< ၁ ဓမ္မရာဇဝင် 12 >

1 ရှမွေလ ကလည်း ၊ သင်တို့ပြော သမျှ သော စကား ကို ငါနားထောင် ၍ ၊ သင် တို့အပေါ် မှာ ရှင် ဘုရင်ကို ငါချီးမြှောက် လေပြီ။
ထို​နောက်​ရှ​မွေ​လ​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား``ငါ​သည်​သင်​တို့​တောင်း​ဆို သည့်​အ​တိုင်း​သင်​တို့​အား​ဘု​ရင်​ကို​ခန့် အပ်​ပေး​သ​ဖြင့်၊-
2 ယခု မှာ ရှင် ဘုရင်သည် သင် တို့ရှေ့ ၌ ကြွ နေတော်မူ၏။ ငါ သည် အသက် ကြီး၍ ဆံပင် ဖြူပြီ။ ငါ့ သား တို့ သည် သင် တို့၌ ရှိကြ၏။ ငါ သည် ငယ် သော အရွယ်မှစ၍ ယနေ့ တိုင်အောင် သင် တို့ရှေ့ ၌ သွား ပြီ။
ယ​ခု​သင်​တို့​သည်​ခေါင်း​ဆောင်​ကို​ရ​ရှိ​ကြ လေ​ပြီ။ ငါ​မူ​ကား​အ​သက်​အ​ရွယ်​အို​မင်း ၍​ဆံ​ပင်​ဖြူ​လျက်​ရှိ​၏။ ငါ​၏​သား​များ သည်​လည်း​သင်​တို့​နှင့်​အ​တူ​ရှိ​နေ​ကြ​၏။ ငါ​သည်​အ​သက်​ငယ်​စဉ်​မှ​အ​စ​ပြု​၍ သင်​တို့​အား​ဦး​စီး​ခေါင်း​ဆောင်​ပြု​ခဲ့​၏။-
3 ဤအရပ်၌ ယခု ငါ ရှိ ၏။ အဘယ်သူ ၏ နွား ကို ငါယူ ဘူးပြီနည်း။ အဘယ်သူ ၏ မြည်း ကို ယူ ဘူးပြီနည်း။ အဘယ်သူ ကို လှည့်စား ဘူးပြီနည်း။ အဘယ်သူ ကို ညှဉ်းဆဲ ဘူးပြီနည်း။ ကိုယ် မျက်စိ ကိုကွယ် စေခြင်းငှါ အဘယ်သူ လက် မှ တံစိုး ကိုခံ ဘူးပြီနည်း။ ထာဝရဘုရား ရှေ့ ၊ ဘိသိက် တော်ကိုခံသောသူ ရှေ့ မှာ ငါ့ တဘက် ၌ သက်သေခံ ကြလော့။ သူ့ဥစ္စာကို ငါယူမိလျှင် ပြန် ပေးပါမည်ဟု ဣသရေလ လူအပေါင်း တို့အား ပြော ဆိုသော်၊
ယ​ခု​ငါ​ရှိ​နေ​သေး​စဉ်​အ​ကယ်​၍​ငါ့​မှာ အ​ပြစ်​တစ်​စုံ​တစ်​ရာ​ရှိ​ပါ​က ဘု​ရား​သ​ခင် ၏​ရှေ့​တော်​တွင်​လည်း​ကောင်း၊ ကိုယ်​တော်​ဘိ သိက်​ပေး​တော်​မူ​သည့်​ဘု​ရင်​၏​ရှေ့​တွင်​လည်း ကောင်း သင်​တို့​သည်​ယ​ခု​ငါ့​အား​စွပ်​စွဲ​ဖော် ပြ​ကြ​လော့။ ငါ​သည်​အ​ဘယ်​သူ​၏​နွား​ကို ယူ​ဖူး​ပါ​သ​နည်း။ အ​ဘယ်​သူ​၏​မြည်း​ကို မ​တ​ရား​သိမ်း​ယူ​ဖူး​ပါ​သ​နည်း။ ငါ​သည် လူ​တစ်​စုံ​တစ်​ယောက်​အား​လိမ်​လည်​လှည့် စား​မှု​ကို​သော်​လည်း​ကောင်း၊ ညှင်း​ဆဲ​နှိပ် စက်​မှု​ကို​သော်​လည်း​ကောင်း​ပြု​ခဲ့​ဖူး​ပါ သ​လော။ တံ​စိုး​လက်​ဆောင်​ယူ​ဖူး​ပါ​သ လော။ ဤ​အ​မှု​တစ်​ခု​ခု​ကို​ပြု​မိ​ခဲ့​သော် ငါ​သည်​မိ​မိ​ယူ​မိ​သည့်​အ​ရာ​ကို​ပြန် ၍​ပေး​လျော်​ပါ​အံ့'' ဟု​ဆို​၏။
4 သူတို့က၊ ကိုယ်တော်သည် အကျွန်ုပ် တို့ကို မ လှည့်စား ပါ။ မ ညှဉ်းဆဲ ပါ။ အဘယ်သူ ၏ ဥစ္စာကိုမျှ မ ယူ ပါဟု ပြောဆို ကြ၏။
လူ​တို့​က``အ​ရှင်​သည်​အ​ကျွန်ုပ်​တို့​အား​လိမ် လည်​လှည့်​စား​မှု​ကို​သော်​လည်း​ကောင်း၊ ညှဉ်း ဆဲ​နှိပ်​စက်​မှု​ကို​သော်​လည်း​ကောင်း​မ​ပြု​ခဲ့ ပါ။ မည်​သူ​၏​ပစ္စည်း​ဥစ္စာ​ကို​မျှ​လည်း​မ​ယူ ခဲ့​ဖူး​ပါ'' ဟု​လျှောက်​ကြ​၏။
