< ၁ ဓမ္မရာဇဝင် 17 >
1 ၁ ဖိလိတ္တိ လူတို့သည် ဗိုလ်ခြေ များကို နှိုးဆော်၍ ယုဒ ခရိုင် ရှောခေါ မြို့၌ စုဝေး သဖြင့် ၊ ရှောခေါ မြို့နှင့် အဇေကာ မြို့စပ်ကြား ဒမိမ် အရပ်မှာ တပ်ချ ကြ၏။
És összegyűjték a Filiszteusok seregeiket a harczra, és összegyűlének Sokónál, mely Júdában van, és táborozának Sokó és Azéka között, Efes-Dammimnál.
2 ၂ ရှောလု နှင့် ဣသရေလ လူ တို့သည် စုဝေး ၍ ဧလာချိုင့် နားမှာ တပ်ချ ၍ ဖိလိတ္တိ လူတို့ကို တိုက် မည်ဟု စစ်ခင်းကျင်း ကြ၏။
Saul és az Izráeliták pedig összegyűlének, és tábort ütének az Elah völgyében; és csatarendbe állának a Filiszteusok ellen.
3 ၃ ဖိလိတ္တိ လူအချို့တို့သည် ချိုင့်တစ်ဘက်၌ တောင် ပေါ် မှာရပ် လျက်၊ ဣသရေလ လူအချို့တို့သည် ချိုင့် တစ်ဘက် ၌ တောင် ပေါ် မှာ ရပ် လျက်ရှိကြ၏။
És a Filiszteusok a hegyen állottak innen, az Izráeliták pedig a hegyen állottak túlfelől, úgy hogy a völgy közöttük vala.
4 ၄ ခြောက် တောင် နှင့် တထွာ အရပ် မြင့်သော ဂါသ မြို့သားဂေါလျတ် အမည် ရှိသောသူရဲသည် ဖိလိတ္တိ တပ် ထဲက ထွက် လာ၏။
És kijöve a Filiszteusok táborából egy bajnok férfiú, a kit Góliáthnak hívtak, Gáth városából való, kinek magassága hat sing és egy arasz vala.
5 ၅ သူသည် ခေါင်း ပေါ် မှာ ကြေးဝါ ခမောက်လုံး ကို ဆောင်း၍ အခွက်ငါးဆယ်အချိန် ရှိသောကြေးဝါချပ်အင်္ကျီကို ဝတ် ၏။
Fején rézsisak vala és pikkelyes pánczélba volt öltözve; a pánczél súlya pedig ötezer rézsiklusnyi vala.
6 ၆ ကြေးဝါ ခြေ စွပ်ကို စွပ်လျက် ပခုံး ကြား မှာ ကြေးဝါ ကိဒုန် လက်နက်ကို ဆွဲလျက်ရှိ၏။
Lábán réz lábpánczél és vállain rézpaizs volt.
7 ၇ လှံ ရိုး ကား ရက်ကန်း လက်လိပ်နှင့်အမျှ ကြီး၏။ လှံ ကိုယ်ကား သံ ခြောက် ပိဿာ အချိန်ရှိ၏။ သူ့ ရှေ့ မှာ ဒိုင်း လွှားကို ဆောင် သောသူတယောက်သည် သွား ရ၏။
És dárdájának nyele olyan volt, mint a takácsok zugolyfája, dárdájának hegye pedig hatszáz siklusnyi vasból volt; és előtte megy vala, ki a paizst hordozza vala.
8 ၈ ထိုသူရဲသည် ရပ် လျက် သင်တို့သည် စစ် ပြိုင်ခြင်းငှါ အဘယ်ကြောင့် ထွက် လာကြသနည်း။ ငါ သည် ဖိလိတ္တိ လူ၊ သင် တို့သည် ရှောလု ၏ ကျွန် ဖြစ်ကြသည် မ ဟုတ်လော။ လူ တယောက်ကို ရွေးကောက် ၍ ငါ နှင့်တိုက်ခြင်းငှါလာ ပါစေ။
És megállván, kiálta Izráel csatarendjeinek, és monda nékik: Miért jöttetek ki, hogy harczra készüljetek? Avagy nem Filiszteus vagyok-é én és ti Saul szolgái? Válaszszatok azért magatok közül egy embert, és jőjjön le hozzám.
