< ၁ ဓမ္မရာဇဝင် 15 >

1 တဖန် ရှမွေလ က၊ ထာဝရဘုရား ၏လူ ဣသရေလ အမျိုးကို အုပ်စိုးစေခြင်းငှါသင့် ကို ဘိသိက် ပေးမည် အကြောင်း၊ ငါ့ ကို အထက်ကစေလွှတ် တော်မူသည်ဖြစ်၍ ၊ ယခု မှာ ထာဝရဘုရား ၏ စကား တော်ကို နားထောင် လော့။
ساموئێل بە شاولی گوت: «یەزدان منی نارد بۆ ئەوەی تۆ وەک پاشایەک دەستنیشان بکەم لەسەر ئیسرائیلی گەلەکەی. جا ئێستا گوێت لە فەرمایشتی یەزدان بێت،
2 ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အဲဂုတ္တု ပြည်မှ ထွက် လာသောဣသရေလအမျိုး၌၊ အာမလက် အမျိုးပြု သော ဆီးတားခြင်းအမှုကို ငါမှတ်လျက်ရှိ၏။
یەزدانی سوپاسالار ئەمە دەفەرموێت:”سزای عەمالێقییەکان دەدەم لەسەر ئەوەی بە ئیسرائیلیان کرد، کاتێک لەسەر ڕێگا لە دژیان وەستان کە لە میسر هاتنە دەرەوە.
3 ယခု သွား ၍ ထိုအမျိုးကို လုပ်ကြံ လော့။ နှမြော ခြင်းမ ရှိဘဲ၊ ရှင်းရှင်း ဖျက်ဆီး ၍ ၊ ယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ နို့စို့ မှစ၍ ၊ သိုး ၊ နွား ၊ ကုလားအုပ် ၊ မြည်း တို့ကိုသတ် လော့ဟု ရှောလု အား ဆင့်ဆို သည် အတိုင်း၊
ئێستاش بڕۆ گورز لە عەمالێقییەکان بوەشێنە، هەموو ئەوەی هەیانە بە تەواوی قڕیان بکە، دەستیان لێ مەپارێزە و بیانکوژە، پیاو و ژن و منداڵ و شیرەخۆرە، گا و مەڕ و وشتر و گوێدرێژ.“»
4 ရှောလု သည် လူ တို့ကို စုဝေး စေ၍ တေလိမ် မြို့မှာ စာရင်း ယူသဖြင့် ၊ ခြေသည် သူရဲနှစ် သိန်း၊ ယုဒ စစ်သူရဲတသောင်း ရှိကြ၏။
جا شاول سوپاکەی بانگکرد و لە تەلائیم کۆی کردنەوە، دوو سەد هەزار پیادە و دە هەزار پیاوی یەهودا.
5 ရှောလု သည်လည်း အာမလက် မြို့ သို့ စစ်ချီ ၍ ချိုင့် ၌ တပ်ချ ပြီးမှ၊
ئینجا شاول چوو بۆ شاری عەمالێق و لە شیوەکەدا خۆی مات کرد،
6 ကေနိ လူတို့ရှိရာသို့ စေလွှတ်လျက်၊ သင် တို့ကို အာမလက် လူတို့နှင့်အတူ ငါဖျက်ဆီး မည်ဟု စိုးရိမ်စရာရှိသောကြောင့်၊ သူတို့အထဲက ထွက် သွား၍ နေရာ ပြောင်းကြလော့။ ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအခါ ၊ သင်တို့သည် ကျေးဇူး ပြု ကြပြီဟု မှာ လိုက်သည် အတိုင်း ၊ ကေနိ လူတို့သည် အာမလက် လူတို့အထဲ က ထွက်သွား ကြ၏။
بە قێنییەکانی گوت: «بڕۆن و دوورەپەرێز بن و لەنێو عەمالێقییەکان بچنە دەرەوە، نەوەک ئێوەش لەگەڵ ئەواندا لەناو ببەم، چونکە ئێوە چاکەتان لەگەڵ هەموو نەوەی ئیسرائیلدا کردووە، کاتێک لە میسرەوە سەرکەوتن.» جا قێنییەکان خۆیان لە عەمالێقییەکان دوورەپەرێز گرت.
