< ၃ ဓမ္မရာဇဝင် 3 >

1 ရှောလမုန် သည် အဲဂုတ္တု ဖာရော ဘုရင် နှင့် မိတ်ဆွေ ဖွဲ့လျက် ၊ သမီး တော်နှင့်စုံဘက် ၍ နန်း တော်၊ ဗိမာန် တော်၊ ယေရုရှလင် မြို့ရိုး ကို မပြီး မှီတိုင်အောင် ဒါဝိဒ် မြို့ ၌ နေရာပေး တော်မူ၏။
Solomon made a marriage alliance with Pharaoh of Egypt. He married Pharaoh's daughter and brought her to live in the City of David until he finished building his palace, the Lord's Temple, and the walls surrounding Jerusalem.
2 ထို ကာလ ၌ ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို မ တည် သေးသောကြောင့် ၊ လူ များတို့သည် မြင့် သောအရပ်တို့၌ ယဇ် ပူဇော်တတ်ကြ၏။
In those days, however, the people still sacrificed on the high places because a Temple to honor the Lord hadn't yet been built.
3 ရှောလမုန် သည် ထာဝရဘုရား ကို ချစ် ၍ ခမည်းတော် ဒါဝိဒ် ၏စီရင် ချက်တို့ကို စောင့်ရှောက် တတ်၏။ သို့ရာတွင် မြင့် သောအရပ်တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်း ကို မီးရှို့၏။
Solomon showed he loved the Lord by following the instructions of his father David, except that he sacrificed and burned offerings on the high places.
4 တရံရောအခါ၊ ရှင် ဘုရင်သည် ယဇ် ပူဇော်ခြင်းငှါ အလွန် မြင့် မြတ်သော အရပ်တည်းဟူသောဂိဗောင် မြို့သို့ သွား ၍ ထို ယဇ် ပလ္လင်ပေါ် မှာ မီးရှို့ ရာယဇ်တထောင် ကို ပူဇော် လေ၏။
The king went to Gibeon to sacrifice there, for it was the leading high place. Solomon presented one thousand burnt offerings on the altar there.
5 ထိုမြို့၌ ထာဝရဘုရား သည် ညဉ့် အခါ အိပ်မက် တွင် ရှောလမုန် အား ထင်ရှား လျက် ၊ ငါပေး ရမည်ဆုကို တောင်း လော့ဟု ဘုရား သခင်မိန့် တော်မူ၏။
The Lord appeared to Solomon in a dream at Gibeon. God said to him, “Ask what you want me to give you.”
6 ရှောလမုန် ကလည်း ၊ ကိုယ်တော် ၏ ကျွန် အကျွန်ုပ် ၏အဘ ဒါဝိဒ် သည် ရှေ့ တော်၌ သဘော ဖြောင့် ၍ သမ္မာ တရား၊ ဖြောင့်မတ် ခြင်းတရားအတိုင်း ကျင့် သည်နှင့်အညီ၊ သူ၌များစွာ သော ကျေးဇူး ကို ပြု တော်မူပြီ။ ယနေ့ တွင်ရှိသည်အတိုင်း ၊ သူ ၏ရာဇ ပလ္လင်ပေါ် မှာ ထိုင် ရသောသား ကိုသူ့ အား ပေး သနားတော်မူသဖြင့် ၊ သူ့ အဘို့ ကျေးဇူး တရားကို စောင့်ရှောက် တော်မူပြီ။
Solomon replied, “You showed your servant David, my father, great trustworthy love because he lived his life before you with faithfulness, doing what was right and committed to principle. You have continued to show this great trustworthy love by giving him a son to sit on his throne to this day.
7 ယခု မှာ အကျွန်ုပ် ၏ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ကျွန် ကို အဘ ဒါဝိဒ် ၏ကိုယ်စား ရှင် ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။ သို့ရာတွင် အကျွန်ုပ် သည် သူငယ် ဖြစ်ပါ၏။ ထွက် ဝင် ခြင်းငှါမ တတ်နိုင် ပါ။
Now, Lord God, you have made me king in place of my father David. But I am like an inexperienced young boy who doesn't know what to do.
8 ရွေးချယ် တော်မူ၍ အရေအတွက် အားဖြင့် အတိုင်း မ သိများပြား စွာသော ကိုယ်တော် ၏လူမျိုး ကြီး အလယ် ၌ ကိုယ်တော် ကျွန် ရှိပါ၏။
I, your servant, am here in among your chosen people, a great people that are so many they cannot be counted.
9 သို့ဖြစ်၍ ကိုယ်တော် ကျွန် သည် ကိုယ်တော် ၏ လူ တို့ကို တရားစီရင် နိုင်မည်အကြောင်း ကောင်း မကောင်း ကို ပိုင်းခြား ၍ သိ တတ်သောဉာဏ် ကိုပေး သနားတော်မူ ပါ။ ဤ မျှလောက်များစွာ သော ကိုယ်တော် ၏ လူ တို့ကို အဘယ်သူ သည် ကိုယ်အလိုအလျောက်တရား စီရင်နိုင် ပါ မည်နည်းဟု တောင်းလျှောက် ၏။
So please give me a mind that's receptive so I can rule your people well, understanding the difference between right and wrong, for who can rule this difficult people of yours?”
