< ၃ ဓမ္မရာဇဝင် 21 >

1 ထိုနောက်မှ ယေဇရေလ မြို့သားနာဗုတ် ပိုင်သော စပျစ် ဥယျာဉ်သည် ယေဇရေလ မြို့တွင် ၊ ရှမာရိ မင်းကြီး အာဟပ် ၏နန်း တော်နား မှာ ရှိ သည်ဖြစ်၍၊
Baada ya hayo, Nabothi, Myezreeli, alikuwa na shamba la mizabibu jirani na jumba la kifalme la Ahabu mfalme wa Samaria.
2 အာဟပ် မင်းက၊ သင့် စပျစ် ဥယျာဉ်သည် နန်း တော်နား မှာရှိသောကြောင့် ယာ လုပ်စရာဘို့ ပေး ပါ။ သာ၍ ကောင်းသော ဥယျာဉ် ကို ငါပေး မည်။ သို့မဟုတ် သင် အလို ရှိလျှင် အဘိုး ကိုပေး မည်ဟု နာဗုတ် အား ဆို လျှင်၊
Ahabu akamwambia Nabothi, “Nipe shamba lako la mizabibu nilitumie kwa bustani ya mboga, kwa kuwa liko karibu na jumba langu la kifalme. Badala yake, nitakupa shamba jingine la mizabibu zuri zaidi au, kama utapenda, nitakulipa kiasi chochote unachoona ni thamani yake.”
3 နာဗုတ် က၊ ဘိုးဘေး လက်မှ အမွေခံ သောမြေကို ကိုယ်တော်အားပေး ရသောအမှုကို ထာဝရဘုရား ဆီးတား တော်မူပါစေသောဟု ပြန်လျှောက် ၏။
Lakini Nabothi akamjibu, “Bwana na apishe mbali kukupa wewe urithi wa baba zangu.”
4 ဘိုးဘေး မှ အမွေခံ သော မြေကို မ ပေး ရဟု ယေဇရေလ မြို့သားနာဗုတ် လျှောက် သော စကား ကြောင့် အာဟပ်မင်းသည် ညစ်ညူး သောစိတ် နှင့် ညှိုးငယ် လျက်၊ နန်း တော်သို့ သွား ၍ အစာ ကိုမ စား ၊ မျက်နှာ ကို လွှဲ ၍ သာလွန် ပေါ် မှာအိပ် လျက်နေ၏။
Basi Ahabu akaenda nyumbani, mwenye huzuni na hasira kwa sababu ya yale ambayo Nabothi, Myezreeli, alikuwa amesema, “Sitakupa urithi wa baba zangu.” Akajinyoosha juu ya kitanda akisononeka, na akakataa kula.
5 ခင်ပွန်း ယေဇဗေလ သည်လာ ၍ ၊ အစာ ကို မ စား နိုင်အောင် စိတ် တော်သည် အဘယ်ကြောင့် ညှိုးငယ် တော်မူသနည်းဟုမေး လျှင်၊
Yezebeli mke wake akaingia na akamuuliza, “Kwa nini unahuzunika hivi? Kwa nini huli chakula?”
6 မင်းကြီးက၊ ယေဇရေလ မြို့သားနာဗုတ် ကို ငါခေါ် ၍ သင့် စပျစ် ဥယျာဉ်ကို ရောင်း ပါ။ သို့မဟုတ် သင် အလို ရှိ လျှင် အခြားသောဥယျာဉ် ကို ငါပေး မည်ဟုဆို သော်၊ ထိုဥယျာဉ် ကို ကိုယ်တော် အား မ ပေး ရဟု ပြန်ပြော သောကြောင့် စိတ်ညှိုးငယ်သည်ဟုဆို ၏။
Akamjibu, “Kwa sababu nilimwambia Nabothi, Myezreeli, ‘Niuzie shamba lako la mizabibu, au kama ukipenda, nitakupa shamba jingine la mizabibu badala yake.’ Lakini akasema, ‘Sitakupa shamba langu la mizabibu.’”
