< ၃ ဓမ္မရာဇဝင် 6 >
1 ၁ ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည် မှ ထွက် သော သက္ကရာဇ် လေး ရာ ရှစ် ဆယ်ပြည့်၊ ရှောလမုန် မင်းနန်းစံ လေး နှစ် ၊ ဇိဖ အမည်ရှိသောဒုတိယ လ တွင် ၊ ထာဝရဘုရား ၏ အိမ် တော်ကို တည် စပြုတော်မူ၏။
၁အီဂျစ်ပြည်မှဣသရေလအမျိုးသားတို့ ထွက်ခွာသွားပြီးနောက် အနှစ်လေးရာ့ရှစ်ဆယ် ကြာသောအခါဣသရေလဘုရင်ရှောလမုန် မင်းသည် မိမိနန်းစံလေးနှစ်မြောက်၊ ဇိဖဟု အမည်တွင်သောဒုတိယလ၌ဗိမာန်တော် ကိုစတင်တည်ဆောက်တော်မူ၏။-
2 ၂ ထို အိမ် တော်အလျား သည် အတောင် ခြောက် ဆယ်၊ အနံ အတောင်နှစ် ဆယ်၊ အမြင့် အတောင် သုံး ဆယ် ရှိ၏။
၂ထိုဗိမာန်တော်၏အတွင်းမှာအလျားပေ ကိုးဆယ်၊ အနံပေသုံးဆယ်၊ အမြင့်လေး ဆယ့်ငါးပေရှိ၏။-
3 ၃ အိမ်တော်ဦး သည်လည်း အိမ် တော်အနံ နှင့် ညီ၍အလျား အတောင် နှစ် ဆယ်၊ အနံဆယ် တောင် ရှိ၏။
၃မျက်နှာစာမုဒ်ဦးဆောင်သည်ဗိမာန်တော်ကဲ့သို့ ပင် အလျားတစ်ဆယ့်ငါးပေ၊ အနံပေသုံးဆယ် ရှိလေသည်။-
4 ၄ အိမ် တော်လင်း စရာဘို့ ကျဉ်း သော ပြတင်းပေါက် တို့ကို လုပ် လေ၏။
၄ဗိမာန်တော်နံရံများတွင်ပြူတင်းပေါက်များရှိ ၍ ယင်းတို့၏အပြင်ပိုင်းသည်အတွင်းပိုင်း ထက်ပို၍ကျဉ်း၏။-
5 ၅ အိမ် တော်ပြင်ထရံ နှင့်ဗျာဒိတ် ဌာနတော်ပြင် ထရံ ပတ်လည် ၌ အခန်း တို့ကိုလည်း လုပ် လေ၏။
၅ဗိမာန်တော်၏အပြင်နံဘေးနှစ်ဘက်နံရံများ နှင့်ကျောဘက်နံရံတွင်ကပ်၍ အခန်းငယ်များ ကိုဆောက်လုပ်ထားလေသည်။ ထိုအခန်းငယ် များမှာအထပ်သုံးထပ်ရှိ၍တစ်ထပ်လျှင် ခုနစ်ပေခွဲစီမြင့်၏။-
6 ၆ အောက် အခန်း သည် အနံ ငါး တောင် ၊ အလယ် အခန်း အနံ ခြောက် တောင် ၊ အထက်အခန်းအနံ ခုနစ် တောင် ရှိ၏။ အကြောင်း မူကား၊ အခန်းတို့သည် အိမ် တော်ထရံ ကိုယ်ထဲသို့ မ ဝင်။ ထရံဆုတ်လျက် ဆုတ်လျက် တက်၏။
