< ၁ ဓမ္မရာဇဝင် 14 >

1 တနေ့သ၌ရှောလု ၏ သား ယောနသန် သည် ခမည်းတော် ထံ၌ အခွင့် မ ပန်ဘဲ၊ လက်နက် ဆောင် လုလင် ကို ခေါ်၍၊ တစ်ဘက် ၌ နေသော ဖိလိတ္တိ တပ် သို့ သွား ကြကုန်အံ့ဟု ဆို လေ၏။
One day Jonathan, son of Saul, said to the young armor-bearer, “Come on, let's cross over to the Philistine garrison on the other side.” But he didn't let his father know his plans.
2 ရှောလု သည် ဂိဗာ မြို့စွန်း ၊ မိဂြုန် ရွာ၊ ရိမ္မုန် ကျောက်ဆောင်နားမှာ နေ ၍ ၊ အထံတော်၌ လူ ခြောက် ရာ ခန့် မျှရှိ၏။
Saul was staying near Gibeah under a pomegranate tree in Migron. He had about six hundred men with him,
3 သင်တိုင်း ဝတ် ၍ ရှိလော မြို့၌ ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်ဖြစ်သောသူ ဧလိ နှင့်ဖိနဟတ် တို့ မှ ဆင်းသက်သော ဣခဗုဒ် ၏အစ်ကို အဟိတုပ် ၏သား အဟိယ လည်း ရှိ၏။ ယောနသန် သွား ကြောင်း ကို လူ များ မ သိ ကြ။
including Ahijah, who was wearing an ephod. He was a son of Ichabod's brother Ahitub, son of Phinehas, son of Eli, priest of the Lord in Shiloh. No one realized Jonathan had left.
4 ယောနသန် သည် ဖိလိတ္တိ တပ် သို့ သွား စမ်းသော လမ်း ကြား မှာ၊ တစ်ဘက်တချက် ၌ ကျောက် ငူ ရှိ၏။ ကျောက် ငူ တခု သည် ဗောဇက် ၊ တခု သည် သေနေ အမည် ရှိ၏။
Cliffs stood on both sides of the pass that Jonathan planned to cross to reach the Philistine garrison, one called Bozez and the other Seneh.
5 တခု ကား မြောက် ဘက်၌ မိတ်မတ် မြို့သို့ ၎င်း ၊ တခု ကား တောင် ဘက်၌ ဂိဗာ မြို့သို့ ၎င်း မျက်နှာပြု သတည်း။
The cliff to the north was on the Michmash side, the one to the south on the Geba side.
6 ယောနသန် က၊ အရေဖျားလှီးခြင်းကိုမခံ သော ထိုတပ်သား တို့ဆီ သို့ သွား ကြကုန်အံ့။ ထာဝရဘုရား သည် ငါ တို့အမှုကို စောင့် ကောင်း စောင့်တော်မူလိမ့်မည်။ လူများ သော်၎င်း၊ နည်း သော်၎င်း၊ ထာဝရဘုရား ကယ်တင် တော်မူခြင်းကို အဆီးအတား မ ရှိနိုင်ဟု လက်နက် ဆောင် လုလင် အား ပြောဆို လျှင်၊
Jonathan said to the young armor-bearer, “Come on, let's cross over to the garrison of these heathen men. Maybe the Lord will help us out. It's not a problem for the Lord to win, whether by many or by few.”
7 လုလင်က၊ စိတ် တော်ရှိသည်အတိုင်း ပြု ပါ။ လှည့် သွားပါ။ အလိုတော်ရှိသည်အတိုင်း ကျွန်တော် လိုက် ပါမည်ဟု ပြန်ပြော သော်၊
“You choose what you want to do,” the armor-bearer replied. “I'm with you whatever you decide!”
8 ယောနသန် က၊ ထိုလူ တို့ဆီ သို့ သွား ၍ ကိုယ်ကို ပြ ကြကုန်အံ့။
“Let's go then!” Jonathan said. “We'll cross over in their direction so they can see us.