7 ရှောလု သည် ဟဝိလ မြို့မှစ၍ အဲဂုတ္တု ပြည် တစ်ဘက်တချက် ၌ နေသော ရှုရ မြို့တိုင်အောင်အာမလက် လူတို့ကို လုပ်ကြံ လေ၏။
ئینجا شاول لە عەمالێقییەکانی دا، لە حەڤیلایەوە هەتا شوور کە لە ڕۆژهەڵاتی میسرە.
8 အာမလက် ရှင်ဘုရင် အာဂတ် ကို အရှင် ဘမ်းမိ ၏။ လူ အပေါင်း တို့ကို ထား ဖြင့် ရှင်းရှင်းဖျက်ဆီး လေ၏။
هەروەها ئەگاگی پاشای عەمالێقییەکانی بە زیندوویی گرت و هەموو گەلەکەی بە شمشێر بە تەواوی قڕکرد.
9 သို့ရာတွင် ရှောလု နှင့် လူ များတို့သည် အာဂတ် မင်းနှင့်တကွ၊ သိုး နွား အမြတ် အလတ်၊ ဆူ သော သိုးသငယ် ၊ ကောင်း သော ဥစ္စာရှိသမျှ ကို နှမြော ၍ ရှင်းရှင်းမ ဖျက်ဆီး ကြ။ အသုံး မဝင် ယုတ်မာ သော ဥစ္စာ ရှိသမျှ ကိုသာ ရှင်းရှင်းဖျက်ဆီး ကြ၏။
بەڵام شاول و سوپاکە دەستیان لە ئەگاگ پاراست، هەروەها باشترینی مەڕوماڵات و گاوگۆتاڵ و دابەستە و هەموو ئەوەی باش بوو نەیانویست بە تەواوی قڕیان بکەن، بەڵام هەموو ئەو ماڵەی بێ نرخ و لاواز بوو بە تەواوی قڕیان کرد.
10 ၁၀ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ရှမွေလ သို့ ရောက် လာ၍၊
ئینجا فەرمایشتی یەزدان هات بۆ ساموئێل و فەرمووی:
11 ၁၁ ငါသည် ရှောလု ကို ရှင်ဘုရင် အရာ ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ ၏။ သူသည် ငါ ၏ ပညတ် တို့ကို မ ကျင့် ၊ ငါ့ နောက် သို့မ လိုက်၊ လမ်းလွှဲပြီဟု မိန့် တော်မူ၏။ ရှမွေလ သည် ဝမ်းနည်း ၍ တညဉ့်လုံး ထာဝရဘုရား အား ဟစ်ကြော် ပြီးလျှင်၊
«خەفەتبارم لەوەی کە شاولم کردە پاشا، چونکە لێم هەڵگەڕاوەتەوە و فەرمانەکانی منی بەجێنەگەیاند.» جا ساموئێل دڵتەنگ بوو، بە درێژایی ئەو شەوە هاواری بۆ یەزدان کرد.
12 ၁၂ နံနက် စောစောထ ၍ ရှောလု ကို ကြိုဆို ခြင်းငှါ သွားသောအခါ၊ ရှောလု သည် ကရမေလ မြို့သို့ ရောက် ၍ အောင်တိုင် ကို စိုက် ပြီးမှ ၊ လှည့်လည် သဖြင့် ဂိလဂါလ မြို့သို့ လွန် သွားကြောင်းကို ကြားသောကြောင့်၊ ရှောလုရှိရာသို့ သွား လေ၏။
بەیانی زوو ساموئێل بۆ بینینی شاول هەستا، جا بە ساموئێل ڕاگەیەنرا: «شاول چوو بۆ کارمەل و ئەوەتا تاوەرێکی یادەوەری بۆ خۆی داناوە، سووڕاوەتەوە و پەڕیوەتەوە و دابەزیوە بۆ گلگال.»