၆အောက်ဆုံးထပ်အခန်းများသည်အကျယ် ခုနစ်ပေခွဲ၊ အလယ်ထပ်၌ကိုးပေစီ၊ အပေါ် ဆုံးထပ်၌ဆယ်ပေခွဲစီရှိ၏။ ထိုအခန်းများ ကိုဆောက်လုပ်ရာတွင်ယက်မများကို နံရံ ကိုမဖောက်ဘဲနံရံပေါ်တွင်တင်၍ဆောက် လုပ်နိုင်စေရန် ဗိမာန်တော်နံရံတို့ကိုအထက် ထပ်တွင်အောက်ထပ်ထက်ပို၍ပါးအောင် ပြုလုပ်ထားလေသည်။
7 ၇ ထိုအိမ် တော်ကို တည် လုပ်သောအခါ ၊ ထိုအရပ် သို့မဆောင်ခဲ့မှီ ဆစ် ပြီးသော ကျောက် တို့ဖြင့်သာ တည်လုပ်သောကြောင့်၊ သံ တူ၊ ပုဆိန် ၊ သံ တန်ဆာ နှင့် လုပ်သော အသံ မ မြည်ရ။
၇ဗိမာန်တော်ဆောက်လုပ်ရာတွင် အသုံးပြုသည့် ကျောက်များကိုကျောက်တွင်းတွင်ဆစ်ပြီးမှ ယူခဲ့သဖြင့် ဗိမာန်တော်တည်ဆောက်ချိန်၌ တူ၊ ပုဆိန်စသောသံတန်ဆာများနှင့်ထုလုပ် သံမကြားရချေ။
8 ၈ အောက်အခန်းထဲသို့ဝင်သော တံခါးဝ သည် အိမ် တော်လက်ျာ ဘက် မှာ ရှိ၏။ လိမ် သော လှေကားဖြင့် အလယ် အခန်းသို့ ၎င်း ၊ အလယ် အခန်းမှ အထက် အခန်း သို့ ၎င်း၊ တက် ရ၏။
၈အောက်ဆုံးခန်းငယ်အဝင်ဝမှာဗိမာန်တော် ၏တောင်ဘက်တွင်ရှိ၏။ ဒုတိယနှင့်တတိယ ထပ်များသို့တက်ရန်လှေကားများတပ်ဆင် ထား၏။-
9 ၉ အိမ် တော်ကို တည် ပြီး မှထုပ် များတိုင်များကို အာရဇ် ပျဉ်ပြား နှင့် ဖုံးအုပ် လေ၏။
၉ဗိမာန်တော်ကိုတည်ဆောက်ပြီးသောအခါ ရှောလမုန်သည် သစ်ကတိုးသားထုပ်များ ပျဉ်များဖြင့်မျက်နှာကျက်ကိုတပ်ဆင် တော်မူ၏။-
10 ၁၀ ထရံအခန်း တို့သည်လည်း အမြင့် ငါး တောင် စီ ရှိ၏။ အာရဇ် ရက်မ တို့သည်အိမ် တော်ကိုမှီ လျက် ရှိကြ၏။
၁၀တစ်ထပ်လျှင်ခုနစ်ပေခွဲမြင့်သည့်သုံးထပ် အခန်းငယ်များကိုဗိမာန်တော်အပြင်နံရံ များနှင့်ကပ်၍ဆောက်လုပ်ပြီးလျှင် သစ်ကတိုး ယက်မများဖြင့်နံရံနှင့်ဆက်စပ်၍ထား လေသည်။
11 ၁၁ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ရှောလမုန် သို့ ရောက် လာသည်ကား၊
၁၁ထာဝရဘုရားကရှောလမုန်အား၊-
12 ၁၂ ယခု တည်ဆောက် သောအိမ် တော်အရာမှာ၊ သင်သည် ငါ သွန်သင် သော လမ်းသို့ လိုက် လျက် ၊ ငါ စီရင်ချက် အတိုင်းစီရင် ၍ ၊ ငါ ပညတ် သမျှ တို့ကို စောင့်ရှောက် လျှင် ၊ သင် ၏အဘ ဒါဝိဒ် အား ငါ ဂတိ ထားသည်အတိုင်း သင် ၌ ငါပြု မည်။