5 ရှမွေလကလည်း၊ သင်တို့သည် ငါ့ လက် ၌ သူတပါး၏ဥစ္စာ ကို ရှာ ၍ မ တွေ့ကြောင်း ကို ထာဝရဘုရား သည် သင် တို့တဘက် ၌ သက်သေ ဖြစ်တော်မူ၏။ ဘိသိက် တော်ကိုခံသောသူလည်း သက်သေ ဖြစ်၏ဟု ဆို လျှင် ၊ သူတို့က၊ သက်သေ ဖြစ်ပါသည်ဟု ဝန်ခံ ကြ၏။
ရှ​မွေ​လ​က``ငါ​၌​လုံး​ဝ​အ​ပြစ်​မ​ရှိ​ကြောင်း သင်​တို့​တွေ့​ရှိ​ချက်​ကို​ထာ​ဝ​ရ​ဘု​ရား သက်​သေ​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ဘိ​သိက် ပေး​တော်​မူ​သော​ဘု​ရင်​သည်​လည်း​သက်​သေ ဖြစ်​တော်​မူ​၏'' ဟု​ဆို​လျှင်၊ လူ​တို့​က``မှန်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​၏​သက်​သေ​ဖြစ်​တော်​မူ​ပါ သည်'' ဟု​ဆို​ကြ​၏။
6 တဖန် ရှမွေလ က၊ ထာဝရဘုရား သည် မောရှေ နှင့် အာရုန် ကို ချီးမြှောက်၍ ၊ သင် တို့ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ ဆောင် ခဲ့တော်မူ၏။
ရှ​မွေ​လ​သည်​ဆက်​လက်​၍``မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​ရွေး​ချယ်​တော်​မူ​သော​သင်​တို့​၏​ဘိုး ဘေး​များ​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် လာ​တော်​မူ​သော​အ​ရှင်​ကား​ထာ​ဝ​ရ ဘု​ရား​ပင်​ဖြစ်​၏။-
7 ယခု တွင် တိတ်ဆိတ်စွာနေကြလော့။ ထာဝရဘုရား သည် သင် တို့နှင့် သင် တို့ဘိုးဘေး များ၌ တရား သဖြင့် ပြု တော်မူသောအမှုတို့ကို ထာဝရဘုရား ရှေ့ တော်မှာ သင် တို့အား ငါဆွေးနွေး ဟောပြောမည်။
သင်​တို့​သည်​ယ​ခု​ထ​၍​ရပ်​ကြ​လော့။ ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​တွင်​သင်​တို့​ကို​ငါ​ပြစ်​တင် စွပ်​စွဲ​မည်။ ကိုယ်​တော်​သည်​သင်​တို့​နှင့်​ဘိုး​ဘေး တို့​အား မ​ဟာ​အ​မှု​တော်​များ​အား​ဖြင့်​ကယ် ဆယ်​တော်​မူ​ခဲ့​ပုံ​ကို​သ​တိ​ရ​ကြ​လော့။-
8 ယာကုပ် သည် အဲဂုတ္တု ပြည်သို့ ရောက် ၍ ၊ သင် တို့ဘိုးဘေး တို့သည် ထာဝရဘုရား အား အော်ဟစ် သောအခါ ၊ မောရှေ နှင့် အာရုန် ကို စေလွှတ် သဖြင့် ဘိုးဘေး တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် ၍ ဤ ပြည် ၌ နေရာ ချတော်မူ၏။
ယာ​ကုပ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် အီ​ဂျစ်​ပြည်​သို့​သွား​ရောက်​ကြ​သော​အ​ခါ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​သူ​တို့​အား နှိပ်​စက်​က​လူ​ပြု​ကြ​၏။ ထို​အ​ခါ​သင်​တို့ ၏​ဘိုး​ဘေး​များ​သည် ထာ​ဝ​ရ​ဘု​ရား​အား ကယ်​တော်​မူ​ရန်​ဟစ်​အော်​တောင်း​လျှောက် ကြ​သ​ဖြင့် ကိုယ်​တော်​သည်​မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​နှစ်​ဦး​တို့ သည်​သင်​တို့​၏​ဘိုး​ဘေး​များ​အား အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ကာ​ဤ​ပြည်​တွင်​နေ​ရာ ချ​ထား​ပေး​ကြ​၏။-
