< ၃ ဓမ္မရာဇဝင် 22 >

1 ရှုရိ ပြည်နှင့် ဣသရေလ ပြည်သည် စစ် မ တိုက် ဘဲ သုံး နှစ် နေ ပြီးမှ၊
Kwa miaka mitatu hapakuwa na vita kati ya Aramu na Israeli.
2 တတိယ နှစ် တွင် ၊ ယုဒ ရှင်ဘုရင် ယောရှဖတ် သည် ဣသရေလ ရှင်ဘုရင် ထံ သို့လာ ၏။
Lakini katika mwaka wa tatu Yehoshafati mfalme wa Yuda akashuka kwenda kumwona mfalme wa Israeli.
3 ဣသရေလ ရှင် ဘုရင်ကလည်း၊ ဂိလဒ် ပြည် ရာမုတ်မြို့သည် ငါ တို့ နိုင်ငံအဝင်ဖြစ်သည်ကို သင်တို့မသိ လော။ ငါ တို့သည် ရှုရိ ရှင်ဘုရင် လက် မှ မနှုတ် မယူဘဲ ငြိမ်သက် စွာ နေကြပြီတကားဟု မိမိ ကျွန် တို့အား ဆို ၏။
Mfalme wa Israeli alikuwa amewaambia maafisa wake, “Je, hamjui Ramoth-Gileadi ni mali yetu na bado hatufanyi chochote kuirudisha kwetu kutoka kwa mfalme wa Aramu?”
4 ယောရှဖတ် မင်းအား လည်း၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ ငါ နှင့်အတူ စစ် ချီ မည်လောဟုမေး လျှင် ၊ ယောရှဖတ် က၊ ငါ သည်မင်းကြီး ကဲ့သို့ ဖြစ်၏။ ငါ့ လူ တို့သည် မင်းကြီး ၏လူ ကဲ့သို့ ၎င်း၊ ငါ့ မြင်း တို့သည် မင်းကြီး ၏ မြင်း ကဲ့သို့ ၎င်း ဖြစ်ကြသည်ဟု ဣသရေလ ရှင်ဘုရင် အား ပြန်ပြော ၏။
Kwa hiyo akamuuliza Yehoshafati, “Je, utakwenda pamoja nami kupigana dhidi ya Ramoth-Gileadi?” Yehoshafati akamjibu mfalme wa Israeli, “Mimi ni kama wewe, watu wangu ni kama watu wako, farasi wangu ni kama farasi wako.”
5 တဖန် ယောရှဖတ် က၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ယနေ့ မေးမြန်း ပါလော့ဟု ဣသရေလ ရှင်ဘုရင် အား ဆို သော်၊
Lakini Yehoshafati pia akamwambia mfalme wa Israeli, “Kwanza tafuta shauri la Bwana.”
6 ဣသရေလ ရှင် ဘုရင်သည် ပရောဖက် လေး ရာ တို့ကို စုဝေး စေပြီးလျှင် ၊ ငါသည်ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ် ချီ ကောင်းသလော။ မချီဘဲ နေကောင်းသလောဟုမေး သော်၊ သူတို့ကချီ တော်မူပါ။ ထာဝရ ဘုရားသည် အရှင်မင်းကြီး ၏လက် တော်သို့ အပ် တော်မူမည်ဟု လျှောက် ကြ၏။
Kwa hiyo mfalme wa Israeli akawaleta pamoja manabii wanaume wapatao mia nne, akawauliza, “Je, niende vitani dhidi ya Ramoth-Gileadi, au niache?” Wakajibu, “Naam, nenda, kwa kuwa Bwana ataiweka Ramoth-Gileadi mkononi mwa mfalme.”
7 ယောရှဖတ် ကလည်း၊ ငါတို့မေးမြန်း စရာ ထာဝရဘုရား ၏ ပရောဖက် တစုံတပါးမျှမ ရှိသလောဟု မေး သော်၊
Lakini Yehoshafati akauliza, “Je, hayuko nabii wa Bwana hapa ambaye tunaweza kumuuliza?”