၁၂``သင်သည်ငါ၏ပညတ်တော်များနှင့်အမိန့် တော်ရှိသမျှကိုစောင့်ထိန်းလျှင် သင့်ခမည်း တော်ဒါဝိဒ်အားငါပေးခဲ့သည့်ကတိ အတိုင်းသင့်အတွက်ငါပြုမည်။-
13 ၁၃ ငါ ၏လူ ဣသရလ အမျိုးကို ငါမ စွန့် ၊ သူတို့ အလယ် ၌ နေ မည်ဟု မိန့် တော်မူ၏။
၁၃သင်ဆောက်လုပ်လျက်ရှိသည့်ဗိမာန်တော်တွင် ငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့၏အလယ်တွင်ငါကျိန်းဝပ်မည်'' ဟု မိန့်တော်မူ၏။
14 ၁၄ ထိုသို့ ရှောလမုန် သည် အိမ် တော်ကို တည် ၍ ပြီး လေ၏။
၁၄သို့ဖြစ်၍ရှောလမုန်သည်ဗိမာန်တော်ကိုပြီး အောင်တည်ဆောက်တော်မူ၏။
15 ၁၅ ကြမ်း မှ သည်အမိုး တိုင်အောင် အတွင်းထရံ ကို အာရဇ် ပျဉ်ပြား နှင့် ဖုံးအုပ် ၍၊ ကြမ်း ကိုလည်း ဒုကြီးသော ထင်းရူး ပျဉ်ပြား ဖြင့် ပြီး စေ၏။
၁၅အတွင်းနံရံများကိုကြမ်းမှမျက်နှာကျက် တိုင်အောင် သစ်ကတိုးသားပျဉ်ဖြင့်ဖုံးအုပ်ပြီး လျှင် ကြမ်းကိုထင်းရှူးပျဉ်များဖြင့်ခင်းထား လေသည်။-
16 ၁၆ အလွန် သန့်ရှင်းရာဌာန၊ ဗျာဒိတ် ဌာနတော် အဘို့ အလျားအနံအတောင် နှစ် ဆယ်စီကျယ်သော အိမ် တော်တပိုင်း ကို အခန်းကာ၍ ကြမ်း နှင့်ထရံ ကို အာရဇ် ပျဉ်ပြား ဖြင့် ပြီးစေ၏။
၁၆အလွန်သန့်ရှင်းရာဌာနတော်ဟုခေါ်တွင် သောဗိမာန်တော်အတွင်းခန်းသည် အလျား ပေသုံးဆယ်ရှိ၍ယင်းကိုသစ်ကတိုးသား ပျဉ်များဖြင့်မျက်နှာကျက်အထိကာရံ ထား၏။-
17 ၁၇ ထို အခန်း ရှေ့ မှာတည်သော ဗိမာန် တော် အလျားသည် အတောင် လေး ဆယ်ရှိ ၏။
၁၇အလွန်သန့်ရှင်းရာဌာနအရှေ့ရှိအခန်းသည် အလျားပေခြောက်ဆယ်ရှိ၏။-
18 ၁၈ အိမ် တော်အတွင်း ၌ အာရဇ် ပျဉ်ပြားတို့သည် ဘူးသီးအပြောက်၊ ပန်းပွင့် အပြောက်နှင့်ပြည့်စုံကြ၏။ ကျောက် မ ပေါ် စေခြင်းငှါအာရဇ် သား နှင့်ဖုံးအုပ်လျက် သာရှိ၏။
၁၈သစ်ကတိုးသားပျဉ်များတွင်အသီးအပွင့်ပုံ များထုလုပ်ခြယ်လှယ်ထားလေသည်။ ကျောက် နံရံကိုမမြင်နိုင်စေရန် ဗိမာန်တော်အတွင်း ပိုင်းတစ်ခုလုံးကိုသစ်ကတိုးသားဖြင့်ဖုံး အုပ်ထားသတည်း။
