကိုင်လျက်၊
Basi ilikuwa desturi ya makuhani pamoja na watu kwamba kila mara yeyote anapotoa dhabihu na huku nyama ikiwa inachemshwa, mtumishi wa kuhani angalikuja na uma wenye meno matatu mkononi mwake.
14 ၁၄ အိုး အစရှိသည်တို့၌ ထိုးခပ် ၍၊ အမဲချိတ် တွင် ပါသမျှ ကို ယဇ် ပုရောဟိတ်သည် သိမ်း ယူတတ်၏။ ရှိလော မြို့သို့ ရောက် လာသောဣသရေလ လူအပေါင်း တို့အား ထိုသို့ ပြု ကြ၏။
Angeutumbukiza huo uma kwenye sufuria au birika au sufuria kubwa au chungu, naye kuhani angalijichukulia mwenyewe chochote ambacho uma ungekileta. Hivi ndivyo walivyowatendea Waisraeli wote waliokuja Shilo.
15 ၁၅ ဆီဥ ကို မီး မ ရှို့မှီ၊ ယဇ်ပုရောဟိတ် ၏ အစေအပါ သည်လာ ၍ ၊ ယဇ်ပုရောဟိတ် ဘို့ ကင် စရာအမဲသား ကိုပေး ပါ။ ပြုတ် သောအမဲသား ကိုမ ယူ။ စိမ်း သောအမဲသားကိုသာ ယူမည်ဟု ယဇ် ပူဇော်သောသူအား ဆို တတ်၏။
Lakini hata kabla mafuta ya mnyama hayajachomwa, mtumishi wa kuhani angalikuja na kusema kwa mtu ambaye alikuwa akitoa dhabihu, “Mpe kuhani nyama akaoke, kwani hatapokea nyama iliyochemshwa kutoka kwako, ila iliyo mbichi tu.”
16 ၁၆ ထိုသူက၊ ဆီဥ ကိုအရင် မီး ရှို့ပါရစေ။ နောက်မှ ယူချင် တိုင်း ယူ ပါဟုဆို လျှင် ၊ မ ဟုတ်ဘူး ယခု ပေး ရမည်။ သို့မဟုတ် အနိုင်ယူ မည်ဟု ပြောဆို တတ်၏။
Kama mtu akimwambia, “Mafuta ya mnyama na yachomwe kwanza, ndipo uchukue chochote unachotaka,” mtumishi angalijibu, “Hapana, nipe sasa, kama huwezi nitaichukua kwa nguvu.”
17 ၁၇ ထိုယဇ်ပုရောဟိတ်ပျိုတို့သည်၊ ထာဝရဘုရား ဝတ် ကို လူ များ ရွံ စရာပြုသောကြောင့် ၊ ရှေ့ တော်၌ အလွန် အပြစ် ကြီး သောသူဖြစ် ကြ၏။
Hii Dhambi ya hawa vijana ilikuwa kubwa sana machoni pa Bwana, kwa kuwa waliitendea dhabihu ya Bwana kwa dharau.
18 ၁၈ သူငယ် ရှမွေလ သည် ပိတ် သင်တိုင်း ကို ဝတ် စည်းလျက်၊ ထာဝရဘုရား ရှေ့ ၌ အမှု တော်ကို ဆောင်ရွက်လေ၏။
Lakini Samweli alikuwa akihudumu mbele za Bwana, kijana akivaa kisibau cha kitani.
19 ၁၉ နှစ်စဉ် ပြုရသော ယဇ်ကို ပူဇော် ခြင်းငှါ ၊ သူ၏ မိဘသည် ရောက် လာသောအခါ ၊ အမိသည် တနှစ် မပြတ်သားအဘို့ အင်္ကျီ ငယ် ကို ချုပ် ၍ ဆောင် ခဲ့တတ်၏။
Kila mwaka mama yake alimshonea joho dogo na kumchukulia wakati alipokwea pamoja na mumewe kutoa dhabihu ya mwaka.