9 ၉ သူသည် ငါ့ ကို တိုက် ၍ သတ် နိုင် လျှင် ငါတို့သည် သင် တို့၏ ကျွန် ခံ မည်။ သို့မဟုတ်ထိုသူ ကို ငါ နိုင် ၍ သတ် လျှင် ၊ သင်တို့သည် ငါ တို့၏ ကျွန် ခံ ၍ ငါ တို့အမှု ကို ဆောင်ရွက်ရကြမည်ဟု ဣသရေလ ဗိုလ်ခြေ တို့ကို ဟစ် ၍ ပြော ဆို၏။
Ha azután meg bír velem vívni és engem legyőz: akkor mi a ti szolgáitok leszünk; ha pedig én győzöm le őt és megölöm: akkor ti legyetek a mi szolgáink, hogy szolgáljatok nékünk.
10 ၁၀ တဖန် ထိုဖိလိတ္တိ လူက၊ ဣသရေလ ဗိုလ်ခြေ တို့ကို ယနေ့ ငါ ကြိမ်းပ ၏။ လူချင်းတိုက် စေခြင်းငှါလူ တယောက်ကို ပေး ကြလော့ဟု ဆို ၏။
Monda továbbá a Filiszteus: Én gyalázattal illetém a mai napon Izráel seregét, állítsatok azért ki ellenem egy embert, hogy megvívjunk egymással.
11 ၁၁ ဖိလိတ္တိ လူပြောသော ထို စကား ကို ရှောလု နှင့် ဣသရေလ လူအပေါင်း တို့သည် ကြား လျှင် စိတ်ပျက် ၍ အလွန် ကြောက်ရွံ့ ကြ၏။
Mikor pedig meghallotta Saul és az egész Izráel a Filiszteusnak ezt a beszédét, megrettenének és igen félnek vala.
12 ၁၂ ယုဒ ပြည်၊ ဗက်လင် မြို့၊ ဧဖရတ် အရပ်သားဖြစ်သော ဒါဝိဒ် ၏ အဘယေရှဲ သည် သား ရှစ် ယောက် ရှိ၏။ ရှောလု လက်ထက် ၌ ထိုသူသည် အသက် ကြီးသောသူ ၏ အရာရှိ၏။
És Dávid, Júda városából, Bethlehemből való amaz Efratita embernek volt a fia, a kit Isainak hívtak, a kinek nyolcz fia volt, és e férfiú a Saul idejében vén ember vala, emberek közt korban előhaladt.
13 ၁၃ ယေရှဲ ၏သား တို့တွင် အသက် အကြီးဆုံး သောသူ သုံး ယောက်တို့သည် စစ်မှု ကို ထမ်း၍ ရှောလု နောက် သို့ လိုက် ကြ၏။ သူတို့အမည် ကား သားဦး ဧလျာဘ ၊ ဒုတိယ သားအဘိနဒပ် ၊ တတိယ သားရှိမာ တည်း။
És Isainak három idősebbik fia Saullal elment a háborúba. Az ő három fiának pedig, a kik a háborúba menének, ezek valának neveik: az idősebbik Eliáb, a második Abinádáb és a harmadik Samma.
14 ၁၄ ဒါဝိဒ် သည် အငယ်ဆုံး သော သားဖြစ်၏။ သားကြီး သုံး ယောက်တို့သည် ရှောလု နောက် တော်သို့ လိုက် ကြသော်လည်း၊
És Dávid volt a legkisebbik. Mikor pedig a három idősebb elment Saul után:
15 ၁၅ ဒါဝိဒ် သည် မလိုက်၊ ဗက်လင် မြို့မှာ မိမိ အဘ ၏ သိုး တို့ကို ထိန်းကျောင်း ခြင်းငှါ ပြန် သွားလေ၏။
Dávid elméne és visszatére Saultól, hogy atyjának juhait őrizze Bethlehemben.
16 ၁၆ ဖိလိတ္တိ လူသည် အရက် လေး ဆယ်ပတ်လုံး၊ နံနက် တခါ၊ ညဦး တခါ ချဉ်းကပ် ၍ ကိုယ်ကို ပြ ၏။
A Filiszteus pedig előjön vala reggel és estve, és kiáll vala negyven napon át.
