< ၃ ဓမ္မရာဇဝင် 5 >

1 ရှောလမုန် ကို ခမည်းတော် အရာ ၌ ဘိသိက် ပေး ကြောင်း ကို တုရု မင်းကြီး ဟိရံ သည် ကြား လျှင် ၊ ဒါဝိဒ် နှင့် အစဉ် မိတ်ဆွေ ဖွဲ့သောသူဖြစ်၍ ၊ မိမိ ကျွန် တို့ကို စေလွှတ် လေ၏။
Hiram king of Tyre sent his servants to Solomon; for he had heard that they had anointed him king in the place of his father: for Hiram was ever a lover of David.
2 တဖန် ရှောလမုန် သည်လည်း၊ ဟိရံ ထံသို့ စေလွှတ် လျက်၊
Solomon sent to Hiram, saying,
3 ငါ့ အဘ ဒါဝိဒ် သည် အရပ်ရပ်၌ စစ်တိုက် ရ သောကြောင့် ၊ ထာဝရဘုရား သည် ရန်သူတို့ကို အဘခြေဘဝါး တော်အောက် သို့ နှိမ့်ချ တော်မမူမှီတိုင်အောင် ၊ မိမိ ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို မ တည် မဆောက်ရဟု မင်းကြီးသိ ၏။
"You know how that David my father could not build a house for the name of Jehovah his God for the wars which were about him on every side, until Jehovah put them under the soles of his feet.
4 ယခု မူကား ၊ ငါ ၏ဘုရား သခင်ထာဝရဘုရား သည် အရပ်ရပ် ၌ ငြိမ်ဝပ် မည်အကြောင်းစီရင်တော်မူသဖြင့်၊ ရန်ဘက် ပြုသောသူ၊ ဆီးတား သောသူ မ ရှိသည် ဖြစ်၍၊
But now Jehovah my God has given me rest on every side. There is neither adversary, nor evil occurrence.
5 ထာဝရဘုရား က၊ ငါ့ အဘ ဒါဝိဒ် အား သင့် ကိုယ်စား သင် ၏ရာဇ ပလ္လင်ပေါ် မှာ ငါတင် သော သင် ၏ သား သည် ငါ့ နာမ အဘို့ အိမ် ကို တည်ဆောက် ရမည်ဟု မိန့် တော်မူသည်အတိုင်း ၊ ငါ ၏ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် မည်ဟု ငါ အကြံ ရှိ၏။
Look, I purpose to build a house for the name of Jehovah my God, as Jehovah spoke to David my father, saying, 'Your son, whom I will set on your throne in your place, he shall build the house for my name.'
6 မင်းကြီး၏ ကျွန်တို့သည် ငါ့ အဘို့ လေဗနုန် တောင်ပေါ် မှာ အာရဇ် ပင်တို့ကို ခုတ်လှဲ စေခြင်းငှါ စီရင် ပါ။ ငါ့ ကျွန် တို့သည် မင်းကြီး ကျွန် တို့နှင့် ဝိုင်း၍ လုပ်ကိုင် ကြလိမ့်မည်။ မင်းကြီးစီရင် သည်အတိုင်း ၊ မင်းကြီး ၏ ကျွန် တို့အား အခ ကိုပေး ပါမည်။ ဇိဒုန် အမျိုးသားတို့သည် သစ် ခုတ် တတ် သကဲ့သို့ ငါ တို့တွင် အဘယ်သူ မျှမခုတ်တတ် သည်ကို မင်းကြီး သိ သည်ဟု မှာလိုက်လေ၏။
Now therefore command that they cut me cedar trees out of Lebanon. My servants shall be with your servants; and I will give you wages for your servants according to all that you shall say. For you know that there is not among us any who knows how to cut timber like the Sidonians."
7 ရှောလမုန် မင်း၏စကား ကို ဟိရံ မင်းသည် ကြား လျှင် အလွန် ဝမ်းမြောက် ၍ ၊ ထို လူမျိုး ကြီး ကို အစိုးရသောသား ကို ဒါဝိဒ် အား ပေး တော်မူသော ထာဝရဘုရား သည် ယနေ့ မင်္ဂလာ ရှိတော်မူစေသတည်းဟု ဆို လျက်၊
It happened, when Hiram heard the words of Solomon, that he rejoiced greatly, and said, "Blessed is Jehovah this day, who has given to David a wise son over this great people."
8 မင်းကြီးမှာ လိုက်သော အမှု ကို ငါဆင်ခြင် ပြီ။ အာရဇ် သစ်သား ၊ ထင်ရူး သစ်သား လို သမျှ ကို ပေး ပါမည်။
Hiram sent to Solomon, saying, "I have heard the message which you have sent to me. I will satisfy all your desire concerning cedar wood and concerning the wood of evergreens.