9 သူ တို့၏ဘုရား သခင်ထာဝရဘုရား ကို မေ့လျော့ သောအခါ ၊ ဟာဇော် ဗိုလ်ချုပ် မင်း သိသရ လက် သို့ ၎င်း ၊ ဖိလိတ္တိ လူတို့ လက် သို့ ၎င်း ၊ မောဘ ရှင်ဘုရင် လက် သို့ ၎င်း ရောက်စေတော်မူသဖြင့်၊ ထိုရန်သူတို့၏တိုက်ဖျက် ခြင်းကိုခံရကြ၏။
သို့​ရာ​တွင်​လူ​တို့​သည်​မိ​မိ​တို့​အ​ရှင်​ထာ ဝ​ရ​ဘု​ရား​အား​မေ့​လျော့​သွား​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​များ အား​လည်း​ကောင်း၊ မော​ဘ​ဘု​ရင်​နှင့်​ဟာ​ဇော် တပ်​မှူး​သိ​သ​ရ​အား​လည်း​ကောင်း​သူ​တို့ ကို​တိုက်​ခိုက်​နှိမ်​နင်း​ခွင့်​ပြု​တော်​မူ​၏။-
10 ၁၀ တဖန် သူတို့သည် ထာဝရဘုရား အား အော်ဟစ် လျက် ၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို စွန့် ၍၊ ဗာလ ဘုရားနှင့် အာရှတရက် ဘုရားတို့ကို ဝတ်ပြု သဖြင့် ပြစ်မှား ပါပြီ။ သို့ရာတွင် ရန်သူ လက် မှ ကယ်ချွတ် တော်မူပါ။ ကိုယ်တော် ကို ဝတ်ပြု ပါမည်ဟု လျှောက် ကြသောအခါ၊
၁၀ထို​အ​ခါ​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား ကူ​မ​တော်​မူ​ရန် ဟစ်​အော်​လျက်`အ​ကျွန်ုပ်​တို့ သည်​အ​ပြစ်​ကူး​လွန်​မိ​ကြ​ပါ​ပြီ။ ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​ပယ်​၍​ဗာ​လ​ဘု​ရား​နှင့် အာ​ရှ တ​ရက်​ဘု​ရား​မ​တို့​၏​ရုပ်​တု​များ​ကို​ဝတ် ပြု​ရှိ​ခိုး​ခဲ့​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​အား​ရန် သူ​များ​၏​လက်​မှ​ကယ်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​ကို​ဝတ်​ပြု​ကိုး​ကွယ်​ပါ မည်' ဟု​လျှောက်​ထား​ကြ​၏။-
11 ၁၁ ထာဝရဘုရား သည် ယေရုဗ္ဗာလ ၊ ဗာရက် ၊ ယေဖသ ၊ ရှမွေလ တို့ကို စေလွှတ် ၍ ၊ ပတ်ဝန်းကျင် ရန်သူ တို့ လက် မှ ကယ်နှုတ် တော်မူသဖြင့် သင်တို့သည် ဘေး လွတ်ရကြ၏။
၁၁ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင်၊ ထို နောက်​ဗာ​ရက်၊ ထို​နောက်​ယေ​ဖ​သ၊ နောက်​ဆုံး ၌​ငါ့​အား​စေ​လွှတ်​တော်​မူ​၏။ ငါ​တို့​အ​သီး သီး​သည်​သင်​တို့​အား​ရန်​သူ​များ​လက်​မှ ကယ်​ခဲ့​ကြ​သ​ဖြင့် သင်​တို့​သည်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​၏။-
