< ၁ ဓမ္မရာဇဝင် 10 >
1 ၁ ဆီ ဘူး ကိုယူ ၍ ရှောလု၏ခေါင်း ပေါ် မှာ လောင်း လေ၏။ တဖန် သူ့ ကိုနမ်း သဖြင့် ၊ ထာဝရဘုရား သည် သင့် ကို အမွေ တော်လူမျိုး၏ မင်း အရာ ၌ ခန့်ထား၍ ဆီလောင်ခြင်း ဘိသိက် ကိုပေးတော်မူ၏။
Then Samuel took a flask of oil, poured it on Saul's head, and kissed him. He said, “Has not Yahweh anointed you to be a ruler over his inheritance?
2 ၂ ယနေ့ ငါ နှင့် ကွာ၍ သွား သောအခါ ၊ ဗင်္ယာမိန် ခရိုင် စွန်း၊ ဇေလဇ ရွာ၊ ရာခေလ သင်္ချိုင်း အနား မှာ လူ နှစ် ယောက်ကို တွေ့ လိမ့်မည်။ သူတို့က၊ သင်သွား ၍ ရှာ သောမြည်း တို့ကို တွေ့ ပြီ။ သင် ၏ အဘ သည် မြည်း တို့ကို အမှုမထား၊ ငါ့ သား အဘို့ အဘယ်သို့ ပြု ရပါမည်နည်းဟု ဆိုလျက် စိုးရိမ် ကြောင်းကို ပြော ကြလိမ့်မည်။
When you leave me today, you will find two men near Rachel's tomb, in the territory of Benjamin at Zelzah. They will say to you, 'The donkeys that you were looking for have been found. Now your father has stopped caring about the donkeys and is worried about you, saying, “What should I do about my son?”'
3 ၃ ထို အရပ်မှ လွန် ၍ တာဗော် လွင်ပြင် သို့ ရောက် လျှင် ၊ ဆိတ် သငယ်သုံး ကောင်ကို ဆောင် သောသူ တယောက် ၊ မုန့် သုံး လုံး ကို ဆောင် သော သူတယောက် ၊ စပျစ်ရည် ဘူး ကိုဆောင် သောသူ တယောက် တည်းဟူသောဗေသလ မြို့ ဘုရား သခင့်ထံ တော်သို့ သွား သောသူသုံး ယောက်တို့နှင့် သင်သည် တွေ့ကြုံ လိမ့်မည်။
Then you will go on further from there, and you will come to the oak of Tabor. Three men going to God at Bethel will meet you there, one carrying three young goats, another carrying three loaves of bread, and another carrying a skin of wine.
4 ၄ ထိုသူတို့သည် နှုတ်ဆက် ပြီးလျှင် မုန့် နှစ် လုံးကိုပေး ၍ ၊ သင်သည် သူ တို့လက် မှ ခံယူ ရလိမ့်မည်။
They will greet you and give you two loaves of bread, which you will take from their hands.
5 ၅ ထိုနောက်မှ ဖိလိတ္တိ တပ်ရှိရာ ဘုရား သခင်၏ တောင် သို့ ရောက် ၍ မြို့ သို့ ချဉ်းကပ် သောအခါ ၊ ပရောဖက် အပေါင်း အသင်းသည် တယော ၊ ပတ်သာ ၊ ပုလွေ ၊ စောင်း ပါလျက် ပရောဖက် ပြုလျက်၊ မြင့် သောအရပ်မှ ဆင်း လာကြသည်ကို တွေ့ လိမ့်မည်။
After that, you will come to the hill of God, where the garrison of the Philistines is. When you arrive at the city, you will meet a group of prophets coming down from the high place with a harp, a tambourine, a flute, and a lyre before them; they will be prophesying.
6 ၆ ထိုအခါ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သင့် အပေါ် မှာ သက်ရောက် သဖြင့် ၊ သင်သည် သူ တို့နှင့်အတူ ပရောဖက် ပြု၍ ခြားနား သောသူဖြစ် လိမ့်မည်။
The Spirit of Yahweh will rush upon you, and you will prophesy with them, and you will be changed into a different man.
7 ၇ ဤ နိမိတ် လက္ခဏာတို့သည် သင် ၌ ဖြစ် သောအခါ ၊ အဆင်သင့်သည်အတိုင်း ပြု လော့။ ဘုရား သခင်သည် သင် နှင့်အတူ ရှိတော်မူ၏။
Now, when these signs come to you, do whatever your hand finds to do, for God is with you.
8 ၈ သင်သည်လည်း ငါ့ ရှေ့ မှာ ဂိလဂါလ မြို့သို့ သွား ရမည်။ ငါ သည်လည်း မီး ရှို့ရာယဇ်၊ မိဿဟာယ ယဇ် တို့ကို ပူဇော် ခြင်းငှါ သင် ရှိရာသို့ လာ မည်။ ငါ လာ ၍ သင်ပြု ရသော အမှုကို မပြ မှီတိုင်အောင် သင်သည် ငံ့ နေရမည်ဟု ဆို၏။
Go down before me to Gilgal. Then I will come down to you to offer burnt offerings and to sacrifice peace offerings. Wait seven days until I come to you and show you what you must do.”
