< ၁ ဓမ္မရာဇဝင် 16 >
1 ၁ တဖန် ထာဝရဘုရား က၊ ရှောလုကို ဣသရေလ ရှင် ဘုရင်အရာမှ ငါ ပယ် သောကြောင့် ၊ သင် သည် အဘယ် မျှ ကာလပတ်လုံး စိတ် မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင် ၏ဘူး ကို ဆီ နှင့် ပြည့် စေလော့။ ဗက်လင် မြို့သားယေရှဲ ရှိရာသို့ ငါစေလွှတ် မည်။ သူ ၏သား တို့တွင် ငါ့ အဘို့ ရှင် ဘုရင်တပါးကို ငါပြင်ဆင် ပြီဟု ရှမွေလ အား မိန့် တော်မူ၏။
၁ထာဝရဘုရားသည်ရှမွေလအား``သင်သည် အဘယ်မျှကြာအောင်ရှောလုအတွက်ဝမ်းနည်း နေပါမည်နည်း။ ငါသည်သူ့အားဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ။ သံလွင်ဆီယူ ၍ဗက်လင်မြို့ရှိယေရှဲနာမည်တွင်သူလူတစ် ယောက်ထံသို့သွားလော့။ ငါသည်သူ၏သား တစ်ယောက်အားဘုရင်အဖြစ်ရွေးချယ်၏'' ဟုမိန့်တော်မူ၏။
2 ၂ ရှမွေလ က၊ အကျွန်ုပ်သည် အဘယ်သို့ သွား နိုင်ပါမည်နည်း။ ရှောလု ကြား လျှင် သတ် ပါလိမ့်မည်ဟု လျှောက် သော် ၊ ထာဝရဘုရား က၊ နွားမတန်း ကိုယူ ၍ ငါသည် ထာဝရဘုရား အား ယဇ် ပူဇော်ခြင်းငှါ လာ ပြီဟု ပြော လော့။
၂ရှမွေလသည်``ဤအမှုကိုအဘယ်သို့ပြုနိုင် ပါမည်နည်း။ ရှောလုကြားသိပါကအကျွန်ုပ် အားသတ်ပစ်ပါလိမ့်မည်'' ဟုလျှောက်၏။
3 ၃ ယေရှဲ ကို လည်း ယဇ် ပွဲသို့ ခေါ်ဘိတ် လော့။ ထိုအခါ သင်သည် အဘယ်သို့ ပြု ရမည်ကို ငါ ပြ မည်။ ငါသည် နာမဖြင့် ထုတ်ပြ သော သူကို ငါ့ အဘို့ ဘိသိက် ပေးရမည်ဟု မိန့် တော်မူသည်အတိုင်း၊
၃ဘုရားသခင်က``နွားကလေးတစ်ကောင်ကိုယူ ၍သွားပြီးလျှင် သင်သည်ထာဝရဘုရားအား ယဇ်ပူဇော်ရန်ရောက်ရှိလာကြောင်းပြောကြား လော့။ ယေရှဲအားယဇ်ပူဇော်ပွဲသို့ဖိတ်ခေါ် လော့။ သင်အဘယ်သို့ပြုရမည်ကိုငါပြော မည်။ ငါဖော်ပြသူအားရာဇဘိသိက်ပေး လော့'' ဟုမိန့်တော်မူ၏။
4 ၄ ရှမွေလ ပြု၍ ဗက်လင် မြို့သို့ သွား လေ၏။ ဗက်လင်မြို့သားအသက်ကြီး သူတို့သည် ရှမွေလနှင့် တွေ့ သောအခါ တုန်လှုပ် ၍ ၊ ကိုယ်တော်သည် ချမ်းသာ ပေးလျက် လာ တော်မူသလောဟု မေးလျှောက် ကြသော်၊
