< ၁ ဓမ္မရာဇဝင် 11 >
1 ၁ ထိုနောက်မှ အမ္မုန် အမျိုးသားနာဟတ် သည်လာ ၍ ဂိလဒ်ပြည်ယာဗက်မြို့အနား မှာ တပ်ချ လျှင် ၊ မြို့သား အပေါင်း တို့က အကျွန်ုပ် တို့နှင့် မိဿဟာယ ဖွဲ့တော်မူပါ။ ကိုယ်တော် ထံ၌ကျွန် ခံပါမည်ဟု နာဟတ် မင်းအား လျှောက်သော်လည်း၊
Then about a month after this, Nahash the Ammonite came up and put his forces in position for attacking Jabesh-gilead: and all the men of Jabesh said to Nahash, Make an agreement with us and we will be your servants.
2 ၂ အမ္မုန် အမျိုးသားနာဟတ် က၊ သင် တို့၌ လက်ျာ မျက်စိ ရှိသမျှ ကို ဖောက် ၍ ဣသရေလ အမျိုးတမျိုးလုံး ၌ ငါကဲ့ရဲ့ ရသောအခွင့်ကိုပေး မှသာ မိဿဟာယ ဖွဲ့မည်ဟု ပြန်ပြော သော်၊
And Nahash the Ammonite said to them, I will make an agreement with you on this condition, that all your right eyes are put out; so that I may make it a cause of shame to all Israel.
3 ၃ ယာဗက် မြို့သားအသက်ကြီး သူတို့က၊ အကျွန်ုပ်တို့သည် ဣသရေလ ပြည် တရှောက်လုံး သို့ တမန် တို့ကို စေလွှတ် ခြင်းငှါခုနှစ် ရက် မျှ ငံ့လင့်ပါ။ ထိုအခါ ကယ်တင် သောသူ မ ပေါ်မရှိလျှင် မင်းကြီးထံသို့ ထွက် ပါမည်ဟု ဆို ကြ၏။
Then the responsible men of Jabesh said to him, Give us seven days, so that we may send men to every part of Israel: and then, if no one comes to our help, we will come out to you.
4 ၄ တမန် တို့သည် ရှောလု နေရာ ဂိဗာ မြို့သို့လာ ၍ လူ များတို့အား သိတင်း ကြားပြော သော်၊ လူ အပေါင်း တို့သည် အသံ ကို လွှင့် ၍ ငိုကြွေး ကြ၏။
So they sent representatives to Saul's town Gibeah, and these gave the news to the people: and all the people gave themselves to weeping.
5 ၅ ရှောလု သည် နွားစု နောက် သို့ လိုက်လျက် လယ် လုပ်ရာမှ ရောက် လာသောအခါ ၊ လူ တို့သည် အဘယ်ကြောင့် ငိုကြွေး ကြသနည်းဟုမေး လျှင် ၊ ယာဗက် မြို့သား တို့၏ သိတင်း ကို ပြော ကြ၏။
Now Saul came from the field, driving the oxen before him; and he said, Why are the people weeping? And they gave him word of what the men of Jabesh had said.
6 ၆ ထို သိတင်း ကို ရှောလု ကြား သောအခါ ၊ ဘုရား သခင်၏ ဝိညာဉ် တော် သက်ရောက် ၍ သူသည် ပြင်းစွာ အမျက် ထွက် လျက်၊
And at their words, the spirit of God came on Saul with power, and he became very angry.
7 ၇ နွား တရှဉ်း ကို ယူ ၍ ခုတ်ဖြတ် ပြီးမှ ၊ သံတမန် တို့လက် တွင် ဣသရေလ ပြည် တရှောက်လုံး သို့ ပေး လိုက် ၍၊ ရှောလု နှင့် ရှမွေလ နောက် သို့ ထွက် ၍မ လိုက်သော သူ ၏ နွား တို့ကို ဤ ကဲ့သို့ပြု မည်ဟု ကြော်ငြာစေသဖြင့်၊ လူ တို့သည် ထာဝရဘုရား ကို ကြောက် ၍ တညီတညွတ် တည်းထွက် လာကြ၏။
And he took two oxen and, cutting them up, sent them through all the land of Israel by the hand of runners, saying, If any man does not come out after Saul and Samuel, this will be done to his oxen. And the fear of the Lord came on the people and they came out like one man.
