< ၃ ဓမ္မရာဇဝင် 20 >

1 ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် သည် မိမိ ဗိုလ်ခြေ အပေါင်း တို့ကို စုဝေး စေ၍ ၊ မင်းကြီး သုံး ကျိပ်နှစ် ပါးနှင့်တကွ မြင်း စီးသူရဲ၊ ရထား စီးသူရဲများပါလျက် စစ်ချီ ပြီးလျှင် ရှမာရိ မြို့ကို ဝိုင်း ထား၍ တိုက် လေ၏။
וּבֶן־הֲדַד מֶֽלֶךְ־אֲרָם קָבַץ אֶת־כׇּל־חֵילוֹ וּשְׁלֹשִׁים וּשְׁנַיִם מֶלֶךְ אִתּוֹ וְסוּס וָרָכֶב וַיַּעַל וַיָּצַר עַל־שֹׁמְרוֹן וַיִּלָּחֶם בָּֽהּ׃
2 သံတမန် တို့ကို ဣသရေလ ရှင်ဘုရင် အာဟပ် ထံ ၊ မြို့ ထဲသို့ စေလွှတ် ၍ ၊ ဗင်္ဟာဒဒ် ၏အမိန့် တော်ကား၊
וַיִּשְׁלַח מַלְאָכִים אֶל־אַחְאָב מֶֽלֶךְ־יִשְׂרָאֵל הָעִֽירָה׃
3 သင့် ရွှေ ငွေ သည် ငါ့ဥစ္စာဖြစ်၏။ သင့် သား မယား အကောင်းဆုံး တို့ကိုလည်း ငါပိုင်၏ဟု မှာ လိုက်သတည်း။
וַיֹּאמֶר לוֹ כֹּה אָמַר בֶּן־הֲדַד כַּסְפְּךָ וּֽזְהָבְךָ לִי־הוּא וְנָשֶׁיךָ וּבָנֶיךָ הַטּוֹבִים לִי־הֵֽם׃
4 ဣသရေလ ရှင် ဘုရင်က အရှင် မင်းကြီး ၊ အမိန့် တော်အတိုင်း ငါ နှင့် ငါ့ဥစ္စာရှိသမျှ သည် ကိုယ်တော်၏ ဥစ္စာဖြစ်ပါသည်ဟု ပြန်ပြော၏။
וַיַּעַן מֶֽלֶךְ־יִשְׂרָאֵל וַיֹּאמֶר כִּדְבָרְךָ אֲדֹנִי הַמֶּלֶךְ לְךָ אֲנִי וְכׇל־אֲשֶׁר־לִֽי׃
5 သံတမန် တို့သည် တဖန် လာ၍ ဗင်္ဟာဒဒ် ၏ အမိန့်တော်ကား၊ သင် ပိုင်သော ရွှေ ငွေ သား မယား တို့ကို ငါ ၌ အပ် ရမည်ဟု ငါမှာ လိုက်သည် အမှုမှာ၊
וַיָּשֻׁבוּ הַמַּלְאָכִים וַיֹּאמְרוּ כֹּה־אָמַר בֶּן־הֲדַד לֵאמֹר כִּֽי־שָׁלַחְתִּי אֵלֶיךָ לֵאמֹר כַּסְפְּךָ וּֽזְהָבְךָ וְנָשֶׁיךָ וּבָנֶיךָ לִי תִתֵּֽן׃
6 နက်ဖြန် နေ့ယခု အချိန်ရောက်သောအခါ ငါ့ ကျွန် တို့ကို ငါစေလွှတ် မည်။ သူတို့သည် သင် နေသောအိမ် နှင့် သင့် ကျွန် နေသောအိမ် တို့ကိုစစ် ၍ အလို ရှိသမျှ တို့ကို ယူ စေရမည်ဟု မှာ လိုက်သတည်း။
כִּי ׀ אִם־כָּעֵת מָחָר אֶשְׁלַח אֶת־עֲבָדַי אֵלֶיךָ וְחִפְּשׂוּ אֶת־בֵּיתְךָ וְאֵת בָּתֵּי עֲבָדֶיךָ וְהָיָה כׇּל־מַחְמַד עֵינֶיךָ יָשִׂימוּ בְיָדָם וְלָקָֽחוּ׃