၄ရှမွေလသည်ထာဝရဘုရား၏အမိန့်တော် အတိုင်း ဆောင်ရွက်ပြီးနောက်ဗက်လင်မြို့သို့ သွား၏။ ထိုမြို့မှခေါင်းဆောင်များသည်တုန် လှုပ်လျက်ခရီးဦးကြိုပြုပြီးလျှင်``ကိုယ် တော်အေးချမ်းစွာကြွလာပါသလော'' ဟု မေးကြ၏။
5 ၅ ချမ်းသာ ပေးလျက် ထာဝရဘုရား အား ယဇ် ပူဇော်ခြင်းငှါ ငါလာ ပြီ။ မိမိတို့ကို သန့်ရှင်း စေပြီးမှ ငါ နှင့်အတူ ယဇ် ပွဲသို့ လာ ကြဟု ဆို သဖြင့် ၊ ယေရှဲ နှင့် သူ ၏သား တို့ကို သန့်ရှင်း စေ၍ ယဇ် ပွဲသို့ ခေါ် လေ၏။
၅ရှမွေလက``အေးချမ်းစွာလာခြင်းဖြစ်ပါ သည်။ ငါသည်ထာဝရဘုရားအားယဇ်ပူ ဇော်ရန်ရောက်လာခြင်းဖြစ်၏။ သင်တို့သည် မိမိတို့ကိုယ်ကိုသန့်စင်စေ၍ငါနှင့်အတူ လိုက်ခဲ့ကြလော့'' ဟုဆို၏။ ယေရှဲ၏သား များကိုလည်းမိမိတို့ကိုယ်ကိုသန့်စင်စေ ပြီးလျှင် ယဇ်ပူဇော်ရာသို့လိုက်လာရန် ခေါ်ဖိတ်လေ၏။
6 ၆ သူတို့သည် ရောက် လာသောအခါ ဧလျာဘ ကို ကြည့်ရှု ၍ ၊ စင်စစ် ထာဝရဘုရား အခွင့်နှင့် ဘိသက် ခံရသောသူသည် ငါ့ရှေ့ မှာရှိ ၏ဟု ဆို လေသော်၊
၆သူတို့ရောက်လာကြသောအခါရှမွေလ သည်ယေရှဲ၏သားဧလျာဘကိုမြင်လျှင်``ဤ တွင်ထာဝရဘုရား၏ရှေ့တော်၌ရပ်နေ သောသူကားကိုယ်တော်ရွေးချယ်တော်မူ သည့်သူအမှန်ပင်ဖြစ်ရာ၏'' ဟုတွေး တောမိ၏။-
7 ၇ ထာဝရဘုရား က၊ သူ ၏မျက်နှာ ၊ သူ ၏အရပ် ကို မ ကြည့် မရှုနှင့်။ သူ့ ကို ငါပယ် ပြီ။ ထာဝရဘုရားသည် လူ မြင်သကဲ့သို့ မြင် တော်မူသည် မ ဟုတ်။ လူ သည် အဆင်း သဏ္ဌာန်ကို ကြည့်ရှု တတ်၏။ ထာဝရဘုရား မူကား နှလုံး ကို ကြည့်ရှု တတ်သည်ဟု ရှမွေလ အား မိန့် တော်မူ၏။
၇သို့ရာတွင်ထာဝရဘုရားက``ထိုသူ၏ အရပ်အမောင်းကောင်းမှုနှင့်တင့်တယ် လှပမှုတို့ကိုမကြည့်နှင့်။ ငါသည်လူတို့ ကဲ့သို့အကဲဖြတ်သည်မဟုတ်။ သို့ဖြစ်၍ သူ့ကိုငါပယ်ပြီ။ လူသည်ပြင်ပသဏ္ဌာန်ကို ကြည့်တတ်၏။ ငါမူကားစိတ်နှလုံးကို ကြည့်၏'' ဟုမိန့်တော်မူ၏။
8 ၈ တဖန် ယေရှဲ သည် အဘိနဒပ် ကို ခေါ် ၍ ရှမွေလ ရှေ့ မှာ သွား စေသဖြင့် ၊ ရှမွေလက၊ ဤ သူကို လည်း ထာဝရဘုရား ရွေး တော်မ မူဟုဆို ၏။
၈ထိုနောက်ယေရှဲသည်မိမိသားအဘိနဒပ် ကိုရှမွေလထံသို့ခေါ်ခဲ့၏။ သို့ရာတွင် ရှမွေလက``သူ့ကိုလည်းထာဝရဘုရား ရွေးချယ်တော်မမူ'' ဟုဆို၏။-