9 ငါ့ ကျွန် တို့သည် လေဗနုန် တောင်မှ ပင်လယ် သို့ ချ ပြီးလျှင် ၊ ဘောင် လုပ်၍ မင်းကြီးစီရင် သော အရပ် သို့ ပင်လယ် လမ်းဖြင့် ဆောင် ခဲ့၍ ၊ ထို အရပ်၌အပ် သဖြင့် မင်းကြီး ခံယူ ရမည်။ မင်းကြီး သည်လည်း ၊ ငါ ၏နန်းတော် သားစားစရာ ရိက္ခါကိုပေး ၍ ငါ့ အလို ကိုလည်း ပြည့်စုံ စေရမည်ဟု ရှောလမုန် ထံသို့ လူကိုစေလွှတ် ၍ ပြန်ပြော ၏။
My servants shall bring them down from Lebanon to the sea. I will make them into rafts to go by sea to the place that you shall appoint me, and will cause them to be broken up there, and you shall receive them. You shall accomplish my desire, in giving food for my household."
10 ၁၀ ထိုသို့ ဟိရံ သည် ရှောလမုန် အလို ရှိသမျှ သော အာရဇ် သစ်သား ၊ ထင်းရူး သစ်သား ကိုပေး ၏။
So Hiram gave Solomon timber of cedar and timber of fir according to all his desire.
11 ၁၁ ရှောလမုန် သည်လည်း ၊ ဟိရံ ၏နန်းတော် သား များ စားစရာ ဘို့ တနှစ် တနှစ်လျှင် ဂျုံ ဆန်ကောရ နှစ် သောင်း၊ စစ် ပြီးသော ဆီ ကောရ နှစ် ဆယ်ကိုပေး ၏။
Solomon gave Hiram twenty thousand cors of wheat for food to his household, and twenty thousand baths of pure oil. Solomon gave this to Hiram year by year.
12 ၁၂ ထာဝရဘုရား သည်လည်း ၊ ဂတိ တော်ရှိသည် အတိုင်း ၊ ရှောလမုန် အား ပညာ ကိုပေး တော်မူ၏။ ဟိရံ မင်းနှင့် ရှောလမုန် မင်းနှစ် ပါးတို့သည် စစ်တိုက် ခြင်း မရှိ။ မိဿဟာယ ဖွဲ့ ကြ၏။
Jehovah gave Solomon wisdom, as he promised him; and there was peace between Hiram and Solomon; and the two of them made a covenant.
13 ၁၃ ရှောလမုန် မင်းကြီး သည်လည်း ၊ ဣသရေလ လူ အပေါင်း တို့တွင် လူ သုံး သောင်းတို့ကို ခွဲခန့် ၍၊
King Solomon raised a levy out of all Israel; and the levy was thirty thousand men.
14 ၁၄ အလှည့် အလှည့်တလ လျှင်တသောင်း စီ၊ လေဗနုန် တောင်သို့ စေလွှတ် သဖြင့် ၊ ထိုလူတို့သည် လေဗနုန် တောင် ပေါ် မှာတလ ၊ ကိုယ် နေရာ အရပ်၌ နှစ် လ နေ ရကြ၏။ ထိုလူ တို့ကို အဒေါနိရံ အုပ်ရ၏။
He sent them to Lebanon, ten thousand a month by courses; a month they were in Lebanon, and two months at home; and Adoniram was over the men subject to forced labor.
15 ၁၅ ထမ်းရွက် သောသူခုနစ် သောင်း၊ တောင်ရိုး ပေါ် မှာ သစ်ခုတ် သောသူရှစ် သောင်းတို့ကိုလည်း စေခိုင်းတော်မူ ၍၊
Solomon had seventy thousand who bore burdens, and eighty thousand who were stone cutters in the mountains;
16 ၁၆ အုပ်ချုပ် သောမင်း အရာရှိမှတပါး လုပ်ဆောင် သောသူတို့ ကို စီရင် သောသူ သုံး ထောင် သုံး ရာ ရှိ၏။
besides Solomon's chief officers who were over the work, three thousand and six hundred, who bore rule over the people who labored in the work.
17 ၁၇ ရှင်ဘုရင် ၏ အမိန့် တော်အတိုင်း အိမ် တော် တိုက်မြစ် အဘို့ ကြီး သောကျောက် ၊ အဘိုး ထိုက်သော ကျောက် ၊ ဆစ် ပြီးသောကျောက် တို့ကို ဆောင် ခဲ့ကြ၏။
The king commanded, and they cut out great stones, costly stones, to lay the foundation of the house with worked stone.
18 ၁၈ ထိုသို့ ရှောလမုန် မင်း၏ လက်သမား တို့နှင့် ဟိရံ မင်း၏လက်သမား တို့သည် ဂေဗာလ အမျိုးသားတို့ နှင့်တကွ ၊ အိမ် တော်ကို တည်ဆောက် စရာဘို့ သစ်သား များ၊ ကျောက် များတို့ကို ပြင်ဆင် ကြ၏။
Solomon's builders and Hiram's builders and the Gebalites cut them, and prepared the timber and the stones to build the house.

< ၃ ဓမ္မရာဇဝင် 5 >