13 ၁၃ ရှောလု ကလည်း၊ ထာဝရဘုရား သည် ကိုယ်တော် ကို ကောင်းကြီး ပေးတော်မူပါစေသော။ အကျွန်ုပ် သည် ထာဝရဘုရား အမိန့် တော်အတိုင်း ပြု ပါပြီဟု ဆို ၏။
جا ساموئێل هات بۆ لای شاول، شاول پێی گوت: «با بەرەکەتی یەزدانت لەسەر بێت، من فەرمانی یەزدانم بەجێگەیاند.»
14 ၁၄ ရှမွေလ ကလည်း ၊ သို့ဖြစ်လျှင် ငါ ကြား ရသော သိုး မြည် သံ၊ နွား မြည် သံကား အဘယ်သို့ နည်းဟုမေး သော်၊
بەڵام ساموئێل گوتی: «ئەی باعەباعی ئەو مەڕانە چییە لە گوێمدا دێت، ئەی بۆڕەبۆڕی ئەو مانگایانە چییە دەیبیستم؟»
15 ၁၅ ရှောလု က၊ အာမလက် ပြည်မှ ဆောင် ခဲ့ပါပြီ။ လူ များတို့သည် ကိုယ်တော် ၏ဘုရား သခင်ထာဝရဘုရား အား ယဇ် ပူဇော်လိုသောငှါ အကောင်းဆုံး သော သိုး နွား တို့ကို နှမြော ၍၊ ကြွင်း သော အရာရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီး ပါပြီဟု ဆို ၏။
شاولیش وەڵامی دایەوە: «لەلای عەمالێقییەکانەوە هێناویانە، ئەوانەیە کە گەل لە باشەکان دەستیان لێ پاراست، لە مەڕ و مانگا، بۆ ئەوەی بۆ یەزدانی پەروەردگارت سەری ببڕن، ئەوانی دیکەشمان بە تەواوی قڕکرد.»
16 ၁၆ ရှမွေလ ကလည်း ၊ နေ ပါဦးလော့။ မနေ့ည မှာ ထာဝရဘုရား မိန့် တော်မူသော စကားကို ပြန်ပြော ပါ မည်ဟု ရှောလု အား ဆို လျှင် ၊ ရှောလုက ပြော ပါတော့ဟုဆို ၏။
ئینجا ساموئێل بە شاولی گوت: «بێدەنگ بە! با ئەوەت پێ ڕابگەیەنم کە یەزدان دوێنێ شەو چی پێ فەرمووم.» ئەویش گوتی: «پێم بڵێ.»
17 ၁၇ ရှမွေလ ကလည်း ၊ သင် သည် ကိုယ်အထင်အတိုင်း ငယ် သောသူဖြစ်လျက်ပင်၊ ဣသရေလ အမျိုး တို့ ၏ အထွဋ် သို့ ရောက်၍၊ ဣသရေလ ရှင်ဘုရင် အရာနှင့် ထာဝရဘုရား ဘိသိက် ပေးတော်မူသည် မ ဟုတ်လော။
ساموئێل گوتی: «هەرچەندە لەبەرچاوی خۆت بچووکیت، ئایا نەبوویت بە سەرۆکی هۆزەکانی ئیسرائیل؟ ئایا یەزدان دەستنیشانی نەکردیت ببیتە پاشای ئیسرائیل؟
18 ၁၈ ထာဝရဘုရား က၊ သွား လော့။ အပြစ် များသော အာမလက် အမျိုးသားတို့ကို ရှင်းရှင်းဖျက်ဆီး လော့။ မဖျက်ဆီး မှီ တိုင်အောင် စစ်တိုက် လော့ဟု သင့် ကို ဝေး သော အရပ်သို့ စေလွှတ် တော်မူ၏။
یەزدان بە ئەرکێک ڕەوانەی کردیت و فەرمووی:”بڕۆ عەمالێقییە گوناهبارەکان بە تەواوی قڕ بکە و لە دژیان بجەنگە هەتا لەناودەچن.“