10 ၁၀ ထိုသို့ ရှောလမုန် တောင်း လျှောက်သော ပဌနာ စကား ကို ထာဝရ ဘုရားသည် နှစ်သက် တော်မူ၏။
The Lord considered that what Solomon asked for was good.
11 ၁၁ ဘုရား သခင်ကလည်း ၊ သင်သည်တာရှည် သော အသက် ကို မ တောင်း ၊ စည်းစိမ် ကိုလည်း မ တောင်း ၊ ရန်သူ တို့ ၏အသက် ကိုလည်း မ တောင်း ၊ တရား စီရင်ခြင်းငှါ တတ်နိုင်သောဉာဏ် ကိုသာ ကိုယ် အဘို့ တောင်း လျှောက် သောကြောင့်၊
So God told him, “Because you asked for this, and you didn't ask for a long life, or wealth, or the death of your enemies, but instead you asked for understanding to know what is right,
12 ၁၂ သင် တောင်း လျှောက်သည်အတိုင်း ငါပေး ၏။ ရှေး ကာလ၌သင် နှင့် တူသောသူတယောက်မျှမ ဖြစ် ၊ နောင် ကာလ၌မ ဖြစ် နိုင်အောင် ဉာဏ် ပညာနှင့်ပြည့်စုံသောစိတ် ဝိညာဉ်ကို သင့် အား ငါပေး ၏။
I am giving you what you asked for. I am giving you a mind that is wise, with an understanding of what is right, more than anyone else before you or after you.
13 ၁၃ ထိုမှတပါးသင် နှင့် တူသော ရှင်ဘုရင် တယောက် ကိုမျှ သင့် လက်ထက် ၌ မ ရှိ စေခြင်းငှါ၊ သင်မ တောင်း သော ဆု၊ စည်းစိမ် ဥစ္စာ၊ ဂုဏ် အသရေကို ငါပေး ၏။
I am also giving you what you did not ask for, wealth and status—so much so that no king will compare to you for the whole of your life.
14 ၁၄ သင့် အဘ ဒါဝိဒ် ကျင့် သည်အတိုင်း ငါ့ လမ်း သို့ လိုက် ၍ ငါ စီရင် ချက်ပညတ် တရားတို့ကို စောင့်ရှောက် လျှင် ၊ တာရှည် သော အသက် ကိုလည်း ငါပေးမည်ဟု မိန့် တော်မူ၏။
And if you follow my ways by keeping my laws and my commands, as your father David did, I will give you a long life.”
15 ၁၅ ရှောလမုန် သည် နိုး ၍ အိပ်မက် ဖြစ်မှန်းကိုသိ၏။ တဖန် ယေရုရှလင် မြို့သို့သွား ၍ ထာဝရ ဘုရား၏ ပဋိညာဉ် သေတ္တာ တော်ရှေ့ မှာ ရပ် လျက်၊ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ၍ ကျွန် အပေါင်း တို့အဘို့ ပွဲ ကို စီရင် တော်မူ၏။
Then Solomon woke up and realized he'd had a dream. He went back to Jerusalem, and stood in front of the Ark of the Lord's Agreement and he presented burnt offerings and friendship offerings, and he held a feast for all his officials.
16 ၁၆ ထိုအခါ ပြည်တန်ဆာ မိန်းမ နှစ် ယောက်သည် လာ ၍ ရှေ့ တော်၌ ရပ် လျက်၊
Later two prostitutes came to the king and stood before him for judgment.
17 ၁၇ မိန်းမ တယောက် က အို အရှင် ၊ ကျွန်တော်မ နှင့် ဤ မိန်းမ သည် တ အိမ် တည်းနေ ကြပါ၏။ တအိမ်တည်း နေလျက် ကျွန်တော်မသည် သား မျက်နှာကိုမြင်ပါ၏။
One of the women spoke up, saying, “If it please Your Majesty: I share a house with this woman. I had a baby while she was living in the house.
18 ၁၈ သုံး ရက် လွန်မှ တဖန် ဤ မိန်းမ သည် သား မျက်နှာကိုမြင်ပါ၏။ ထိုအိမ် ၌ အဘယ်ဧည့်သည် မျှ မ ရှိ။ သူနှင့်ကျွန်တော်မနှစ် ယောက်တည်း သာ ရှိပါ၏။
Three days after the birth of my baby, this woman also had a baby. We were together; there was no one else in the house, just the two of us.
19 ၁၉ ဤ မိန်းမ သည် ညဉ့် အခါ မိမိသားငယ်ကို ဖိ၍ အိပ် မိသောကြောင့် သား ငယ်သေ ပါ၏။
During the night this woman's son died because she rolled over on him.
20 ၂၀ သန်းခေါင်ယံ ၌ သူသည်ထ ၍ ကျွန်တော်မ အိပ်ပျော် စဉ်အခါ ကျွန်တော်မ သား ငယ်ကိုယူ ၍ မိမိ ရင်ခွင် ၌ ထား ပါ၏။ သူ ၏ သားငယ် အသေ ကောင်ကိုမူကား ၊ ကျွန်မ ၏ရင်ခွင် ၌ ထား ပါ၏။
She got up in the middle of the night and took my son from beside me while I was sleeping. She lay him close beside her to cuddle him, and she lay her dead son close beside me.
