< ၁ ပေတရု 5 >
1 ၁ သင်းအုပ် အရာ၌၎င်း ၊ ခရစ်တော် ၏ ဆင်းရဲ ဒုက္ခဝေဒနာကို သိမြင်သောသက်သေ အရာ၌၎င်း ခန့်ထားသောသူ၊ ထင်ရှား စေတော်မူလတံ့ သော ဘုန်း အသရေတော်ကို ဆက်ဆံ သောသူဖြစ်သော ငါပေတရုသည်၊ သင် တို့တွင် ရှိသော သင်းအုပ် ချင်းတို့ကို တောင်းပန် ပါ၏။
πρεσβυτερους τους εν υμιν παρακαλω ο συμπρεσβυτερος και μαρτυς των του χριστου παθηματων ο και της μελλουσης αποκαλυπτεσθαι δοξης κοινωνος
2 ၂ သင် တို့နှင့်အတူ ရှိသောဘုရားသခင် ၏ သိုး တော်စုကို ထိန်း ခြင်းအမှုမှာ၊ အနိုင် ထိန်းရသောကြောင့် မ ဟုတ်၊ မ စင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့်မ ဟုတ်ဘဲ၊ အလိုလို စေတနာ စိတ်ရှိ၍ ကြည့်ရှု အုပ်ထိန်းကြလော့။
ποιμανατε το εν υμιν ποιμνιον του θεου επισκοπουντες μη αναγκαστως αλλ εκουσιως μηδε αισχροκερδως αλλα προθυμως
3 ၃ အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား၍ အစိုးတရ ပြုသည်မ ဟုတ်ဘဲ၊ သိုး တော်စု ရှေ့မှာပုံ သက်သေကိုပြသောသူ ဖြစ် ကြလော့။
μηδ ως κατακυριευοντες των κληρων αλλα τυποι γινομενοι του ποιμνιου
4 ၄ သို့ဖြစ်လျှင် ၊ သိုးထိန်း အကြီး ပေါ်ထွန်း တော်မူသောအခါ၊ သင်တို့သည် မညှိုးမနွမ်း တတ်သော ဘုန်းကြီး သော ပန်း ဦးရစ်သရဖူကို ခံရ ကြလိမ့်မည်။
και φανερωθεντος του αρχιποιμενος κομιεισθε τον αμαραντινον της δοξης στεφανον
5 ၅ ထိုနည်းတူ ၊ အသက် ပျိုသောသူတို့၊ အသက်ကြီး သော သူတို့၏ စကားကိုနားထောင် ကြလော့။ ထိုမျှမက ၊ အချင်းချင်း တစ်ယောက်အောက်တစ်ယောက်နှိမ့်ချ လျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကိုဆင် ကြလော့။ အကြောင်းမူကား ၊ ထောင်လွှား စော်ကားသော သူတို့ကို ဘုရားသခင် တားဆီး တော်မူ၏။ စိတ် နှိမ့်ချသောသူတို့အား ကျေးဇူး ပြု တော်မူ၏။
ομοιως νεωτεροι υποταγητε πρεσβυτεροις παντες δε αλληλοις υποτασσομενοι την ταπεινοφροσυνην εγκομβωσασθε οτι ο θεος υπερηφανοις αντιτασσεται ταπεινοις δε διδωσιν χαριν
6 ၆ ထိုကြောင့် ကာလ အချိန်တန်လျှင် ၊ ဘုရားသခင် သည် သင် တို့ကိုချီးမြှောက် တော်မူမည်အကြောင်း ၊ တန်ခိုး ကြီးသော လက် တော်အောက် ၌ ကိုယ်ကိုကိုယ်နှိမ့်ချ ကြလော့။
ταπεινωθητε ουν υπο την κραταιαν χειρα του θεου ινα υμας υψωση εν καιρω
7 ၇ သင် တို့ကိုသတိ နှင့်ကြည့်ရှုတော်မူသောကြောင့် ၊ သင် တို့၌ စိုးရိမ် ခြင်းအမှုရှိသမျှ တို့ကို ကိုယ်တော် ၌ အပ်နှံ ကြလော့။
