< ၃ ဓမ္မရာဇဝင် 4 >
1 ၁ ရှောလမုန် မင်းကြီး သည် ဣသရေလ နိုင်ငံလုံး ကို စိုးစံ လျက် နေတော်မူ၏။
Et le roi Salomon était roi sur tout Israël.
2 ၂ မှူး တော်မတ်တော်ဟူမူကား ၊ ယဇ်ပုရောဟိတ် ဇာဒုတ် သား အာဇရိ၊
Et ce sont ici les princes qu’il avait: Azaria, fils de Tsadok, le sacrificateur;
3 ၃ ရှိရှ သား ဧလိဟောရပ် နှင့် အဟိယ တို့သည် စာရေး တော်ကြီးဖြစ်၏။ အဟိလုပ် သား ယောရှဖတ် သည် အတွင်းဝန် ဖြစ်၏။
Élihoreph et Akhija, fils de Shisha, scribes; Josaphat, fils d’Akhilud, rédacteur des chroniques;
4 ၄ ယောယဒ သား ဗေနာယ သည် ဗိုလ်ချုပ်မင်း ဖြစ်၏။ ဇာဒုတ် နှင့် အဗျာသာ တို့သည် ယဇ်ပုရောဟိတ် ဖြစ်၏။
et Benaïa, fils de Jehoïada, [préposé] sur l’armée; et Tsadok, et Abiathar, sacrificateurs;
5 ၅ နာသန် သား အာဇရိ သည် ဝန် စာရေးအုပ်ဖြစ် ၏။ နာသန် သား ဇာဗုဒ် သည် မင်းသား အရာနှင့် တိုင်ပင် မတ်ဖြစ်၏။
et Azaria, fils de Nathan, [préposé] sur les intendants; et Zabud, fils de Nathan, principal officier, ami du roi;
6 ၆ အဟိရှာ သည် နန်းတော် အုပ်ဖြစ်၏။ အာဗဒ သား အဒေါနိရံ သည် အခွန် တော်ဝန်ဖြစ်၏။
et Akhishar, [préposé] sur la maison, et Adoniram, fils d’Abda, sur les levées.
7 ၇ ရှောလမုန် သည် ဣသရေလ နိုင်ငံအရပ်ရပ် ၌ ခန့်ထား သော ဝန်စာရေးတကျိပ် နှစ် ယောက်တို့သည် တယောက်တလ စီ ရှင်ဘုရင် နှင့် နန်းတော် သားတို့ အဘို့ စားစရာကို ပြင်ဆင် ရကြ၏။
Et Salomon avait douze intendants sur tout Israël, et ils pourvoyaient à l’entretien du roi et de sa maison; chacun était tenu de pourvoir à cet entretien un mois dans l’année.
8 ၈ သူ တို့အမည် ဟူမူကား ၊ ဧဖရိမ် တောင် ရပ်မှာ ဟုရ ၏သား၊
Et ce sont ici leurs noms: le fils de Hur, dans la montagne d’Éphraïm;
9 ၉ မာကတ် မြို့၊ ရှာလဗိမ် မြို့၊ ဗက်ရှေမက် မြို့၊ ဧလုမ္ဘေသနန် မြို့မှာ ဒေကာ ၏သား၊
le fils de Déker, à Makats, et à Shaalbim, et à Beth-Shémesh, et à Élon-Beth-Hanan;
10 ၁၀ စောခေါ မြို့၊ ဟေဖာ ပြည် လုံး နှင့်တကွ အရုဗုတ် မြို့မှာ ဟေသက် ၏သား၊
le fils de Hésed, à Arubboth: il avait Soco et tout le pays de Hépher.
11 ၁၁ ဒေါရ ပြည် လုံး ကိုစီရင်သောသူ ရှောလမုန် ၏ သမီး တော်တာဖတ် နှင့်စုံဘက်သော အဘိနဒပ် ၏သား၊
Le fils d’Abinadab avait toutes les hauteurs de Dor; il avait Taphath, fille de Salomon, pour femme.
12 ၁၂ တာနက် မြို့၊ မေဂိဒ္ဒေါ မြို့နှင့်တကွ ဗက်ရှန် မြို့မှ အာဗေလမဟောလ မြို့တိုင်အောင် မက၊ ယုတ်နန် မြို့ အလွန် ၊ ယေဇရေလ မြို့ အောက် ဇာတန မြို့နှင့်နီးစပ် သော ဗက်ရှန် မြို့နယ်လုံး ကို စီရင်သော အဟိလုပ် ၏သား ဗာန၊
Baana, fils d’Akhilud, avait Thaanac et Meguiddo, et tout Beth-Shean, qui est à côté de Tsarthan, sous Jizreël, depuis Beth-Shean jusqu’à Abel-Mehola, jusqu’au-delà de Jokmeam.