19 ၁၉ သို့ဖြစ်၍ သင်သည် ထာဝရဘုရား ၏အမိန့် တော်ကို နား မ ထောင်ဘဲ၊ ရန်သူ၏ ဥစ္စာ ကို လုယူ၍ ထာဝရဘုရား ရှေ့ တော်၌ ဤဒုစရိုက် ကို အဘယ်ကြောင့် ပြု ဘိသနည်းဟု ပြောဆိုသော်၊
ئیتر بۆچی گوێڕایەڵی یەزدان نەبوویت و پەلاماری دەستکەوتەکەت دا و لەبەرچاوی یەزداندا ئەم خراپەیەت کرد؟»
20 ၂၀ ရှောလု က၊ အကျွန်ုပ်သည် ထာဝရဘုရား ၏ အမိန့် တော်ကို ဧကန်အမှန်နားထောင် ပါပြီ။ ထာဝရဘုရား စေခိုင်း တော်မူသော လမ်း သို့ လိုက် ပါပြီ။ အာမလက် ရှင်ဘုရင် အာဂတ် ကို ဆောင် ခဲ့၍ ၊ အာမလက် အမျိုးသားတို့ကို ရှင်းရှင်းဖျက်ဆီး ပါပြီ။
شاولیش بە ساموئێلی گوت: «من گوێڕایەڵی یەزدان بووم و ئەو ئەرکەم بەجێهێنا کە پێی سپاردم، ئەگاگی پاشای عەمالێقم هێنا و عەمالێقییەکانم بە تەواوی قڕکرد.
21 ၂၁ သို့ရာတွင် လူ များတို့သည် ဂိလဂါလ မြို့၌ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား အား ယဇ် ပူဇော်လိုသောငှါ လုယူ သော သိုး နွား ၊ ရှင်းရှင်းဖျက်ဆီး အပ်သောအရာ အကောင်းဆုံး တို့ကို သိမ်းယူ ကြပါပြီဟု ပြောဆို ပြန်၏။
جەنگاوەران لە دەستکەوتەکە مەڕ و مانگایان برد، باشترینی تەرخانکراوەکان بۆ خودا، تاکو لە گلگال بۆ یەزدانی پەروەردگارت سەری ببڕن.»
22 ၂၂ ရှမွေလ ကလည်း ၊ ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် ခြင်း၌ အားရတော်မူသကဲ့သို့ ၊ မီး ရှို့ရာ ယဇ်အစရှိသော ယဇ် မျိုးတို့ကို ပူဇော်ခြင်း၌ အားရ တော်မူမည်လော။ အလို တော်သို့ လိုက်ခြင်းသည် ယဇ် မျိုးထက် သာ၍ကောင်း၏။ နားထောင် ခြင်းသည် သိုး ထီးဆီဥ ထက် သာ၍ကောင်း၏။
بەڵام ساموئێل گوتی: «ئایا یەزدان دڵخۆشە بە قوربانی سووتاندن و سەربڕدراوەکان یان بە گوێڕایەڵبوون بۆ فەرمایشتی یەزدان؟ گوێڕایەڵی لە سەربڕین باشترە، سەرنجدانیش لە چەوری بەرانەکان.
23 ၂၃ ငြင်းဆန် သော သဘောသည် နတ်ဆိုး နှင့်ပေါင်းခြင်းကဲ့သို့၎င်း၊ ခိုင်မာ သော သဘောသည် ဗေဒင်တန်ဆာကို သုံးခြင်းကဲ့သို့၎င်း အပြစ် ကြီး၏။ သင်သည် ထာဝရဘုရား ၏ စကား တော်ကို ပယ် သောကြောင့် ၊ ထာဝရဘုရားသည် ရှင်ဘုရင် အရာကို နှုတ်၍ သင့် ကို ပယ် တော်မူပြီဟု ဆို ၏။
یاخیبوون وەک گوناهی فاڵگرتنەوەیە، کەللەڕەقی تاوان و بتپەرستییە. لەبەر ئەوەی فەرمایشتی یەزدانت ڕەتکردەوە، ئەویش لە پاشایەتی ڕەتی کردوویتەوە.»