8 ဣသရေလ ရှင် ဘုရင်က၊ ထာဝရဘုရား ကို မေးမြန်း ရသောသူ တယောက် ဣမလ သား မိက္ခါ ရှိသေး ၏။ သို့ရာတွင် ထိုသူ ကို ငါ မုန်း ၏။ ငါ ၌ မင်္ဂလာ စကားကို မ ဟော။ အမင်္ဂလာ စကားကိုသာ ဟောတတ်သည်ဟု ယောရှဖတ် အား ဆို လျှင် ၊ ယောရှဖတ် က ထိုသို့ မင်းကြီး မ ပြော ပါနှင့်ဟု ပြန်ဆို ၏။
Mfalme wa Israeli akamjibu Yehoshafati, “Bado yupo mtu mmoja ambaye kupitia yeye twaweza kumuuliza shauri la Bwana, lakini namchukia kwa sababu huwa hatabiri jambo lolote jema kunihusu mimi, lakini kila mara hunitabiria mabaya tu. Yeye ni Mikaya mwana wa Imla.” Yehoshafati akajibu, “Mfalme hapaswi kusema hivyo.”
9 ထိုအခါ ဣသရေလ ရှင် ဘုရင်သည် အရာရှိ တယောက် ကိုခေါ် ၍ ၊ ဣမလ သား မိက္ခါ ကို အလျင်အမြန် ခေါ်ခဲ့ဟုမိန့် တော်မူ၏။
Kwa hiyo mfalme wa Israeli akamwita mmoja wa maafisa wake na kusema, “Mlete Mikaya mwana wa Imla mara moja.”
10 ၁၀ ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် ယောရှဖတ် တို့သည် မင်းမြောက် တန်ဆာကို ဝတ်ဆင် လျက် ရှမာရိ မြို့တံခါးဝ ရှေ့၊ ဟင်းလင်း သော အရပ်၌ ရာဇပလ္လင် တို့အပေါ် မှာထိုင် ၍ ၊ ပရောဖက် အပေါင်း တို့သည် ရှေ့ တော်၌ ဟောပြော ကြ၏။
Wakiwa wamevalia majoho yao ya kifalme, mfalme wa Israeli na Yehoshafati mfalme wa Yuda walikuwa wameketi juu ya viti vyao vya kifalme katika sakafu ya kupuria, kwenye ingilio la lango la Samaria, pamoja na manabii wote wakiwa wakitabiri mbele yao.
11 ၁၁ ခေနာနာ သား ဇေဒကိ သည် သံ ဦးချို တို့ကို လုပ် ၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကိုယ်တော်သည် ရှုရိ လူတို့ကို မ ဖျက်ဆီး မှီ တိုင်အောင်ဤ ဦးချိုတို့နှင့် တိုး ရမည်ဟုမိန့် တော်မူကြောင်းကို ဆင့်ဆို၏။
Wakati huu Sedekia mwana wa Kenaana alikuwa ametengeneza pembe za chuma, akatangaza, “Hivi ndivyo Bwana asemavyo, ‘Kwa hizi pembe utawapiga na kuwarudisha Waaramu nyuma mpaka wameangamizwa.’”
12 ၁၂ ပရောဖက် အပေါင်း တို့ကလည်း ၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ ၍ အောင် တော်မူပါ။ ထာဝရဘုရား သည် အရှင်မင်းကြီး ၏ လက် တော်သို့ အပ် တော်မူမည်ဟု ပရောဖက် ပြု၍ ဟော ကြ၏။
Manabii wengine wote walikuwa wanatabiri kitu hicho hicho wakisema, “Ishambulie Ramoth-Gileadi na uwe mshindi. Kwa kuwa Bwana ataitia mkononi mwa mfalme.”
13 ၁၃ မိက္ခါ ကိုခေါ် သော တမန် က၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာ စကား ကိုသာ ရှင်ဘုရင် အား တညီတညွတ် တည်းဟောကြ၏။ ကိုယ်တော် လည်း သူ တို့ ဟောကြသည်နည်းတူ မင်္ဂလာ စကားကိုသာ ဟော တော်မူပါဟုဆို လျှင်၊
Mjumbe aliyekuwa amekwenda kumwita Mikaya akamwambia, “Tazama, manabii wote kama mtu mmoja wanatabiri ushindi kwa mfalme. Neno lako na likubaliane na lao, nawe unene mema kuhusu mfalme.”
14 ၁၄ မိက္ခါ က၊ ထာဝရဘုရား အသက် ရှင်တော်မူသည် အတိုင်း ထာဝရဘုရား မိန့် တော်မူသော စကားကိုသာ ငါပြန် ပြောရမည်ဟုဆို ၏။
Lakini Mikaya akasema, “Hakika kama Bwana aishivyo, nitamwambia kile tu Bwana atakachoniambia.”