19 ၁၉ ထိုသို့ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော် ကို တင် ထားရန် ၊ အိမ် တော်အတွင်း ၌ ဗျာဒိတ် ဌာနတော် ကို ပြင်ဆင် လေ၏။
၁၉ဗိမာန်တော်၏အနောက်ဘက်ပိုင်းတွင် ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ထားရှိရန် အတွက် ဗိမာန်တော်အတွင်းခန်းကိုဆောက် လုပ်ထား၏။-
20 ၂၀ ဗျာဒိတ် ဌာနတော်အခန်းသည် အလျား အတောင် နှစ် ဆယ်၊ အနံ အတောင် နှစ် ဆယ်၊ အမြင့် အတောင် နှစ် ဆယ်ရှိ၏။ ထိုအခန်းကို၎င်း ၊ အာရဇ် သစ်သားနှင့်လုပ်သော ယဇ် ပလ္လင်ကို၎င်း၊ ရွှေ စင် နှင့် မွမ်းမံ လေ၏။
၂၀ထိုအခန်းသည်အလျားပေသုံးဆယ်၊ အနံပေ သုံးဆယ်၊ အမြင့်ပေသုံးဆယ်ရှိ၍ ယင်းကိုရွှေ စင်ဖြင့်မွမ်းမံထားလေသည်။ ယဇ်ပလ္လင်ကိုမူ သစ်ကတိုးသားဖြင့်ပြုလုပ်ထား၏။-
21 ၂၁ ထိုသို့ အိမ် တော်အတွင်း ကို ရွှေ စင် နှင့်မွမ်းမံ ပြီးမှ ၊ ဗျာဒိတ် ဌာနတော်ရှေ့ မှာ ရွှေ ကြိုး ဖြင့် အကွယ်အကာကို ဆွဲထား၍၊ ရွှေ နှင့်မွမ်းမံ လေ၏။
၂၁ဗိမာန်တော်အတွင်းပိုင်းကိုရွှေဖြင့်မွမ်းမံထား ပြီးလျှင် ရွှေဖြင့်ပင်မွမ်းမံသည့်ဗိမာန်တော် အတွင်းခန်း၏အဝင်ဝကိုရွှေကြိုးများဆွဲ ချိပ်ထားလေသည်။-
22 ၂၂ အိမ် တော်တအိမ်လုံး ကို၎င်း၊ ဗျာဒိတ် ဌာနတော် နားမှာရှိသော ယဇ် ပလ္လင်ကို၎င်း၊ ရွှေ နှင့် အကုန်အစင် မွမ်းမံ လေ၏။
၂၂ဗိမာန်တော်အတွင်းပိုင်းတစ်ခုလုံးကိုလည်း ကောင်း၊ ဗိမာန်တော်၏အလွန်သန့်ရှင်းရာ ဌာနရှိယဇ်ပလ္လင်ကိုလည်းကောင်းရွှေဖြင့် မွမ်းမံ၍ထားသတည်း။
23 ၂၃ ဗျာဒိတ် ဌာနတော်ထဲမှာ အမြင့် ဆယ် တောင် ရှိသောခေရုဗိမ် နှစ် ပါးကို သံလွင် သားနှင့်လုပ် လေ၏။
၂၃သံလွင်သားဖြင့်ပြုလုပ်၍ အမြင့်ဆယ့်ငါးပေ စီရှိသောခေရုဗိမ်နှစ်ပါးကို အလွန်သန့်ရှင်း ရာဌာနတော်တွင်ထားရှိ၏။-
24 ၂၄ ခေရုဗိမ် အတောင် တို့သည် တစ်ဘက်တချက်အလျားငါး တောင် စီရှိ၍၊ အတောင် ဖျား တခုမှ တခု တိုင်အောင် ဆယ် တောင် ရှိ၏။