17 ၁၇ ထိုအခါ ယေရှဲ သည် မိမိ သား ဒါဝိဒ် ကို ခေါ်၍၊ သင့် အစ်ကို တို့အဘို့ ဤ ပေါက်ပေါက် တဧဖာ နှင့် ဤ မုန့် ဆယ် လုံးတို့ကို ယူ ၍ အစ်ကို တို့ရှိရာတပ် တော်သို့ ပြေး သွားလော့။
És monda Isai az ő fiának, Dávidnak: Vedd testvéreid számára ezt az efa pergelt búzát és ezt a tíz kenyeret, és sietve vidd el a táborba testvéreidhez.
18 ၁၈ ဤ ဒိန်ခဲ ဆယ် လုံးကိုလည်း ယူ ၍ သူတို့တပ်မှူး အား ဆက်လော့။ သင့် အစ်ကို တို့သည် ကျန်းမာ ခြင်း ရှိသည် မရှိသည်ကို ကြည့်ရှု ပြီးမှ ၊ သူ တို့ထံမှာသက်သေ တစုံတခုကို ခံယူ လော့ဟုမှာ လိုက်လေ၏။
Ezt a tíz sajtot pedig vidd el az ezredesnek, és látogasd meg testvéreidet, hogy jól vannak-é, és hozz tőlük jelt.
19 ၁၉ ထိုကာလ၌ ရှောလု မှစ၍ ဒါဝိဒ်အစ်ကိုတို့နှင့် ဣသရေလ လူ အပေါင်း တို့သည် ဧလာချိုင့် မှာ ဖိလိတ္တိ လူတို့ကို စစ်တိုက် လျက် ရှိကြ၏။
Saul pedig azokkal együtt és az egész Izráel az Elah völgyében valának, hogy harczolnának a Filiszteusok ellen.
20 ၂၀ ဒါဝိဒ် သည် နံနက် စောစောထ ၍ သိုး တို့ကို သိုးထိန်း ၌ အပ် ပြီးလျှင် ၊ အဘမှာ လိုက်သည် အတိုင်း စားစရာကိုယူသွား၍၊ ရိက္ခါလှည်းထားရာသို့ ရောက် သောအခါ၊
Felkele azért Dávid korán reggel, és a nyájat egy pásztorra bízván, felvette a terhet és elment, a mint meghagyta néki Isai; és eljutott a tábor kerítéséhez; a sereg pedig, mely kivonult csatarendben, hadi zajt támasztott.
21 ၂၁ ဣသရေလ တပ်သားတို့နှင့် ဖိလိတ္တိ တပ်သားတို့သည် စစ်ခင်းကျင်း ၍ စစ် တလင်းသို့ ချီ လျက် ၊ စစ်တိုက် မည်အသံနှင့် ကြွေးကြော် ကြ၏။
És csatarendbe állának Izráel és a Filiszteusok, csatarend csatarend ellen.
22 ၂၂ ဒါဝိဒ် သည် မိမိ ၌ ပါသောအရာ တို့ကို ရိက္ခါ စောင့် လက် ၌ အပ် ထားပြီးလျှင် ၊ တပ်သားစုထဲသို့ ပြေး ၍ မိမိ အစ်ကို တို့ကို နှုတ်ဆက် ၏။
Akkor Dávid rábízta a holmit arra, a ki a hadi szerszámokat őrzi, és elfuta a harcztérre és odaérve, kérdezősködék testvéreinek állapota felől.
23 ၂၃ သူ တို့နှင့် ပြော စဉ်တွင်၊ ဖိလိတ္တိ လူ၊ ဂါသ မြို့သားဂေါလျတ် အမည်ရှိသောသူရဲသည်ဖိလိတ္တိ တပ် ထဲက ထွက် လာ၍ ယမန်ကဲ့သို့ ပြောဆို သည်ကို ဒါဝိဒ် သည် ကြား လေ၏။
És míg ő beszélt velök, ímé a bajnok férfi, a Góliáth nevű Filiszteus, a ki Gáthból való volt, előjöve a Filiszteusok csatarendei közül, és most is hasonlóképen beszél vala; és meghallá ezt Dávid.
24 ၂၄ ဣသရေလ လူ အပေါင်း တို့သည် ထိုသူ ကို မြင် သောအခါ အလွန် ကြောက်ရွံ့ ၍ ပြေး ကြ၏။
Az Izráeliták pedig, mikor látták azt a férfit, mindnyájan elfutának előle, és igen félnek vala.