21 ၂၁ နံနက် အချိန်၌ ကျွန်တော်မသည်သား ငယ်ကို နို့ တိုက်မည်ထ သောအခါ၊ သားငယ်သည် သေ လျက် ရှိပါ၏။ သို့ရာတွင်ကျွန်တော်မသည် သေသောသူငယ် ကို စေ့စေ့ ကြည့်ရှုသောအခါ ၊ ကျွန်တော်မဘွားမြင် သော သား မ ဟုတ်ပါဟုလျှောက် ၏။
When I got up in the morning to nurse my son I saw that he was dead. When I looked closely at him in the light I realized it wasn't my son.”
22 ၂၂ အခြား သော မိန်းမ ကလည်း မ ဟုတ်ဘူး။ အသက် ရှင်သော သူငယ်သည် ငါ့ သား ၊ သေ သောသူငယ် သည် သင် ၏သား ဖြစ်၏ဟု ငြင်းလေ၏။ အရင်မိန်းမကလည်း ထိုသို့ မ ဟုတ်။ သေ သောသူငယ်သည် သင် ၏သား ၊ အသက် ရှင်သောသူငယ်သည် ငါ့ သား ဖြစ်၏ဟုဆို လေ၏။ ထိုသို့ရှေ့ တော်၌ လျှောက် ဆိုကြလျှင်၊
The other woman argued, “No! My son is the one that's alive. Your son is the one that's dead.” The first woman objected, “No! Your son is the one that's dead. My son is the one that's alive.” They went on quarrelling in front of the king.
23 ၂၃ ရှင်ဘုရင် က၊ မိန်းမတယောက်က အသက် ရှင်သော သူငယ်သည် ငါ့ သား ၊ သေ သော သူငယ်သည် သင် ၏သား ဖြစ်၏ဟုဆို လျက်၊ တယောက်ကထိုသို့ မ ဟုတ်။ သင် ၏သား သေ ပြီ။ ငါ့ သား အသက် ရှင်သည်ဟု ဆို သည် ဖြစ်၍၊
The king intervened, saying, “So this woman says ‘My son is the one that's alive. Your son is the one that's dead,’ while the other woman says, ‘No! Your son is the one that's dead. My son is the one that's alive.’”
24 ၂၄ ထား ယူ ခဲ့ဟု မိန့် တော်မူသည်အတိုင်း ၊ ထား ကို ရှေ့ တော်သို့ ယူ ခဲ့ကြ၏။
“Bring me a sword,” the king ordered. So they brought him a sword.
25 ၂၅ ရှင်ဘုရင် ကလည်း ၊ အသက် ရှင်သော သူငယ် ကို ခွဲ ၍ ထိုမိန်းမတို့အား တယောက် တဝက် စီပေး လော့ဟု မိန့် တော်မူသော်၊
“Cut the child that's alive in two, and give half to one woman and half to another,” he commanded.
26 ၂၆ အသက် ရှင်သောသူငယ်၏ အမိသည် မိမိ သား ကို အလွန်သနား ၍ ၊ အို အရှင် ၊ အသက် ရှင်သောသူငယ်ကို မ သတ် ပါနှင့်။ ဤမိန်းမ အား ပေး တော်မူပါဟု တောင်းပန် လေ၏။ အခြားမိန်းမက ငါ မ ပိုင် စေနှင့်။ သင် လည်း မပိုင်စေနှင့်။ ခွဲ ပါလေစေဟုဆို ၏။
But the woman whose son was alive had so much love for him as a mother that she cried out to the king, “Please, Your Majesty, give her the boy! Don't kill him!” But the other woman said, “He won't be mine or yours—cut him in two!”
27 ၂၇ ထိုအခါ ရှင်ဘုရင် က၊ အသက် ရှင်သော သူငယ် ကို မ သတ် နှင့်။ အရင်မိန်းမ အား ပေး လော့။ သူ သည် အမိ မှန်သည်ဟု မိန့် တော်မူ၏။
The king gave his verdict. “Give the child that's alive to the first woman,” he ordered. “On no account kill him, for she is his real mother.”
28 ၂၈ ထိုသို့ရှင်ဘုရင် စီရင် တော်မူသည် အရာကို ဣသရေလ အမျိုးသားအပေါင်း တို့သည် ကြား သိကြသောအခါ ၊ တရား စီရင်စေခြင်းငှါ ဘုရား သခင်ပေးတော်မူသော ဉာဏ် နှင့် ရှင်ဘုရင် ပြည့်စုံကြောင်းကို သိမြင် ၍ ၊ ကိုယ်တော်ကို ကြောက်ရွံ့ ရိုသေကြ၏။
When everyone in Israel heard about the verdict the king had delivered, they had great respect for the king, because they recognized the wisdom God had given him to judge rightly.

< ၃ ဓမ္မရာဇဝင် 3 >