8 ၈ ဗေဇက် မြို့၌ တပ်စာရင်း ယူသောအခါ ၊ ဣသရေလ အမျိုးသား သုံး သိန်း၊ ယုဒ အမျိုးသား သုံး သောင်း ရှိ ကြ၏။
And he had them numbered in Bezek: the children of Israel were three hundred thousand, and the men of Judah thirty thousand.
9 ၉ ဂိလဒ်ပြည်ယာဗက်မြို့မှ လာ သောတမန် တို့အား၊ နက်ဖြန် နေ့ နေ ပူ ချိန် ရောက် သောအခါ ချမ်းသာ ရမည် အကြောင်းကို၊ မြို့သား တို့အား ကြားပြော ကြလော့ဟု မှာလိုက်သည်အတိုင်း၊ တမန် တို့သည် သွား ၍ သိတင်းကြား ပြောသဖြင့် ယာဗက် မြို့သား တို့သည် ဝမ်းမြောက် ကြ၏။
Then he said to the representatives who had come, Say to the men of Jabesh-gilead, Tomorrow, by the time the sun is high, you will be made safe. And the representatives came and gave the news to the men of Jabesh; and they were glad.
10 ၁၀ အကျွန်ုပ်တို့သည် နက်ဖြန် နေ့၌ ကိုယ်တော် ထံသို့ ထွက် ပါမည်။ ကိုယ်တော်အလို ရှိသမျှ အတိုင်း ပြု တော်မူပါဟု နာဟတ်မင်းအား လျှောက် ကြ၏။
So the men of Jabesh said, Tomorrow we will come out to you, and you may do to us whatever seems good to you.
11 ၁၁ နက်ဖြန် နေ့၌ ရှောလု သည် လူ တို့ကို သုံး တပ် ခွဲ ပြီးမှ ၊ နံနက်ယံ အချိန်၌ ရန်သူအလုံးအရင်း ထဲသို့ ဝင် ၍ နေပူ ချိန်တိုင်အောင် အမ္မုန် အမျိုးသားတို့ကို လုပ်ကြံ သဖြင့် ၊ ကျန် ကြွင်းသောသူတယောက်နှင့် တယောက်ပေါင်း၍ မ နေ ရသည်တိုင်အောင် လူအပေါင်းတို့သည် ကွဲပြား လျက် ရှိကြ၏။
Now on the day after, Saul put the people into three bands, and in the morning watch they came to the tents of the Ammonites, and they went on attacking them till the heat of the day: and those who were not put to death were put to flight in every direction, so that no two of them were together.
12 ၁၂ ဣသရေလလူ တို့ကလည်း ၊ ရှောလု သည် ငါ တို့ကို အုပ်စိုး ရမည်လောဟု ဆို မိသောသူကား အဘယ်သူ နည်း။ ထိုသို့ဆိုမိသောသူ တို့ကိုခေါ်၍ သတ် ကြကုန်အံ့ဟု ရှမွေလ အား ဆိုကြသော်၊
And the people said to Samuel, Who was it who said, Is Saul to be our king? give the men up, so that we may put them to death.
13 ၁၃ ရှောလု က၊ လူ တယောက်ကိုမျှ ယနေ့ မ သတ် ရ၊ ထာဝရဘုရား သည် ယနေ့ ဣသရေလ အမျိုးကို ကယ်တင် တော်မူပြီဟု ဆို ၏။
And Saul said, Not a man is to be put to death today: for today the Lord has made Israel safe.
14 ၁၄ ရှမွေလ ကလည်း ၊ ဂိလဂါလ မြို့သို့သွား ၍ နိုင်ငံ တော်ကို ပြုပြင် ကြကုန်အံ့ဟု လူ များတို့အား ပြော ဆိုသည်အတိုင်း၊
Then Samuel said to the people, Come, let us go to Gilgal and there make the kingdom strong in the hands of Saul.
15 ၁၅ လူ အပေါင်း တို့သည် ဂိလဂါလ မြို့သို့ သွား ၍ ၊ ထို မြို့၌ ထာဝရဘုရား ရှေ့ တော်မှာ ရှောလု ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ထိုမြို့၌ လည်း၊ ထာဝရဘုရား ရှေ့ တော်မှာ မိဿဟာယ ယဇ်ကို ပူဇော် သဖြင့် ၊ ရှောလု နှင့် ဣသရေလ အမျိုးသား အပေါင်း တို့သည် အလွန် ပျော်မွေ့ ခြင်းကို ပြုကြ၏။
So all the people went to Gilgal; and there in Gilgal they made Saul king before the Lord; and peace-offerings were offered before the Lord; and there Saul and all the men of Israel were glad with great joy.