9 ၉ တဖန် ယေရှဲ သည် ရှိမာ ကို သွား စေသဖြင့် ၊ ဤ သူကို လည်း ထာဝရဘုရား ရွေး တော်မ မူဟု ဆို ၏။
၉ယေရှဲသည်ရှိမာကိုခေါ်လိုက်၏။ ထိုအခါ``ဤ သူ့ကိုလည်းထာဝရဘုရားရွေးချယ်တော် မမူ'' ဟုရှမွေလဆိုပြန်၏။-
10 ၁၀ တဖန် ယေရှဲ သည် သား ခုနစ် ယောက်တို့ကို ရှမွေလ ရှေ့ မှာ သွား စေသဖြင့် ၊ ရှမွေလ က၊ ဤ သူတို့ကို လည်း ထာဝရဘုရား ရွေး တော်မ မူ။
၁၀ဤနည်းအားဖြင့်ယေရှဲသည်မိမိ၏သား ခုနစ်ယောက်အထိရှမွေလထံသို့ခေါ်ပေး လေသည်။ ရှမွေလကလည်း``ဤသူတို့အထဲ မှမည်သူ့ကိုမျှထာဝရဘုရားရွေးချယ် တော်မမူ'' ဟုဆိုပြီးလျှင်၊-
11 ၁၁ သင်၌ သား မ ရှိပြီလောဟု ယေရှဲ အား မေး လျှင် ၊ ယေရှဲက အငယ်ဆုံး သော သားရှိ ပါသေး၏။ သိုး တို့ကို ထိန်း ကျောင်းလျက် နေပါသည်ဟု ပြော ဆိုသော် ၊ ရှမွေလ က သူ့ ကို ခေါ် စေခြင်းငှါလူကို စေလွှတ် ပါ။ သူ မ ရောက် မှီ ပွဲသို့ ဝင်၍ မ ထိုင် ရဟု ဆို သည်အတိုင်း၊
၁၁``သင့်မှာအခြားသားများရှိပါသေးသလော'' ဟုယေရှဲအားမေး၏။ ယေရှဲက``သားအငယ်ဆုံးရှိပါသေးသည်။ သူသည်သိုးများကိုကျောင်းလျက်နေပါ၏'' ဟုဆို၏။ ရှမွေလက``သူ့အားခေါ်ခဲ့လော့။ သူမရောက် မချင်းငါတို့သည်ယဇ်ပူဇော်ပွဲကိုဝင်ကြ မည်မဟုတ်'' ဟုပြော၏။-
12 ၁၂ စေလွှတ် ၍ သူ့ ကို ခေါ် ခဲ့၏။ သူ သည် နီ သောဆံပင်ရှိ၏။ လှ သောအဆင်း နှင့် ချစ် ဘွယ်သော မျက်နှာလည်းရှိ၏။ ထာဝရဘုရား က ဤ သူ ပေတည်း။ ထ ၍ ဘိသိက် ပေးလော့ဟု မိန့် တော်မူ၏။
၁၂သို့ဖြစ်၍ယေရှဲသည်ထိုသားကိုခေါ်စေ၏။ သူသည်တင့်တယ်လှပ၊ ကျန်းမာသန်စွမ်းသော လူငယ်လူရွယ်တစ်ဦးဖြစ်၏။ သူ၏မျက်စိ များသည်တောက်ပကြည်လင်၏။ ထာဝရ ဘုရားကရှမွေလအား``ငါရွေးချယ်သူ ကားဤသူပေတည်း။ သူ့အားဘိသိက်ပေး လော့'' ဟုမိန့်တော်မူ၏။-
13 ၁၃ ရှမွေလ သည်လည်း ၊ ဆီ ဘူး ကိုယူ ၍ သူ ၏ အစ်ကို စုထဲမှာ သူ့ ကို ဘိသိက် ပေးလေ၏။ ထို နေ့မှစ၍ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ဒါဝိဒ် အပေါ် မှာ သက်ရောက် လေ၏။ ရှမွေလ သည် ထ ၍ ရာမ မြို့သို့ ပြန်သွား ၏။