πασαν την μεριμναν υμων επιρριψαντες επ αυτον οτι αυτω μελει περι υμων
8 ၈ သမ္မာ သတိရှိလျက် မအိပ်ဘဲစောင့် နေကြလော့။ သင် တို့၏ ရန်သူ တည်းဟူသောမာရ်နတ် သည်၊ ဟောက် သောခြင်္သေ့ ကဲ့သို့ အဘယ်သူ ကို မျိုရ မည်နည်းဟူ၍လှည့်လည် ရှာဖွေ လျက်ရှိ၏။
νηψατε γρηγορησατε οτι ο αντιδικος υμων διαβολος ως λεων ωρυομενος περιπατει ζητων τινα καταπιη
9 ၉ သို့ဖြစ်၍၊ လူ ပြည်အရပ်ရပ်တို့၌ ရှိသော သင် တို့ ညီအစ်ကို များတို့သည် ထိုသို့သောဆင်းရဲကို ခံရ ကြသည်ဟုသိမှတ် လျက်၊ ယုံကြည် ခြင်း၌တည် ၍မာရ်နတ် ကို ဆီးတား ကြလော့။
ω αντιστητε στερεοι τη πιστει ειδοτες τα αυτα των παθηματων τη εν κοσμω υμων αδελφοτητι επιτελεισθαι
10 ၁၀ ခရစ်တော် ယေရှု အားဖြင့် ငါ တို့ကို ထာဝရ ဘုန်း အသရေတော်သို့ ခေါ် တော်မူသော၊ ခပ်သိမ်း သော ကျေးဇူး ကိုပြုတော်မူသော ဘုရားသခင် သည် ခဏ ဆင်းရဲ ခံပြီးသော သင်တို့ကိုစုံလင် တည်ကြည် ခိုင်ခံ့ မြဲမြံ စေ တော်မူလိမ့်မည်။ (aiōnios )
ο δε θεος πασης χαριτος ο καλεσας ημας εις την αιωνιον αυτου δοξαν εν χριστω ιησου ολιγον παθοντας αυτος καταρτισαι υμας στηριξαι σθενωσαι θεμελιωσαι (aiōnios )
11 ၁၁ ထိုဘုရားသခင် သည် ကမ္ဘာ အဆက်ဆက်ဘုန်းအသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင် ။ (aiōn )
αυτω η δοξα και το κρατος εις τους αιωνας των αιωνων αμην (aiōn )
12 ၁၂ ငါသည်သင်တို့ကို တိုက်တွန်းသွေးဆောင် လျက်၊ သင်တို့မှီဝဲ ဆည်းကပ်သောဤ အရာများသည် ဘုရားသခင် ၏ကျေးဇူး တော်အမှန် ဖြစ် သည်ဟု သက်သေခံ လျက် ၊ ဤစာကို အကျဉ်း အားဖြင့် ရေး ပြီးမှ၊ ငါစိတ်ထင် သည်အတိုင်း သင် တို့အမှု၌ သစ္စာရှိ သောညီအစ်ကို သိလွာနု လက်ဖြင့် ယခုပေးလိုက်၏။
δια σιλουανου υμιν του πιστου αδελφου ως λογιζομαι δι ολιγων εγραψα παρακαλων και επιμαρτυρων ταυτην ειναι αληθη χαριν του θεου εις ην εστηκατε
13 ၁၃ ငါ့ သား မာကု မှစ၍ ဗာဗုလုန် မြို့၌ ရှိသော သင်တို့နှင့်အတူရွေးချယ် တော်မူသော အသင်းတော် သည် သင် တို့ကိုနှုတ်ဆက် ကြ၏။
ασπαζεται υμας η εν βαβυλωνι συνεκλεκτη και μαρκος ο υιος μου
14 ၁၄ အချင်းချင်း တစ်ယောက်ကိုတစ်ယောက်မေတ္တာ နမ်း ခြင်းနှင့် နှုတ်ဆက် ကြလော့။ ခရစ်တော် နှင့် ဆိုင်သော သင် တို့အပေါင်း ၌ ငြိမ်သက် ခြင်းရှိစေသတည်း။ အာမင်။
ασπασασθε αλληλους εν φιληματι αγαπης ειρηνη υμιν πασιν τοις εν χριστω ιησου αμην