13 ၁၃ ဂိလဒ် ပြည်၌ မနာရှေ ၏သား ယာဣရ ပိုင်သော မြို့ များ၊ ဗာရှန် ပြည်၊ အာဂေါဘ အရပ် ၌မြို့ရိုး ၊ ကြေးဝါ တံခါးကျင် နှင့်ပြည့်စုံသော မြို့ ကြီး ခြောက် ဆယ်ကို စီရင် သော ဂိလဒ်ပြည်ရာမုတ် မြို့မှ ဂေဗာ ၏သား၊
Le fils de Guéber était à Ramoth de Galaad: il avait les bourgs de Jaïr, fils de Manassé, qui sont en Galaad, la région d’Argob, qui est en Basan, 60 grandes villes avec des murailles et des barres d’airain.
14 ၁၄ မဟာနိမ် မြို့မှာ ဣဒေါ ၏သား အဟိနဒပ်၊
Akhinadab, fils d’Iddo, était à Mahanaïm;
15 ၁၅ နဿလိ ခရိုင်ကိုစီရင်သောသူ၊ ရှောလမုန် ၏ သမီး တော် ဗာသမတ် နှင့်စုံဘက် သောအဟိမတ်၊
Akhimaats, en Nephthali: lui aussi avait pris Basmath, fille de Salomon, pour femme;
16 ၁၆ အာရှာ ခရိုင်နှင့် အာလုပ် မြို့မှာ ဟုရှဲ ၏သား ဗာနာ၊
Baana, fils de Hushaï, en Aser et en Aloth;
17 ၁၇ ဣသခါ ခရိုင်မှာ ပါရွာ ၏သား ယောရှဖတ်၊
Josaphat, fils de Paruakh, en Issacar;
18 ၁၈ ဗင်္ယာမိန် ခရိုင်မှာ ဧလာ ၏သား ရှိမိ၊
Shimhi, fils d’Éla, en Benjamin;
19 ၁၉ အာမောရိ ရှင်ဘုရင် ရှိဟုန် ၏နိုင်ငံ ၊ ဗာရှန် ရှင်ဘုရင် ဩဃ ၏နိုင်ငံ၊ ဂိလဒ် ပြည် မှာ အခြားသောမင်း မရှိ။ တပါး တည်းစီရင်သော ဥရိ ၏သား ဂေဗ တည်း။
Guéber, fils d’Uri, dans le pays de Galaad, le pays de Sihon, roi des Amoréens, et d’Og, roi de Basan: il était le seul intendant qui soit dans le pays.
20 ၂၀ ထိုကာလ၌၊ ယုဒ အမျိုးနှင့် ဣသရေလ အမျိုးသားတို့သည် အရေအတွက် အားဖြင့် သမုဒ္ဒရာ သဲလုံး နှင့်အမျှ များပြား ၍ စား သောက် ပျော်မွေ့ လျက် နေကြ၏။
Juda et Israël étaient nombreux, comme le sable qui est près de la mer, en multitude, – mangeant et buvant, et se réjouissant.
21 ၂၁ ရှောလမုန် သည်လည်း မြစ် ကြီးမှစ၍ ဖိလိတ္တိ ပြည် ၊ အဲဂုတ္တု ပြည် တိုင်အောင် တိုင်း နိုင်ငံလုံး ကို အစိုးရ သဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင် ပဏ္ဏာတို့ကို ဆက် ၍ ၊ ရှောလမုန် လက်ထက် ကာလပတ်လုံး မင်းမှုကို ဆောင်ရွက် ရကြ၏။
Et Salomon domina sur tous les royaumes, depuis le fleuve jusqu’au pays des Philistins, et jusqu’à la frontière d’Égypte: ils apportèrent des présents et servirent Salomon tous les jours de sa vie.
22 ၂၂ တနေ့ တနေ့လျှင် နန်းတော်၌ ကုန်သောရိက္ခါ ဟူမူကား၊ ဂျုံမုန့်ညက် ကောရ သုံး ဆယ်၊ မုယောမုန့်ညက် ကောရ ခြောက် ဆယ်၊
Et l’ordinaire de Salomon, pour un jour, était: 30 cors de fleur de farine, et 60 cors de farine,
23 ၂၃ ဆူဖြိုး အောင်ကျွေးသောနွား တဆယ် ၊ ကျက်စား ရာထဲက နွား နှစ် ဆယ်၊ ဆတ် သမင် ဒရယ် အမျိုးမျိုးကို မဆိုဘဲသိုး တရာ ၊ ဆူဖြိုး အောင် ကျွေးသောငှက် မျိုး တည်း။
dix bœufs gras, et 20 bœufs de pâturages, et 100 moutons, outre les cerfs, et les gazelles, et les daims, et la volaille engraissée.
24 ၂၄ ရှောလမုန်သည် မြစ် ကြီးအနောက် ဘက်၊ တိဖသ မြို့မှ အဇ္ဇာ မြို့တိုင်အောင် ရှင် ဘုရင်အပေါင်း တို့ကို အစိုးရ သဖြင့် ပတ်ဝန်းကျင် အရပ် တို့၌ စစ်မှု စစ်ရေးမရှိ။
Car il dominait sur tout [ce qui était] en deçà du fleuve, depuis Thiphsakh jusqu’à Gaza, sur tous les rois en deçà du fleuve; et il était en paix avec tous ses alentours, de tous côtés.