15 ၁၅ ရှင်ဘုရင် ထံသို့ ရောက် သောအခါ ရှင် ဘုရင်က၊ အချင်းမိက္ခါ ၊ ငါတို့သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်းသလော။ မ ချီဘဲနေကောင်းသလောဟုမေး လျှင် ၊ မိက္ခါက၊ စစ်ချီ ၍ အောင် တော်မူပါ။ ထာဝရဘုရား သည် အရှင်မင်းကြီး ၏ လက် တော်သို့ အပ် တော်မူမည်ဟု ပြန်လျှောက် ၏။
Alipofika, mfalme akamuuliza, “Mikaya, je, twende vitani dhidi ya Ramoth-Gileadi au niache?” Akamjibu, “Shambulia na ushinde, kwa kuwa Bwana atawatia mkononi mwa mfalme.”
16 ၁၆ ရှင် ဘုရင်ကလည်း ၊ မှန် သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရား အခွင့်နှင့် သင်သည် ငါ့ အား မ ဟော မည်အကြောင်း ၊ ငါ သည် ဘယ်နှစ်ကြိမ် တိုင်အောင်သင့် အား အကျိန် ပေးရမည်နည်းဟုမေး သော်၊
Mfalme akamwambia, “Je, ni mara ngapi nitakuapisha ili usiniambie kitu chochote ila kweli tu kwa jina la Bwana?”
17 ၁၇ မိက္ခါက၊ ဣသရေလ အမျိုးသားအပေါင်း တို့ သည် သိုးထိန်း မ ရှိ သော သိုး ကဲ့သို့ ၊ တောင် များအပေါ် မှာ အရပ်ရပ် ကွဲပြားလျက် ရှိကြသည်ကို ငါမြင် ပြီ။ ထာဝရဘုရား ကလည်း၊ ဤသူအပေါင်းတို့သည် အရှင်မရှိသောကြောင့် အသီးအသီးကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။
Ndipo Mikaya akajibu, “Niliona Israeli wote wametawanyika vilimani kama kondoo wasio na mchungaji, naye Bwana akasema, ‘Watu hawa hawana bwana. Mwache kila mmoja aende nyumbani kwa amani.’”
18 ၁၈ ဣသရေလ ရှင် ဘုရင်ကလည်း ၊ သူသည်ငါ ၌ မင်္ဂလာ စကားကိုမ ဟော ၊ အမင်္ဂလာ စကားကိုသာ ဟောတတ်သည်ဟု မင်းကြီး အား ငါမ ပြော သလောဟု ယောရှဖတ် အား ဆို ၏။
Mfalme wa Israeli akamwambia Yehoshafati, “Sikukuambia kwamba huwa hatabiri jambo lolote jema kunihusu, bali mabaya tu?”
19 ၁၉ မိက္ခါကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ပါ။ ထာဝရဘုရား သည် ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူသည်ကို၎င်း ၊ ကောင်းကင် ဗိုလ်ခြေ အပေါင်း တို့သည် လက်ျာ တော်ဘက် လက်ဝဲ တော်ဘက် ၌ ရပ် နေကြသည်ကို၎င်းငါမြင် ပြီ။
Mikaya akaendelea, “Kwa hiyo lisikie neno la Bwana: Nilimwona Bwana ameketi juu ya kiti chake cha enzi pamoja na jeshi lote la mbinguni likiwa limesimama kumzunguka upande wa kulia na wa kushoto.
20 ၂၀ ထာဝရဘုရား ကလည်း ၊ အာဟပ် သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ၍ ဆုံး စေခြင်းငှါ အဘယ်သူ သွေးဆောင် မည်နည်းဟုမေး တော်မူလျှင် ၊ အခြံအရံတော်တို့သည် တယောက်တနည်းစီ ပြန်လျှောက် ကြ၏။
Naye Bwana akasema, ‘Ni nani atakayemshawishi Ahabu ili aishambulie Ramoth-Gileadi na kukiendea kifo chake huko?’ “Mmoja akapendekeza hili na mwingine lile.
21 ၂၁ တဖန် ဝိညာဉ် တပါးသည် လာ ၍ ထာဝရဘုရား ရှေ့ တော်၌ ရပ် လျက် ၊ အကျွန်ုပ် သွေးဆောင် ပါမည်ဟု လျှောက် လျှင်၊
Mwishoni, pepo mchafu akajitokeza, akasimama mbele za Bwana na kusema, ‘Nitamshawishi.’
