< ၁ ဓမ္မရာဇဝင် 16 >

1 တဖန် ထာဝရဘုရား က၊ ရှောလုကို ဣသရေလ ရှင် ဘုရင်အရာမှ ငါ ပယ် သောကြောင့် ၊ သင် သည် အဘယ် မျှ ကာလပတ်လုံး စိတ် မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင် ၏ဘူး ကို ဆီ နှင့် ပြည့် စေလော့။ ဗက်လင် မြို့သားယေရှဲ ရှိရာသို့ ငါစေလွှတ် မည်။ သူ ၏သား တို့တွင် ငါ့ အဘို့ ရှင် ဘုရင်တပါးကို ငါပြင်ဆင် ပြီဟု ရှမွေလ အား မိန့် တော်မူ၏။
And Jehovah said to Samuel, How long wilt thou mourn for Saul, seeing I have rejected him from reigning over Israel? fill thy horn with oil, and go, I will send thee to Jesse the Bethlehemite; for I have provided me a king among his sons.
2 ရှမွေလ က၊ အကျွန်ုပ်သည် အဘယ်သို့ သွား နိုင်ပါမည်နည်း။ ရှောလု ကြား လျှင် သတ် ပါလိမ့်မည်ဟု လျှောက် သော် ၊ ထာဝရဘုရား က၊ နွားမတန်း ကိုယူ ၍ ငါသည် ထာဝရဘုရား အား ယဇ် ပူဇော်ခြင်းငှါ လာ ပြီဟု ပြော လော့။
And Samuel said, How shall I go? if Saul hear [it], he will kill me. And Jehovah said, Take a heifer with thee, and say, I am come to sacrifice to Jehovah.
3 ယေရှဲ ကို လည်း ယဇ် ပွဲသို့ ခေါ်ဘိတ် လော့။ ထိုအခါ သင်သည် အဘယ်သို့ ပြု ရမည်ကို ငါ ပြ မည်။ ငါသည် နာမဖြင့် ထုတ်ပြ သော သူကို ငါ့ အဘို့ ဘိသိက် ပေးရမည်ဟု မိန့် တော်မူသည်အတိုင်း၊
And call Jesse to the sacrifice, and I will tell thee what thou shalt do; and thou shalt anoint unto me him whom I name unto thee.
4 ရှမွေလ ပြု၍ ဗက်လင် မြို့သို့ သွား လေ၏။ ဗက်လင်မြို့သားအသက်ကြီး သူတို့သည် ရှမွေလနှင့် တွေ့ သောအခါ တုန်လှုပ် ၍ ၊ ကိုယ်တော်သည် ချမ်းသာ ပေးလျက် လာ တော်မူသလောဟု မေးလျှောက် ကြသော်၊
And Samuel did what Jehovah said, and came to Bethlehem. And the elders of the city came trembling to meet him, and said, Dost thou come peaceably?
5 ချမ်းသာ ပေးလျက် ထာဝရဘုရား အား ယဇ် ပူဇော်ခြင်းငှါ ငါလာ ပြီ။ မိမိတို့ကို သန့်ရှင်း စေပြီးမှ ငါ နှင့်အတူ ယဇ် ပွဲသို့ လာ ကြဟု ဆို သဖြင့် ၊ ယေရှဲ နှင့် သူ ၏သား တို့ကို သန့်ရှင်း စေ၍ ယဇ် ပွဲသို့ ခေါ် လေ၏။
And he said, Peaceably: I am come to sacrifice to Jehovah. Hallow yourselves, and come with me to the sacrifice. And he hallowed Jesse and his sons, and called them to the sacrifice.
6 သူတို့သည် ရောက် လာသောအခါ ဧလျာဘ ကို ကြည့်ရှု ၍ ၊ စင်စစ် ထာဝရဘုရား အခွင့်နှင့် ဘိသက် ခံရသောသူသည် ငါ့ရှေ့ မှာရှိ ၏ဟု ဆို လေသော်၊
And it came to pass when they were come, that he looked on Eliab, and said, Surely Jehovah's anointed is before him.
7 ထာဝရဘုရား က၊ သူ ၏မျက်နှာ ၊ သူ ၏အရပ် ကို မ ကြည့် မရှုနှင့်။ သူ့ ကို ငါပယ် ပြီ။ ထာဝရဘုရားသည် လူ မြင်သကဲ့သို့ မြင် တော်မူသည် မ ဟုတ်။ လူ သည် အဆင်း သဏ္ဌာန်ကို ကြည့်ရှု တတ်၏။ ထာဝရဘုရား မူကား နှလုံး ကို ကြည့်ရှု တတ်သည်ဟု ရှမွေလ အား မိန့် တော်မူ၏။
But Jehovah said to Samuel, Look not on his countenance, or on the height of his stature; because I have rejected him; for it is not as man seeth; for man looketh upon the outward appearance, but Jehovah looketh upon the heart.
