< ၃ ဓမ္မရာဇဝင် 9 >
1 ၁ ရှောလမုန် သည် ဗိမာန် တော်နှင့် နန်း တော်ကို လက်စသတ် ၍ ၊ မိမိအလို ဆန္ဒရှိသမျှ ပြည့်စုံသောအခါ၊
And it came to pass, when Solomon had finished the building of the house of Jehovah, and the king's house, and all Solomon's desire which he was pleased to do,
2 ၂ ထာဝရဘုရား သည် ဂိဗောင် မြို့၌ ထင်ရှား တော်မူသကဲ့သို့ ၊ ဒုတိယ အကြိမ်၌ ထင်ရှား တော်မူလျက်၊
that Jehovah appeared to Solomon the second time, as he had appeared to him at Gibeon.
3 ၃ သင်သည် ငါ့ ရှေ့ မှာဆုတောင်း ပဌနာပြုသော စကားကို ငါကြား ပြီ။ သင်တည်ဆောက် သော ဤ အိမ် ကို သန့်ရှင်း စေ၍၊ ငါ့ နာမ ကို အစဉ် တည် စေမည်။ အစဉ် ငါ ကြည့်ရှု လျက် နှလုံး စွဲလမ်းလျက် နေ မည်။
And Jehovah said to him, I have heard thy prayer and thy supplication, which thou have made before me. I have hallowed this house, which thou have built, to put my name there forever. And my eyes and my heart shall be there perpetually.
4 ၄ သင် သည် ငါမှာ ထားသမျှ ကိုပြု ၍၊ ငါ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ခြင်းငှါ၊ သင့် အဘ ဒါဝိဒ် ကဲ့သို့ဖြောင့်မတ် စုံလင်သောစိတ် သဘောနှင့် ငါ့ ရှေ့ မှာ ကျင့် နေလျှင်၊
And as for thee, if thou will walk before me, as David thy father walked, in integrity of heart, and in uprightness, to do according to all that I have commanded thee, and will keep my statutes and my ordinances,
5 ၅ ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင်ရသောသင် ၏ အမျိုး မင်းရိုးမ ပြတ် ရဟု သင့် အဘ ဒါဝိဒ် အား ငါဂတိ ရှိသည်အတိုင်း ၊ သင် ထိုင်ရသောဣသရေလ နိုင်ငံ ၏ရာဇ ပလ္လင်ကို အစဉ် ငါတည် စေမည်။
then I will establish the throne of thy kingdom over Israel forever, according as I promised to David thy father, saying, There shall not fail thee a man upon the throne of Israel.
6 ၆ သို့မဟုတ် သင် နှင့် သင် ၏သား မြေးတို့သည် ငါ့ နောက် သို့မ လိုက်၊ လမ်းလွှဲလျက် ငါမှာ ထားသော စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့် ၊ အခြား တပါးသော ဘုရား ထံသို့သွား ၍ ဝတ်ပြု ကိုးကွယ် လျှင်၊
But if ye shall turn away from following me, ye or your sons, and not keep my commandments and my statutes which I have set before you, but shall go and serve other gods, and worship them,
7 ၇ ဣသရေလ အမျိုးကို ငါပေး သော ပြည် မှ ငါပယ်ဖြတ် မည်။ ငါ့ နာမ ဘို့ ငါသန့်ရှင်း စေသော ဤအိမ် တော်ကို ငါ့ မျက်မှောက် မှ ပယ်ရှား မည်။ ဣသရေလ အမျိုးသည် လည်း တပါး အမျိုးသားတို့တွင် ပုံခိုင်း ရာ ကဲ့ရဲ့ ရာဖြစ် ရ လိမ့်မည်။
then will I cut off Israel out of the land which I have given them. And this house, which I have hallowed for my name, will I cast out of my sight. And Israel shall be a proverb and a byword among all peoples.
8 ၈ အရပ်မြင့် သော ဤ အိမ် တော်ကိုလည်း လမ်း၌ ရှောက်သွား သော သူအပေါင်း တို့သည် အံ့ဩ ၍ ၊ ထာဝရဘုရား သည် ဤ ပြည် နှင့် ဤ အိမ် ကို အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်းဟု ကဲ့ရဲ့ သံကိုပြုလျက် တယောက်မေးမြန်း သော်၊
And though this house is so high, yet shall every man who passes by it be astonished, and shall hiss. And they shall say, Why has Jehovah done thus to this land, and to this house?