25 ၂၅ အချို့တို့ကလည်း၊ ထို လူ ထွက် လာသည်ကို မြင် သလော။ ဣသရေလ အမျိုးကို ကြိမ်းပ လျက်ထွက် လာ ပါသည်တကား။ သူ့ ကိုသတ် သော သူအား ရှင် ဘုရင်သည် ကြီး သော စည်းစိမ် နှင့် ချီးမြှောက် ၍ သမီး တော်ကိုလည်း ပေးစား တော်မူမည်။ ထိုသူ ၏ အဆွေအမျိုး ကိုလည်း ဣသရေလ နိုင်ငံတွင် မင်းမှုလွှတ် တော်မူမည်ဟု ပြောဆို ကြ၏။
És mondának az Izráeliták: Láttátok-é azt a férfit, a ki feljöve? Mert azért jött ki, hogy gyalázattal illesse Izráelt. Ha valaki megölné őt, nagy gazdagsággal ajándékozná meg a király, leányát is néki adná, és atyjának házát szabaddá tenné Izráelben.
26 ၂၆ ဒါဝိဒ် ကလည်း ၊ ထိုဖိလိတ္တိ လူကို သတ် ၍ ဣသရေလ အမျိုးခံသော အရှက်ကွဲ ခြင်းကို ပယ်ရှင်း သော သူသည် အဘယ် အကျိုး ကို ရလိမ့်မည်နည်း။ အသက် ရှင်တော်မူသောဘုရား သခင်၏ ဗိုလ်ခြေ တို့ကို ကြိမ်းပ ရမည်အကြောင်း ၊ အရေဖျား လှီးခြင်းကို မခံသော ထိုဖိလိတ္တိ လူသည် အဘယ်သို့ သောသူဖြစ် သနည်းဟု မိမိ အနား မှာရှိ သောသူတို့ အား မေးမြန်း လျှင်၊
És szóla Dávid azoknak az embereknek, a kik ott állának vele, mondván: Mi történik azzal, a ki megöli ezt a Filiszteust, és elveszi a gyalázatot Izráelről? Mert kicsoda ez a körülmetéletlen Filiszteus, hogy gyalázattal illeti az élő Istennek seregét?!
27 ၂၇ သူတို့က၊ ထိုလူကို သတ် သော သူ သည် ဤ မည်သော အကျိုးကို ရလိမ့်မည်ဟု ယမန်ကဲ့သို့ ပြန်ပြော ကြ၏။
A nép pedig e beszéd szerint felele néki, mondván: Ez történik azzal az emberrel, a ki megöli őt.
28 ၂၈ ထိုသူတို့နှင့် ဒါဝိဒ်ပြော သည်ကို အစ်ကို အကြီး ဧလျာဘ ကြား လျှင် ဒါဝိဒ် ကို အမျက် ထွက် ၍ ၊ သင်သည် အဘယ်ကြောင့် ဤ အရပ်သို့ လာ သနည်း။ ထို နည်း သော သိုး တို့ကို တော တွင် အဘယ်သူ လက်၌ အပ် ခဲ့သနည်း။ သင့် မာန ကြီးခြင်း၊ သင့် စိတ် နှလုံးဆိုးညစ် ခြင်းကို ငါ သိ ၏။ စစ်ပွဲ ကို ကြည့်ရှု ခြင်းငှါ သာ လာ ပြီဟု ဆို ၏။
És meghallá Eliáb az ő nagyobbik testvére, hogy az emberekkel beszéle; és nagyon megharaguvék Eliáb Dávidra, és monda: Miért jöttél ide, és kire bíztad azt a néhány juhot, a mely a pusztában van? Ismerem vakmerőségedet és szívednek álnokságát, hogy csak azért jöttél ide, hogy megnézd az ütközetet!
29 ၂၉ ဒါဝိဒ် ကလည်း ၊ အကျွန်ုပ်သည် အဘယ် အမှုကို ပြု မိသနည်း။ ယခု ပြော စရာ အကြောင်းမ ရှိလော ဟု ဆို သောနောက်၊
Dávid pedig felele: Ugyan mit cselekedtem én most? hiszen csak szóbeszéd volt ez.
30 ၃၀ အခြား သောသူတို့ထံသို့ လှည့် ၍ ယမန်ကဲ့သို့ မေးမြန်း လျှင် ၊ သူတို့သည် ရှေ့အတူ ပြန် ပြောကြ၏။
És elfordula tőle egy másikhoz, és ugyan úgy szóla, mint korábban, és a nép is az előbbi beszéd szerint válaszola néki.