20 ၂၀ တရံရောအခါ၊ ဧလိ က၊ သင်သည် ထာဝရဘုရား ၌ ငှါး ထားသော သားအတွက် ၊ ဤ မိန်းမ တွင် အမျိုးအနွယ် ကိုပေး တော်မူပါစေသောဟု ဧလကာန လင်မယား ကို ကောင်းကြီး ပေး၏။ ထိုသူတို့သည် နေရာအိမ် သို့ ပြန် သွားသောနောက်၊
Eli alikuwa akiwabariki Elikana na mkewe, akisema, “Bwana na akupe watoto kwa mwanamke huyu ili kuchukua nafasi ya yule aliyekuwa amemwomba na akamtoa kwa Bwana.” Kisha wakawa wanakwenda nyumbani.
21 ၂၁ ထာဝရဘုရား သည် ဟန္န ကို အကြည့် အရှုကြွတော်မူသဖြင့် ၊ သူသည်ပဋိသန္ဓေ ယူ၍ ၊ သား သုံး ယောက်၊ သမီး နှစ် ယောက်တို့ကို ဘွားမြင် လေ၏။ သူငယ် ရှမွေလ သည် ထာဝရဘုရား ရှေ့တော်၌ ကြီးပွား သတည်း။
Bwana akawa mwenye neema kwa Hana, naye akapata mimba akazaa wana watatu na binti wawili. Wakati huo, kijana Samweli akaendelea kukua mbele za Bwana.
22 ၂၂ ဧလိ သည်အသက် အရွယ်လွန်သောအခါ ၊ သူ ၏သား တို့သည် ဣသရေလ လူအပေါင်း တို့၌ ပြု သမျှ ကို၎င်း ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နားမှာ စည်းဝေး သောမိန်းမ နှင့် မှားယွင်း ကြောင်းကို၎င်းကြား သိလျှင်၊
Basi Eli, ambaye alikuwa mzee sana, alisikia kuhusu kila kitu ambacho wanawe walikuwa wakiwafanyia Israeli wote na jinsi walivyokutana kimwili na wanawake waliohudumu kwenye ingilio la Hema la Kukutania.
23 ၂၃ သင်တို့သည် အဘယ်ကြောင့် ဤသို့ ပြု ကြသနည်း။ သင် တို့ပြုသောဒုစရိုက် တို့ကို လူ အပေါင်း တို့သည် ပြော၍ ငါ ကြား ရ၏။
Hivyo akawaambia, “Kwa nini mmefanya mambo kama haya? Nimesikia kutoka kwa watu wote juu ya haya matendo yenu maovu.
24 ၂၄ မ ကောင်းဘူးငါ့ သား တို့။ ငါ ကြား သော သိတင်း သည် ကောင်း သော သိတင်းမ ဟုတ်။ ထာဝရဘုရား ၏ လူ တို့သည် ပြစ်မှားရမည်အကြောင်း၊ သင်တို့ပြုကြသည်တကား။
Sivyo, wanangu, hii si habari nzuri ambayo ninasikia ikienea miongoni mwa watu wa Bwana.
25 ၂၅ လူ ချင်းတယောက်ကို တယောက်ပြစ်မှား လျှင် ၊ တရားသူကြီးစစ်ကြောစီရင်ရ၏။ လူ သည် ထာဝရဘုရား ကို ပြစ်မှား လျှင် ၊ သူ့ အတွက် အဘယ်သူ တောင်းပန် လိမ့်မည်နည်းဟု ဆုံးမသော်လည်း ၊ သူတို့သည် အဘ ၏စကား ကို နား မ ထောင်ကြ။ အကြောင်း မူကား၊ ထာဝရဘုရား သည် ကွပ်မျက် ခြင်းငှါ အလို ရှိတော်မူ၏။
Kama mtu akifanya dhambi dhidi ya mtu mwenzake, mtu mwingine aweza kumwombea kwa Mungu, lakini kama mtu akimfanyia Mungu dhambi, ni nani atakayemwombea?” Hata hivyo wanawe hawakusikia maonyo ya baba yao, kwa sababu Bwana alitaka kuwaua.
26 ၂၆ သူငယ် ရှမွေလ သည် ကြီးပွား ၍၊ ထာဝရဘုရား ရှေ့ ၊ လူ တို့ရှေ့ ၌ မျက်နှာ ရလေ၏။
Naye kijana Samweli akaendelea kukua katika kimo, akimpendeza Bwana na wanadamu.