9 ၉ တယောက်က၊ သူ တို့၏ ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော သူ တို့ ၏ ဘုရားသခင် ထာဝရဘုရား ကို သူတို့သည်စွန့် ၍ အခြား တပါးသောဘုရား ကို မှီဝဲ လျက် ဝတ်ပြု ကိုးကွယ် ကြသောကြောင့် ၊ ထာဝရဘုရား သည် ဤ အမှု အလုံးစုံ ကို ရောက် စေတော်မူကြောင်း ကို ပြန် ပြောလိမ့်မည်ဟု မိန့်တော်မူ၏။
and they shall answer, Because they forsook Jehovah their God, who brought forth their fathers out of the land of Egypt, and laid hold on other gods, and worshiped them, and served them; therefore has Jehovah brought all this evil upon them.
10 ၁၀ ရှောလမုန် သည် ဗိမာန် တော်နှင့် နန်း တော်တည်းဟူသောအိမ် တော်နှစ် ဆောင်ကို တည်ဆောက် ၍ အနှစ် နှစ် ဆယ်စေ့သောအခါ၊
And it came to pass at the end of twenty years, in which Solomon had built the two houses, the house of Jehovah and the king's house
11 ၁၁ တုရု မင်းကြီး ဟိရံ သည် ရှောလမုန် လိုချင် သမျှ အတိုင်း အာရဇ် သစ်သား ၊ ထင်းရူး သစ်သား နှင့် ရွှေ အခွက် တရာ နှစ် ဆယ်ကိုပေး နှင့်သည် ဖြစ်၍၊ ရှောလမုန် မင်းကြီး သည် ဂါလိလဲ ပြည် ၌ မြို့ နှစ် ဆယ်ကို ဟိရံ မင်းကြီးအား ပေး ၏။
(now Hiram the king of Tyre had furnished Solomon with cedar trees and fir trees, and with gold, according to all his desire), that king Solomon then gave Hiram twenty cities in the land of Galilee.
12 ၁၂ ရှောလမုန် ပေး သော မြို့ တို့ကို ဟိရံ သည် တုရု မြို့ မှ လာ ၍ ကြည့်ရှု သောအခါ အား မ ရ။
And Hiram came out from Tyre to see the cities which Solomon had given him. And they did not please him.
13 ၁၃ ငါ့ ညီ ၊ ငါ့ အား ပေး သော မြို့ တို့သည် အဘယ်သို့ သောမြို့နည်းဟု ဆို လျက်၊
And he said, What cities are these which thou have given me, my brother? And he called them the land of Cabul to this day.
14 ၁၄ ထိုအရပ်ကို ကာဗုလ ဟူ၍ယနေ့ တိုင်အောင် သမုတ် သတည်း။
And Hiram sent to the king one hundred and twenty talents of gold.
15 ၁၅ ရှောလမုန် မင်းကြီး သည် ငွေခွဲ ရသော အကြောင်း ဟူမူကား ၊ ဗိမာန် တော်၊ နန်း တော်၊ မိလ္လော မြို့၊ ယေရုရှလင် မြို့ရိုး ၊ ဟာဇော် မြို့၊ မေဂိဒ္ဒေါ မြို့ ဂေဇာ မြို့တို့ကို တည်ဆောက် ခြင်းငှါ ငွေခွဲရသတည်း။
And this is the reason for the conscription which king Solomon raised: to build the house of Jehovah, and his own house, and Millo, and the wall of Jerusalem, and Hazor, and Megiddo, and Gezer.
16 ၁၆ ဂေဇာ မြို့ကိုကား၊ အဲဂုတ္တု ဖာရော ဘုရင် သည် စစ်ချီ ၍ တိုက်ယူ မီး ရှို့ သဖြင့် ၊ မြို့ သားခါနာနိ လူတို့ကို လုပ်ကြံ ပြီးမှ ၊ မိမိ သမီး ၊ ရှောလမုန် ၏ ခင်ပွန်း အား လက်ဆောင် ပေး နှင့်လေပြီ။
Pharaoh king of Egypt had gone up, and taken Gezer, and burnt it with fire, and slain the Canaanites who dwelt in the city, and given it for a portion to his daughter, Solomon's wife.
17 ၁၇ သို့ဖြစ်၍ ဂေဇာ မြို့ကို ရှောလမုန် တည် လေ၏။ ထိုမှတပါး ၊ အောက် ဗေသောရုန် မြို့၊
And Solomon built Gezer, and Beth-horon the nether,
18 ၁၈ ဗာလက် မြို့၊ တော အရပ်၊ ပြည် ထဲမှာ တာဒမော် မြို့တို့ကိုလည်း တည်လေ၏။
and Baalath, and Tamar in the wilderness, in the land,
19 ၁၉ ဘဏ္ဍာ တော် သိုထားသောမြို့ များ၊ ရထား တော်ထိန်းသောမြို့ များ၊ မြင်း တော်ကျွေးသောမြို့ များ၊ ယေရုရှလင် မြို့ပတ်လည်၊ လေဗနုန် တောင်ပေါ် ၊ နိုင်ငံ တော်အရပ်ရပ် ၌ တည်ချင် သော မြို့များတို့ကိုလည်း တည် လေ၏။
and all the store-cities that Solomon had, and the cities for his chariots, and the cities for his horsemen, and that which Solomon desired to build for his pleasure in Jerusalem, and in Lebanon, and in all the land of his dominion.