7 ထိုအခါ ဣသရေလ ရှင် ဘုရင်သည် ပြည်သား အသက်ကြီး သူအပေါင်း တို့ကို ခေါ် ၍ ၊ ဤ သူသည် အဘယ်မျှလောက်ရန်ရှာ ချင်သည်ကို ကြည့် မှတ် ကြပါ လော့။ ငါ့ ရွှေ ငွေ သား မယား တို့ကို တောင်း ၍ မှာ လိုက် သောအခါ ငါမငြင်း ပါတကားဟု ကြားပြော ၏။
וַיִּקְרָא מֶֽלֶךְ־יִשְׂרָאֵל לְכׇל־זִקְנֵי הָאָרֶץ וַיֹּאמֶר דְּעוּ־נָא וּרְאוּ כִּי רָעָה זֶה מְבַקֵּשׁ כִּֽי־שָׁלַח אֵלַי לְנָשַׁי וּלְבָנַי וּלְכַסְפִּי וְלִזְהָבִי וְלֹא מָנַעְתִּי מִמֶּֽנּוּ׃
8 အသက်ကြီး သူအပေါင်း တို့နှင့် ပြည်သား အပေါင်း တို့က၊ ထိုသူ ၏ စကားကိုနားထောင် တော်မ မူပါ နှင့်။ ဝန်ခံ တော်မ မူပါနှင့်ဟု ပြန်လျှောက်ကြ၏။
וַיֹּאמְרוּ אֵלָיו כׇּל־הַזְּקֵנִים וְכׇל־הָעָם אַל־תִּשְׁמַע וְלוֹא תֹאבֶֽה׃
9 သို့ဖြစ်၍ ရှင်ဘုရင်က၊ ကိုယ်တော်သည် အထက် မိန့် တော်မူသမျှ အတိုင်း ကိုယ်တော် ကျွန် ပြု ပါမည်။ နောက် မိန့် တော်မူသည်အတိုင်း မ ပြု သင့်ဟု ငါ အရှင် မင်းကြီး အား ပြန် လျှောက်ကြလော့ဟု ဗင်္ဟာဒဒ် ၏သံတမန် တို့ အား မှာ လိုက်လျှင် ၊ ထိုသူတို့သည် သွား ၍ လျှောက်ကြ၏။
וַיֹּאמֶר לְמַלְאֲכֵי בֶן־הֲדַד אִמְרוּ לַאדֹנִי הַמֶּלֶךְ כֹּל אֲשֶׁר־שָׁלַחְתָּ אֶל־עַבְדְּךָ בָרִֽאשֹׁנָה אֶעֱשֶׂה וְהַדָּבָר הַזֶּה לֹא אוּכַל לַעֲשׂוֹת וַיֵּֽלְכוּ הַמַּלְאָכִים וַיְשִׁבֻהוּ דָּבָֽר׃
10 ၁၀ တဖန်ဗင်္ဟာဒဒ် သည် စေလွှတ် ၍၊ ရှမာရိ မြို့၌ ရှိသောမြေမှုန့် သည် ငါ့ နောက်သို့ လိုက်သောသူ အပေါင်း တို့တွင်၊ တယောက်တလက်ဆုပ် စီစေ့ငလောက်လျှင် ၊ ဘုရား တို့သည် ငါ ၌ ထိုမျှမက ပြု ပါစေသောဟု မှာ လိုက် လေသော်၊
וַיִּשְׁלַח אֵלָיו בֶּן־הֲדַד וַיֹּאמֶר כֹּה־יַעֲשׂוּן לִי אֱלֹהִים וְכֹה יוֹסִפוּ אִם־יִשְׂפֹּק עֲפַר שֹׁמְרוֹן לִשְׁעָלִים לְכׇל־הָעָם אֲשֶׁר בְּרַגְלָֽי׃
11 ၁၁ ဣသရေလ ရှင်ဘုရင် က၊ လက်နက်စုံကို ချွတ် သောသူသည် ဝါကြွားသကဲ့သို့ ဝတ်ဆင် သောသူသည် မ ဝါကြွား စေနှင့်ဟု ပြန်ပြော ၏။
וַיַּעַן מֶֽלֶךְ־יִשְׂרָאֵל וַיֹּאמֶר דַּבְּרוּ אַל־יִתְהַלֵּל חֹגֵר כִּמְפַתֵּֽחַ׃