9 ၉ ရှောလုသည် ရှမွေလ ထံမှ ထွက်သွား မည်ဟု လှည့် သောအခါ ၊ ခြားနား သော စိတ် နှလုံးကို ဘုရား သခင်ပေး တော်မူ၍ ၊ ထို နိမိတ် လက္ခဏာ အလုံးစုံ တို့သည် ထို နေ့ခြင်းတွင် ဖြစ်လေ၏။
When Saul turned his back to leave Samuel, God gave him another heart. Then all these signs came to pass that day.
10 ၁၀ တောင် တော်သို့ရောက် သောအခါ ၊ ပရောဖက် အပေါင်း အသင်းတို့သည် ဆီး ၍ ကြိုကြစဉ်တွင်၊ ဘုရား သခင်၏ ဝိညာဉ် တော်သည် ရှောလုအပေါ် သို့ သက်ရောက် တော်မူသဖြင့် ၊ သူ တို့နှင့်အတူ ပရောဖက် ပြုလေ၏။
When they came to the hill, a group of prophets met him, and the Spirit of God rushed upon him so that he prophesied with them.
11 ၁၁ ရှောလုသည် ပရောဖက် တို့နှင့်အတူ ပရောဖက် ပြုသည်ကို အထက် က သိကျွမ်း သောသူတို့သည် မြင် သောအခါ ၊ ကိရှ ၏သား ၌ အဘယ်သို့ ဖြစ် သနည်း။ ရှောလု သည်လည်း ပရောဖက် တို့၌ ပါသလော ဟု တယောက် ကိုတယောက်မေးမြန်း ကြ၏။
When everyone who knew him before saw him prophesying with the prophets, the people said to each other, “What has happened to the son of Kish? Is Saul one of the prophets now?”
12 ၁၂ ထို အရပ်သား တယောက်က၊ သူ တို့အဘ ကား အဘယ်သူ နည်းဟုဆို ၍၊ ရှောလု သည်လည်း ပရောဖက် တို့၌ ပါသလော ဟူသောစကားသည် ပုံ စကားဖြစ် လေ၏။
A man who was from that same place answered, “Then who is their father?” Because of this, it became a saying, “Is Saul also one of the prophets?”
13 ၁၃ ရှောလုသည် ပရောဖက်ပြုပြီးမှမြင့်သောအရပ်သို့ သွား၏။
When he finished prophesying, he came to the high place.
14 ၁၄ ရှောလု ၏ ဘထွေး က၊ သင်တို့သည် အဘယ် အရပ်သို့ သွားသနည်းဟု ရှောလုနှင့် ငယ်သား ကို မေး လျှင် ၊ ရှောလုက၊ မြည်း တို့ကို ရှာ ရအောင် သွား၏။ မ တွေ့သောအခါ ရှမွေလ ထံသို့ ရောက် သည်ဟု ပြန်ပြော ၏။
Then Saul's uncle said to him and his servant, “Where did you go?” He replied, “To look for the donkeys. When we saw that we could not find them, we went to Samuel.”
15 ၁၅ ဘထွေး ကလည်း ၊ ရှမွေလ သည် အဘယ်သို့ ပြော သနည်း။ ငါ့ အား ပြန်ပြော ပါဟု တောင်းပန် သော်၊
Saul's uncle said, “Please tell me what Samuel said to you.”
16 ၁၆ မြည်း တို့ကို တွေ့ ပြီဟု ရှမွေလသည် အတပ်ပြော ကြောင်းကိုသာ ရှောလု သည် ဘထွေး အား ပြန်ပြော ၍ ၊ ရှမွေလ ပြော သော နိုင်ငံ အမှု အရေးကို ဘထွေးအား မ ကြားမပြော ဘဲနေ၏။
Saul replied to his uncle, “He told us plainly that the donkeys had been found.” But he did not tell him about the matter of the kingdom, of which Samuel had spoken.
17 ၁၇ တဖန် ရှမွေလ သည် လူ များတို့ကို မိဇပါ မြို့ ထာဝရဘုရား ထံ တော်သို့ခေါ်၍ စည်းဝေး စေပြီးလျှင်၊
Now Samuel called the people together before Yahweh at Mizpah.
18 ၁၈ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးဖြစ်သော သင် တို့ကို အဲဂုတ္တု ပြည်မှ ငါ ဆောင် ခဲ့၍ ၊ အဲဂုတ္တုမင်းအစရှိသော သင် တို့ကို ညှဉ်းဆဲ သော မင်း အပေါင်း တို့ လက် မှ ကယ်နှုတ် သော်လည်း၊
He said to the people of Israel, “This is what Yahweh, the God of Israel says: 'I brought up Israel out of Egypt, and I rescued you from the hand of the Egyptians, and from the hand of all the kingdoms that oppressed you.'