22 ၂၂ ထာဝရဘုရား က အဘယ်သို့ သွေးဆောင်မည်နည်းဟုမေး တော်မူသော်၊ အကျွန်ုပ်သွား ၍ ထိုမင်းကြီး၏ ပရောဖက် အပေါင်း တို့အထဲမှာ မုသာ စကားကို ပြောတတ် သောစိတ် ဝိညာဉ်ဖြစ် ပါမည်ဟု ပြန်လျှောက် သော် ၊ သင်သည် သွေးဆောင် ၍ နိုင် လိမ့်မည်။ ထိုသို့သွား ၍ ပြု လော့ဟု မိန့် တော်မူ၏။
“Bwana akauliza, ‘Kwa njia gani?’ “Akasema, ‘Nitakwenda na kuwa roho ya uongo katika vinywa vya manabii wake wote.’ “Bwana akasema, ‘Utafanikiwa katika kumshawishi. Nenda ukafanye hivyo.’
23 ၂၃ သို့ဖြစ်၍ ထာဝရဘုရား သည် မုသာ စကားကို ပြောတတ်သောစိတ် ဝိညာဉ်ကို မင်းကြီး၏ ပရောဖက် အပေါင်း တို့၌ သွင်း တော်မူပြီ။ မင်းကြီး၏အမှုမှာ အမင်္ဂလာ စကားကို ပြော တော်မူပြီဟု ဟောလေ၏။
“Kwa hiyo sasa Bwana ameweka roho ya kudanganya ndani ya vinywa vya hawa manabii wako wote. Bwana ameamuru maafa kwa ajili yako.”
24 ၂၄ ထိုအခါ ခေနာနာ ၏ သား ဇေဒကိ သည် ချဉ်း လာ ၍ မိက္ခါ ၏ ပါး ကို ပုတ် လျက် ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သင် နှင့်နှုတ်ဆက် ခြင်းငှါ အဘယ် လမ်းဖြင့် ငါ မှ ထွက် တော်မူသနည်းဟုမေး လျှင်၊
Kisha Sedekia mwana wa Kenaana akatoka na kumpiga Mikaya kofi usoni. Akauliza, “Huyo Roho kutoka kwa Bwana alipita njia gani alipotoka kwangu ili kusema nawe?”
25 ၂၅ မိက္ခါ က၊ သင်သည် ပုန်းရှောင် ၍ နေခြင်းငှါ အတွင်း ခန်းထဲသို့ ဝင် သော နေ့ ၌ သင် မြင် လိမ့်မည်ဟု ဆို ၏။
Mikaya akajibu, “Utagundua siku hiyo utakapokwenda kujificha kwenye chumba cha ndani.”
26 ၂၆ ဣသရေလ ရှင် ဘုရင်က၊ မိက္ခါ ကို မြို့ဝန်မင်း အာမုန် ထံ ၊ သား တော်ယောရှ ထံသို့ ယူသွား ၍၊
Kisha mfalme wa Israeli akaagiza, “Mchukueni na mkamrudishe kwa Amoni mtawala wa mji na kwa Yoashi mwana wa mfalme.
27 ၂၇ ဤ သူကိုထောင် ထဲမှာလှောင် ထားကြ။ ငါသည် ငြိမ်ဝပ် စွာ ပြန် ၍ မ လာမှီတိုင်အောင်ဆင်းရဲ စွာ စား သောက် စေဟု အမိန့် တော်ရှိကြောင်းကို ဆင့်ဆို လော့ဟု စီရင် ၏။
Mkaseme, ‘Hivi ndivyo asemavyo mfalme: Mwekeni mtu huyu gerezani na asipewe chochote ila mkate na maji mpaka nitakaporudi salama.’”
28 ၂၈ မိက္ခါ ကလည်း၊ မင်းကြီးသည် ငြိမ်ဝပ် စွာ ပြန် လာရလျှင် ထာဝရဘုရား သည်ငါ့ အားဖြင့် မိန့် တော် မ မူ၊ အိုလူ များအပေါင်း တို့၊ နားထောင် ကြလော့ဟုဆို ၏။
Mikaya akasema, “Kama utarudi salama, basi Bwana hajanena kupitia kwangu.” Kisha akaongeza kusema, “Zingatieni maneno yangu, enyi watu wote!”