12 ၁၂ ဗင်္ဟာဒဒ်သည် မင်းကြီး တို့နှင့်တကွတဲ တော်၌ သောက် စဉ်၊ ထို စကား ကိုကြား လျှင် စစ်ခင်းကျင်း ကြဟု မိမိ ကျွန် တို့အား မိန့် တော်မူသည်အတိုင်း၊ သူတို့သည် မြို့ ရှေ့ မှာစစ်ခင်းကျင်း ကြ၏။
וַיְהִי כִּשְׁמֹעַ אֶת־הַדָּבָר הַזֶּה וְהוּא שֹׁתֶה הוּא וְהַמְּלָכִים בַּסֻּכּוֹת וַיֹּאמֶר אֶל־עֲבָדָיו שִׂימוּ וַיָּשִׂימוּ עַל־הָעִֽיר׃
13 ၁၃ ထိုအခါ ပရောဖက် တပါး သည် ဣသရေလ ရှင်ဘုရင် အာဟပ် ထံသို့ လာ ၍ ၊ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ထို ကြီးစွာ သော အလုံးအရင်း အပေါင်း ကို မြင် ပြီလော။ သင့် လက် ၌ ယနေ့ ငါ အပ် မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်သိ ရလိမ့်မည်ဟု အမိန့် တော်ကို ဆင့်ဆို၏။
וְהִנֵּה ׀ נָבִיא אֶחָד נִגַּשׁ אֶל־אַחְאָב מֶלֶךְ־יִשְׂרָאֵל וַיֹּאמֶר כֹּה אָמַר יְהֹוָה הֲֽרָאִיתָ אֵת כׇּל־הֶהָמוֹן הַגָּדוֹל הַזֶּה הִנְנִי נֹתְנוֹ בְיָֽדְךָ הַיּוֹם וְיָדַעְתָּ כִּֽי־אֲנִי יְהֹוָֽה׃
14 ၁၄ အာဟပ် ကလည်း၊ အဘယ်သူ အားဖြင့် အပ်တော်မူမည်နည်းဟုမေး လျှင် ၊ မြို့ဝန် များ၏လုလင် တို့ အားဖြင့် အပ်မည်ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို ဆင့်ဆို ၏။ စစ်မှု ကိုအဘယ်သူ စီရင်ရမည်နည်းဟုမေး ပြန်သော်၊ မင်းကြီးကိုယ်တိုင်စီရင်ရမည်ဟု ဆို၏။
וַיֹּאמֶר אַחְאָב בְּמִי וַיֹּאמֶר כֹּה־אָמַר יְהֹוָה בְּנַעֲרֵי שָׂרֵי הַמְּדִינוֹת וַיֹּאמֶר מִי־יֶאְסֹר הַמִּלְחָמָה וַיֹּאמֶר אָֽתָּה׃
15 ၁၅ အာဟပ်မင်းသည်မြို့ဝန် များ၏ လုလင် တို့ကို ရေတွက် ၍ နှစ် ရာသုံး ဆယ်နှစ် ယောက်ရှိ ၏။ ဣသရေလ အမျိုးသား အပေါင်း တို့ကို ရေတွက် ပြန်သော် ခုနစ် ထောင် ရှိ၏။
וַיִּפְקֹד אֶֽת־נַעֲרֵי שָׂרֵי הַמְּדִינוֹת וַיִּהְיוּ מָאתַיִם שְׁנַיִם וּשְׁלֹשִׁים וְאַחֲרֵיהֶם פָּקַד אֶת־כׇּל־הָעָם כׇּל־בְּנֵי יִשְׂרָאֵל שִׁבְעַת אֲלָפִֽים׃
16 ၁၆ မွန်းတည့်အချိန်၌ ထွက်ကြ၏။ ဗင်္ဟာဒဒ် မင်းမူကား၊ ဝိုင်းသော မင်းကြီး သုံး ဆယ်နှစ်ပါး တို့နှင့်တကွ တဲတော်၌ ယစ်မူးအောင် သောက်လျက် နေကြ၏။
וַיֵּֽצְאוּ בַּֽצׇּהֳרָיִם וּבֶן־הֲדַד שֹׁתֶה שִׁכּוֹר בַּסֻּכּוֹת הוּא וְהַמְּלָכִים שְׁלֹשִֽׁים־וּשְׁנַיִם מֶלֶךְ עֹזֵר אֹתֽוֹ׃