8 တဖန် ယေရှဲ သည် အဘိနဒပ် ကို ခေါ် ၍ ရှမွေလ ရှေ့ မှာ သွား စေသဖြင့် ၊ ရှမွေလက၊ ဤ သူကို လည်း ထာဝရဘုရား ရွေး တော်မ မူဟုဆို ၏။
Then Jesse called Abinadab, and made him pass before Samuel. And he said, Neither has Jehovah chosen this one.
9 တဖန် ယေရှဲ သည် ရှိမာ ကို သွား စေသဖြင့် ၊ ဤ သူကို လည်း ထာဝရဘုရား ရွေး တော်မ မူဟု ဆို ၏။
Then Jesse made Shammah pass by. And he said, Neither has Jehovah chosen this one.
10 ၁၀ တဖန် ယေရှဲ သည် သား ခုနစ် ယောက်တို့ကို ရှမွေလ ရှေ့ မှာ သွား စေသဖြင့် ၊ ရှမွေလ က၊ ဤ သူတို့ကို လည်း ထာဝရဘုရား ရွေး တော်မ မူ။
And Jesse made seven of his sons pass before Samuel. And Samuel said to Jesse, Jehovah has not chosen these.
11 ၁၁ သင်၌ သား မ ရှိပြီလောဟု ယေရှဲ အား မေး လျှင် ၊ ယေရှဲက အငယ်ဆုံး သော သားရှိ ပါသေး၏။ သိုး တို့ကို ထိန်း ကျောင်းလျက် နေပါသည်ဟု ပြော ဆိုသော် ၊ ရှမွေလ က သူ့ ကို ခေါ် စေခြင်းငှါလူကို စေလွှတ် ပါ။ သူ မ ရောက် မှီ ပွဲသို့ ဝင်၍ မ ထိုင် ရဟု ဆို သည်အတိုင်း၊
And Samuel said to Jesse, Are these all the young men? And he said, There is yet the youngest remaining, and behold, he is feeding the sheep. And Samuel said to Jesse, Send and fetch him; for we will not sit at table till he come hither.
12 ၁၂ စေလွှတ် ၍ သူ့ ကို ခေါ် ခဲ့၏။ သူ သည် နီ သောဆံပင်ရှိ၏။ လှ သောအဆင်း နှင့် ချစ် ဘွယ်သော မျက်နှာလည်းရှိ၏။ ထာဝရဘုရား က ဤ သူ ပေတည်း။ ထ ၍ ဘိသိက် ပေးလော့ဟု မိန့် တော်မူ၏။
And he sent and brought him in. And he was ruddy, and besides of a lovely countenance and beautiful appearance. And Jehovah said, Arise, anoint him; for this is he.
13 ၁၃ ရှမွေလ သည်လည်း ၊ ဆီ ဘူး ကိုယူ ၍ သူ ၏ အစ်ကို စုထဲမှာ သူ့ ကို ဘိသိက် ပေးလေ၏။ ထို နေ့မှစ၍ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ဒါဝိဒ် အပေါ် မှာ သက်ရောက် လေ၏။ ရှမွေလ သည် ထ ၍ ရာမ မြို့သို့ ပြန်သွား ၏။
And Samuel took the horn of oil, and anointed him in the midst of his brethren. And the Spirit of Jehovah came upon David from that day forward. And Samuel rose up, and went to Ramah.
14 ၁၄ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ရှောလု မှ ထွက်သွား ၍ ၊ ထာဝရဘုရား ထံ တော်က ဆိုး သော ဝိညာဉ် သည် နှောင့်ရှက် တတ်၏။
And the Spirit of Jehovah departed from Saul, and an evil spirit from Jehovah troubled him.
15 ၁၅ ရှောလု ၏ ကျွန် တို့ကလည်း ၊ ယခု မှာ ဘုရား သခင်ထံတော်က ဆိုး သော ဝိညာဉ် သည် ကိုယ်တော် ကို နှောင့်ရှက် တတ်ပါ၏။
And Saul's servants said to him, Behold now, an evil spirit from God troubles thee.