29 ၂၉ ထိုသို့ ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် ယောရှဖတ် တို့သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကြ၏။
Basi mfalme wa Israeli na Yehoshafati mfalme wa Yuda wakaenda Ramoth-Gileadi.
30 ၃၀ ဣသရေလ ရှင် ဘုရင်က၊ ငါသည်ခြားနားသော အယောင် ကို ဆောင်၍ စစ်ပွဲ ထဲသို့ ဝင် မည်။ မင်းကြီး မူကား မင်းမြောက် တန်ဆာကို ဝတ်ဆင် ပါလော့ဟု ယောရှဖတ် အား ဆို ပြီးမှ ၊ ဣသရေလ ရှင် ဘုရင်သည် ခြားနားသော အယောင် ကို ဆောင်လျက် စစ်ပွဲ ထဲသို့ ဝင် ၏။
Mfalme wa Israeli akamwambia Yehoshafati, “Nitaingia vitani nikiwa nimejibadilisha, lakini wewe uvae majoho yako ya kifalme.” Kwa hiyo mfalme wa Israeli akajibadilisha na kwenda vitani.
31 ၃၁ ရှုရိ ရှင် ဘုရင်က၊ ဣသရေလ ရှင်ဘုရင် မှတပါး အခြားသော လူကြီး လူငယ် ကို မ တိုက် နှင့်ဟု ရထားစီး သူရဲများကို အုပ်သော ဗိုလ်သုံးကျိပ် နှစ် ယောက်တို့ကိုမှာ ထားနှင့်သောကြောင့်၊
Wakati huu, mfalme wa Aramu alikuwa amewaagiza majemadari thelathini na wawili wa magari ya vita, “Msipigane na yeyote, mdogo au mkubwa, isipokuwa mfalme wa Israeli.”
32 ၃၂ ရထားစီး သူရဲအုပ်ဗိုလ်မင်းတို့သည် ယောရှဖတ် ကိုမြင် သောအခါ ၊ အကယ် စင်စစ်ထိုသူသည် ဣသရေလ ရှင်ဘုရင် ဖြစ် လိမ့်မည်ဟု ဆို လျက် သူ့ ကို တိုက် အံ့သောငှါ လမ်းလွှဲ ကြ၍ ၊ ယောရှဖတ် လည်း ကြွေးကြော် လေ၏။
Wakati wale majemadari wa magari ya vita walipomwona Yehoshafati wakafikiri, “Hakika huyu ndiye mfalme wa Israeli.” Kwa hiyo wakageuka ili wamshambulie, lakini Yehoshafati akapiga kelele,
33 ၃၃ ဣသရေလ ရှင်ဘုရင် မ ဟုတ်ကြောင်း ကို ရထားစီး သူရဲအုပ်ဗိုလ်မင်းတို့သည် ရိပ်မိ သောအခါ ၊ မလိုက်ဘဲ အခြားသို့ ရှောင် သွားကြ၏။
wale majemadari wakaona kwamba hakuwa mfalme wa Israeli, nao wakaacha kumfuatilia.
34 ၃၄ လူ တယောက်သည် မရွယ်ဘဲလေး နှင့်ပစ်၍၊ ဣသရေလ ရှင် ဘုရင်ကို သံချပ် အင်္ကျီအဆစ် ကြား မှာ မှန် လေသော် ၊ ငါ့ ကိုစစ်ပွဲ ထဲက လှည့် ၍ ထုတ်ဆောင် လော့။ ငါနာ သည်ဟု မိမိ ရထား တော်ထိန်းကို ဆို ၏။
Lakini mtu fulani akavuta upinde pasipo lengo na kumpiga mfalme wa Israeli katikati ya kiungio cha mavazi yake ya chuma. Mfalme akamwambia mwendesha gari lake, “Geuza gari na uniondoe mimi katika mapigano, nimejeruhiwa.”
35 ၃၅ ထို နေ့ ၌ တိုး၍ တိုက် ကြ၏။ ရှင် ဘုရင်သည် ရှုရိ လူတဘက် တချက်၌ရထား တော်ထဲမှာ လူကိုမှီ ၍ ထိုင်နေ၏။ ညဦးယံ ၌ အသက် တော်ကုန်၏။ ထိခိုက်ရာ အနာ မှ အသွေး သည်ရထား ထဲသို့ ယို ၏။
Vita vikaendelea mchana kutwa, naye Mfalme Ahabu akategemezwa ndani ya gari kuelekea Waaramu. Damu kutoka kwenye jeraha lake ikachuruzika ndani ya gari na jioni yake akafa.