17 ၁၇ မြို့ဝန် များ၏ လုလင် တို့သည် အရင် ထွက် ကြ၏။ ရှမာရိ မြို့ထဲက လူ ထွက် ပါသည်ဟု ဗင်္ဟာဒဒ် မင်းထံသို့စေလွှတ် ၍ ကြား လျှောက်လျှင်၊
וַיֵּצְאוּ נַעֲרֵי שָׂרֵי הַמְּדִינוֹת בָּרִֽאשֹׁנָה וַיִּשְׁלַח בֶּן־הֲדַד וַיַּגִּידוּ לוֹ לֵאמֹר אֲנָשִׁים יָצְאוּ מִשֹּׁמְרֽוֹן׃
18 ၁၈ စစ်ငြိမ်း စေခြင်းငှါ ထွက် သည်ဖြစ်စေ ၊ စစ်တိုက် ခြင်းငှါ ထွက် သည်ဖြစ်စေ ၊ အရှင် ဘမ်းဆီး ကြဟု မိန့် တော်မူ ၏။
וַיֹּאמֶר אִם־לְשָׁלוֹם יָצָאוּ תִּפְשׂוּם חַיִּים וְאִם לְמִלְחָמָה יָצָאוּ חַיִּים תִּפְשֽׂוּם׃
19 ၁၉ ထိုသို့ မြို့ဝန် များ၏ လုလင် တို့သည် လိုက် သော ဗိုလ်ခြေ နှင့်တကွ မြို့ ထဲက ထွက် ၍၊
וְאֵלֶּה יָצְאוּ מִן־הָעִיר נַעֲרֵי שָׂרֵי הַמְּדִינוֹת וְהַחַיִל אֲשֶׁר אַחֲרֵיהֶֽם׃
20 ၂၀ ရန်သူတို့ကို လူ တိုင်းတယောက်စီ သတ် ကြသဖြင့် ရှုရိ လူတို့သည် ပြေး ကြ၏။ ဣသရေလ လူတို့သည် လိုက် ကြသဖြင့် ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် သည် မြင်း စီး၍ မြင်းစီး သူရဲတို့နှင့်အတူ အလွတ် ပြေး၏။
וַיַּכּוּ אִישׁ אִישׁוֹ וַיָּנֻסֽוּ אֲרָם וַֽיִּרְדְּפֵם יִשְׂרָאֵל וַיִּמָּלֵט בֶּן־הֲדַד מֶלֶךְ אֲרָם עַל־סוּס וּפָרָשִֽׁים׃
21 ၂၁ ဣသရေလ ရှင် ဘုရင်သည်လည်း ထွက် ၍ မြင်း တပ်၊ ရထား တပ်များကို ဖျက် ၍ ရှုရိ လူတို့ကို ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့် သတ် လေ၏။
וַיֵּצֵא מֶלֶךְ יִשְׂרָאֵל וַיַּךְ אֶת־הַסּוּס וְאֶת־הָרָכֶב וְהִכָּה בַאֲרָם מַכָּה גְדוֹלָֽה׃
22 ၂၂ တဖန် ပရောဖက် သည် ဣသရေလ ရှင်ဘုရင် ထံသို့ လာ ၍ ၊ ကိုယ်ကိုခိုင်ခံ့ စေလော့။ အဘယ်သို့ ပြု ရမည်ကို သတိ နှင့်ဆင်ခြင်လော့။ နှစ်လည် သောအခါ ရှုရိ ရှင် ဘုရင်သည် စစ်ချီ ၍ လာလေဦးမည်ဟုဆို ၏။
וַיִּגַּשׁ הַנָּבִיא אֶל־מֶלֶךְ יִשְׂרָאֵל וַיֹּאמֶר לוֹ לֵךְ הִתְחַזַּק וְדַע וּרְאֵה אֵת אֲשֶׁר־תַּעֲשֶׂה כִּי לִתְשׁוּבַת הַשָּׁנָה מֶלֶךְ אֲרָם עֹלֶה עָלֶֽיךָ׃