31 ၃၁ ထိုသို့ ဒါဝိဒ် ပြော သော စကား ကို ကြား သောသူတို့ သည် ရှောလု ထံ တော်၌ ကြား လျှောက်သော်၊ ဒါဝိဒ်ကို ခေါ် တော်မူ၏။
És mikor meghallották azokat a szavakat, a melyeket Dávid szóla, megmondák Saulnak, ki magához hívatá őt.
32 ၃၂ ဒါဝိဒ် ကလည်း ထိုလူကြောင့် အဘယ်သူ မျှစိတ် မ ပျက် ပါစေနှင့်။ ကိုယ်တော် ကျွန် သွား ၍ ထို ဖိလိတ္တိ လူကို တိုက် ပါမည်ဟု ရှောလု အား လျှောက် လျှင်၊
És monda Dávid Saulnak: Senki se csüggedjen el e miatt; elmegy a te szolgád és megvív ezzel a Filiszteussal.
33 ၃၃ ရှောလု က၊ သင်သည် ထို ဖိလိတ္တိ လူကို သွား၍ မ တိုက် နိုင်။။ သင် သည် နုပျို သောသူဖြစ်၏။ ထိုသူ သည် ပျို သောအရွယ်မှစ၍ စစ် သူရဲဖြစ်ခဲ့ပြီဟု ဒါဝိဒ် အား ဆို သော်၊
Saul pedig monda Dávidnak: Nem mehetsz te e Filiszteus ellen, hogy vele megvívj, mert te gyermek vagy, ő pedig ifjúságától fogva hadakozó férfi vala.
34 ၃၄ ဒါဝိဒ် က၊ ကိုယ်တော် ကျွန် သည် အဘ ၏ သိုး တို့ကို ထိန်း ကျောင်းစဉ် အခါ၊ ခြင်္သေ့ နှင့် ဝံ သည်လာ ၍ သိုးသငယ် ကို သိုးစု ထဲက ကိုက်ချီ ပါ၏။
És felele Dávid Saulnak: Pásztor volt a te szolgád, atyjának juhai mellett; és ha eljött az oroszlán és a medve, és elragadott egy bárányt a nyáj közül:
35 ၃၅ ကျွန်တော်လိုက် ၍ သတ် သဖြင့် သိုးသငယ်ကို သူ့ ပစပ် ထဲက နှုတ် ပါ၏။ ဝံသည် ကျွန်တော် ကို ပြန် ၍ ကိုက်သောအခါ ၊ ဝံ၏မုတ်ဆိတ် ကို ကိုင် ၍ ရိုက် သတ် ပါ၏။
Elmentem utána és levágtam, és kiszabadítám szájából; ha pedig ellenem támadott: megragadtam szakálánál fogva, és levágtam és megöltem őt.
36 ၃၆ ကိုယ်တော် ကျွန် သည် ခြင်္သေ့ နှင့် ဝံ နှစ်ကောင်လုံးကိုသတ် ပါ၏။ အရေဖျား လှီးခြင်းကို မခံသော ထို ဖိလိတ္တိ လူသည် အသက် ရှင်တော်မူသောဘုရား သခင်၏ ဗိုလ်ခြေ တို့ကို ကြိမ်းပ သောကြောင့် ၊ ထိုအကောင်တကောင် ကဲ့သို့ ဖြစ် ပါလိမ့်မည်။
A te szolgád mind az oroszlánt, mind a medvét megölte: Úgy lesz azért e körülmetéletlen Filiszteus is, mint azok közül egy, mert gyalázattal illeté az élő Istennek seregét.
37 ၃၇ ခြင်္သေ့ လက် ၊ ဝံ လက် မှ ကျွန်တော် ကို ကယ်နှုတ် တော်မူသော ထာဝရဘုရား သည်၊ ထို ဖိလိတ္တိ လူလက် မှ ကယ်နှုတ် တော်မူလိမ့်မည်ဟု ရှောလုအား လျှောက် လေသော် ၊ ရှောလု ကသွား လော့။ ထာဝရဘုရား သည် သင် နှင့်အတူ ရှိ တော်မူပါစေသောဟု ဒါဝိဒ် အား ဆို လေ၏။
És monda Dávid: Az Úr, a ki megszabadított engem az oroszlánnak és a medvének kezéből, meg fog szabadítani engem e Filiszteusnak kezéből is. Akkor monda Saul Dávidnak: Eredj el, és az Úr legyen veled!