9 သူတို့ကနေ ကြ။ ငါ တို့လာ မည်ဟုဆို လျှင် သူ တို့ဆီ သို့မ သွား ဘဲ နေ ကြမည်။
If they tell us, ‘Wait there until we come down to you,’ we will wait where we are and we won't go up to them.
10 ၁၀ သို့မဟုတ် ၊ လာ ကြဟုဆို လျှင် သွား ကြမည်။ ထာဝရဘုရား သည် သူ တို့ကို ငါ တို့လက် သို့ အပ် တော်မူ ၏။ ထိုသို့ သော ပုပ္ပ နိမိတ်ရှိရ၏ဟု ဆိုသည်နှင့်အညီ၊
But if they say, ‘Come on up to us,’ we'll climb up, for that will be the sign that the Lord has handed them over to us.”
11 ၁၁ နှစ် ယောက်တို့သည် ဖိလိတ္တိ တပ်သား တို့အား ကိုယ်ကိုပြ သောအခါ ၊ ဖိလိတ္တိ လူတို့က၊ ဟေဗြဲ လူတို့ သည် ပုန်းရှောင် ရာတွင်း ထဲက ထွက် လာပါသည်တကား ဟုဆို လျက်၊
So both of them let themselves be seen by Philistine garrison. “Hey, look!” shouted the Philistines. “The Hebrews are coming out of the holes they were hiding in.”
12 ၁၂ တပ်သား တို့က၊ လာ ကြ။ တစုံတခုကို ပြ မည်ဟု ယောနသန် နှင့် လက်နက် ဆောင် လုလင်အားဆို လျှင် ၊ ယောနသန်က၊ ငါ့ နောက် သို့ လိုက် လော့။ ထာဝရဘုရား သည် သူ တို့ကို ဣသရေလ လူတို့ လက် သို့ အပ် တော်မူပြီဟု လုလင်အား ဆိုသဖြင့်၊
The men from the garrison called down to Jonathan and his armor-bearer, “Come up here, and we'll teach you a thing or two!” “Follow me up,” Jonathan told his armor-bearer, “for the Lord has handed them over to Israel.”
13 ၁၃ လေးဘက်တွားလျက် တက် ၍၊ လုလင်လည်းလိုက်၏။ ယောနသန် ရှေ့ မှာ ဖိလိတ္တိလူတို့သည် လဲ ၍ လုလင်သည် သူ့သခင့် နောက် မှာ လုပ်ကြံ လေ၏။
So Jonathan climbed up on his hands and feet, with his armor-bearer right behind him. Jonathan attacked and killed them, and his armor-bearer followed doing the same.
14 ၁၄ ယောနသန် နှင့် လုလင်ပြုသော ပဌမ လုပ်ကြံ ခြင်းအားဖြင့်နွားတရှဉ်း ထွန်နိုင်သော မြေကွက် အတွင်း တွင် လူ နှစ် ဆယ်ခန့် မျှ သေကြ၏။
In this first attack, Jonathan and his armor-bearer killed about twenty men over an area of half an acre.
15 ၁၅ စစ် သူရဲများ၊ လယ် လုပ်သူများ၊ အခြားသူများအပေါင်း တို့သည် တပ်သား များ၊ လုယူ သောသူများနှင့်တကွ တုန်လှုပ် ကြ၍၊ မြေကြီး လည်း လှုပ် သဖြင့် ၊ အလွန်ကြီးသော တုန်လှုပ် ခြင်းရှိ ၏။
Then Philistines went into a panic, in the camp, in the field, and throughout their army. Even those in the outposts and the groups of raiders became terrified. The earth shook—this was a panic from God.