12 ၁၂ နောက် တဖန် အမ္မုန် အမျိုးသား ရှင်ဘုရင် နာဟတ် သည် စစ်ချီမည်အကြောင်းကို သိ သောအခါ ၊ အကျွန်ုပ်တို့သည် အရင်ကဲ့သို့မ ဟုတ်၊ ရှင် ဘုရင်သည် အကျွန်ုပ် တို့ကို အုပ်စိုး ရမည်ဟု သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ရှင်ဘုရင် လုပ်လျက်ပင်ငါ့ အား လျှောက် ထားကြ၏။
၁၂သို့​ရာ​တွင်​သင်​တို့​အား​အမ္မုန်​ဘု​ရင်​နာ​ဟတ် က​တိုက်​ခိုက်​မည်​ပြု​သော​အ​ခါ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဘု​ရင်​အ​ဖြစ်​မှ​ပစ် ပယ်​ကာ​သင်​တို့​ကို​အုပ်​စိုး​မည့်​ဘု​ရင်​ကို ခန့်​ပေး​ရန်​ငါ့​ထံ​တွင်​တောင်း​ဆို​ကြ​၏။
13 ၁၃ ယခု မှာ သင်တို့လိုချင် ၍ ရွေးချယ် သော ရှင် ဘုရင်ကို ကြည့်ရှု ကြလော့။ ထာဝရဘုရား သည် သင် တို့အပေါ် မှာ ရှင်ဘုရင် ဖြစ်စေခြင်းငှါချီးမြှောက် တော်မူပြီ။
၁၃``သင်​တို့​ရွေး​ချယ်​သည့်​ဘု​ရင်​သည်​ယ​ခု​သင် တို့​ရှေ့​မှောက်​တွင်​ရှိ​၏။ သင်​တို့​တောင်း​ဆို​သည့် အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ကို​ဘု​ရင် အ​ဖြစ်​ချီး​မြှောက်​တော်​မူ​လေ​ပြီ။-
14 ၁၄ သင်တို့သည် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ဝတ်ပြု ခြင်းနှင့်တကွအာဏာ တော်ကို မ ဆန် ၊ စကား တော်ကို နားထောင် လျှင် သင် တို့နှင့် သင် တို့ကို အုပ်စိုး သော ရှင် ဘုရင်သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား နောက် တော်သို့ အမြဲလိုက်ကြလိမ့်မည်။
၁၄သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​စွာ​ဝတ်​ပြု​ကိုး​ကွယ် လျက် အ​မိန့်​တော်​များ​ကို​မ​လွန်​ဆန်​ဘဲ​စ​ကား တော်​ကို​လိုက်​နာ​၍ သင်​တို့​၏​ဘု​ရင်​နှင့်​အ​တူ ကိုယ်​တော်​၏​ကျေး​ဇူး​သစ္စာ​တော်​ကို​စောင့်​ထိန်း ကြ​လျှင်​သင်​တို့​၏​ဘ​ဝ​သာ​ယာ​လိမ့်​မည်။-
15 ၁၅ သို့မဟုတ် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်၊ အာဏာ တော်ကို ဆန် လျှင် ၊ ထာဝရဘုရား ၏ လက် တော်သည် ဘိုးဘေး တို့ကို ဆီးတားသကဲ့သို့ သင် တို့ကို ဆီးတားတော်မူလိမ့်မည်။
၁၅``သို့​ရာ​တွင်​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ အ​မိန့်​တော်​ကို လွန်​ဆန်​ကြ​ပါ​လျှင် ကိုယ်​တော်​သည်​သင်​တို့ နှင့်​သင်​တို့​၏​ဘု​ရင်​အား​ဆန့်​ကျင်​ဘက် ပြု​တော်​မူ​လိမ့်​မည်။-
16 ၁၆ ယခု မှာ သင် တို့မျက်မှောက် ၌ ထာဝရဘုရား ပြု တော်မူလတံ့သော အမှု ကြီး ကို ငြိမ်ဝပ်စွာ နေ ၍ ကြည့်ရှု လော့။
၁၆သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​ရှိ​ရာ​အ​ရပ် တွင်​ရပ်​နေ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ပြ တော်​မူ​မည့်​တန်​ခိုး​တော်​ကို​မြင်​ရ​ကြ လိမ့်​မည်။-