38 ၃၈ ရှောလု သည်လည်း ဒါဝိဒ် ကို မိမိ အဝတ် နှင့်ဝတ် စေသဖြင့် ၊ သူ ၏ခေါင်း ပေါ် မှာ ကြေးဝါ ခမောက်လုံး ကိုတင် ၍ ၊ သံချပ် အင်္ကျီကိုလည်း ဝတ် စေ၏။
És felöltözteté Saul Dávidot a maga harczi ruhájába; rézsisakot tett a fejére, és felöltözteté őt pánczélba.
39 ၃၉ ဒါဝိဒ် သည် ထား တော်ကို အဝတ် ပေါ် မှာ စည်း ၍ သွား မည်ဟု အားထုတ် သော်လည်း၊ ထိုလက်နက်များကို မ စုံစမ်း သေး။ သို့ဖြစ်၍ ဒါဝိဒ် က ဤ လက်နက်တို့နှင့် ကျွန်တော်မ သွား နိုင် ပါ၊ မ စုံစမ်း ပါသေး ဟု ရှောလု အား လျှောက် ၍ ချွတ် ပြန်လေ၏။
Akkor Dávid felköté kardját harczi ruhája fölé, és járni akart, mert még nem próbálta. És monda Dávid Saulnak: Nem bírok ezekben járni, mert még nem próbáltam; és leveté azokat Dávid magáról.
40 ၄၀ တဖန် မိမိ တောင်ဝေး ကို ကိုင် လျက် ၊ ချော သောကျောက် ငါး လုံးကို ချောင်း ထဲက ရွေး ၍ ၊ သိုးထိန်း တန်ဆာတည်းဟူသောလွယ်အိတ် ၌ ထည့် ပြီးမှ၊ လောက်လွှဲ ကိုလည်း ကိုင်၍ ဖိလိတ္တိ လူရှိရာသို့ ချဉ်း လေ၏။
És kezébe vette botját, és kiválasztván magának a patakból öt síma kövecskét, eltevé azokat pásztori szerszámába, mely vele volt, tudniillik tarisznyájába, és parittyájával kezében közeledék a Filiszteushoz.
41 ၄၁ ဖိလိတ္တိ လူသည်လည်း ဒါဝိဒ် ရှိရာသို့ ချဉ်း ၍ သူ့ ရှေ့ မှာ ဒိုင်း လွှားကို ဆောင် သောသူလည်း သွား ၏။
Akkor elindult a Filiszteus is, és Dávidhoz közeledék, az az ember pedig, a ki a paizsát hordozza, előtte vala.
42 ၄၂ ဖိလိတ္တိ လူသည် ကြည့် ၍ ဒါဝိဒ် ကို မြင် သောအခါ မထီမဲ့မြင် ပြု၏။ အကြောင်း မူကား၊ သူသည် နုပျို သောသူ၊ ဆံပင်နီ ၍ မျက်နှာ လှ သောသူဖြစ် ၏။
Mikor pedig oda tekinte a Filiszteus, és meglátta Dávidot, megvetette őt, mert ifjú volt és piros, egyszersmind szép tekintetű.
43 ၄၃ ဖိလိတ္တိ လူက၊ သင် သည် တောင်ဝေး နှင့် ငါ့ ထံသို့ လာ ရမည်အကြောင်း ၊ ငါ သည် ခွေး ဖြစ်သလော ဟုမေး လျက် ၊ မိမိ ဘုရား တို့ကို တိုင်တည်၍ ဒါဝိဒ် ကို ကျိန်ဆဲ လေ၏။
És monda a Filiszteus Dávidnak: Eb vagyok-é én, hogy te bottal jössz reám? És szidalmazá a Filiszteus Dávidot Istenével együtt.
44 ၄၄ တဖန် ဖိလိတ္တိ လူက လာ ခဲ့။ သင့် အသား ကို မိုဃ်း ကောင်းကင်ငှက် နှင့် တော သားရဲ တို့အား ငါပေး မည်ဟု ဒါဝိဒ် ကို ဆို ၏။
Monda továbbá a Filiszteus Dávidnak: Jőjj ide hozzám, hogy testedet az égi madaraknak és a mezei vadaknak adjam.