16 ၁၆ ဗင်္ယာမိန် ခရိုင် ဂိဗာ မြို့၌ ရှောလု ၏ ကင်းစောင့် တို့သည် ကြည့်ရှု သောအခါ ၊ ဖိလိတ္တိလူအလုံးအရင်း သည် လျော့ ၍ တယောက်ကိုတယောက်ထိုးရိုက်လျက်သွား ကြ၏။
Saul's lookouts at Gibeah in Benjamin saw the Philistine army melting away, scattering in all directions.
17 ၁၇ ရှောလု ကလည်း ၊ အဘယ်သူ ထွက်သွား သည်ကို သိ ခြင်းငှါလူ များကို ရေတွက် ကြလော့ဟု အထံတော်၌ ရှိသောသူတို့အား စီရင်သည်အတိုင်း ရေတွက် ၍၊ ယောနသန် နှင့် သူ ၏လက်နက် ဆောင် လုလင် မ ရှိ။
Saul told the soldiers with him, “Do a roll-call and find out who isn't here with us.” When they did the roll-call, they discovered that Jonathan and his armor-bearer weren't there.
18 ၁၈ ထို ကာလ အခါ ဘုရား သခင်၏ သေတ္တာ တော်သည် ဣသရေလ အမျိုးသား တို့၌ ရှိ သည်ဖြစ်၍ ၊ ရှောလု က၊ ဘုရား သခင်၏ သေတ္တာ တော်ကိုယူ ခဲ့ပါဟု အဟိယ အား ဆို ၏။
Saul said to Ahijah, “Bring the Ark of God here.” (At the time the Ark of God traveled with the Israelites.)
19 ၁၉ ရှောလု သည် ယဇ်ပုရောဟိတ် နှင့် စကားပြော စဉ် တွင်၊ ဖိလိတ္တိ တပ် ၌ အုတ်အုတ် ကျက်ကျက်သော အသံတိုးပွားသောကြောင့်၊ ရှောလု က နေဦးတော့ဟု ယဇ်ပုရောဟိတ် အား ဆို သဖြင့်၊
But as Saul was speaking to the priest, the commotion coming from the Philistine camp grew louder and louder. So Saul told the priest, “Forget it!”
20 ၂၀ မိမိ နှင့် လူ အပေါင်း တို့သည် တယောက်ကိုတယောက်နှိုးဆော် လျက် စစ် ချီ၍ ရောက် သောအခါ ၊ ဖိလိတ္တိလူတို့သည် တယောက် ကိုတယောက်ခုတ်သဖြင့် အလွန် တပ်ပျက် လေ၏။
Then Saul and all his army assembled and went into battle. They discovered the Philistines were in total disarray, attacking each other with swords.
21 ၂၁ အထက် ကာလ၌ ဖိလိတ္တိ လူတို့ဘက် မှာနေ ၍ အရပ်ရပ် တို့က တပ် သို့ လိုက် လာသော ဟေဗြဲ လူတို့ သည်လည်း ရှောလု နှင့် ယောနသန် ၌ ပါသော ဣသရေလ လူတို့ဘက်သို့ ဝင်ကြ၏။
The Hebrews who had previously sided with the Philistines, and who were with them in their camp, switched sides and joined the Israelites who were with Saul and Jonathan.
22 ၂၂ ဧဖရိမ် တောင် ၌ ပုန်းရှောင် ၍ နေသောဣသရေလ လူ အပေါင်း တို့သည်လည်း၊ ဖိလိတ္တိ လူ ပြေး ကြောင်း ကို ကြား သောအခါ စစ် ချီ၍ ကျပ်ကျပ်လိုက် ကြ၏။
When all the Israelites who had been hiding in the hill country of Ephraim heard that the Philistines were running away, they also joined in chasing after the Philistines to attack them.
23 ၂၃ ထိုသို့ ထာဝရဘုရား သည် ဣသရေလ အမျိုးကို ထို နေ့၌ ကယ်တင် တော်မူသဖြင့် ၊ စစ်မှု သည် ဗေသဝင် မြို့သို့ လွန် သွားလေ၏။
On that day the Lord saved Israel, and the battle extended past Beth-aven.