7 ခင်ပွန်း ယေဇဗေလ က၊ ကိုယ်တော် သည် ဣသရေလ နိုင်ငံကို အစိုးရ တော်မူသည် မဟုတ်လော။ ထ ၍ ရွှင်လန်း သောစိတ် နှင့် စားတော်ခေါ် ပါ။ ကျွန်မ သည် ယေဇရေလ မြို့သားနာဗုတ် ၏ စပျစ် ဥယျာဉ်ကို ဆက် ပါမည် ဟုဆို သည်အတိုင်း၊
Yezebeli mke wake akasema, “Hivi ndivyo unavyofanya, nawe ni mfalme katika Israeli yote? Inuka na ule! Changamka. Nitakupatia shamba la mizabibu la Nabothi, Myezreeli.”
8 အာဟပ် မင်း၏ အခွင့်နှင့် စာ ရေး ၍ တံဆိပ် တော်နှင့် ခတ် ပြီးမှ ၊ နာဗုတ် နေ ရာမြို့ ၌ သူနှင့်အတူ နေသောအသက် ကြီးသူနှင့် မှူးမတ် များထံသို့ ပေး လိုက် လေ၏။
Kwa hiyo akaandika barua kwa jina la Ahabu akaweka muhuri wake juu ya hizo barua, akazipeleka kwa wazee na kwa watu wenye cheo walioishi katika mji pamoja na Nabothi.
9 စာ ချက်ဟူမူကား ၊ အစာရှောင် ရာအချိန်ကို ကြွေးကြော် ၍ ၊ နာဗုတ် ကို လူ များရှေ့ မှာ မြှောက်ထား ကြလော့။
Katika barua hizo aliandika: “Tangazeni siku ya watu kufunga na mkamketishe Nabothi mahali pa wazi miongoni mwa watu.
10 ၁၀ သူ့ ရှေ့ မှာ အဓမ္မ လူ နှစ် ယောက်ကိုထား ၍ ၊ သင်သည် ဘုရားသခင် နှင့် ရှင် ဘုရင်ကိုစွန့်ပယ် ပြီဟု သက်သေခံ ပါလေစေ။ သို့ပြီးမှ သူ့ ကို ထုတ် ၍ သေ စေခြင်းငှါ ကျောက်ခဲ နှင့်ပစ်ကြလော့ဟု ပါသတည်း။
Lakini waketisheni watu wawili wabaya kabisa mkabala naye, nao washuhudie kuwa yeye amemlaani Mungu na mfalme. Kisha mtoeni nje na kumpiga kwa mawe hadi afe.”
11 ၁၁ ယေဇဗေလ ပေး လိုက်သော စာ ၌ ပါသည် အတိုင်း ၊ နာဗုတ်နေ သော မြို့သား အသက်ကြီး သူနှင့် မှူးမတ် တို့သည် ပြု လျက်၊
Hivyo wazee na watu wenye cheo walioishi katika mji wa Nabothi wakafanya kama Yezebeli alivyoelekeza katika barua aliyowaandikia.
12 ၁၂ အစာရှောင် ရာအချိန်ကို ကြွေးကြော် ၍ နာဗုတ် ကို လူ များရှေ့ မှာ မြှောက်ထား ကြ၏။
Wakatangaza mfungo na kumketisha Nabothi mahali pa wazi miongoni mwa watu.
13 ၁၃ အဓမ္မ လူ နှစ် ယောက်သည် လာ ၍ သူ့ ရှေ့ မှာ ထိုင် လျက် ၊ နာဗုတ် သည် ဘုရားသခင် နှင့် ရှင်ဘုရင် ကို စွန့်ပယ် ပြီဟု လူ များရှေ့ တွင် နာဗုတ် တဘက်၌ သက်သေခံ ကြလျှင် ၊ နာဗုတ်ကို မြို့ ပြင် သို့ ထုတ် ၍ သေ အောင် ကျောက်ခဲ နှင့် ပစ် ကြ၏။
Kisha watu wawili wabaya kabisa wakaja wakaketi mkabala naye, nao wakaleta mashtaka dhidi ya Nabothi mbele ya watu, wakisema, “Nabothi amemlaani Mungu na mfalme.” Kwa hiyo wakamtoa nje na kumpiga kwa mawe hadi akafa.
14 ၁၄ ထိုအခါ နာဗုတ် သည် ကျောက်ခဲ နှင့် ပစ်ခြင်း ကိုခံရ၍ သေ ပါပြီဟု ယေဇဗေလ ထံသို့ စေလွှတ် ၍ ကြားလျှောက် ကြ၏။
Kisha wakatuma ujumbe kwa Yezebeli, kusema, “Nabothi amepigwa mawe na amekufa.”