17 ၁၇ ယနေ့ ဂျုံ စပါးရိတ် ရာ ကာလဖြစ်သည် မ ဟုတ်လော။ သို့သော်လည်းထာဝရဘုရား ကို ငါဆုတောင်း ၍ မိုဃ်းချုန်း ခြင်းနှင့်တကွ မိုဃ်း ရွာစေတော်မူမည်။ သို့ဖြစ်၍ သင် တို့သည် ရှင်ဘုရင် ကို တောင်း သောအားဖြင့် ထာဝရဘုရား ရှေ့ တော်၌ ပြစ်မှား မိသော အပြစ် သည် ကြီး ကြောင်း ကို ရိပ်မိ သိမြင် ရကြမည် ဟု လူများတို့အား ပြောဆိုပြီးလျှင်၊
၁၇ယ​ခု​အ​ခါ​သည်​ခြောက်​သွေ့​သော​ရာ​သီ​ဖြစ် ၏။ သို့​ရာ​တွင်​ငါ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကို​ထစ်​ချုန်း​စွာ ရွာ​သွန်း​စေ​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ​ဘု​ရင် ကို​သင်​တို့​တောင်း​ဆို​မိ​သည့်​အ​ပြစ်​သည် အ​ဘယ်​မျှ​ကြီး​လေး​ကြောင်း​သင်​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​ဆို​၏။
18 ၁၈ ထာဝရဘုရား ကို ဆုတောင်း ၍ ၊ ထို နေ့၌ ထာဝရဘုရား သည် မိုဃ်းချုန်း ခြင်းနှင့်တကွ မိုဃ်း ရွာစေ တော်မူ၍ ၊ လူ အပေါင်း တို့သည် ထာဝရဘုရား နှင့် ရှမွေလ ကို အလွန် ကြောက်ရွံ့ ကြ၏။
၁၈ရှ​မွေ​လ​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြုသ​ဖြင့်​ထို နေ့​၌​ပင်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​ကို​ထစ် ချုန်း​စွာ​ရွာ​သွန်း​စေ​တော်​မူ​၏။ ထို​အ​ခါ​လူ အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့် ရှ​မွေ​လ အား​ကြောက်​လန့်​ကြ​သည်​ဖြစ်​၍၊-
19 ၁၉ လူ အပေါင်း တို့က၊ ကိုယ်တော်၏ ကျွန်တို့သည် မ သေ ရမည်ကြောင်း ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား အား ကိုယ်တော် ကျွန် တို့အဘို့ ဆုတောင်း တော်မူပါ။ အကျွန်ုပ်တို့သည် ရှင်ဘုရင် ကို တောင်း သောအားဖြင့် အထက်အပြစ် များတို့အပေါ်မှာ ထပ် ၍ဒုစရိုက် ကို ပြုမိပါပြီဟု ရှမွေလ အား တောင်းပန် ကြ၏။
၁၉ရှ​မွေ​လ​အား``အ​ရှင်၊ အ​ကျွန်ုပ်​တို့​မ​သေ​ရ​လေ အောင် အ​ရှင်​၏​ဘု​ရား​သ​ခင်​ထာဝ​ရ​ဘု​ရား​ထံ ကျွန်ုပ်​တို့​အ​ဖို့​ဆု​တောင်း​တော်​မူ​ပါ။ ကျွန်ုပ်​တို့ သည်​ရှင်​ဘု​ရင်​ကို​တောင်း​သော​ကြောင့်​အ​ပြစ် များ​တို့​အ​ပေါ်​မှာ​ထပ်​ဆင့်​၍​အ​ပြစ်​ကို​ပြု မိ​ပါ​ပြီ'' ဟု​ဆို​၏။
20 ၂၀ ရှမွေလ ကလည်း မ စိုးရိမ် ကြနှင့်။ ဤ ဒုစရိုက် အပေါင်း ကို ပြု မိသော်လည်း ၊ ထာဝရဘုရား နောက် တော်သို့ လိုက်ရာမှ မ လွှဲ ကြနှင့်။ ထာဝရဘုရား ကို စိတ် နှလုံးအကြွင်းမဲ့ ဝတ်ပြု ကြလော့။