24 ၂၄ ထို နေ့၌ ဣသရေလ လူ တို့သည် ဆင်းရဲ ခံရကြ၏။ အကြောင်းမူကား၊ ရှောလု က၊ ငါသည် ငါ့ ရန်သူ တို့၌ ငါ့စိတ် ပြေမည်အကြောင်း၊ ညဦး ချိန်မ ရောက်မှီ အစာ စား သော သူတိုင်း ကျိန်ဆဲ အပ်စေဟုလူ တို့ အား အကျိန် ပေးသောကြောင့် အဘယ်သူ မျှအစာ မ စား ရ။
It was difficult for the men of Israel that day because Saul had ordered the army to take an oath, saying, “Cursed is anyone who eats anything before evening, before I have avenged myself on my enemies.” So no one in the army had eaten anything.
25 ၂၅ လူအပေါင်း တို့သည် မြေ ပေါ် ၌ ပျားရည် ရှိ ရာတော သို့ ရောက် သဖြင့်၊
When they all entered the forest they found honeycomb on the ground.
26 ၂၆ တော ထဲသို့ ဝင် သောအခါ ပျားရည် စက်စက် ကျလျက်ရှိသော်လည်း ၊ အကျိန် တော်ကို ကြောက် သောကြောင့် ၊ အဘယ်သူမျှမိမိ လက် ကို မိမိ ပါးစပ် ၌ မ ထည့်။
While they were in the forest they saw the honey running out, but no one picked it up to eat it because they were all afraid of the oath they had taken.
27 ၂၇ သို့ရာတွင် ခမည်းတော် သည် လူ များတို့အား အကျိန် ပေးသည်ကို ယောနသန် မ ကြား သောကြောင့် ၊ မိမိ ကိုင် သော လှံတံ ဖျား ကို ပျား လပို့၌ နှစ် ၍ မိမိ လက် နှင့် ယူစားသဖြင့် မျက်စိ ကြည်လင် လေ၏။
But Jonathan hadn't heard that his father had ordered the army to take this oath. So he stuck the end of his stick into the honeycomb, picked up a piece to eat, and he felt much better.
28 ၂၈ ခမည်းတော် က၊ ယနေ့ အစာ စား သော သူတိုင်း ကျိန်ဆဲ အပ်စေဟု လူ များတို့အား ကျပ်ကျပ်အကျိန် ပေးတော်မူပြီဟု လူ တယောက်ကြား လျှောက်၏။ လူ တို့သည်လည်း မော လျက်နေကြ၏။
But one of the soldiers told him, “Your father made the army take a solemn oath, saying, ‘Cursed is anyone who eats anything today!’ That is why the men are exhausted.”
29 ၂၉ ယောနသန် ကလည်း ၊ ငါ့ အဘ သည် ပြည်သား တို့ကို နှောင့်ရှက် လေပြီ။ ဤ ပျားရည် အနည်းငယ် ကို ငါစား သောကြောင့် ငါ့ မျက်စိ ကြည်လင် သည်ကို ကြည့် ပါတော့။
“My father has caused a whole lot of trouble for everyone,” Jonathan replied. “See how well I am because I've eaten a little of this honey.
30 ၃၀ လူ များတို့သည် ယနေ့ တွေ့ မိသော ရန်သူ ၏ ဥစ္စာ ကို စား ချင်တိုင်းစားလျှင် ၊ အဘယ်မျှ လောက်အကျိုးကြီးလိမ့်မည်တကား။ ဖိလိတ္တိ လူတို့ကို သာ၍ လုပ်ကြံ ကြလိမ့်မည်တကားဟု ဆို လေ၏။
It would have been so much better if only the army had eaten plenty today from the plunder taken from their enemies! How many more Philistines would have been killed?”