16 ၁၆ ခစားသော ကိုယ်တော် ၏ ကျွန် တို့သည်၊ သာယာစွာ စောင်း တီး တတ် သောသူ ကို ရှာဖွေ ရမည် အကြောင်းအရှင် အမိန့် ရှိတော်မူပါ။ ဘုရား သခင့်ထံတော်က ဆိုး သောဝိညာဉ် လာ သောအခါ ၊ သူသည်စောင်းတီး သဖြင့် ကိုယ်တော် သည် ချမ်းသာ ရတော်မူမည်ဟု လျှောက် လျှင်၊
Let our lord now speak; thy servants are before thee: they shall seek out a man, a skilful player on a harp; and it shall come to pass, when the evil spirit from God is upon thee, that he shall play with his hand, and thou shalt be well.
17 ၁၇ ရှောလု က၊ သာယာ စွာ တီး တတ်သောသူ ကို ငါ့ အဘို့ ရှာဖွေ၍ ငါ့ ထံသို့ ခေါ် ခဲ့ကြဟု ကျွန် တို့အား မိန့် တော်မူသော်၊
And Saul said to his servants, Provide me now a man that can play well, and bring him to me.
18 ၁၈ ကျွန် တယောက် က၊ ကျွန်တော်တွေ့ ဘူးသော ဗက်လင် မြို့သားယေရှဲ သား သည် စောင်းတီး သောအတတ်၊ ရဲရင့် ခြင်းအစွမ်း သတ္တိနှင့် ပြည့်စုံ၍၊ စစ်မှု ၌၎င်း၊ ပညာ စကား ၌၎င်း လေ့ကျက်ပါ၏။ အဆင်း လည်း လှပါ၏။ ထာဝရဘုရား သည်သူ နှင့်အတူ ရှိတော်မူ၏ဟု လျှောက် သောကြောင့်၊
And one of the young men answered and said, Behold, I have seen a son of Jesse the Bethlehemite, who is skilled in playing, and he is a valiant man and a man of war, and skilled in speech, and of good presence, and Jehovah is with him.
19 ၁၉ ရှောလု က၊ ယေရှဲ ရှိရာသို့ လူကိုစေလွှတ် ၍ ၊ သိုးထိန်းဖြစ်သောသင် ၏သား ဒါဝိဒ် ကို ငါ့ ထံသို့ စေလွှတ် ရမည်ဟု အမိန့် တော်ရှိ၏။
Then Saul sent messengers to Jesse and said, Send me David thy son, who is with the sheep.
20 ၂၀ ယေရှဲ သည် မုန့် တင်သော မြည်း ၊ စပျစ်ရည် ဘူး ၊ ဆိတ် သငယ်ကို ယူ ၍ မိမိ သား ဒါဝိဒ် တွင် ရှောလု ထံသို့ ပေး လိုက်လေ၏။
And Jesse took an ass with bread, and a flask of wine, and a kid, and sent [them] by David his son to Saul.
21 ၂၁ ဒါဝိဒ် သည် ရှောလု ထံသို့ ရောက် ၍ ခစား သဖြင့် ၊ ရှောလုသည် အလွန် ချစ် ၍ လက်နက် တော်ဆောင် အရာ၌ ခန့်ထား၏။
And David came to Saul, and stood before him; and he loved him greatly; and he became his armour-bearer.
22 ၂၂ ရှောလု သည်လည်း ယေရှဲ ရှိရာသို့ လူကိုစေလွှတ် ၍၊ ဒါဝိဒ် ကို ငါ့ စိတ် နှင့်တွေ့သောကြောင့် ငါ့ ထံ၌ ခစား ပါစေဟု အခွင့် တောင်းလေ၏။
And Saul sent to Jesse, saying, Let David, I pray thee, stand before me; for he has found favour in my sight.
23 ၂၃ ဘုရား သခင့်ထံတော်က ဆိုးသောဝိညာဉ် သည် ရှောလု အပေါ် မှာ ရောက် သောအခါ ၊ ဒါဝိဒ် သည် စောင်း ကိုယူ ၍ တီး သဖြင့် ဆိုး သောဝိညာဉ် ထွက် သွား၍ ၊ ရှောလု သည် သက်သာ လျက် ပကတိ ကျန်းမာလျက်ရှိတတ်၏။
And it came to pass, when the [evil] spirit from God was upon Saul, that David took the harp, and played with his hand; and Saul was refreshed, and was well, and the evil spirit departed from him.

< ၁ ဓမ္မရာဇဝင် 16 >