20 ၂၀ ဣသရေလ အမျိုးသား အကုန်အစင်မ ဖျက်ဆီး နိုင် သောကြောင့်၊
As for all the people who were left of the Amorites, the Hittites, the Perizzites, the Hivites, and the Jebusites, who were not of the sons of Israel,
21 ၂၁ ပြည် တော်၌ ကျန်ကြွင်း သော တပါးအမျိုးသား ၊ အာမောရိ ၊ ဟိတ္တိ ၊ ဖေရဇိ ၊ ဟိဝိ ၊ ယေဗုသိ အမျိုးအနွယ်သားစဉ်မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့ တိုင်အောင် လူခွဲ ၍ ကျွန် ခံစေ၏။
their sons who were left after them in the land, whom the sons of Israel were not able utterly to destroy, of them Solomon raised a conscription of bondservants to this day.
22 ၂၂ ဣသရေလ အမျိုးသား တို့ကိုကား၊ ရှောလမုန် သည် ကျွန် မ ခံစေ။ စစ်သူရဲ ၊ အမှု တော်စောင့်၊ မှူးမတ် ၊ စစ်ကဲ ၊ ရထား တော်အုပ် ၊ မြင်း တော်အုပ်အရာ၌ ခန့်ထားတော်မူ၏။
But of the sons of Israel Solomon made no bondservants, but they were the men of war, and his servants, and his rulers, and his captains, and rulers of his chariots and of his horsemen.
23 ၂၃ တည်ဆောက်ခြင်းအမှု တော်ကို စီရင်သောသူ အမှုတော်အုပ် ငါး ရာ ငါး ဆယ်ရှိ၏။
These were the chief officers who were over Solomon's work, five hundred and fifty, who bore rule over the people that labored in the work.
24 ၂၄ ဖာရော ရှင်ဘုရင်၏ သမီး တော်သည် ဒါဝိဒ် မြို့ မှ ထွက် ၍၊ သူ့ အဘို့ ရှောလမုန်တည်ဆောက် သော နန်း တော် သို့ ပြောင်းပြီးမှ ၊ ရှောလမုန်သည် မိလ္လော မြို့ကို ပြုပြင် လေ၏။
But Pharaoh's daughter came up out of the city of David to her house which Solomon had built for her. Then he built Millo.
25 ၂၅ ထာဝရဘုရား အဘို့ တည် သော ယဇ် ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ် တို့ကို တနှစ်တနှစ် လျှင် သုံး ကြိမ် ပူဇော် ၍၊ ထာဝရဘုရား ရှေ့ တော်၌ရှိသော ယဇ်ပလ္လင်ပေါ်မှာနံ့သာပေါင်းကို မီးရှို့ သဖြင့် အိမ် တော်ကို လက်စသတ် လေ၏။
And three times a year Solomon offered burnt offerings and peace offerings upon the altar which he built to Jehovah, burning incense therewith, upon the altar that was before Jehovah. So he finished the house.
26 ၂၆ တဖန် ရှောလမုန် မင်းကြီး သည် ဧဒုံ ပြည် တွင် ၊ ဧဒုံ ပင်လယ် ကမ်းနား ၌ ၊ ဧလုတ် မြို့နှင့် နီးစပ် သော ဧဇယုန်ဂါဗာ မြို့မှာ သင်္ဘော တို့ကို တည်လုပ် ၏။
And king Solomon made a navy of ships in Ezion-geber, which is beside Eloth, on the shore of the Red Sea, in the land of Edom.
27 ၂၇ ပင်လယ် ကူးသော အမှုကိုနားလည် သော မိမိ ကျွန် ၊ သင်္ဘော သားတို့ကို ဟိရံ မင်းသည် ထိုသင်္ဘော ပေါ်မှာ ရှောလမုန် ၏ လူ တို့နှင့်အတူ စီးစေ၏။
And Hiram sent in the navy his servants, shipmen who had knowledge of the sea, with the servants of Solomon.
28 ၂၈ သူတို့သည် ဩဖိရ မြို့သို့ သွား ၍ ရွှေ အခွက် လေး ရာ နှစ် ဆယ်ကို ရှောလမုန် မင်းကြီး ထံသို့ ဆောင် ခဲ့ ကြ၏။
And they came to Ophir, and fetched gold from there, four hundred and twenty talents, and brought it to king Solomon.