31 ၃၁ ထို နေ့၌ ဖိလိတ္တိ လူတို့ကို မိတ်မတ် မြို့မှ အာဇလုန် မြို့တိုင်အောင် လုပ်ကြံ ကြ၏။ ဣသရေလလူ တို့ သည် အလွန် ပင်ပန်း သဖြင့်၊
After defeating the Philistines that day, killing them from Michmash to Aijalon, the Israelites were totally exhausted.
32 ၃၂ ရန်သူ၏ ဥစ္စာ ကို လုယူ ၍၊ သိုး ၊ နွား ၊ နွား သငယ်တို့ကို မြေ ပေါ် မှာ သတ် ပြီးလျှင် အသွေး နှင့်တကွ စား ကြ၏။
They grabbed the plunder, taking sheep, cattle, and calves, and slaughtered them right there on the ground. But they ate them with the blood.
33 ၃၃ ထိုသို့ လူ များတို့သည် အသွေး နှင့်တကွ စား ၍ ထာဝရဘုရား ကို ပြစ်မှား သည်ဟု ရှောလု အား ကြား လျှောက်လျှင် ၊ သင်တို့သည် သစ္စာ ပျက်ကြပြီ။ ကြီးစွာ သော ကျောက် ကို ငါ့ ထံသို့ ယနေ့ လှိမ့် ခဲ့။
Saul was told, “Look, the men are sinning against the Lord by eating meat with the blood.” “Law-breakers!” said Saul. “Roll a large stone over here right now!”
34 ၃၄ လူ များတို့တွင် အရပ်ရပ် သွား၍ လူအသီးအသီးမိမိ တို့ သိုး နွား ကို ဤအရပ်သို့ ယူ ခဲ့ပြီးလျှင် ၊ ဤ အရပ်၌ သတ် စား ကြစေ။ အသွေး နှင့်တကွ စား ၍ ထာဝရဘုရား ကို မ ပြစ်မှား စေနှင့်ဟု မိန့် တော်မူ သည်အတိုင်း ၊ လူ များတို့သည် အသီးအသီး မိမိ တို့ သိုးနွား ကို ထိုညဉ့် ၌ ယူ ခဲ့၍ ထို အရပ်၌ သတ် ကြ၏။
Then he said, “Go around the soldiers and tell them, ‘Every man must bring me his cattle or his sheep and slaughter them here, and then eat. Don't sin against the Lord by eating meat with the blood.’” Everyone in the army brought what he had and slaughtered it there that night.
35 ၃၅ ရှောလု သည်လည်း ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် လေ၏။ ထိုပလ္လင်ကား ထာဝရဘုရား အဘို့ တည် သော ပဌမ ပလ္လင် ဖြစ်သတည်း။
So Saul built an altar to the Lord. This was the first altar he had built to the Lord.
36 ၃၆ တဖန် ရှောလု က၊ ညဉ့် အခါ ငါတို့သည် ဖိလိတ္တိ လူတို့ကို လိုက်၍ တယောက်ကိုမျှ မ ကျန်ကြွင်း စေဘဲ၊ မိုဃ်းလင်းသည်တိုင်အောင် ဖျက်ဆီး ကြကုန်အံ့ဟု စီရင်၍၊ လူများတို့က စိတ်တော်ရှိသည် အတိုင်း ပြု တော်မူပါဟု ဝန်ခံ ကြသော်၊ ယဇ်ပုရောဟိတ် က၊ ဘုရား သခင့်အထံ တော်သို့ ချဉ်းကပ် ကြကုန်အံ့ဟု ဆို လေ၏။
Saul said, “Let's go and chase down the Philistines during night and plunder them till dawn, leaving no survivors.” “Do what you think best,” they replied. But the priest said, “Let's ask God first.”