45 ၄၅ ဒါဝိဒ် ကသင် သည် ထား ၊ လှံ ၊ ကိဒုန် ပါ လျက် ငါ့ ထံသို့ လာ ၏။ ငါ သည် သင် ကြိမ်းပ သော ဣသရေလ ဗိုလ်ခြေ တို့၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နာမ တော်ပါ လျက် သင် ရှိရာသို့ လာ ၏။
Dávid pedig monda a Filiszteusnak: Te karddal, dárdával és paizszsal jössz ellenem, én pedig a Seregek Urának, Izráel seregei Istenének nevében megyek ellened, a kit te gyalázattal illetél.
46 ၄၆ ထာဝရဘုရား သည် သင့် ကို ငါ့ လက် ၌ ယနေ့ အပ် တော်မူသဖြင့် ၊ သင့် ကို ငါသတ် ၍ လည်ပင်း ကို ဖြတ် မည်။ ဖိလိတ္တိ ဗိုလ်ခြေ အသေကောင် များကို မိုဃ်း ကောင်းကင်ငှက် နှင့် တော သားရဲ တို့အား ယနေ့ ငါပေး မည်။ ဣသရေလ အမျိုး၌ ဘုရား သခင်ရှိ တော်မူသည်ကို မြေကြီး သားအပေါင်း တို့ သည်သိ ရကြလိမ့်မည်။
A mai napon kezembe ad téged az Úr, és megöllek téged, és fejedet levágom rólad. A Filiszteusok seregének tetemét pedig az égi madaraknak és a mezei vadaknak fogom adni a mai napon, hogy tudja meg az egész föld, hogy van Izráelnek Istene.
47 ၄၇ ထာဝရဘုရား သည် ထား လှံ အားဖြင့် ကယ်တင် တော်မ မူကြောင်း ကို၊ ဤ ပရိသတ် အပေါင်း တို့သည် သိ ရကြလိမ့်မည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် စစ်မှု ကို ပိုင်၍၊ ငါ တို့လက် သို့ အပ်နှံ တော်မူ မည်ဟု ဖိလိတ္တိလူအား ဆို၏။
És tudja meg ez az egész sokaság, hogy nem kard által és nem dárda által tart meg az Úr, mert az Úré a had, és ő titeket kezünkbe fog adni.
48 ၄၈ ဖိလိတ္တိ လူသည်ထ ၍ ဒါဝိဒ် နှင့်တွေ့ ခြင်းငှါ ချဉ်း လာသောအခါ ၊ ဒါဝိဒ် သည်လည်း ဖိလိတ္တိ လူနှင့် တွေ့ ခြင်းငှါ ဗိုလ်ခြေ ရှိရာသို့ အလျင်အမြန် ပြေး ပြီးမှ၊
És mikor a Filiszteus felkészült, és elindult, és Dávid felé közeledék: Dávid is sietett és futott a viadalra a Filiszteus elé.
49 ၄၉ လွယ်အိတ် ထဲက ကျောက် တလုံးကို နှိုက်ယူ ၍ လွှဲပစ် ၏။ ဖိလိတ္တိ လူ၏ နဖူး ကို မှန်၍ နဖူး ပေါက် သဖြင့် သူသည် မြေ ပေါ် မှာ ငိုက်စိုက် လဲ လေ၏။
És Dávid benyúlt kezével a tarisznyába és kivett onnan egy követ, és elhajítván, homlokán találta a Filiszteust, úgy, hogy a kő homlokába mélyede, és arczczal a földre esék.
50 ၅၀ ထိုသို့ ဒါဝိဒ်သည် လောက်လွှဲ နှင့် ကျောက် တလုံးအားဖြင့် နိုင်လျက် ထိခိုက် ၍ သတ် လေ၏။
Így Dávid erősebb volt a Filiszteusnál, parittyával és kővel. És levágta a Filiszteust és megölte őt, pedig kard nem is vala a Dávid kezében.
51 ၅၁ ထိုအခါ ဒါဝိဒ် သည် ထား မ ပါသောကြောင့် ပြေး ၍ ဖိလိတ္တိ လူကို နင်း လျက် ၊ သူ ၏ ထား ကို ထားအိမ် မှ နှုတ် ဆွဲပြီးလျှင် လည်ပင်း ကို ဖြတ် ၍ အပြီးသတ်လေ၏။ ဖိလိတ္တိ လူတို့သည် သူ တို့၏ သူရဲ သေ ကြောင်း ကို မြင် သောအခါ ပြေး ကြ၏။
És oda futott Dávid, és reá állott a Filiszteusra, és vevé annak kardját, kirántotta hüvelyéből, és megölé őt, és fejét azzal levágta. A Filiszteusok pedig a mint meglátták, hogy az ő hősük meghalt, megfutamodának.