၁၃ရှမွေလသည်သံလွင်ဆီကိုယူ၍ဒါဝိဒ်အား သူ၏အစ်ကိုများရှေ့တွင်ဘိသိက်ပေးလေ သည်။ ထိုနေ့မှအစပြု၍ဘုရားသခင်၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်သို့သက်ရောက် တည်နေတော်မူ၏။ ထိုနောက်ရှမွေလသည် ရာမမြို့သို့ပြန်လေ၏။
14 ၁၄ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ရှောလု မှ ထွက်သွား ၍ ၊ ထာဝရဘုရား ထံ တော်က ဆိုး သော ဝိညာဉ် သည် နှောင့်ရှက် တတ်၏။
၁၄ထာဝရဘုရား၏ဝိညာဉ်တော်သည်ရှောလုထံ မှထွက်ခွာသွားတော်မူ၏။ ထိုအခါသူသည် ကိုယ်တော်စေလွှတ်လိုက်သည့် နတ်မိစ္ဆာ၏နှောင့် ယှက်ညှင်းဆဲခြင်းကိုခံရလေတော့သည်။-
15 ၁၅ ရှောလု ၏ ကျွန် တို့ကလည်း ၊ ယခု မှာ ဘုရား သခင်ထံတော်က ဆိုး သော ဝိညာဉ် သည် ကိုယ်တော် ကို နှောင့်ရှက် တတ်ပါ၏။
၁၅အစေခံတို့ကလည်းထာဝရဘုရားစေလွှတ် လိုက်သည့်နတ်မိစ္ဆာသည် အရှင်မင်းကြီးအားနှောင့် ယှက်ညှင်းဆဲလျက်နေသည်ကိုအကျွန်ုပ်တို့ သိကြပါ၏။-
16 ၁၆ ခစားသော ကိုယ်တော် ၏ ကျွန် တို့သည်၊ သာယာစွာ စောင်း တီး တတ် သောသူ ကို ရှာဖွေ ရမည် အကြောင်းအရှင် အမိန့် ရှိတော်မူပါ။ ဘုရား သခင့်ထံတော်က ဆိုး သောဝိညာဉ် လာ သောအခါ ၊ သူသည်စောင်းတီး သဖြင့် ကိုယ်တော် သည် ချမ်းသာ ရတော်မူမည်ဟု လျှောက် လျှင်၊
၁၆သို့ဖြစ်၍အရှင်မင်းကြီး၊ ကိုယ်တော်သည်အကျွန်ုပ် တို့အားအမိန့်ပေးတော်မူပါလျှင် စောင်းတီးတတ် သူကိုအကျွန်ုပ်တို့ရှာပါမည်။ သူသည်နတ်မိစ္ဆာ ဝင်လာချိန်၌စောင်းကိုတီးသဖြင့် အရှင်မင်း ကြီးသည်ပြန်လည်၍အကောင်းပကတိဖြစ် လာပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
17 ၁၇ ရှောလု က၊ သာယာ စွာ တီး တတ်သောသူ ကို ငါ့ အဘို့ ရှာဖွေ၍ ငါ့ ထံသို့ ခေါ် ခဲ့ကြဟု ကျွန် တို့အား မိန့် တော်မူသော်၊
၁၇ရှောလုက``သာယာစွာစောင်းတီးတတ်သူကို ရှာ၍ငါ့ထံသို့ခေါ်ခဲ့လော့'' ဟုအမိန့်ပေး တော်မူလျှင်၊-
18 ၁၈ ကျွန် တယောက် က၊ ကျွန်တော်တွေ့ ဘူးသော ဗက်လင် မြို့သားယေရှဲ သား သည် စောင်းတီး သောအတတ်၊ ရဲရင့် ခြင်းအစွမ်း သတ္တိနှင့် ပြည့်စုံ၍၊ စစ်မှု ၌၎င်း၊ ပညာ စကား ၌၎င်း လေ့ကျက်ပါ၏။ အဆင်း လည်း လှပါ၏။ ထာဝရဘုရား သည်သူ နှင့်အတူ ရှိတော်မူ၏ဟု လျှောက် သောကြောင့်၊