37 ၃၇ ရှောလု ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိ လူတို့ကို လိုက် ရပါမည်လော။ သူ တို့ကို ဣသရေလ လူတို့လက် သို့ အပ် တော်မူမည်လော ဟု ဘုရား သခင့်ထံ အခွင့် ပန်သော်လည်း ၊ ထို နေ့တွင် ပြန် တော်မ မူ။
Saul asked God, “Shall I go down and chase down the Philistines? Will you hand them over to Israel?” But that day God didn't answer him.
38 ၃၈ ရှောလု ကလည်း ၊ လူ တို့တွင် အရာရှိ အပေါင်း တို့၊ ယနေ့ အဘယ်သူ ပြစ်မှား မိသည်ကို သိ မြင် အံ့သောငှါချဉ်း ၍ လာကြလော့။
So Saul gave the order, “All you army commanders, come here so we can investigate what sin has happened today.
39 ၃၉ ဣသရေလ အမျိုးကို ကယ်တင် သော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ၊ ငါ့ သား ယောနသန် ဖြစ် သော်လည်း ၊ ဆက်ဆက်သေ ရမည်ဟုဆို သော်၊ အဘယ်သူ မျှပြန် ၍မ လျှောက်ဝံ့။
I swear on the life of the Lord who saves Israel, that even if it's my son Jonathan, he will have to die!” But no one of the whole army said anything.
40 ၄၀ ရှောလုကလည်း၊ သင် တို့သည် တစ်ဘက် ၊ ငါ နှင့် ငါ့ သား ယောနသန် သည် တစ်ဘက် နေ ရကြမည်ဟု ဆို လျှင် ၊ လူ များတို့က စိတ်တော်ရှိသည်အတိုင်း ပြု တော်မူပါဟု လျှောက် ကြသော်၊
Saul told them all, “You stand over to one side, and I and my son Jonathan will stand on the opposite side.” “Do what you think best,” the army replied.
41 ၄၁ ရှောလု က၊ ဖြောင့်မတ် စွာ စီရင်တော်မူပါဟု ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အား ဆုတောင်း သဖြင့် ၊ လူ များတို့သည် လွတ် ကြ၍ ၊ ရှောလု နှင့် ယောနသန် ကို မှတ် တော်မူ၏။
Saul prayed to the Lord, the God of Israel, “Let the Thummin show.” Jonathan and Saul were identified, while everyone else was cleared.
42 ၄၂ ရှောလု ကလည်း ၊ ငါ နှင့် ငါ့ သား ယောနသန် အဘို့ စာရေးတံ ပြုလော့ဟု ဆို သဖြင့် ၊ ယောနသန် ကို မှတ် တော်မူ၏။
Then Saul said, “Cast lots between me and my son Jonathan.” Jonathan was selected.
43 ၄၃ ရှောလု ကလည်း ၊ သင်ပြု သောအမှုကို ပြော လော့ဟု ယောနသန် အား ဆို လျှင် ၊ ယောနသန် က၊ အကျွန်ုပ် ကိုင်သော လှံ ဖျား နှင့် ပျားရည် အနည်းငယ် ကို ယူ၍ မြည်းစမ်း မိပါပြီ။ ထိုအမှုကြောင့်သာ သေ ရပါမည်ဟု ပြန်ပြော ၏။
“Tell me what you have done,” Saul asked Jonathan. “I just tasted a little honey with the end of my stick,” Jonathan told him. “Here I am, and I have to die.”
44 ၄၄ ရှောလု ကလည်း ၊ ယောနသန် ၊ သင်သည် ဆက်ဆက်မသေ လျှင် ၊ ဘုရား သခင်သည် ထို မျှမကငါ၌ ပြု တော်မူပါစေသောဟု ဆို သော်လည်း၊
Saul said, “May God punish me very severely if you do not die, Jonathan!”