23 ၂၃ ရှုရိ ရှင်ဘုရင် ၏ ကျွန် တို့ကလည်း ၊ သူ တို့၏ဘုရား သည် တောင် ကိုသာ အစိုးရသောဘုရား ဖြစ်၏။ ထိုကြောင့် သူတို့သည် ငါ တို့ကို နိုင် ပါ၏။ ငါတို့သည် လွင်ပြင် ၌ တခါတိုက် ကြကုန်အံ့။ ထိုသို့တိုက်လျှင် စင်စစ် နိုင် ကြလိမ့်မည်။
וְעַבְדֵי מֶלֶךְ־אֲרָם אָמְרוּ אֵלָיו אֱלֹהֵי הָרִים אֱלֹהֵיהֶם עַל־כֵּן חָזְקוּ מִמֶּנּוּ וְאוּלָם נִלָּחֵם אִתָּם בַּמִּישׁוֹר אִם־לֹא נֶחֱזַק מֵהֶֽם׃
24 ၂၄ မင်းကြီး အပေါင်းတို့ကိုလည်း ပယ် ၍ သူ တို့ အရာ ၌ ဗိုလ်ချုပ် တို့ကို ခန့်ထား တော်မူပါ။
וְאֶת־הַדָּבָר הַזֶּה עֲשֵׂה הָסֵר הַמְּלָכִים אִישׁ מִמְּקֹמוֹ וְשִׂים פַּחוֹת תַּחְתֵּיהֶֽם׃
25 ၂၅ ရှုံး သောမြင်း တပ် ၊ ရထား တပ်နှင့်အမျှ များသော တပ်ကို ခင်းကျင်း တော်မူပါ။ လွင်ပြင် ၌ တိုက် ၍ ဆက်ဆက် နိုင် ကြပါလိမ့်မည်ဟု လျှောက်ထားသော စကား ကို ရှင်ဘုရင်သည် နားထောင် ၍ စီရင် လေ၏။
וְאַתָּה תִֽמְנֶֽה־לְךָ ׀ חַיִל כַּחַיִל הַנֹּפֵל מֵאוֹתָךְ וְסוּס כַּסּוּס ׀ וְרֶכֶב כָּרֶכֶב וְנִֽלָּחֲמָה אוֹתָם בַּמִּישׁוֹר אִם־לֹא נֶחֱזַק מֵהֶם וַיִּשְׁמַע לְקֹלָם וַיַּעַשׂ כֵּֽן׃
26 ၂၆ နှစ်လည် သောအခါ ဗင်္ဟာဒဒ် မင်းသည် ရှုရိ လူတို့ကို ရေတွက် ၍ ဣသရေလ ပြည်သားတို့ကို စစ်တိုက် အံ့သောငှါ ၊ အာဖက် မြို့သို့ ချီသွား ၏။
וַֽיְהִי לִתְשׁוּבַת הַשָּׁנָה וַיִּפְקֹד בֶּן־הֲדַד אֶת־אֲרָם וַיַּעַל אֲפֵקָה לַמִּלְחָמָה עִם־יִשְׂרָאֵֽל׃
27 ၂၇ ဣသရေလ အမျိုးသား တို့သည် စာရင်းဝင်၍ ရိက္ခါ ကို ပြင်ဆင်ပြီးမှ စစ်ချီ ကြ၏။ ရှုရိ လူတို့သည် တပြည်လုံး အနှံ့အပြား နေလျက် ၊ သူ တို့ရှေ့ မှာ ဣသရေလ လူ တို့သည် ငယ်သောဆိတ်သငယ် နှစ် စုကဲ့သို့ တပ်ချ ကြ ၏။
וּבְנֵי יִשְׂרָאֵל הׇתְפָּקְדוּ וְכׇלְכְּלוּ וַיֵּלְכוּ לִקְרָאתָם וַיַּחֲנוּ בְנֵי־יִשְׂרָאֵל נֶגְדָּם כִּשְׁנֵי חֲשִׂפֵי עִזִּים וַאֲרָם מִלְאוּ אֶת־הָאָֽרֶץ׃
28 ၂၈ ဘုရားသခင် ၏ လူ တယောက်သည် ဣသရေလ ရှင်ဘုရင် ထံသို့ လာ ၍ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ရှုရိ လူတို့က ထာဝရဘုရား သည် တောင် ကိုသာအစိုးရသောဘုရား ဖြစ်၏။ လွင်ပြင် ကိုအစိုးရသောဘုရား မ ဟုတ်ဟု ဆို မိသောကြောင့် ၊ ထို ကြီးစွာ သော အလုံးအရင်း အပေါင်း ကို သင့် လက် သို့ ငါအပ် မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏။