36 ၃၆ လူအပေါင်းတို့၊ ကိုယ် နေသောမြို့ ပြည် သို့ ပြန်သွားကြဟု နေ ဝင် သောအခါ တတပ်လုံး ကို ကြွေးကြော် လေ၏။
Jua lilipokuwa linazama, mbiu ikaenea katika jeshi lote: “Kila mtu aende mjini kwake, na kila mtu shambani kwake!”
37 ၃၇ ထိုသို့ ရှင်ဘုရင် သေ ၍ ရှမာရိ မြို့သို့ ရောက် သဖြင့် သင်္ဂြိုဟ် ခြင်းကို ခံရ၏။
Basi mfalme akafa na akaletwa Samaria, nao wakamzika huko.
38 ၃၈ ရထား တော်နှင့် လက်နက် တော်ကို ရှမာရိ မြို့ ရေကန် ၌ ဆေး သဖြင့် ၊ ထာဝရဘုရား မိန့် တော်မူသော စကား နှင့်အညီ ခွေး တို့သည် အသွေး ကို လျက် ကြ၏။
Wakasafisha lile gari la vita katika bwawa la Samaria (mahali makahaba walipooga), na mbwa wakaramba damu yake, sawasawa na neno la Bwana lilivyokuwa limesema.
39 ၃၉ အာဟပ် ပြုမူ သော အမှုအရာ ကြွင်း လေသမျှ တို့နှင့် တည်ဆောက် သော ဆင်စွယ် နန်း ၊ ပြုစု သော မြို့ တို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။
Kwa matukio mengine ya utawala wa Ahabu, pamoja na yote aliyoyafanya, jumba la kifalme alilojenga na kupambwa kwa pembe za ndovu, nayo miji aliyoijengea maboma, je, hayakuandikwa katika kitabu cha kumbukumbu za wafalme wa Israeli?
40 ၄၀ အာဟပ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သား တော်အာခဇိ သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။
Ahabu akalala pamoja na baba zake. Naye Ahazia mwanawe akawa mfalme baada yake.
41 ၄၁ ဣသရေလ ရှင်ဘုရင် အာဟပ် နန်းစံလေး နှစ် တွင် အာသ သား ယောရှဖတ် သည် အသက်သုံး ဆယ် ငါး နှစ် ရှိသော်ယုဒ နိုင်ငံကို အစိုးရ ၍၊
Yehoshafati mwana wa Asa akawa mfalme wa Yuda katika mwaka wa nne wa Ahabu mfalme wa Israeli.
42 ၄၂ ယေရုရှလင် မြို့၌ နှစ် ဆယ်ငါး နှစ် စိုးစံ လေ၏။ မယ်တော် ကား ရှိလဟိ သမီး အဇုဘ အမည် ရှိ၏။
Yehoshafati alikuwa na umri wa miaka thelathini na mitano alipoanza kutawala, naye akatawala huko Yerusalemu miaka ishirini na mitano. Jina la mama yake aliitwa Azuba binti Shilhi.
43 ၄၃ ထိုမင်းသည်ခမည်းတော် အာသ လိုက်သော လမ်း ကိုမ လွှဲ ၊ အကုန်အစင် လိုက် ၍ ထာဝရဘုရား ရှေ့ တော်၌ ဖြောင့်မတ် သောအကျင့် ကိုသာ ကျင့် ၏။ သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့်၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်း ကို မီးရှို့ကြ၏။
Katika kila jambo alitembea katika njia za Asa baba yake wala hakwenda kinyume chake. Alifanya yaliyo mema machoni pa Bwana. Hata hivyo mahali pa juu pa kuabudia hapakuondolewa. Watu waliendelea kutoa kafara na kufukiza uvumba huko.
44 ၄၄ ယောရှဖတ် မင်းသည် ဣသရေလ ရှင်ဘုရင် နှင့် စစ်မတိုက် မိဿဟာယ ဖွဲ့လေ၏။
Yehoshafati pia alikuwa na amani na mfalme wa Israeli.
