< ၁ ဓမ္မရာဇဝင် 18 >

1 ထိုသို့ လျှောက် ပြီး သည်နောက်၊ ရှောလု၏ သားယောနသန် စိတ် နှလုံးသည် ဒါဝိဒ် စိတ် နှလုံးနှင့် စွဲကပ် လျက် ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ် လေ၏။
After David had finished speaking with Saul, the souls of Jonathan and David were knit together, and Jonathan loved him as himself.
2 ထို နေ့၌ ရှောလု သည် ဒါဝိဒ်ကို သိမ်းဆည်း ၍ သူ့ အဘ ၏အိမ် သို့ နောက်တဖန် သွားနေရသော အခွင့် ကိုပေး တော်မ မူ။
And from that day Saul kept David with him and did not let him return to his father’s house.
3 ယောနသန် သည်လည်း ၊ ဒါဝိဒ် ကို ကိုယ် နှင့်အမျှ ချစ် သောကြောင့် သူနှင့်အတူမိဿဟာယ ဖွဲ့ပြီးလျှင်၊
Then Jonathan made a covenant with David because he loved him as himself.
4 မိမိ ဝတ်သော ဝတ်လုံ ကို ချွတ် ၍ မိမိ အဝတ် တန်ဆာများနှင့် ထား ၊ လေး ၊ ခါးစည်း တို့ကိုပင် ဒါဝိဒ် အား ပေး လေ၏။
And Jonathan removed the robe he was wearing and gave it to David, along with his tunic, his sword, his bow, and his belt.
5 ဒါဝိဒ် သည် ရှောလု စေခိုင်း သမျှ ကို သွား ၍ သတိ ပညာနှင့်ပြုမူသောကြောင့် ၊ စစ်သူရဲ အုပ်အရာ၌ ခန့် ထားတော်မူသဖြင့် ၊ ဒါဝိဒ်သည် ကျွန် တော်မျိုးမှစ၍လူ အပေါင်း တို့တွင် မျက်နှာ ရ၏။
So David marched out and prospered in everything Saul sent him to do, and Saul set him over the men of war. And this was pleasing in the sight of all the people, and of Saul’s officers as well.
6 ဒါဝိဒ် သည် ဖိလိတ္တိ လူကို သတ် ပြီးမှပြန် လာ၍၊ ရောက်လေရာရာ၌ မိန်းမ များတို့သည် ရှောလု မင်းကြီး ကို ခရီးဦးကြို ပြုအံ့သောငှါ ရွှင်လန်း သောစိတ်နှင့် သီချင်း ဆိုလျက် ၊ က လျက်၊ ပတ်သာ အစရှိ သည်တို့ကို တီးလျက်၊ ဣသရေလ မြို့ ရွာများထဲက ထွက် လာသဖြင့်၊
As the troops were returning home after David had killed the Philistine, the women came out of all the cities of Israel to meet King Saul with singing and dancing, with joyful songs, and with tambourines and other instruments.
7 ရှောလု အထောင်ထောင် ၊ ဒါဝိဒ် အသောင်းသောင်း သတ် လေစွတကားဟု အလှည့်လှည့် သီချင်း ဆိုကြ၏။
And as the women danced, they sang out: “Saul has slain his thousands, and David his tens of thousands.”
8 ရှောလု က၊ သူတို့သည် ဒါဝိဒ် အား အသောင်းသောင်း ၊ ငါ့ အား အထောင်ထောင် သာ ပေး ကြပြီ။ နိုင်ငံ တော်မှတပါး အဘယ်အရာကို ပေးနိုင်သေးသနည်းဟု အလွန် အမျက် ထွက်၍ ထို စကား ကြောင့် စိတ်ပျက် လေ၏။
And Saul was furious and resented this song. “They have ascribed tens of thousands to David,” he said, “but only thousands to me. What more can he have but the kingdom?”
9 ထို နေ့မှစ၍ ဒါဝိဒ် ကို အစဉ်ချောင်းမြောင်း လျက် နေ ၏။
And from that day forward Saul kept a jealous eye on David.
10 ၁၀ နက်ဖြန် နေ့ထာဝရဘုရား ထံတော်က၊ ဆိုး သောဝိညာဉ် သည် ရှောလု အပေါ် မှာရောက် သဖြင့် ၊ ရှောလု သည် နန်းတော် အလယ် ၌ ပရောဖက် ပြုသောကြောင့် ၊ ဒါဝိဒ် သည် အရင်ကဲ့သို့ စောင်းတီး လေ၏။ ရှောလု သည် လှံ တိုကို ကိုင်လျက်ရှိ၍၊
The next day a spirit of distress sent from God came upon Saul, and he prophesied inside the house while David played the harp as usual. Now Saul was holding a spear,
11 ၁၁ ဒါဝိဒ် ကို ထရံ နားမှာထိုး မည်ဟု အကြံရှိသည်အတိုင်း လှံ တိုကို ထိုးပစ်သော်လည်း၊ ဒါဝိဒ် သည် အထံတော်မှ နှစ် ကြိမ်ရှောင်လွှဲ လေ၏။
and he hurled it, thinking, “I will pin David to the wall.” But David eluded him twice.