וַיִּגַּשׁ אִישׁ הָאֱלֹהִים וַיֹּאמֶר אֶל־מֶלֶךְ יִשְׂרָאֵל וַיֹּאמֶר כֹּֽה־אָמַר יְהֹוָה יַעַן אֲשֶׁר אָמְרוּ אֲרָם אֱלֹהֵי הָרִים יְהֹוָה וְלֹֽא־אֱלֹהֵי עֲמָקִים הוּא וְנָתַתִּי אֶת־כׇּל־הֶהָמוֹן הַגָּדוֹל הַזֶּה בְּיָדֶךָ וִידַעְתֶּם כִּֽי־אֲנִי יְהֹוָֽה׃
29 ၂၉ ထို သူတို့သည် ခုနစ် ရက် ပတ်လုံးတစ်ဘက်တချက် တွင် တပ်ချ လျက် နေပြီးမှ ၊ သတ္တမ နေ့ ၌ စစ်ပြိုင် ၍ ဣသရေလ လူတို့သည် တနေ့ ခြင်းတွင် ရှုရိ ခြေသည် သူရဲတသိန်း ကိုသတ် ကြ၏။
וַֽיַּחֲנוּ אֵלֶּה נֹכַח־אֵלֶּה שִׁבְעַת יָמִים וַיְהִי ׀ בַּיּוֹם הַשְּׁבִיעִי וַתִּקְרַב הַמִּלְחָמָה וַיַּכּוּ בְנֵי־יִשְׂרָאֵל אֶת־אֲרָם מֵאָה־אֶלֶף רַגְלִי בְּיוֹם אֶחָֽד׃
30 ၃၀ ကျန် သောသူတို့သည် အာဖက် မြို့သို့ ပြေး ၍ မြို့ရိုး လဲ သဖြင့် နှစ်သောင်း ခုနစ်ထောင်ကို ဖိလေ၏။ ဗင်္ဟာဒဒ် သည် ပြေး ၍ မြို့ ထဲ အတွင်း အခန်း ၌ ပုန်းလျက် နေ၏။
וַיָּנֻסוּ הַנּוֹתָרִים ׀ אֲפֵקָה אֶל־הָעִיר וַתִּפֹּל הַחוֹמָה עַל־עֶשְׂרִים וְשִׁבְעָה אֶלֶף אִישׁ הַנּוֹתָרִים וּבֶן־הֲדַד נָס וַיָּבֹא אֶל־הָעִיר חֶדֶר בְּחָֽדֶר׃
31 ၃၁ ဗင်္ဟာဒဒ်၏ ကျွန် တို့ကလည်း ၊ ဣသရေလ အမျိုးသား ရှင် ဘုရင်တို့သည် သနား တတ်သောမင်း ဖြစ် ကြောင်း ကို ကျွန်တော်တို့ ကြား ပါပြီ။ ကျွန်တော်တို့သည် လျှော်တေ အဝတ်ကို ဝတ် ၍၊ ခေါင်း ပေါ် မှာ ကြိုး ကို ရွက်လျက်၊ ဣသရေလ ရှင်ဘုရင် ထံသို့ ထွက် ရသောအခွင့် ကိုပေး တော်မူပါ။ အသက် တော်ကို ချမ်းသာ ပေးကောင်း ပေးပါလိမ့်မည်ဟု လျှောက် သည်အတိုင်း၊
וַיֹּאמְרוּ אֵלָיו עֲבָדָיו הִנֵּה־נָא שָׁמַעְנוּ כִּי מַלְכֵי בֵּית יִשְׂרָאֵל כִּֽי־מַלְכֵי חֶסֶד הֵם נָשִׂימָה נָּא שַׂקִּים בְּמׇתְנֵינוּ וַחֲבָלִים בְּרֹאשֵׁנוּ וְנֵצֵא אֶל־מֶלֶךְ יִשְׂרָאֵל אוּלַי יְחַיֶּה אֶת־נַפְשֶֽׁךָ׃