15 ၁၅ ထိုအကြောင်းကို ယေဇဗေလ သည် ကြား လျှင် ၊ ယေဇရေလ မြို့သားနာဗုတ် မ ရောင်းလိုသော စပျစ် ဥယျာဉ်ကို ထ ၍ သိမ်းယူ တော်မူပါ။ နာဗုတ် အသက် မ ရှိ၊ သေ ပါပြီဟု ဆို ၏။
Mara tu Yezebeli aliposikia kwamba Nabothi amepigwa mawe na amekufa, akamwambia Ahabu, “Amka na uchukue lile shamba la mizabibu la Nabothi, Myezreeli, ambalo alikataa kukuuzia. Hayuko hai tena, bali amekufa.”
16 ၁၆ နာဗုတ် သေ ကြောင်း ကို အာဟပ် သည် ကြား လျှင် ၊ ယေဇရေလ မြို့သားနာဗုတ် ၏ စပျစ် ဥယျာဉ်ကို သိမ်းယူ ခြင်းငှါ ထ သွား ၏။
Ahabu aliposikia Nabothi amekufa, akainuka na kushuka ili kulichukua shamba la mizabibu la Nabothi.
17 ၁၇ ထိုအခါ တိရှဘိ မြို့သားဧလိယ သို့ ရောက် လာသောထာဝရဘုရား ၏နှုတ်ကပတ် တော်က၊
Kisha neno la Bwana likamjia Eliya, Mtishbi:
18 ၁၈ သင်သည်ရှမာရိ မြို့၌ နေသော ဣသရေလ ရှင်ဘုရင် အာဟပ် ကို ကြိုဆို အံ့သောငှါ ထ သွား လော့။ သူသည်နာဗုတ် ၏ စပျစ် ဥယျာဉ်ကို သိမ်းယူ ခြင်းငှါ သွား ၍ ယခုဥယျာဉ်၌ရှိ ၏။
“Shuka ukakutane na Ahabu mfalme wa Israeli, anayetawala Samaria. Sasa yuko katika shamba la mizabibu la Nabothi, ambapo amekwenda alimiliki.
19 ၁၉ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်သည် လူအသက်ကိုသတ် ၍ သူ့ဥစ္စာကို သိမ်းယူ ပြီလော။ တဖန် မိန့် တော်မူသည်ကား၊ ခွေး တို့သည် နာဗုတ် အသွေး ကို လျက် သော အရပ် ၌ သင့် အသွေး ကိုပင် လျက် ကြ လိမ့်မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို လော့ဟု မှာထား တော်မူ၏။
Umwambie, ‘Hivi ndivyo Bwana asemavyo: Je, hujamuua mtu na kuitwaa mali yake?’ Kisha umwambie, ‘Hivi ndivyo asemavyo Bwana: Mahali ambapo mbwa waliramba damu ya Nabothi, mbwa watairamba damu yako, naam, yako wewe!’”
20 ၂၀ အာဟပ် ကလည်း ၊ အချင်းရန်သူ ၊ ငါ နှင့်တွေ့ ပြီ လောဟု ဧလိယ အား ဆို လျှင် ၊ ဧလိယကသင်သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု လို၍ ကိုယ် ကို ရောင်း သောကြောင့် သင်နှင့်ငါတွေ့ ပြီ။
Ahabu akamwambia Eliya, “Kwa hiyo umenipata, wewe adui yangu!” Akajibu, “Ndiyo, nimekupata. Kwa sababu umejiuza mwenyewe kufanya uovu mbele ya macho ya Bwana.
21 ၂၁ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့် အပေါ် သို့ ဘေးဥပဒ် ရောက် စေမည်။ ဣသရေလ မြို့ရွာ၌ ချုပ်ထား သောသူဖြစ်စေ ၊ အလွတ် ပြေးသောသူဖြစ်စေ၊ အာဟပ် အမျိုး ယောက်ျား များကိုပယ်ဖြတ် မည်။
‘Nitaleta maafa juu yako. Nitaangamiza uzao wako na kukatilia mbali kutoka kwa Ahabu kila mzaliwa wa mwisho wa kiume katika Israeli, wa mtumwa au wa mtu huru.