45 ၄၅ လူ များတို့က၊ ဣသရေလ အမျိုး၌ ဤ ကယ်တင် ခြင်း ကျေးဇူးကို ပြု ပြီးသော ယောနသန် သည် သေ ရမည်လော။ ထိုသို့ မဖြစ်ပါစေနှင့်။ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း သူ ၏ ဆံခြည် တပင်မျှ မြေ ပေါ် မှာ မ ကျ ရ။ သူသည် ဘုရား သခင်နှင့်အတူ ယနေ့ ဝိုင်း၍ ပြု ပါပြီဟု ဆို သဖြင့် ၊ အသက် ချမ်းသာစေခြင်းငှါယောနသန် ကို ကယ်နှုတ် ကြ၏။
But the people told Saul, “Does Jonathan have to die, the one who achieved this great victory in Israel? Absolutely not! We swear on the life of the Lord, not a single hair of his head will fall to the ground, for it was with God's help that he achieved this today.” The people saved Jonathan, and he didn't die.
46 ၄၆ ထိုနောက် ရှောလု သည်ဖိလိတ္တိ လူတို့ကို မလိုက်။ သူတို့သည် နေရင်းအရပ် သို့ ပြန် သွားကြ၏။
Saul stopped chasing down the Philistines, and the Philistines went to their own country.
47 ၄၇ ထိုသို့ ရှောလု သည် ဣသရေလ အမျိုးကို စိုးစံ ၍ ပတ်ဝန်းကျင် ရန်သူ ၊ မောဘ ပြည်သား၊ အမ္မုန် ပြည်သား ၊ ဧဒုံ ပြည်သား၊ ဇောဘ မင်း များ၊ ဖိလိတ္တိ လူများတို့ကို စစ်တိုက်၍ စစ်ချီလေရာရာ ၌ သူတို့ကို အောင် လေ၏။
After Saul had made his hold over Israel secure, he fought against all his enemies all around: Moabites, Ammonites, Edomites, the kings of Zobah, and the Philistines. Whatever direction he went he defeated them all.
48 ၄၈ ဗိုလ်ခြေ များကို နှိုးဆော် ၍ အာမလက် အမျိုးသားတို့ကို လုပ်ကြံ သဖြင့် ၊ ဣသရေလ အမျိုးသားတို့ကို လုယက် ဖျက်ဆီးသောသူတို့ လက် မှ ကယ်နှုတ် လေ၏။
He fought bravely, conquering the Amalekites, saving Israel from those who plundered them.
49 ၄၉ သား တော် ကားယောနသန် ၊ ဣရွှိ ၊ မေလခိရွှ တည်း။ သမီး တော်နှစ် ယောက်တွင် အကြီး ကားမေရပ်။ အငယ် ကား၊ မိခါလ တည်း။
Saul's sons were Jonathan, Ishvi, and Malchishua. The names of his two daughters were Merab, (the firstborn), and Michal, (the younger one).
50 ၅၀ မြောက်သားတော်ကား အဟိမတ် ၏ သမီး အဟိနောင် တည်း။ ဗိုလ်ချုပ် မင်းကား၊ ဘထွေး တော် နေရ သား အာဗနာ တည်း။
The name of his wife was Ahinoam, daughter of Ahimaaz. The name of Saul's army commander was Abner, son of Ner, and Ner was Saul's uncle.
51 ၅၁ ခမည်းတော် ကိရှ နှင့် အာဗနာ ၏ အဘ နေရ သည် အဗျေလ ၏ သား ဖြစ်၏။
Saul's father Kish and Abner's father Ner were sons of Abiel.
52 ၅၂ ရှောလု လက်ထက် ကာလပတ်လုံး ၊ ဖိလိတ္တိ လူတို့ကို ကျပ်ကျပ်စစ်တိုက် ရကြ၏။ ခွန်အား ကြီးသောသူ၊ ရဲရင့် သောသူ တွေ့ သမျှ တို့ကို ရှောလု သည် ရွေးကောက် ခန့်ထားလေ့ရှိ၏။
Throughout Saul's lifetime there was constant war with the Philistines. Saul recruited into his army every strong warrior and every brave fighter that he met.

< ၁ ဓမ္မရာဇဝင် 14 >