12 ၁၂ ထိုသို့ ထာဝရဘုရား သည် ရှောလု ထံမှ ထွက် ၍ ဒါဝိဒ် နှင့်အတူ ရှိ တော်မူသောကြောင့် ၊ ရှောလုသည် ဒါဝိဒ်ကို ကြောက်ရွံ့ သဖြင့်၊
So Saul was afraid of David, because the LORD was with David but had departed from Saul.
13 ၁၃ အထံ တော်မှ ရွှေ့ ၍ လူတထောင် အုပ် အရာကို ပေး ၏။ ဒါဝိဒ်သည် လူ များရှေ့ ၌ ထွက် ဝင် ရ၏။
Therefore Saul sent David away and gave him command of a thousand men. David led the troops out to battle and back,
14 ၁၄ ဒါဝိဒ် သည် အရာရာ ၌ သတိ ပညာနှင့်ပြုမူ၍ သူ နှင့်အတူ ထာဝရဘုရား ရှိ တော်မူ၏။
and he continued to prosper in all his ways, because the LORD was with him.
15 ၁၅ ထိုသို့ အလွန် သတိ ပညာနှင့် ပြုမူသည်ကို ရှောလုသည် မြင် လျှင် သာ၍ကြောက်ရွံ့ လေ၏။
When Saul saw that David was very successful, he was afraid of him.
16 ၁၆ ဣသရေလ အမျိုး၊ ယုဒ အမျိုးသားအပေါင်း တို့သည် ဒါဝိဒ် ကို ချစ် ကြ၏။ အကြောင်း မူကား၊ သူ တို့ ရှေ့ ၌ ဒါဝိဒ်သည် ထွက် ဝင် တတ်၏။
But all Israel and Judah loved David, because he was leading them out to battle and back.
17 ၁၇ တဖန် ရှောလု သည် ဒါဝိဒ် ကို ခေါ်၍ ငါ့ သမီး ကြီး မေရပ် ကို သင့် အား ငါပေးစား မည်။ သင်သည် ငါ့ အဘို့ ရဲရင့် ၍ ထာဝရဘုရား အဘို့ စစ်တိုက် ခြင်းကိုသာ ပြုလော့ဟု မိန့် တော်မူ၏။ အကြောင်း မူကား၊ ငါ့ လက် သည် သူ့ အပေါ် သို့ မ ရောက် စေနှင့်။ ဖိလိတ္တိ လူတို့ လက် သည် ရောက် ပါစေသောဟု ရှောလု အကြံရှိ၏။
Then Saul said to David, “Here is my older daughter Merab. I will give her to you in marriage. Only be valiant for me and fight the LORD’s battles.” But Saul was thinking, “I need not raise my hand against him; let the hand of the Philistines be against him.”
18 ၁၈ ဒါဝိဒ် ကလည်း ၊ ကျွန်တော်သည် ရှင်ဘုရင် ၏ သမက် တော်ဖြစ် ရပါမည်အကြောင်း အဘယ်သို့ သောသူဖြစ်ပါသနည်း။ ကျွန်တော် အသက် နှင့် ကျွန်တော်အဆွေအမျိုး သည်၊ ဣသရေလ နိုင်ငံ၌ အဘယ်သို့ မြတ်ပါသနည်းဟု ရှောလု အား လျှောက် ၏။
And David said to Saul, “Who am I, and what is my family or my father’s clan in Israel, that I should become the son-in-law of the king?”
19 ၁၉ သို့ရာတွင် ၊ ရှောလု ၏သမီး မေရပ် ကို ဒါဝိဒ် အား ပေးစား ရသောအချိန် ရောက် သောအခါ ၊ မေဟောလသိ အမျိုး အဒြေလ အား ပေးစား လေ၏။
So when it was time to give Saul’s daughter Merab to David, she was given in marriage to Adriel of Meholah.
20 ၂၀ တဖန် ရှောလု သမီး မိခါလ သည် ဒါဝိဒ် ကို ချစ် ၏။ ထိုအကြောင်းကို လျှောက် သောအခါ ၊ ရှောလု သည် အားရ လျက်၊
Now Saul’s daughter Michal loved David, and when this was reported to Saul, it pleased him.
21 ၂၁ ငါ့သမီးသည် ဒါဝိဒ်ကိုကျော့မိ ၍ ဖိလိတ္တိ လူတို့ လက် သို့ ရောက် စေခြင်းငှါ ပေးစား မည်ဟု အကြံ ရှိ၏။
“I will give her to David,” Saul thought, “so that she may be a snare to him, and the hand of the Philistines may be against him.” So Saul said to David, “For a second time now you can be my son-in-law.”