22 ၂၂ ငါ့အမျက် ကို နှိုးဆော်သောအပြစ်နှင့် ဣသရေလ အမျိုးကို ပြစ်မှား စေသောအပြစ်ကြောင့် ၊ သင့် အမျိုး ကို နေဗတ် ၏သား ယေရောဗောင် အမျိုး နှင့် အဟိယ ၏ သား ဗာရှာ အမျိုး ကဲ့သို့ ငါဖြစ် စေမည်။
Nitaifanya nyumba yako kama ile ya Yeroboamu mwana wa Nebati na ile ya Baasha mwana wa Ahiya, kwa sababu umenighadhibisha kwa kuwa umesababisha Israeli kutenda dhambi.’
23 ၂၃ ယေဇဗေလ အမှုမှာ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ယေဇရေလ မြို့ရိုး နား မှာ ခွေး တို့သည် ယေဇဗေလ ကို စား ကြလိမ့်မည်။
“Pia kwa habari ya Yezebeli Bwana anasema, ‘Mbwa watamla Yezebeli karibu na ukuta wa Yezreeli.’
24 ၂၄ အာဟပ် အမျိုးသည် မြို့ ထဲမှာ သေ လျှင်ခွေး စား လိမ့်မည်။ မြို့ပြင် မှာ သေ လျှင် မိုဃ်း ကောင်းကင်ငှက် စား လိမ့်မည်ဟု မိန့်တော်မူကြောင်းကို အာဟပ်အား ဆင့်ဆို ၏။
“Mbwa watawala wale wa nyumba ya Ahabu watakaofia mjini, nao wale watakaofia mashambani wataliwa na ndege wa angani.”
25 ၂၅ အာဟပ် နှင့် တူသော သူတယောက် မျှမရှိ။ ခင်ပွန်း ယေဇဗေလ သည် တိုက်တွန်း သဖြင့်၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု လို၍ ကိုယ်ကို ရောင်း သော သူဖြစ်၏။
(Hapajapata kamwe kuwa na mtu kama Ahabu, aliyejiuza mwenyewe kutenda uovu machoni mwa Bwana, akiwa anachochewa na Yezebeli mkewe.
26 ၂၆ ထာဝရဘုရား သည် ဣသရေလ အမျိုးရှေ့ မှ နှင်ထုတ် တော်မူသော အာမောရိ အမျိုးသားပြု သမျှ အတိုင်း ၊ ရုပ်တု ဆင်းတုကို ဆည်းကပ် ၍ စက်ဆုပ် ရွံရှာဘွယ်အမှုကိုပြု၏။
Alitenda kwa uovu sana katika kuabudu sanamu, kama wale Waamori ambao Bwana aliowafukuza mbele ya Israeli.)
27 ၂၇ သို့ရာတွင် ဧလိယဆင့်ဆိုသော စကား တော်ကို ကြား လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍ လျှော်တေ အဝတ်ကို ဝတ် ၏။ အစာရှောင် ခြင်း၊ လျှော်တေ အဝတ်၌ အိပ် ခြင်း ကို ပြု၍ ဖြည်းဖြည်း သွား လာ၏။
Ahabu aliposikia maneno haya, akararua nguo zake, akavaa nguo za gunia na kufunga. Akalala na kujifunika nguo za gunia na kwenda kwa unyenyekevu.
28 ၂၈ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် တိရှဘိ မြို့သားဧလိယ သို့ ရောက် လာသည်ကား၊
Ndipo neno la Bwana lilipomjia Eliya Mtishbi kusema,
29 ၂၉ အာဟပ် သည် ငါ့ ရှေ့ မှာနှိမ့်ချ သည်ကို မြင် ပြီ လော။ ထိုသို့ငါ့ ရှေ့ မှာနှိမ့်ချ သောကြောင့် ၊ သူ့ လက်ထက် ၌ ထိုဘေးဥပဒ် ကို ငါမ ရောက် စေ။ သူ့ သား လက်ထက် ၌ သူ့ အမျိုး အပေါ် သို့ရောက် စေမည်ဟု မိန့် တော်မူ၏။
“Umeona jinsi Ahabu alivyojinyenyekeza mbele zangu? Kwa kuwa amejishusha mwenyewe, sitaleta maafa haya wakati akiwa hai, lakini nitayaleta juu ya nyumba yake katika siku za mwanawe.”

< ၃ ဓမ္မရာဇဝင် 21 >