< ၁ ဓမ္မရာဇဝင် 2 >
1 ၁ တဖန် ဟန္န သည် ပဌနာ စကားကို မြွက်ဆိုသည်ကား၊ ငါ့ စိတ် နှလုံးသည် ထာဝရဘုရား ကို အမှီပြု ၍ ရွှင်လန်း လျက်၊ ထာဝရဘုရား ကြောင့် ငါ့ ဦးချို မြင့် လျက် ရှိ၏။ ကယ်တင် ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက် ၍၊ ရန်သူ တို့အား ဝါကြွားသောစကားကို ပြောရ၏။
Hannah prayed, and said, “My heart exults in the LORD! My horn is exalted in the LORD. My mouth is enlarged over my enemies, because I rejoice in your salvation.
2 ၂ ထာဝရဘုရား သန့်ရှင်း တော်မူသကဲ့သို့ အဘယ်သူ မျှမ သန့်ရှင်း။ ကိုယ်တော် မှတပါး အခြားသော ဘုရားမရှိ။
There is no one as holy as the LORD, for there is no one besides you, nor is there any rock like our God.
3 ၃ ငါ တို့ ဘုရား သခင်ကဲ့သို့ သော ခိုလှုံစရာမ ရှိ။ ကိုယ့်ကိုကိုယ်မချီးမြှောက် ကြနှင့်။ ဝါကြွား စော်ကားသော စကားကိုမ ပြော ကြနှင့်။ အဓမ္မ စကားကို နှုတ် ထဲက မထွက် စေကြနှင့်။ အကြောင်း မူကား၊ ထာဝရဘုရား သည် သဗ္ဗညုတ ဘုရား ဖြစ်တော်မူ၏။ အမှု အရာတို့ကို ညှိညွှတ် တော်မူ၏။
“Do not keep talking so exceedingly proudly. Do not let arrogance come out of your mouth, for the LORD is a God of knowledge. By him actions are weighed.
4 ၄ သူရဲ တို့ ကိုင်သောလေး များ ကျိုး လျက် ၊ လဲ တတ်သောသူတို့သည် ခွန်အား နှင့် ပြည့်စုံ လျက် ရှိကြ၏။
“The bows of the mighty men are broken. Those who stumbled are armed with strength.
5 ၅ ဝ စွာစားသောသူတို့သည် စားစရာ ကို ရခြင်းငှါ၊ သူငှါး လုပ်ရကြပြီ။ ငတ်မွတ် သောသူတို့ မူကား ၊ တဖန် ဝကြပြီ။ မြုံ သောသူသည် ခုနှစ် ကြိမ်တိုင်အောင် ဘွားမြင် ပြီ။ သား များ သောသူမူကား ၊ တဖန် အားလျော့ ပြီ။
Those who were full have hired themselves out for bread. Those who were hungry are satisfied. Yes, the barren has borne seven. She who has many children languishes.
6 ၆ ထာဝရဘုရား သည် သေ စေသော အခွင့်၊ အသက် ရှင်စေသောအခွင့်၊ မရဏာ နိုင်ငံသို့ နှိမ့်ချ သောအခွင့်၊ ထမြောက် စေသောအခွင့် ရှိတော်မူ၏။ (Sheol )
"The LORD kills and makes alive. He brings down to Sheol (Sheol ) and brings up.
7 ၇ ဆင်းရဲ စေခြင်းငှါ၎င်း ၊ ရ တတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရား ပြု၍၊ နှိမ့်ချ သောအခွင့်၊ ချီးမြှောက် သောအခွင့်ရှိတော်မူ၏။
The LORD makes poor and makes rich. He brings low, he also lifts up.
8 ၈ ဆင်းရဲ သောသူကို မြေမှုန့် ထဲက ၎င်း၊ ငတ်မွတ် သောသူကို နောက်ချေးပုံ ထဲက ၎င်း ချီးမြှောက် ၍၊ မင်းသား တို့နှင့် ထိုင် ရသောအခွင့်၊ ဘုန်း ကြီးသောပလ္လင် ကို အမွေ ခံရသောအခွင့်ကိုပေးတော်မူ၏။ အကြောင်း မူကား၊ မြေကြီး တိုင် တို့ကို ထာဝရဘုရား ပိုင်၍ ထိုတိုင်တို့အပေါ် မှာ လောကဓါတ် ကို တည် တော်မူပြီ။
He raises up the poor out of the dust. He lifts up the needy from the dunghill to make them sit with princes and inherit the throne of glory. For the pillars of the earth are the LORD’s. He has set the world on them.