52 ၅၂ ထိုအခါ ဣသရေလ အမျိုး ၊ ယုဒ အမျိုးသားတို့သည် ထ ၍ ကြွေးကြော် လျက် ချိုင့် တိုင်အောင် ၎င်း ၊ ဧကြုန် မြို့ တံခါး တိုင်အောင် ၎င်း၊ ဖိလိတ္တိ လူတို့ကို လိုက် ကြ၏။ ထိခိုက် သော ဖိလိတ္တိ လူတို့သည် ရှာရိမ် မြို့ လမ်း နားမှစ၍ဂါသ မြို့၊ ဧကြုန် မြို့တိုင်အောင် လဲ ကြ၏။
És felkelének Izráel és Júda férfiai és felkiáltának, és üldözék a Filiszteusokat egészen Gáthig és Ekron kapujáig. És hullának a Filiszteusok sebesültjei a Saraim felé vezető úton Gáthig és Ekronig.
53 ၅၃ ဣသရေလ အမျိုးသား တို့သည် ဖိလိတ္တိ လူတို့ကို လိုက် ရာမှ ပြန် လာ၍ သူ တို့တဲ များကို လုယူ ကြ၏။
Visszatérének azután Izráel fiai a Filiszteusok üldözéséből, és feldúlták azoknak táborát.
54 ၅၄ ဒါဝိဒ် သည် ဖိလိတ္တိ လူ၏ ဦးခေါင်း ကို ယူ ၍ ယေရုရှလင် မြို့သို့ ဆောင် သွား၏။ သူ ၏လက်နက် များ ကို မိမိ တဲ ၌ ထား ၏။
Dávid pedig felvevé a Filiszteusnak fejét, és elvitte Jeruzsálembe, fegyvereit pedig a maga sátorába rakta le.
55 ၅၅ ဒါဝိဒ် သည် ဖိလိတ္တိ လူကို တိုက် ခြင်းငှါ ထွက်သွား သည်ကို ရှောလု သည်မြင် လျှင် ၊ ထို လုလင် ကား အဘယ်သူ ၏ သား ဖြစ်သနည်းဟု ဗိုလ်ချုပ် မင်းအာဗနာ ကို မေး ၏။ အာဗနာ ကလည်း ၊ အရှင်မင်းကြီး အသက် တော် ရှင် သည်အတိုင်း ကျွန်တော်မ သိ ပါဟု လျှောက် လျှင်၊
Saul pedig mikor látta, hogy Dávid kiment a Filiszteus elé, monda Abnernek, a sereg fővezérének: Abner! ki fia e gyermek? És felele Abner: Él a te lelked oh király, hogy nem tudom!
56 ၅၆ ရှင်ဘုရင် က၊ ထို လုလင် သည် အဘယ်သူ ၏ သား ဖြစ်လိမ့်မည်ကို မေး စစ်လော့ဟု မိန့် တော်မူ၏။
És monda a király: Kérdezd meg tehát, hogy ki fia ez az ifjú?
57 ၅၇ ဒါဝိဒ် သည် ဖိလိတ္တိ လူကို သတ် ပြီးမှ ၊ သူ၏ ဦးခေါင်း ကို ကိုင် လျက် ပြန် လာသောအခါ ၊ အာဗနာ သည် ခေါ်၍ ရှောလု ထံသို့ ဆောင် သွားပြီးလျှင်၊
És a mint visszajött Dávid, miután megölte a Filiszteust, megfogá őt Abner, és Saulhoz vitte; és a Filiszteusnak feje kezében vala.
58 ၅၈ ရှောလု က၊ အချင်း လုလင် ၊ သင် သည် အဘယ်သူ ၏ သား ဖြစ်သနည်းဟုမေး တော်မူ၏။ ဒါဝိဒ် ကလည်း ကျွန်တော်သည် ကိုယ်တော် ကျွန် ၊ ဗက်လင် မြို့သားယေရှဲ ၏သား ဖြစ်ပါသည်ဟု လျှောက် လေ၏။
És monda néki Saul: Ki fia vagy te, oh gyermek? Dávid pedig felele: A te szolgádnak, a Bethlehemből való Isainak a fia vagyok.