27 ၂၇ ဘုရား သခင်၏ လူ တယောက်သည် ဧလိ ထံသို့ လာ ၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အဲဂုတ္တု ပြည်၊ ဖာရော ဘုရင်ထံ၌ နေရသော သင့် အဘ ၏ အမျိုး အား ငါထင်ရှား သည် မဟုတ်လော။
Basi mtu wa Mungu akaja kwa Eli na kumwambia, “Hivi ndivyo asemavyo Bwana: ‘Je, sikujifunua waziwazi kwa nyumba ya baba yako wakati walikuwa huko Misri chini ya Farao?
28 ၂၈ ငါ ၏ ယဇ် ပလ္လင်ပေါ် မှာ ပူဇော် ခြင်း၊ နံ့သာပေါင်း ကို မီး ရှို့ခြင်း၊ ငါ့ ရှေ့ မှာ သင်တိုင်း ကို ဝတ် ခြင်း အမှုကို စောင့်ရသောငါ ၏ ယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှါ ၊ သူ့ ကို ဣသရေလ အမျိုး အပေါင်း တို့ အထဲက ငါရွေးကောက် သည် မဟုတ်လော။ ဣသရေလ အမျိုးသား တို့သည် မီး ဖြင့်ပြုသောပူဇော်သက္ကာ ရှိသမျှ တို့ကို၊ သင့် အဘ ၏ အမျိုး အား ငါပေး သည်မဟုတ်လော။
Nilimchagua baba yako kati ya makabila yote ya Israeli kuwa kuhani wangu, kukwea kwenye madhabahu yangu, kufukiza uvumba na kuvaa kisibau mbele yangu. Pia niliwapa nyumba ya baba yako sadaka zote zilizotolewa kwa moto na Waisraeli.
29 ၂၉ ငါ့အိမ်၌ ငါစီရင်သောယဇ်၊ ငါ့ ပူဇော် သက္ကာကို အဘယ်ကြောင့် ခြေနှင့်ကန် သနည်း။ ငါ ၏လူ ဣသရေလ အမျိုးသားတင်လှူသော ပူဇော် သက္ကာရှိသမျှ တို့တွင်၊ အမြတ် ဆုံးသော အရာကို ဝစွာစား စေ၍၊ သင် ၏သား တို့ကို ငါ့ အပေါ်မှာ အဘယ်ကြောင့်ချီးမြှောက် သနည်း။
Kwa nini unadharau dhabihu zangu na sadaka zile nilizoziamuru kwa ajili ya makao yangu? Kwa nini unawaheshimu wanao kuliko mimi kwa kujinenepesha wenyewe kwa kula sehemu zilizo bora za kila sadaka zinazotolewa na watu wangu wa Israeli?’
30 ၃၀ ထိုသို့ပြုသောကြောင့်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် အမျိုး ၊ သင့် အဘ ၏အမျိုး သည် ငါ့ ရှေ့ မှာအစဉ် သွား လာရလိမ့်မည်ဟု ငါဆို မိသော်လည်း၊ တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုဂတိသည် ငါ နှင့် ဝေး ပါစေ။ ငါ့ ကို ချီးမြှောက် သောသူတို့ ကို ငါချီးမြှောက် မည်။ ငါ့ ကို မထီမဲ့မြင် ပြုသောသူတို့ သည် ဂုဏ်သရေပျက် ရကြလိမ့်မည်။
“Kwa hiyo, Bwana, Mungu wa Israeli asema: ‘Niliahidi kuwa nyumba yako na nyumba ya baba yako wangehudumu mbele zangu milele.’ Lakini sasa Bwana anasema: ‘Jambo hili na liwe mbali nami! Wale wanaoniheshimu nitawaheshimu, wale wanaonidharau mimi watadharauliwa.