၂၄ထိုခေရုဗိမ်နှစ်ပါးတို့သည်အရပ်နှင့်သဏ္ဌာန် တူညီကြ၏။ ယင်းတို့တွင်အလျားခုနစ်ပေခွဲ ရှိသောအတောင်နှစ်ခုစီရှိသဖြင့် အတောင် ဖျားတစ်ခုမှအခြားတစ်ခုအထိတစ်ဆယ့် ငါးပေရှိလေသည်။-
25 ၂၅ အမြင့်ဆယ် တောင် ရှိသည်ဖြစ်၍၊ ခေရုဗိမ် နှစ် ပါးသည် အလုံး အရပ်ပမာဏတူ၏။
၂၅
26 ၂၆ ထိုခေရုဗိမ် တို့ကို အတွင်း အိမ် တော်ထဲမှာ တင် ထားသဖြင့် ၊ ခေရုဗိမ် အတောင် တို့သည် ဖြန့် လျက်၊
၂၆
27 ၂၇ အတောင်ဖျားတစ်ဘက်တချက်၌ ထရံကိုမှီလျက်၊ အလယ် မှာ အတောင်ဖျားတခုနှင့်တခုထိလျက် ရှိကြ၏။
၂၇ခေရုဗိမ်တို့ဖြန့်ထားသည့်အတောင်နှစ်ခုတို့ သည် နံရံများနှင့်ထိ၍နေကြစေရန်ခေရုဗိမ် နှစ်ပါးကိုယှဉ်၍ အလွန်သန့်ရှင်းရာဌာန၌ ထားရှိ၏။-
28 ၂၈ ခေရုဗိမ် တို့ကိုလည်း ရွှေ နှင့်မွမ်းမံ လေ၏။
၂၈ခေရုဗိမ်တို့ကိုရွှေဖြင့်မွမ်းမံ၍ထားသတည်း။
29 ၂၉ အိမ် တော်ထရံ အတွင်း ဘက်နှင့် ပြင် ဘက်၌ ထု သော ခေရုဗိမ် အရုပ် နှင့် အပွင့် ပွင့် သော စွန်ပလွံ ပင် အရုပ်များရှိကြ၏။
၂၉ဗိမာန်တော်ခန်းမကြီးနံရံနှင့် အတွင်းခန်းနံရံ တို့ကိုခေရုဗိမ်ရုပ်များ၊ စွန်ပလွံပင်နှင့်ပန်းပွင့် ပုံများဖြင့်ထုလုပ်တန်ဆာဆင်ထား၏။-
30 ၃၀ အိမ် တော်အတွင်း ကြမ်း နှင့် ပြင် ကြမ်းကို လည်း ရွှေ နှင့်မွမ်းမံ လေ၏။
၃၀ကြမ်းပြင်ကိုပင်လျှင်ရွှေဖြင့်မွမ်းမံ၍ထား လေသည်။
31 ၃၁ ဗျာဒိတ် ဌာနတော် ဝင်ဝ ဘို့သံလွင် သား တံခါးရွက် နှစ် ရွက်ကို လုပ် ၍၊ တံခါးထုပ်နှင့်တံခါးတိုင်တို့သည် ထရံငါး စုတစုကိုစားကြ၏။
၃၁အလွန်သန့်ရှင်းရာဌာနအဝင်ဝ၌သံလွင် သားတံခါးရွက်နှစ်ရွက်ကိုတပ်ဆင်ထား၍ တံခါးပေါက်ထိပ်ပိုင်းမှာအခုံးချွန်ပုံသဏ္ဌာန် ရှိ၏။-
32 ၃၂ သံလွင်သားတံခါးရွက်တို့၌ ခေရုဗိမ် အရုပ် ၊ အပွင့် ပွင့် သော စွန်ပလွံ ပင်အရုပ်များကို ထု လုပ်၍ ၊ တံခါးရွက်နှင့်ခေရုဗိမ် အရုပ်၊ စွန်ပလွံ ပင်အရုပ်တို့ကို ရွှေ နှင့်မွမ်းမံ လေ၏။