24 ၂၄ ရှောလု ကလည်း ၊ အကျွန်ုပ်သည် ပြစ်မှား ပါပြီ။ လူ များကို ကြောက် ၍ သူ တို့စကား ကို နားထောင် သောကြောင့် ၊ ထာဝရဘုရား ၏ အမိန့် တော်ကို၎င်း ၊ ကိုယ်တော် ၏ စကား ကို၎င်းလွန်ကျူး ပါပြီ။
ئینجا شاول بە ساموئێلی گوت: «گوناهم کرد. سەرپێچی فەرمانی یەزدان و قسەی تۆم کرد، چونکە لە گەل ترسام و بە قسەی ئەوانم کرد.
25 ၂၅ အကျွန်ုပ် အပြစ် ကို သည်းခံ တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရား ကို ကိုးကွယ် မည်အကြောင်း ၊ အကျွန်ုပ် နှင့်အတူ ပြန် လာပါဟု တောင်းပန် သော်လည်း၊
ئێستاش تکایە لە گوناهم خۆشبە و لەگەڵمدا بگەڕێوە، بۆ ئەوەی کڕنۆش بۆ یەزدان ببەم.»
26 ၂၆ ရှမွေလ က၊ သင် နှင့်အတူ ငါမ ပြန်။ သင်သည် ထာဝရဘုရား ၏ အမိန့် တော်ကို ပယ် သောကြောင့် ၊ ထာဝရဘုရား သည် ဣသရေလ ရှင်ဘုရင် အရာကို နှုတ်၍ သင့် ကို ပယ် တော်မူပြီဟု ရှောလု အား ဆို ပြီးမှ၊
بەڵام ساموئێل بە شاولی گوت: «لەگەڵتدا ناگەڕێمەوە، چونکە فەرمایشتی یەزدانت ڕەتکردەوە، یەزدانیش وەک پاشای ئیسرائیل ڕەتی کردوویتەوە.»
27 ၂၇ လှည့် သွား သောအခါ ရှောလုသည် ရှမွေလ ၏ ဝတ်လုံ စွန်း ကို ကိုင် ဆွဲ၍ ဝတ်လုံစုတ် လေ၏။
کاتێک ساموئێل ئاوڕی دایەوە بۆ ئەوەی بڕوات، شاول دامێنی کەواکەی گرت و دڕا.
28 ၂၈ ရှမွေလ ကလည်း ၊ ယနေ့ ထာဝရဘုရား သည် ဣသရေလ နိုင်ငံ ကို သင် မှ ဆုတ် ယူ၍ ၊ သင့် ထက် ကောင်း သောသင် ၏ အိမ်နီးချင်း အား ပေး တော်မူပြီ။
ساموئێلیش پێی گوت: «یەزدان ئەمڕۆ پاشایەتی ئیسرائیلی لێت دابڕی و دای بە نزیکەکەت کە لە تۆ باشترە.
29 ၂၉ ထိုမှတပါး ဣသရေလ အမျိုး၏ အစွမ်း သတ္တိဖြစ်သော ဘုရားသည် မုသာ သုံးခြင်း၊ နောင်တရ ခြင်း နှင့် ကင်းလွတ် တော်မူ၏။ နောင်တရ အံ့သောငှါ လူ ဖြစ်တော်မ မူဟုဆို သော်၊
هەروەها شکۆی ئیسرائیل درۆ ناکات و بڕیاری ناگۆڕێت، چونکە ئەو مرۆڤ نییە تاکو بڕیاری بگۆڕێت.»