25 ၂၅ လက်ထက် တော်ကာလပတ်လုံး ၊ ယုဒ အမျိုးနှင့် ဣသရေလ အမျိုးသားတို့သည်ဒန် မြို့မှစ၍ ဗေရရှေဘ မြို့ တိုင်အောင် အသီးအသီးမိမိ စပျစ်ပင် ၊ မိမိ သင်္ဘောသဖန်းပင် အောက် မှာ ငြိမ်ဝပ် စွာ နေ ရကြ၏။
Et Juda et Israël habitèrent en sécurité, chacun sous sa vigne et sous son figuier, depuis Dan jusqu’à Beër-Shéba, tous les jours de Salomon.
26 ၂၆ ရှောလမုန် သည်လည်း ၊ ရထား တော်များနှင့် ဆိုင်သော မြင်း တင်းကုပ် လေးထောင်၊ မြင်းစီး သူရဲ တသောင်း နှစ်ထောင်ရှိ၏။
Et Salomon avait 40 000 stalles pour les chevaux de ses chars, et 12 000 cavaliers.
27 ၂၇ ဝန် စာရေးတို့သည်လည်း ရှောလမုန် မင်းကြီး နှင့် စားပွဲ တော်သို့ ဝင် သောသူအပေါင်း တို့အဘို့ တယောက် တလ စီစုံလင် စွာ ပြင်ဆင် ရကြ ၏။
Et ces intendants pourvoyaient à l’entretien du roi Salomon et de tous ceux qui venaient à la table du roi Salomon, chacun en son mois; ils ne laissaient rien manquer.
28 ၂၈ မုယော စပါးကို၎င်း ၊ မြင်း တော်များ၊ လား တော် များဘို့ မြက် ခြောက်ကို၎င်း၊ အလှည့် သင့်သည်အတိုင်း နေရာ အရပ်သို့ ဆောင် ခဲ့ရကြ၏။
Et ils faisaient venir l’orge et la paille pour les chevaux et les coursiers au lieu où était [l’intendant], chacun selon sa règle.
29 ၂၉ ဘုရား သခင်သည် များစွာ သော ဉာဏ် ပညာ ကို ၎င်း၊ သမုဒ္ဒရာ သဲလုံး နှင့်အမျှ ကျယ်ဝန်း သော နှလုံး ကို၎င်းပေး တော်မူသည်ဖြစ်၍၊
Et Dieu donna à Salomon de la sagesse et une très grande intelligence, et un cœur large comme le sable qui est sur le bord de la mer.
30 ၃၀ ပညာ တော်သည် အရှေ့ ပြည်သား ပညာ နှင့် အဲဂုတ္တု ပြည်သားပညာ ကို လွန်ကဲ ၏။
Et la sagesse de Salomon était plus grande que la sagesse de tous les fils de l’orient et toute la sagesse de l’Égypte.
31 ၃၁ ရှောလမုန်သည် ဧဇရဟိတ် အမျိုးဧသန် ၊ မဟောလ သား ဟေမန် ၊ ခါလကောလ ၊ ဒါရဒ အစရှိသော လူ အပေါင်း တို့ထက် သာ၍ပညာ ရှိသဖြင့် ၊ ခပ်သိမ်း သော တိုင်း နိုင်ငံအရပ်ရပ် ၌ ကျော်စော လေ၏။
Et il était plus sage qu’aucun homme, plus qu’Éthan, l’Ezrakhite, et qu’Héman, et Calcol, et Darda, les fils de Makhol. Et sa renommée était [répandue] parmi toutes les nations, à l’entour.
32 ၃၂ စီရင် တော်မူသောသုတ္တံ စကားသုံး ထောင် နှင့် သီချင်း တ ထောင် ငါး ခုရှိ ၏။
Et il proféra 3 000 proverbes, et ses cantiques furent [au nombre] de 1 005.
33 ၃၃ လေဗနုန် အာရဇ် ပင်မှစ၍ အုတ်ရိုး နားမှာ ပေါက် တတ်သော ဟုဿုပ် ပင်တိုင်အောင် မြွက်ဆို ၏။ သား မျိုး၊ ငှက် မျိုး၊ ပိုးကောင် မျိုး၊ ငါး မျိုးတို့၏ အကြောင်း ကိုလည်း မြွက်ဆို ၏။
Et il parla sur les arbres, depuis le cèdre qui est sur le Liban, jusqu’à l’hysope qui sort du mur; et il parla sur les bêtes, et sur les oiseaux, et sur les reptiles, et sur les poissons.
34 ၃၄ ရှောလမုန်မင်း၏ ပညာ သိတင်းကို ကြား သော ရှင်ဘုရင် အမျိုးမျိုး စေလွှတ်သောသူတို့ သည် ပညာ စကား တော်ကို နားထောင် ခြင်းငှါ လာ ကြ၏။
Et de tous les peuples on venait pour entendre la sagesse de Salomon, de la part de tous les rois de la terre qui avaient entendu parler de sa sagesse.