45 ၄၅ ယောရှဖတ် ပြုမူ သော အမှုအရာ ကြွင်း လေသမျှ တို့နှင့် တန်ခိုး ကြီးခြင်း၊ စစ်တိုက် ခြင်းအရာတို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
Kwa habari ya matukio mengine ya utawala wa Yehoshafati, mafanikio aliyokuwa nayo na uhodari wake katika vita, je, hayakuandikwa katika kitabu cha kumbukumbu za wafalme wa Yuda?
46 ၄၆ ခမည်းတော် အာသ လက်ထက် ၌ ကျန်ကြွင်း သေး သော ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ တို့ကို ပြည် တော်မှ သုတ်သင် ပယ်ရှင်းလေ၏။
Aliondolea mbali katika nchi mahanithi wa mahali pa kuabudia miungu waliobaki huko hata baada ya utawala wa baba yake Asa.
47 ၄၇ ထိုကာလ၊ ဧဒုံ ပြည်၌ ရှင်ဘုရင် မ ရှိ။ ယုဒ ရှင်ဘုရင်ခန့်ထား သော မြို့ဝန်မင်း စီရင်ရ၏။
Tangu hapo hapakuwepo na mfalme katika Edomu, naibu ndiye alitawala.
48 ၄၈ ယောရှဖတ် သည် ဩဖိရ ပြည်သို့ စေလွှတ်၍၊ ရွှေ ကို ယူစေခြင်းငှါ တာရှု သင်္ဘော တို့ကို ဧဇယုန်ဂါဗာမြို့ မှာ တည် ၏။
Wakati huu Yehoshafati akaunda merikebu nyingi za biashara ili kwenda Ofiri kuchukua dhahabu, lakini kamwe hazikusafiri, kwa maana zilivunjika huko Esion-Geberi.
49 ၄၉ အာဟပ် သား အာခဇိ က၊ ငါ့ ကျွန် တို့သည် မင်းကြီး ကျွန် တို့နှင့် သင်္ဘော စီးပါစေဟု ယောရှဖတ်၌ အခွင့်တောင်း၍ ယောရှဖတ်သည် အခွင့်ပေး၏။ သို့သော်လည်းသင်္ဘော တို့သည် ဧဇယုန်ဂါဗာ မြို့မှာ ကျိုးပဲ့ သောကြောင့် ၊ ဩဖိရမြို့သို့ မသွားရ။
Wakati ule, Ahazia mwana wa Ahabu akamwambia Yehoshafati, “Waache watu wangu wasafiri baharini pamoja na watu wako,” lakini Yehoshafati akakataa.
50 ၅၀ ယောရှဖတ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ သူတို့နှင့်အတူ အဘ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ သား တော်ယဟောရံ သည် ခမည်းတော်အရာ ၌ နန်း ထိုင် ၏။
Kisha Yehoshafati akalala na baba zake, akazikwa pamoja nao katika mji wa Daudi baba yake. Mwanawe Yehoramu akawa mfalme baada yake.
51 ၅၁ ယုဒ ရှင်ဘုရင် ယောရှဖတ် နန်းစံဆယ် ခုနစ် နှစ် တွင် ၊ အာဟပ် သား အာခဇိ သည် ရှမာရိ မြို့၌ မင်းပြု ၍ ဣသရေလ နိုင်ငံကို နှစ် နှစ်စိုးစံ ၏။
Ahazia mwana wa Ahabu akawa mfalme wa Israeli huko Samaria katika mwaka wa kumi na saba wa Yehoshafati mfalme wa Yuda, naye alitawala katika Israeli kwa miaka miwili.
52 ၅၂ ထိုမင်းသည်ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ၊ မိ ဘ လိုက်သောလမ်း ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် ၏သား ယေရောဗောင် လိုက်သောလမ်း သို့ လိုက် လေ၏။
Akafanya maovu machoni mwa Bwana kwa sababu alienenda katika njia za baba yake na mama yake na katika njia za Yeroboamu mwana wa Nebati, ambaye alisababisha Israeli itende dhambi.
53 ၅၃ ဗာလ ဘုရားကို ဝတ်ပြု ကိုးကွယ် ၍ ၊ အဘ ကျင့် လေသမျှ အတိုင်း ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်သတည်း။
Alimtumikia na kumwabudu Baali na kumghadhibisha Bwana, Mungu wa Israeli, kama vile baba yake alivyokuwa amefanya.

< ၃ ဓမ္မရာဇဝင် 22 >