၃၂တံခါးရွက်များ၌ခေရုဗိမ်ရုပ်များ၊ စွန်ပလွံပင် နှင့်ပန်းပွင့်ပုံများကိုထုလုပ်ထား၏။ တံခါးရွက် များ၊ ခေရုဗိမ်ရုပ်များနှင့်စွန်ပလွံပင်ပုံများ ကိုရွှေဖြင့်မွမ်းမံထား၏။-
33 ၃၃ ထိုအတူ အိမ် တော်ပြင်ထရံလေး စုတစု ကျယ်သောဝင်ဝ ဘို့ သံလွင် တံခါးတိုင် တို့ကို၎င်း၊
၃၃ဗိမာန်တော်ခန်းမကြီး၏အဝင်ဝအတွက် ထောင့်မှန်စတုဂံပုံသဏ္ဌာန်ရှိသောတံခါး ဘောင်ကိုသံလွင်သားဖြင့်ခွေလျက်၊-
34 ၃၄ တံခါးရွက်တရွက်လျှင် ပတ္တာ နှစ်ခုစီဖြင့် လည်တတ်သော ထင်ရူး သား တံခါး ရွက် နှစ် ရွက်တို့ကို၎င်းလုပ်လေ၏။
၃၄ခေါက်တံခါးရွက်တစ်စုံကိုထင်းရှူးသားဖြင့် ပြုလုပ်ပြီးလျှင်၊-
35 ၃၅ တံခါးရွက်၌ ခေရုဗိမ် အရုပ်နှင့် အပွင့် ပွင့် သော စွန်ပလွံ ပင်အရုပ်များကို ထုလုပ် ၍ အပြောက် ကို ရွှေ နှင့် မွမ်းမံ လေ၏။
၃၅ခေရုဗိမ်ရုပ်များ၊ စွန်ပလွံပင်နှင့်ပန်းပွင့်ပုံများ ထုလုပ်၍ ပုံလုံးပေါ်ရွှေဖြင့်မွမ်းမံလေ၏။
36 ၃၆ အတွင်း တန်တိုင်း ကိုလည်း ဆစ် သော ကျောက်တန်းသုံး ဆင့် ၊ အာရဇ် သစ်သားတန်း တဆင့်နှင့် အထပ်ထပ် တည် လေ၏။
၃၆ဗိမာန်တော်ရှေ့၌အတွင်းတန်တိုင်းကိုဆစ် ကျောက်သုံးဆင့်လျှင် သစ်ကတိုးသားယက်မ တစ်ဆင့်စီဖြင့်အထပ်ထပ်ဆောက်လုပ်ထား၏။
37 ၃၇ နန်းစံလေး နှစ် ၊ ဇိဖ လ တွင် ထာဝရဘုရား ၏ အိမ် တော်တိုက်မြစ် ကို ချကြ၍၊
၃၇ရှောလမုန်မင်းနန်းစံလေးနှစ်မြောက်ဇိဖခေါ် ဒုတိယလ၌ ဗိမာန်တော်ကိုကျောက်မြစ်ချ၍၊-
38 ၃၈ နန်းစံဆယ် တနှစ် ၊ ဗု လ အမည်ရှိသော အဋ္ဌမ လ တွင် အိမ် တော်အခန်းကြီးအခန်းငယ်တို့နှင့် ဆိုင်သမျှ တို့ ကို လက်စသတ် ၍ ခုနစ် နှစ် ပတ်လုံးအိမ်တော်ကို တည်ဆောက် သတည်း။
၃၈ရှောလမုန်မင်းနန်းစံတစ်ဆယ့်တစ်နှစ်မြောက်၊ ဗုလ ခေါ်အဋ္ဌမလ၌ ဗိမာန်တော်ကိုရေးဆွဲထားသည့် ပုံစံအတိုင်းတစ်သဝေမတိမ်းဆောက်လုပ်ပြီး လေသည်။ ယင်းသို့ဆောက်လုပ်မှုမှာခုနစ်နှစ် တိုင်တိုင်ကြာသတည်း။