9 ၉ မိမိ သန့်ရှင်းသူ တို့ခြေ ကို စောင့်မ တော်မူလိမ့်မည်။ မ တရားသောသူတို့သည် မှောင်မိုက် ၌ တိတ်ဆိတ် စွာ နေရကြလိမ့်မည်။ ကိုယ်အစွမ်း သတ္တိအားဖြင့် အဘယ်သူ မျှမ နိုင် ရာ။
He will keep the feet of his holy ones, but the wicked will be put to silence in darkness; for no man will prevail by strength.
10 ၁၀ ထာဝရဘုရား သည် ရန်သူ တို့ကို ချိုးဖဲ့ တော်မူမည်။ သူတို့အပေါ်၌ မိုဃ်း ကောင်းကင်မှ မိုဃ်းချုန်း စေတော်မူမည်။ ထာဝရဘုရား သည် မြေကြီး စွန်း တိုင်အောင်တရား စီရင်သဖြင့်၊ ခန့်ထားတော်မူသောရှင်ဘုရင် ကို ခွန်အား နှင့် ပြည့်စုံစေ၍၊ အထံတော်၌ ဘိသိက် ခံသောသူကို ချီးမြှောက် တော်မူမည်ဟု မြွက်ဆို ၏။
Those who strive with the LORD shall be broken to pieces. He will thunder against them in the sky. “The LORD will judge the ends of the earth. He will give strength to his king, and exalt the horn of his anointed.”
11 ၁၁ ထိုနောက်မှ ၊ ဧလကာန သည် ရာမ မြို့၌ရှိသောမိမိ အိမ် သို့ သွား ၍၊ သူငယ် သည် ယဇ်ပုရောဟိတ် ဧလိ ရှေ့ တွင် အမှု တော်ကို ဆောင်ရွက်လေ၏။
Elkanah went to Ramah to his house. The child served the LORD before Eli the priest.
12 ၁၂ ဧလိ ၏သား တို့သည် ထာဝရဘုရား ကို မ သိ ၊ အဓမ္မ လူဖြစ်ကြ၏။
Now the sons of Eli were wicked men. They did not know the LORD.
13 ၁၃ လူ များတို့တွင် ယဇ်ပုရောဟိတ် ပြုသောထုံးစံ ဟူမူကား ၊ ယဇ် ပူဇော်၍ အမဲသား ကို ပြုတ် စဉ်အခါ ၊ ယဇ်ပုရောဟိတ် ၏ အစေအပါ တယောက်သည်လာ ၍၊ သုံး ချောင်းရှိသောအမဲချိတ် ကို ကိုင်လျက်၊
The custom of the priests with the people was that when anyone offered a sacrifice, the priest’s servant came while the meat was boiling, with a fork of three teeth in his hand;
14 ၁၄ အိုး အစရှိသည်တို့၌ ထိုးခပ် ၍၊ အမဲချိတ် တွင် ပါသမျှ ကို ယဇ် ပုရောဟိတ်သည် သိမ်း ယူတတ်၏။ ရှိလော မြို့သို့ ရောက် လာသောဣသရေလ လူအပေါင်း တို့အား ထိုသို့ ပြု ကြ၏။
and he stabbed it into the pan, or kettle, or cauldron, or pot. The priest took all that the fork brought up for himself. They did this to all the Israelites who came there to Shiloh.
15 ၁၅ ဆီဥ ကို မီး မ ရှို့မှီ၊ ယဇ်ပုရောဟိတ် ၏ အစေအပါ သည်လာ ၍ ၊ ယဇ်ပုရောဟိတ် ဘို့ ကင် စရာအမဲသား ကိုပေး ပါ။ ပြုတ် သောအမဲသား ကိုမ ယူ။ စိမ်း သောအမဲသားကိုသာ ယူမည်ဟု ယဇ် ပူဇော်သောသူအား ဆို တတ်၏။
Yes, before they burned the fat, the priest’s servant came, and said to the man who sacrificed, “Give meat to roast for the priest; for he will not accept boiled meat from you, but raw.”