30 ၃၀ ရှောလုက အကျွန်ုပ်ပြစ်မှား ပါပြီ။ သို့သော်လည်း အကျွန်ုပ် အမျိုးသား ချင်း အသက်ကြီး သူတို့ ရှေ့ ၌၎င်း ၊ ဣသရေလ အမျိုးရှေ့ ၌၎င်း၊ အကျွန်ုပ် ၏ ဂုဏ်အသရေကို မဖျက်ပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား ကို ကိုးကွယ် ရမည်အကြောင်း ၊ အကျွန်ုပ် နှင့်အတူ ပြန် လာပါဟု တောင်းပန် သည်အတိုင်း၊
شاولیش گوتی: «ئێستا گوناهم کردووە، تکایە لەبەردەم پیرانی گەلەکەم و لەبەردەم ئیسرائیلدا ڕێزم لێبنێ، لەگەڵمدا بگەڕێوە تاکو کڕنۆش بۆ یەزدانی پەروەردگارت ببەم.»
31 ၃၁ ရှမွေလ သည် ရှောလု နောက် သို့ လိုက်၍ ၊ ရှောလု သည် ထာဝရဘုရား ကို ကိုးကွယ် လေ၏။
ئینجا ساموئێل بەدوای شاولدا گەڕایەوە، شاول کڕنۆشی بۆ یەزدان برد.
32 ၃၂ ထိုအခါ ရှမွေလ က၊ အာမလက် ရှင်ဘုရင် အာဂတ် ကို ငါ့ ထံသို့ ခေါ် ခဲ့ကြဟု ဆို သည်အတိုင်း ၊ အာဂတ် က သေ ဘေးသည် စင်စစ် လွန် သွားပြီဟု ဆိုလျက် ရွှင်လန်း စွာလာ ၏။
پاشان ساموئێل گوتی: «ئەگاگی پاشای عەمالێقم بۆ بهێننە ئێرە.» ئەگاگیش بە متمانەوە چوو بۆ لای و گوتی: «بێگومان تاڵی مەرگ ڕەوییەوە.»
33 ၃၃ ရှမွေလ က၊ မိန်းမ များတို့သည် သင် ၏ထား ကြောင့် သား ဆုံးသကဲ့သို့ ၊ သင် ၏ အမိ သည် သား ဆုံး သော မိန်းမ ဖြစ်ရမည်ဟုဆို လျက် ၊ ဂိလဂါလ မြို့မှာ ထာဝရဘုရား ရှေ့ တော်၌ အာဂတ် ကို အပိုင်းပိုင်း ဖြတ်စေ၏။
بەڵام ساموئێل گوتی: «وەک چۆن شمشێرەکەت ژنانی وەجاخکوێر کرد، ئاواش دایکت وەجاخکوێر دەبێت.» ئینجا ساموئێل لە گلگال لەبەردەم یەزدان ئەگاگی پارچەپارچە کرد.
34 ၃၄ ထိုနောက် ရှမွေလ သည် ရာမ မြို့သို့သွား ၍ ရှောလု သည် မိမိ နေရာ ဂိဗာ မြို့၊ နန်းတော် သို့ ပြန် သွား လေ၏။
پاشان ساموئێل چوو بۆ ڕامە و شاولیش سەرکەوت بۆ ماڵەکەی لە گیڤعای شاولدا.
35 ၃၅ ရှောလု အနိစ္စ မရောက်မှီတိုင်အောင် ၊ ရှမွေလ သည် နောက် တဖန် အကြည့် အရှုမ လာ။ သို့ရာတွင်ရှမွေလ သည် ရှောလု အတွက် စိတ် မသာညည်းတွားလျက်နေ၏။ ထာဝရဘုရား သည် ရှောလု ကို ဣသရေလ ရှင် ဘုရင်အရာ၌ ခန့်ထားသော အမှုကို နောင်တရ တော်မူ၏။
ئیتر ساموئێل هەتا ڕۆژی مردنی نەگەڕایەوە بۆ بینینی شاول، هەرچەندە شیوەنیشی بۆ دەگێڕا. یەزدانیش خەفەتبار بوو کە شاولی کردە پاشای ئیسرائیل.

< ၁ ဓမ္မရာဇဝင် 15 >