၁၈အပါးတော်တွင်ခစားနေသူတစ်ဦးက``ဗက်လင် မြို့သားယေရှဲတွင် တူရိယာကောင်းစွာတီးတတ် သူသားတစ်ယောက်ရှိပါ၏။ သူသည်ရဲစွမ်းသတ္တိ ရှိသူ၊ အဆင်းလှသူ၊ စစ်ရေးတတ်သူ၊ နှုတ်သတ္တိ ရှိသူဖြစ်ပါ၏။ ထာဝရဘုရားသည်သူနှင့် အတူရှိတော်မူပါ၏'' ဟုလျှောက်ထား၏။
19 ၁၉ ရှောလု က၊ ယေရှဲ ရှိရာသို့ လူကိုစေလွှတ် ၍ ၊ သိုးထိန်းဖြစ်သောသင် ၏သား ဒါဝိဒ် ကို ငါ့ ထံသို့ စေလွှတ် ရမည်ဟု အမိန့် တော်ရှိ၏။
၁၉ရှောလုသည်ယေရှဲထံသို့စေတမန်များ လွှတ်၍``သိုးများကိုထိန်းကျောင်းနေသူသင် ၏သားဒါဝိဒ်အားငါ့ထံသို့စေလွှတ်လော့'' ဟုအမိန့်ပေးတော်မူ၏။-
20 ၂၀ ယေရှဲ သည် မုန့် တင်သော မြည်း ၊ စပျစ်ရည် ဘူး ၊ ဆိတ် သငယ်ကို ယူ ၍ မိမိ သား ဒါဝိဒ် တွင် ရှောလု ထံသို့ ပေး လိုက်လေ၏။
၂၀ယေရှဲသည်မုန့်တင်မြည်းတစ်စီး၊ စပျစ်ရည် အပြည့်ပါသောသားရေဘူးတစ်ဘူးနှင့်ဆိတ်ငယ် တစ်ကောင်ကို ဒါဝိဒ်နှင့်အတူရှောလုမင်းထံ သို့ပို့ဆက်လေ၏။-
21 ၂၁ ဒါဝိဒ် သည် ရှောလု ထံသို့ ရောက် ၍ ခစား သဖြင့် ၊ ရှောလုသည် အလွန် ချစ် ၍ လက်နက် တော်ဆောင် အရာ၌ ခန့်ထား၏။
၂၁ဒါဝိဒ်သည်ရှောလုထံသို့လာရောက်ပြီးလျှင် အမှုတော်ကိုထမ်းဆောင်လေသည်။ ရှောလု သည်လည်းသူ့ကိုလွန်စွာနှစ်သက်တော်မူ သဖြင့်မိမိ၏လက်နက်သယ်ဆောင်သူ အရာ၌ခန့်ထားတော်မူ၏။-
22 ၂၂ ရှောလု သည်လည်း ယေရှဲ ရှိရာသို့ လူကိုစေလွှတ် ၍၊ ဒါဝိဒ် ကို ငါ့ စိတ် နှင့်တွေ့သောကြောင့် ငါ့ ထံ၌ ခစား ပါစေဟု အခွင့် တောင်းလေ၏။
၂၂ထိုနောက်``ငါသည်ဒါဝိဒ်ကိုနှစ်သက်တော်မူသည်။ သူ့အားငါ့ထံ၌ခစားပါစေ'' ဟုယေရှဲထံလူ လွှတ်မိန့်ကြားတော်မူလိုက်၏။-
23 ၂၃ ဘုရား သခင့်ထံတော်က ဆိုးသောဝိညာဉ် သည် ရှောလု အပေါ် မှာ ရောက် သောအခါ ၊ ဒါဝိဒ် သည် စောင်း ကိုယူ ၍ တီး သဖြင့် ဆိုး သောဝိညာဉ် ထွက် သွား၍ ၊ ရှောလု သည် သက်သာ လျက် ပကတိ ကျန်းမာလျက်ရှိတတ်၏။
၂၃ထိုနေ့မှအစပြု၍ရှောလုကိုဘုရားသခင် စေလွှတ်တော်မူသောနတ်မိစ္ဆာဝင်သည့်အခါတိုင်း ဒါဝိဒ်သည်စောင်းကိုယူ၍တီးလေ့ရှိ၏။ ထို အခါနတ်မိစ္ဆာသည်ထွက်ခွာသွားသဖြင့် ရှောလုသည်သက်သာ၍တစ်ဖန်ကျန်းမာ လာလေသည်။