< ၁ ဓမ္မရာဇဝင် 11 >

1 ထိုနောက်မှ အမ္မုန် အမျိုးသားနာဟတ် သည်လာ ၍ ဂိလဒ်ပြည်ယာဗက်မြို့အနား မှာ တပ်ချ လျှင် ၊ မြို့သား အပေါင်း တို့က အကျွန်ုပ် တို့နှင့် မိဿဟာယ ဖွဲ့တော်မူပါ။ ကိုယ်တော် ထံ၌ကျွန် ခံပါမည်ဟု နာဟတ် မင်းအား လျှောက်သော်လည်း၊
After about a month, Nahash the Ammonite came up and camped against Jabesh Gilead: and all the men of Jabesh said to Nahash, "Make a covenant with us, and we will serve you."
2 အမ္မုန် အမျိုးသားနာဟတ် က၊ သင် တို့၌ လက်ျာ မျက်စိ ရှိသမျှ ကို ဖောက် ၍ ဣသရေလ အမျိုးတမျိုးလုံး ၌ ငါကဲ့ရဲ့ ရသောအခွင့်ကိုပေး မှသာ မိဿဟာယ ဖွဲ့မည်ဟု ပြန်ပြော သော်၊
And Nahash the Ammonite said to them, "On this condition I will make a covenant with you, that all your right eyes are put out; and I will make it a disgrace on all Israel."
3 ယာဗက် မြို့သားအသက်ကြီး သူတို့က၊ အကျွန်ုပ်တို့သည် ဣသရေလ ပြည် တရှောက်လုံး သို့ တမန် တို့ကို စေလွှတ် ခြင်းငှါခုနှစ် ရက် မျှ ငံ့လင့်ပါ။ ထိုအခါ ကယ်တင် သောသူ မ ပေါ်မရှိလျှင် မင်းကြီးထံသို့ ထွက် ပါမည်ဟု ဆို ကြ၏။
The elders of Jabesh said to him, "Give us seven days, that we may send messengers to all the borders of Israel; and then, if there is no one to save us, we will come out to you."
4 တမန် တို့သည် ရှောလု နေရာ ဂိဗာ မြို့သို့လာ ၍ လူ များတို့အား သိတင်း ကြားပြော သော်၊ လူ အပေါင်း တို့သည် အသံ ကို လွှင့် ၍ ငိုကြွေး ကြ၏။
Then the messengers came to Gibeah of Saul, and spoke these words in the ears of the people: and all the people lifted up their voice, and wept.
5 ရှောလု သည် နွားစု နောက် သို့ လိုက်လျက် လယ် လုပ်ရာမှ ရောက် လာသောအခါ ၊ လူ တို့သည် အဘယ်ကြောင့် ငိုကြွေး ကြသနည်းဟုမေး လျှင် ၊ ယာဗက် မြို့သား တို့၏ သိတင်း ကို ပြော ကြ၏။
Look, Saul came following the oxen out of the field; and Saul said, "What ails the people that they weep?" They told him the words of the men of Jabesh.
6 ထို သိတင်း ကို ရှောလု ကြား သောအခါ ၊ ဘုရား သခင်၏ ဝိညာဉ် တော် သက်ရောက် ၍ သူသည် ပြင်းစွာ အမျက် ထွက် လျက်၊
The Spirit of God came mightily on Saul when he heard those words, and his anger was kindled greatly.
7 နွား တရှဉ်း ကို ယူ ၍ ခုတ်ဖြတ် ပြီးမှ ၊ သံတမန် တို့လက် တွင် ဣသရေလ ပြည် တရှောက်လုံး သို့ ပေး လိုက် ၍၊ ရှောလု နှင့် ရှမွေလ နောက် သို့ ထွက် ၍မ လိုက်သော သူ ၏ နွား တို့ကို ဤ ကဲ့သို့ပြု မည်ဟု ကြော်ငြာစေသဖြင့်၊ လူ တို့သည် ထာဝရဘုရား ကို ကြောက် ၍ တညီတညွတ် တည်းထွက် လာကြ၏။
He took a yoke of oxen, and cut them in pieces, and sent them throughout all the borders of Israel by the hand of messengers, saying, "Whoever doesn't come forth after Saul and after Samuel, so shall it be done to his oxen." The dread of Jehovah fell on the people, and they came out as one man.
8 ဗေဇက် မြို့၌ တပ်စာရင်း ယူသောအခါ ၊ ဣသရေလ အမျိုးသား သုံး သိန်း၊ ယုဒ အမျိုးသား သုံး သောင်း ရှိ ကြ၏။
He numbered them in Bezek; and the children of Israel were three hundred thousand, and the men of Judah thirty thousand.