၂၀ရှ​မွေ​လ​က``မ​ကြောက်​ကြ​နှင့်။ သင်​တို့​သည် ဤ​သို့​ဆိုး​ယုတ်​သည့်​အ​မှု​ကို​ပြု​ခဲ့​မိ​သော် လည်း ထာ​ဝ​ရ​ဘု​ရား​ကို​မ​စွန့်​ပယ်​ကြ​နှင့်။ ကိုယ်​တော်​အား​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။-
21 ၂၁ ကျေးဇူး မ ပြု မ ကယ်တင် နိုင်၊ အချည်းနှီး ဖြစ်သော အရာတို့နောက် သို့ လမ်း လွှဲ၍ မ လိုက်ကြနှင့်။ ထိုသို့သောအရာသည် အချည်းနှီး သက်သက်ဖြစ်၏။
၂၁ဘု​ရား​အ​တု​အ​ယောင်​တို့​နောက်​သို့​မ​လိုက်​ကြ နှင့်။ ထို​ဘု​ရား​များ​သည်​ဘု​ရား​အ​စစ်​မ​ဟုတ် သ​ဖြင့်​သင်​တို့​အား​ကူ​မ​ရန်​သော်​လည်း​ကောင်း၊ ကယ်​တင်​ရန်​သော်​လည်း​ကောင်း​မ​တတ်​နိုင်​ကြ။-
22 ၂၂ ထာဝရဘုရား သည် မဟာ နာမ တော်ကိုထောက် ၍ မိမိ လူ တို့ကို စွန့် တော်မ မူ။ ထာဝရဘုရား သည် သင် တို့ကို မိမိ လူ အရာ၌ ခန့် ထားခြင်းငှါ အလို ရှိတော်မူပြီ။
၂၂ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား မိ​မိ​၏​လူ​မျိုး တော်​အ​ဖြစ်​ဖြင့်​ခန့်​ထား​တော်​မူ​ပြီး​ဖြစ်​၏။ ထို့ ကြောင့်​ကိုယ်​တော်​သည်​နာ​မ​တော်​ကို​ထောက်​၍ သင်​တို့​အား​စွန့်​ပစ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။-
23 ၂၃ ငါ မူကား သင် တို့အဘို့ ဆု မတောင်းဘဲ နေသဖြင့်၊ ထာဝရဘုရား ကို ပြစ်မှား ခြင်းအမှုသည် ငါ နှင့် ဝေး ပါစေသော။ ကောင်းမွန် ဖြောင့်မတ် သော လမ်း ကိုလည်း သင် တို့အား ငါပြသ ဦးမည်။
၂၃ငါ​သည်​သင်​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ​မ​ပြု ဘဲ​နေ​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား ခြင်း​မှ​ကင်း​ဝေး​ပါ​စေ​သော။ ငါ​သည်​သင်​တို့ အား​ကောင်း​ရာ​မှန်​ရာ​ကို​သာ​လျှင်​သင်​ကြား ပေး​မည်။-
24 ၂၄ သို့ရာတွင် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ သစ္စာ နှင့်တကွ စိတ် နှလုံးအကြွင်းမဲ့ ဝတ်ပြု ကြလော့။ သင် တို့အဘို့ အဘယ် မျှလောက်ပြု တော်မူပြီးသည်ကို အောက်မေ့ ကြလော့။
၂၄ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍​စိတ် နှ​လုံး​အ​ကြွင်း​မဲ့​သစ္စာ​နှင့်​ဝတ်​ပြု​ကြ​လော့။ သင်​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​ခဲ့​သည့်​ထူး မြတ်​သော​အ​မှု​တော်​တို့​ကို​အောက်​မေ့​သ​တိ​ရ ကြ​လော့။-
25 ၂၅ သို့မဟုတ် သင်တို့သည် ဒုစရိုက် ပြုမြဲပြုလျှင် ၊ ရှင်ဘုရင် နှင့်တကွ ပျက်စီး ခြင်းသို့ ရောက်ရကြ လိမ့်မည်ဟု လူ များတို့အား ပြောဆို လေ၏။
၂၅သို့​ရာ​တွင်​သင်​တို့​သည်​အ​ပြစ်​ကူး​မြဲ​ကူး နေ​ကြ​ပါ​မူ ဘု​ရင်​နှင့်​တ​ကွ​သင်​တို့​ဆုံး​ပါး ပျက်​စီး​ရ​ကြ​လိမ့်​မည်'' ဟု​လူ​တို့​အား​မိန့်​ဆို လေ​၏။

< ၁ ဓမ္မရာဇဝင် 12 >