19 ၁၉ သင် တို့ကို ဒုက္ခ ဆင်းရဲဘေး ဥပဒ်ရှိသမျှ တို့အထဲ က ကယ်တင် သော သင် တို့၏ ဘုရား သခင်ကို ယနေ့ သင် တို့သည် ပယ် ကြပြီ။ အကျွန်ုပ် တို့အပေါ် မှာ ရှင်ဘုရင် ရှိစေခြင်းငှါချီးမြှောက် တော်မူပါဟု လျှောက် ကြပြီ။ သို့ဖြစ်၍ အမျိုး အသီးအသီး၊ အဆွေအသီးအသီးအလိုက် ထာဝရဘုရား ရှေ့ တော်သို့ ချဉ်းကပ် ကြလော့ဟု ဣသရေလ အမျိုးသား တို့အား ဆို သဖြင့်၊
But today you have rejected your God, who saves you from all of your calamities and your distresses; and you have said to him, 'Set a king over us.' Now present yourselves before Yahweh by your tribes and by your clans.”
20 ၂၀ အမျိုးအနွယ် အပေါင်း တို့ကို ချဉ်းကပ် စေပြီးမှ ၊ ဗင်္ယာမိန် အမျိုး ကို မှတ် တော်မူ၏။
So Samuel brought all the tribes of Israel near, and the tribe of Benjamin was chosen.
21 ၂၁ ဗင်္ယာမိန်အဆွေအမျိုးအလိုက် ချဉ်းကပ်စေပြီးမှ၊ မာတရိ အဆွေအမျိုးကို၎င်း၊ ကိရှ၏သား ရှောလု ကို၎င်းမှတ်တော်မူသဖြင့် သူ့ကိုရှာ၍ မတွေ့ကြ။
Then he brought the tribe of Benjamin near by their clans; and the clan of the Matrites was chosen; and Saul son of Kish was chosen. But when they went looking for him, he could not be found.
22 ၂၂ ထိုသူသည် လာ ရပါမည်လောဟု ထာဝရဘုရား အား မေး လျှောက်လျှင် ၊ ထာဝရဘုရား က၊ လှည်း များ အစရှိသည်တို့၌ ပုန်း ၍နေသည်ဟု မိန့် တော်မူ၏။
Then the people wanted to ask God more questions, “Is there still another man to come?” Yahweh answered, “He has hidden himself among the baggage.”
23 ၂၃ သူတို့သည် ပြေး ၍ ခေါ် ခဲ့ကြ၏။ ရှောလုသည် လူ များတို့တွင် ရပ် သောအခါ ၊ ပခုံး အထက် မှာ အခြား သောသူထက် အရပ်သာ၍မြင့် ၏။
Then they ran and retrieved Saul from there. When he stood among the people, he was taller than any of the people from his shoulders upward.
24 ၂၄ ရှမွေလကလည်း၊ ထာဝရဘုရား ရွေးချယ်တော်မူသောသူကို ကြည့်ကြလော့။ လူခပ်သိမ်းတို့တွင် သူနှင့်တူသော သူတစုံတယောက်မျှမရှိဟု လူအပေါင်းတို့အား ပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ရှင်ဘုရင်အသက်တော်မြဲပါစေဟု ကြွေးကြော်ကြ၏။
Then Samuel said to the people, “Do you see the man whom Yahweh has chosen? There is no one like him among all the people!” All the people shouted, “Long live the king!”
25 ၂၅ ရှမွေလ သည်လည်း မင်း ကျင့်တရားကို လူ များတို့အား ဟောပြော ၍ စာ ၌ ရေးမှတ် သဖြင့် ၊ ထာဝရဘုရား ရှေ့ တော်၌ ထား ပြီးမှ ၊ လူ အပေါင်း တို့ကို အသီးအသီး မိမိ တို့အိမ် သို့ လွှတ် လိုက်လေ၏။
Then Samuel told the people the customs and rules of kingship, wrote them down in a book, and placed it before Yahweh. Samuel then sent all the people away, each man to his own house.
26 ၂၆ ရှောလု သည်လည်း ဂိဗာ မြို့ မိမိ အိမ် သို့ သွား ၍ ၊ ဘုရား သခင်သွေးဆောင်တော်မူသော လူ အပေါင်းအသင်းသည် သူ နှင့်အတူ လိုက်သွား ကြ၏။
Saul also went to his home at Gibeah, and with him went some strong men, whose hearts God had touched.
27 ၂၇ အဓမ္မ လူတို့က၊ ဤ သူသည် ငါ တို့ကို အဘယ်သို့ ကယ်တင် လိမ့်မည်နည်းဟု ဆို လျက် ၊ လက်ဆောင် ကို မ ဆက် ဘဲ မထီမဲ့မြင် ပြုသော်လည်း ၊ ရှောလုသည် အမှု မထားဘဲနေ၏။
But some worthless men said, “How can this man save us?” These people despised Saul and did not bring him any gifts. But Saul kept silent.