9 ဂိလဒ်ပြည်ယာဗက်မြို့မှ လာ သောတမန် တို့အား၊ နက်ဖြန် နေ့ နေ ပူ ချိန် ရောက် သောအခါ ချမ်းသာ ရမည် အကြောင်းကို၊ မြို့သား တို့အား ကြားပြော ကြလော့ဟု မှာလိုက်သည်အတိုင်း၊ တမန် တို့သည် သွား ၍ သိတင်းကြား ပြောသဖြင့် ယာဗက် မြို့သား တို့သည် ဝမ်းမြောက် ကြ၏။
And he said to the messengers who came, "Thus you shall tell the men of Jabesh, 'Tomorrow, by the time the sun is hot, you shall have deliverance.'" The messengers came and told the men of Jabesh; and they were glad.
10 ၁၀ အကျွန်ုပ်တို့သည် နက်ဖြန် နေ့၌ ကိုယ်တော် ထံသို့ ထွက် ပါမည်။ ကိုယ်တော်အလို ရှိသမျှ အတိုင်း ပြု တော်မူပါဟု နာဟတ်မင်းအား လျှောက် ကြ၏။
Therefore the men of Jabesh said, "Tomorrow we will come out to you, and you shall do with us all that seems good to you."
11 ၁၁ နက်ဖြန် နေ့၌ ရှောလု သည် လူ တို့ကို သုံး တပ် ခွဲ ပြီးမှ ၊ နံနက်ယံ အချိန်၌ ရန်သူအလုံးအရင်း ထဲသို့ ဝင် ၍ နေပူ ချိန်တိုင်အောင် အမ္မုန် အမျိုးသားတို့ကို လုပ်ကြံ သဖြင့် ၊ ကျန် ကြွင်းသောသူတယောက်နှင့် တယောက်ပေါင်း၍ မ နေ ရသည်တိုင်အောင် လူအပေါင်းတို့သည် ကွဲပြား လျက် ရှိကြ၏။
It was so on the next day, that Saul put the people in three companies; and they came into the midst of the camp in the morning watch, and struck the Ammonites until the heat of the day: and it happened, that those who remained were scattered, so that no two of them were left together.
12 ၁၂ ဣသရေလလူ တို့ကလည်း ၊ ရှောလု သည် ငါ တို့ကို အုပ်စိုး ရမည်လောဟု ဆို မိသောသူကား အဘယ်သူ နည်း။ ထိုသို့ဆိုမိသောသူ တို့ကိုခေါ်၍ သတ် ကြကုန်အံ့ဟု ရှမွေလ အား ဆိုကြသော်၊
The people said to Samuel, "Who is he who said, 'Shall Saul reign over us?' Bring those men, that we may put them to death."
13 ၁၃ ရှောလု က၊ လူ တယောက်ကိုမျှ ယနေ့ မ သတ် ရ၊ ထာဝရဘုရား သည် ယနေ့ ဣသရေလ အမျိုးကို ကယ်တင် တော်မူပြီဟု ဆို ၏။
Saul said, "There shall not a man be put to death this day; for today Jehovah has worked deliverance in Israel."
14 ၁၄ ရှမွေလ ကလည်း ၊ ဂိလဂါလ မြို့သို့သွား ၍ နိုင်ငံ တော်ကို ပြုပြင် ကြကုန်အံ့ဟု လူ များတို့အား ပြော ဆိုသည်အတိုင်း၊
Then Samuel said to the people, "Come, and let us go to Gilgal, and renew the kingdom there."
15 ၁၅ လူ အပေါင်း တို့သည် ဂိလဂါလ မြို့သို့ သွား ၍ ၊ ထို မြို့၌ ထာဝရဘုရား ရှေ့ တော်မှာ ရှောလု ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ထိုမြို့၌ လည်း၊ ထာဝရဘုရား ရှေ့ တော်မှာ မိဿဟာယ ယဇ်ကို ပူဇော် သဖြင့် ၊ ရှောလု နှင့် ဣသရေလ အမျိုးသား အပေါင်း တို့သည် အလွန် ပျော်မွေ့ ခြင်းကို ပြုကြ၏။
All the people went to Gilgal; and there they made Saul king before Jehovah in Gilgal; and there they offered sacrifices of peace offerings before Jehovah; and there Saul and all the men of Israel rejoiced greatly.

< ၁ ဓမ္မရာဇဝင် 11 >