22 ၂၂ နန်းတော် သားအချို့ကို ခေါ်၍၊ သင်တို့သည် ဒါဝိဒ် နှင့် တိတ်ဆိတ် စွာ စကား ပြောရမည်မှာ၊ ရှင် ဘုရင်သည် သင့် ကို စုံမက် ၍ ၊ ရှင်ဘုရင်၏ ကျွန် အပေါင်း တို့သည်လည်း ချစ် ကြ၏။ သို့ဖြစ်၍ ရှင်ဘုရင် ၏ သမက် တော်ဖြစ်ကောင်းပါ၏ဟု မှာ ထားသည်အတိုင်း၊
Then Saul ordered his servants, “Speak to David privately and tell him, ‘Behold, the king is pleased with you, and all his servants love you. Now therefore, become his son-in-law.’”
23 ၂၃ ရှောလု ၏ ကျွန် တို့သည် ဒါဝိဒ် အား ပြော ကြ၏။ ဒါဝိဒ် ကလည်း ၊ ကျွန်ုပ် သည် အသရေ မရှိသော ဆင်းရဲသား ဖြစ်လျက်နှင့် ရှင်ဘုရင် ၏ သမက် တော်လုပ်ရသောအမှုသည် သာမည အမှု ထင် သလောဟုပြောဆို၏။
But when Saul’s servants relayed these words to David, he replied, “Does it seem trivial in your sight to be the son-in-law of the king? I am a poor man and lightly esteemed.”
24 ၂၄ ရှောလု ကျွန် တို့ကလည်း ၊ ဒါဝိဒ် သည် ဤသို့ ပြောဆို ပါသည်ဟု လျှောက် လျှင်၊
And the servants told Saul what David had said.
25 ၂၅ သင်တို့သည် တဖန် ပြော ရမည်မှာ၊ ရှင် ဘုရင်သည် ရန်သူ တို့၌ စိတ် တော်ပြေမည်အကြောင်း ၊ ဖိလိတ္တိ လူတို့၏ အရေဖျား တရာ မှ တပါးအခြားသော လက်ဖွဲ့ ရာကို အလို တော်မ ရှိဟု မှာ ထား၏။ သို့ရာတွင် ဒါဝိဒ် ကို ဖိလိတ္တိ လူတို့လက် ဖြင့် ဆုံး စေမည်ဟု ရှောလု အကြံ ရှိ၏။
Saul replied, “Say to David, ‘The king desires no other dowry but a hundred Philistine foreskins as revenge on his enemies.’” But Saul intended to cause David’s death at the hands of the Philistines.
26 ၂၆ ရှောလု ကျွန် တို့သည် ထိုစကားကို ဒါဝိဒ် အား ပြန်ပြော သောအခါ ၊ ဒါဝိဒ် သည် ရှင်ဘုရင် ၏ သမက် တော်ဖြစ်ခြင်းငှါ အလို ရှိ၏။ ထို့ကြောင့်ချိန်းချက်သော အချိန်မ စေ့ မှီထ ၍၊
When the servants reported these terms to David, he was pleased to become the king’s son-in-law. Before the wedding day arrived,
27 ၂၇ မိမိ လူ တို့နှင့်အတူ သွား သဖြင့် ၊ ဖိလိတ္တိ လူနှစ် ရာတို့ကိုသတ် ပြီးမှ ၊ ရှင်ဘုရင် ၏ သမက် တော် ဖြစ်လိုသောငှါ ၊ သူ တို့အရေဖျား များကို ယူ ခဲ့၍ ၊ စုံလင် သော အရေအတွက်အားဖြင့်ရှင်ဘုရင်အား ဆက် လေ၏။ ရှောလု သည်လည်း သမီး တော်မိခါလ ကို ပေးစား ရ၏။
David and his men went out and killed two hundred Philistines. He brought their foreskins and presented them as payment in full to become the king’s son-in-law. Then Saul gave his daughter Michal to David in marriage.
28 ၂၈ ထာဝရဘုရား သည် ဒါဝိဒ် နှင့်အတူ ရှိတော်မူကြောင်း ကို၎င်း၊ မိမိသမီး သည် ချစ် ကြောင်းကို၎င်း၊ ရှောလု သည် မြင် ၍၊
When Saul realized that the LORD was with David and that his daughter Michal loved David,
29 ၂၉ ကြောက်ရွံ့ သောစိတ် စွဲလမ်းလျက် အစဉ် အမြဲရန်ငြိုး ဖွဲ့လေ၏။
he grew even more afraid of David. So from then on Saul was David’s enemy.
30 ၃၀ တဖန် ဖိလိတ္တိ မင်း တို့သည် ချီ သွားကြ၏။ ချီသွားကြသည်နောက် ဒါဝိဒ် သည် ရှောလု ၏ ကျွန် အပေါင်း တို့ထက် သာ၍သတိ ပညာနှင့် ပြုမူသဖြင့် အလွန် ဂုဏ်အသရေနှင့် ပြည့်စုံ၏။
Every time the Philistine commanders came out for battle, David was more successful than all of Saul’s officers, so that his name was highly esteemed.

< ၁ ဓမ္မရာဇဝင် 18 >