16 ၁၆ ထိုသူက၊ ဆီဥ ကိုအရင် မီး ရှို့ပါရစေ။ နောက်မှ ယူချင် တိုင်း ယူ ပါဟုဆို လျှင် ၊ မ ဟုတ်ဘူး ယခု ပေး ရမည်။ သို့မဟုတ် အနိုင်ယူ မည်ဟု ပြောဆို တတ်၏။
If the man said to him, “Let the fat be burned first, and then take as much as your soul desires;” then he would say, “No, but you shall give it to me now; and if not, I will take it by force.”
17 ၁၇ ထိုယဇ်ပုရောဟိတ်ပျိုတို့သည်၊ ထာဝရဘုရား ဝတ် ကို လူ များ ရွံ စရာပြုသောကြောင့် ၊ ရှေ့ တော်၌ အလွန် အပြစ် ကြီး သောသူဖြစ် ကြ၏။
The sin of the young men was very great before the LORD; for the men despised the LORD’s offering.
18 ၁၈ သူငယ် ရှမွေလ သည် ပိတ် သင်တိုင်း ကို ဝတ် စည်းလျက်၊ ထာဝရဘုရား ရှေ့ ၌ အမှု တော်ကို ဆောင်ရွက်လေ၏။
But Samuel ministered before the LORD, being a child, clothed with a linen ephod.
19 ၁၉ နှစ်စဉ် ပြုရသော ယဇ်ကို ပူဇော် ခြင်းငှါ ၊ သူ၏ မိဘသည် ရောက် လာသောအခါ ၊ အမိသည် တနှစ် မပြတ်သားအဘို့ အင်္ကျီ ငယ် ကို ချုပ် ၍ ဆောင် ခဲ့တတ်၏။
Moreover his mother made him a little robe, and brought it to him from year to year when she came up with her husband to offer the yearly sacrifice.
20 ၂၀ တရံရောအခါ၊ ဧလိ က၊ သင်သည် ထာဝရဘုရား ၌ ငှါး ထားသော သားအတွက် ၊ ဤ မိန်းမ တွင် အမျိုးအနွယ် ကိုပေး တော်မူပါစေသောဟု ဧလကာန လင်မယား ကို ကောင်းကြီး ပေး၏။ ထိုသူတို့သည် နေရာအိမ် သို့ ပြန် သွားသောနောက်၊
Eli blessed Elkanah and his wife, and said, “May the LORD give you offspring from this woman for the petition which was asked of the LORD.” Then they went to their own home.
21 ၂၁ ထာဝရဘုရား သည် ဟန္န ကို အကြည့် အရှုကြွတော်မူသဖြင့် ၊ သူသည်ပဋိသန္ဓေ ယူ၍ ၊ သား သုံး ယောက်၊ သမီး နှစ် ယောက်တို့ကို ဘွားမြင် လေ၏။ သူငယ် ရှမွေလ သည် ထာဝရဘုရား ရှေ့တော်၌ ကြီးပွား သတည်း။
The LORD visited Hannah, and she conceived and bore three sons and two daughters. The child Samuel grew before the LORD.
22 ၂၂ ဧလိ သည်အသက် အရွယ်လွန်သောအခါ ၊ သူ ၏သား တို့သည် ဣသရေလ လူအပေါင်း တို့၌ ပြု သမျှ ကို၎င်း ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နားမှာ စည်းဝေး သောမိန်းမ နှင့် မှားယွင်း ကြောင်းကို၎င်းကြား သိလျှင်၊
Now Eli was very old; and he heard all that his sons did to all Israel, and how that they slept with the women who served at the door of the Tent of Meeting.
23 ၂၃ သင်တို့သည် အဘယ်ကြောင့် ဤသို့ ပြု ကြသနည်း။ သင် တို့ပြုသောဒုစရိုက် တို့ကို လူ အပေါင်း တို့သည် ပြော၍ ငါ ကြား ရ၏။
He said to them, “Why do you do such things? For I hear of your evil dealings from all these people.