31 ၃၁ သင် ၏ အမျိုး တွင် အို သောသူတယောက်မျှ မ ရှိ စေခြင်းငှါ၊ သင် ၏ လက်ရုံး နှင့် သင့် အဆွေ အမျိုး၏ လက်ရုံး ကို ငါဖြတ် သော အချိန် ကာလရောက် လိမ့်မည်။
Wakati unakuja nitakapozipunguza nguvu zenu na nguvu ya nyumba ya baba yenu, ili pasiwepo mtu katika mbari yenu atakayeishi kuuona uzee
32 ၃၂ ဣသရေလ အမျိုးအား ငါပေးသော စည်းစိမ်ရှိရာ အိမ် ပေါ်မှာ ဘေး ဥပဒ်ရောက်ကြောင်းကို သင် မြင် ရလိမ့်မည်။ သင် ၏ အမျိုး တွင် အို သောသူတယောက်မျှ အစဉ် မ ရှိ ရ။
nanyi mtaona huzuni katika makao yangu. Ingawa Israeli watafanyiwa mema, katika mbari yenu kamwe hapatakuwepo mtu atakayeishi hadi kuwa mzee.
33 ၃၃ ငါ ၏ယဇ် ပလ္လင်မှ ငါမ ပယ် မဖြတ်သောသင် ၏အမျိုးသားသည်၊ သင့် မျက်စိ ပျက် ၍ စိတ် ကြင်နာ ဘို့ ရာဖြစ်လိမ့်မည်။ သင် ၏ သားစဉ် မြေးဆက်တို့သည် အသက်ပျိုစဉ်ပင် သေ ရကြလိမ့်မည်။
Kila mmoja wenu ambaye sitamkatilia mbali kutoka madhabahuni pangu atabakizwa tu kupofusha macho yenu kwa machozi na kuihuzunisha mioyo yenu, nao wazao wenu wote watakufa watakapokuwa wamefikia umri wa kustawi.
34 ၃၄ သင် ၏သား ဟောဖနိ နှင့် ဖိနဟတ် နှစ် ယောက်တို့၌ ဖြစ် စေ၍၊ သင့် အား ငါပေးသော ပုပ္ပ နိမိတ် ဟူမူကား ၊ ထိုသူ နှစ် ယောက်တို့သည် တနေ့ခြင်း တွင် သေ လိမ့်မည်။
“‘Kile kitakachotokea kwa wanao wawili, Hofni na Finehasi, kitakuwa ishara kwako. Wote wawili watakufa katika siku moja.
35 ၃၅ တဖန် ငါ့ စိတ် နှလုံးအလိုသို့ လိုက်၍ သစ္စာ စောင့်သော ယဇ်ပုရောဟိတ် ကို ငါပေါ်ထွန်း စေမည်။ မြဲ သောအိမ် ကို သူ့ အဘို့ ငါဆောက် ပေးသဖြင့် ၊ သူသည် ငါ့ ထံ၌ ဘိသိက် ခံသောသူရှေ့ မှာ အစဉ် သွား လာရလိမ့်မည်။
Mimi mwenyewe nitajiinulia kuhani mwaminifu, ambaye atafanya sawasawa na kile kilichoko moyoni mwangu na akilini mwangu. Nitaifanya nyumba yake kuwa imara, naye atahudumu mbele ya mpakwa mafuta wangu daima.
36 ၃၆ သင် ၏ အမျိုး ၌ ကျန် ကြွင်းသော သူတိုင်း သူ့ ထံသို့ လာ ၍၊ ကျွန်တော်သည် မုန့် အနည်းငယ် ကို စားရမည် အကြောင်း၊ ယဇ် ပုရောဟိတ်အရာနှင့်ဆိုင်သော အမှုတစုံတခု ၌ ကျွန်တော် ကို စေခိုင်းပါလော့ ဟု ငွေ စ ၊ မုန့် စ ကို ရလိုသောငှါ၊ ရှိခိုးလျက် တောင်းပန်လိမ့်မည်ဟု အမိန့်တော်ကို ပြန်လေ၏။
Kisha kila mmoja aliyeachwa katika mbari yenu atakuja na kusujudu mbele yake kwa ajili ya kipande cha fedha na ganda la mkate akisema, “Niteue katika baadhi ya ofisi ya ukuhani ili niweze kupata chakula.”’”

< ၁ ဓမ္မရာဇဝင် 2 >