24 ၂၄ မ ကောင်းဘူးငါ့ သား တို့။ ငါ ကြား သော သိတင်း သည် ကောင်း သော သိတင်းမ ဟုတ်။ ထာဝရဘုရား ၏ လူ တို့သည် ပြစ်မှားရမည်အကြောင်း၊ သင်တို့ပြုကြသည်တကား။
No, my sons; for it is not a good report that I hear! You make the LORD’s people disobey.
25 ၂၅ လူ ချင်းတယောက်ကို တယောက်ပြစ်မှား လျှင် ၊ တရားသူကြီးစစ်ကြောစီရင်ရ၏။ လူ သည် ထာဝရဘုရား ကို ပြစ်မှား လျှင် ၊ သူ့ အတွက် အဘယ်သူ တောင်းပန် လိမ့်မည်နည်းဟု ဆုံးမသော်လည်း ၊ သူတို့သည် အဘ ၏စကား ကို နား မ ထောင်ကြ။ အကြောင်း မူကား၊ ထာဝရဘုရား သည် ကွပ်မျက် ခြင်းငှါ အလို ရှိတော်မူ၏။
If one man sins against another, God will judge him; but if a man sins against the LORD, who will intercede for him?” Notwithstanding, they did not listen to the voice of their father, because the LORD intended to kill them.
26 ၂၆ သူငယ် ရှမွေလ သည် ကြီးပွား ၍၊ ထာဝရဘုရား ရှေ့ ၊ လူ တို့ရှေ့ ၌ မျက်နှာ ရလေ၏။
The child Samuel grew on, and increased in favor both with the LORD and also with men.
27 ၂၇ ဘုရား သခင်၏ လူ တယောက်သည် ဧလိ ထံသို့ လာ ၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အဲဂုတ္တု ပြည်၊ ဖာရော ဘုရင်ထံ၌ နေရသော သင့် အဘ ၏ အမျိုး အား ငါထင်ရှား သည် မဟုတ်လော။
A man of God came to Eli and said to him, “The LORD says, ‘Did I reveal myself to the house of your father when they were in Egypt in bondage to Pharaoh’s house?
28 ၂၈ ငါ ၏ ယဇ် ပလ္လင်ပေါ် မှာ ပူဇော် ခြင်း၊ နံ့သာပေါင်း ကို မီး ရှို့ခြင်း၊ ငါ့ ရှေ့ မှာ သင်တိုင်း ကို ဝတ် ခြင်း အမှုကို စောင့်ရသောငါ ၏ ယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှါ ၊ သူ့ ကို ဣသရေလ အမျိုး အပေါင်း တို့ အထဲက ငါရွေးကောက် သည် မဟုတ်လော။ ဣသရေလ အမျိုးသား တို့သည် မီး ဖြင့်ပြုသောပူဇော်သက္ကာ ရှိသမျှ တို့ကို၊ သင့် အဘ ၏ အမျိုး အား ငါပေး သည်မဟုတ်လော။
Did not I choose him out of all the tribes of Israel to be my priest, to go up to my altar, to burn incense, to wear an ephod before me? Did not I give to the house of your father all the offerings of the children of Israel made by fire?
29 ၂၉ ငါ့အိမ်၌ ငါစီရင်သောယဇ်၊ ငါ့ ပူဇော် သက္ကာကို အဘယ်ကြောင့် ခြေနှင့်ကန် သနည်း။ ငါ ၏လူ ဣသရေလ အမျိုးသားတင်လှူသော ပူဇော် သက္ကာရှိသမျှ တို့တွင်၊ အမြတ် ဆုံးသော အရာကို ဝစွာစား စေ၍၊ သင် ၏သား တို့ကို ငါ့ အပေါ်မှာ အဘယ်ကြောင့်ချီးမြှောက် သနည်း။
Why do you kick at my sacrifice and at my offering, which I have commanded in my habitation, and honor your sons above me, to make yourselves fat with the best of all the offerings of Israel my people?’
30 ၃၀ ထိုသို့ပြုသောကြောင့်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် အမျိုး ၊ သင့် အဘ ၏အမျိုး သည် ငါ့ ရှေ့ မှာအစဉ် သွား လာရလိမ့်မည်ဟု ငါဆို မိသော်လည်း၊ တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုဂတိသည် ငါ နှင့် ဝေး ပါစေ။ ငါ့ ကို ချီးမြှောက် သောသူတို့ ကို ငါချီးမြှောက် မည်။ ငါ့ ကို မထီမဲ့မြင် ပြုသောသူတို့ သည် ဂုဏ်သရေပျက် ရကြလိမ့်မည်။
“Therefore the LORD, the God of Israel, says, ‘I said indeed that your house and the house of your father should walk before me forever.’ But now the LORD says, ‘Far be it from me; for those who honor me I will honor, and those who despise me will be cursed.
31 ၃၁ သင် ၏ အမျိုး တွင် အို သောသူတယောက်မျှ မ ရှိ စေခြင်းငှါ၊ သင် ၏ လက်ရုံး နှင့် သင့် အဆွေ အမျိုး၏ လက်ရုံး ကို ငါဖြတ် သော အချိန် ကာလရောက် လိမ့်မည်။
Behold, the days come that I will cut off your arm and the arm of your father’s house, that there will not be an old man in your house.
32 ၃၂ ဣသရေလ အမျိုးအား ငါပေးသော စည်းစိမ်ရှိရာ အိမ် ပေါ်မှာ ဘေး ဥပဒ်ရောက်ကြောင်းကို သင် မြင် ရလိမ့်မည်။ သင် ၏ အမျိုး တွင် အို သောသူတယောက်မျှ အစဉ် မ ရှိ ရ။
You will see the affliction of my habitation, in all the wealth which I will give Israel. There shall not be an old man in your house forever.
33 ၃၃ ငါ ၏ယဇ် ပလ္လင်မှ ငါမ ပယ် မဖြတ်သောသင် ၏အမျိုးသားသည်၊ သင့် မျက်စိ ပျက် ၍ စိတ် ကြင်နာ ဘို့ ရာဖြစ်လိမ့်မည်။ သင် ၏ သားစဉ် မြေးဆက်တို့သည် အသက်ပျိုစဉ်ပင် သေ ရကြလိမ့်မည်။
The man of yours whom I do not cut off from my altar will consume your eyes and grieve your heart. All the increase of your house will die in the flower of their age.
34 ၃၄ သင် ၏သား ဟောဖနိ နှင့် ဖိနဟတ် နှစ် ယောက်တို့၌ ဖြစ် စေ၍၊ သင့် အား ငါပေးသော ပုပ္ပ နိမိတ် ဟူမူကား ၊ ထိုသူ နှစ် ယောက်တို့သည် တနေ့ခြင်း တွင် သေ လိမ့်မည်။
This will be the sign to you that will come on your two sons, on Hophni and Phinehas: in one day they will both die.
35 ၃၅ တဖန် ငါ့ စိတ် နှလုံးအလိုသို့ လိုက်၍ သစ္စာ စောင့်သော ယဇ်ပုရောဟိတ် ကို ငါပေါ်ထွန်း စေမည်။ မြဲ သောအိမ် ကို သူ့ အဘို့ ငါဆောက် ပေးသဖြင့် ၊ သူသည် ငါ့ ထံ၌ ဘိသိက် ခံသောသူရှေ့ မှာ အစဉ် သွား လာရလိမ့်မည်။
I will raise up a faithful priest for myself who will do according to that which is in my heart and in my mind. I will build him a sure house. He will walk before my anointed forever.
36 ၃၆ သင် ၏ အမျိုး ၌ ကျန် ကြွင်းသော သူတိုင်း သူ့ ထံသို့ လာ ၍၊ ကျွန်တော်သည် မုန့် အနည်းငယ် ကို စားရမည် အကြောင်း၊ ယဇ် ပုရောဟိတ်အရာနှင့်ဆိုင်သော အမှုတစုံတခု ၌ ကျွန်တော် ကို စေခိုင်းပါလော့ ဟု ငွေ စ ၊ မုန့် စ ကို ရလိုသောငှါ၊ ရှိခိုးလျက် တောင်းပန်လိမ့်မည်ဟု အမိန့်တော်ကို ပြန်လေ၏။
It will happen that everyone who is left in your house will come and bow down to him for a piece of silver and a loaf of bread, and will say, “Please put me into one of the priests’ offices, that I may eat a morsel of bread.”’”