32 ၃၂ လျှော်တေ အဝတ်ကိုဝတ် ၍၊ ခေါင်း ပေါ် မှာ ကြိုး ကိုရွက်လျက် ၊ ဣသရေလ ရှင်ဘုရင် ထံသို့ ရောက် လျှင် ၊ ကိုယ်တော် ကျွန် ဗင်္ဟာဒဒ် က၊ ကျွန်တော် အသက် ကို ချမ်းသာ ပေးတော်မူပါဟု တောင်းပန် ကြောင်းကို လျှောက် ကြသော် ၊ အာဟပ်မင်းက၊ ငါ့ အစ်ကို သည် အသက် ရှင်သေး သလောဟုမေး ၏။
וַיַּחְגְּרוּ שַׂקִּים בְּמׇתְנֵיהֶם וַֽחֲבָלִים בְּרָאשֵׁיהֶם וַיָּבֹאוּ אֶל־מֶלֶךְ יִשְׂרָאֵל וַיֹּאמְרוּ עַבְדְּךָ בֶן־הֲדַד אָמַר תְּחִי־נָא נַפְשִׁי וַיֹּאמֶר הַעוֹדֶנּוּ חַי אָחִי הֽוּא׃
33 ၃၃ ထိုသူတို့သည် အာဟပ်မင်း၏ စကားကို စေ့စေ့ နားထောင်၍ ၊ ချက်ခြင်း စကားအရိပ်ကို ဘမ်း လျက် ၊ ကိုယ်တော် အစ်ကို ဟူ၍မိမိတို့သခင်ကို ခေါ် ကြ၏။ အာဟပ်ကလည်းသွား ၍ ခေါ် ကြလော့ဟု စေလွှတ် သည် အတိုင်း ဗင်္ဟာဒဒ်သည် ထွက် လာ၍ ၊ အာဟပ်မင်းအခွင့် နှင့် ရထား တော်ပေါ် သို့ တက် ရ၏။
וְהָאֲנָשִׁים יְנַחֲשׁוּ וַֽיְמַהֲרוּ וַיַּחְלְטוּ הֲמִמֶּנּוּ וַיֹּאמְרוּ אָחִיךָ בֶן־הֲדַד וַיֹּאמֶר בֹּאוּ קָחֻהוּ וַיֵּצֵא אֵלָיו בֶּן־הֲדַד וַֽיַּעֲלֵהוּ עַל־הַמֶּרְכָּבָֽה׃
34 ၃၄ ဗင်္ဟာဒဒ်ကလည်း၊ ငါ့ အဘ သည် ကိုယ်တော် အဘ ၏ လက်မှ လုယူ သော မြို့ တို့ကို ငါပြန် ပေးပါမည်။ ငါ့ အဘ သည် ရှမာရိ မြို့၌ ရှုရိတန်းကို လုပ် သကဲ့သို့ ကိုယ်တော် သည် ဒမာသက် မြို့၌ ဣသရေလတန်းကို လုပ် ရပါသည်ဟုဆို လျက် ၊ အာဟပ်ကထိုသို့ မိဿဟာယ ဖွဲ့လျက်၊ သင့် ကို ငါလွှတ်လိုက် မည်ဟုဆို၍ မိဿဟာယ ဖွဲ့ လျက် လွှတ်လိုက် လေ၏။
וַיֹּאמֶר אֵלָיו הֶעָרִים אֲשֶׁר־לָֽקַח־אָבִי מֵאֵת אָבִיךָ אָשִׁיב וְחֻצוֹת תָּשִׂים לְךָ בְדַמֶּשֶׂק כַּֽאֲשֶׁר־שָׂם אָבִי בְּשֹׁמְרוֹן וַאֲנִי בַּבְּרִית אֲשַׁלְּחֶךָּ וַיִּכְרׇת־לוֹ בְרִית וַֽיְשַׁלְּחֵֽהוּ׃
35 ၃၅ ပရောဖက် အမျိုးသား တယောက် က၊ ငါ့ ကို ရိုက် ပါလော့ဟု ထာဝရဘုရား ၏ နှုတ်ကပတ် တော် အတိုင်း အိမ်နီးချင်း အား ဆို ၏။ ထိုသူက ငါမရိုက် ပါဟု ငြင်းပယ် ၏။
וְאִישׁ אֶחָד מִבְּנֵי הַנְּבִיאִים אָמַר אֶל־רֵעֵהוּ בִּדְבַר יְהֹוָה הַכֵּינִי נָא וַיְמָאֵן הָאִישׁ לְהַכֹּתֽוֹ׃
36 ၃၆ ပရောဖက်ကလည်း၊ ထာဝရဘုရား ၏ အမိန့် တော်ကို နား မ ထောင်သောကြောင့် ငါ့ ထံမှ သွား စဉ်တွင်၊ ခြင်္သေ့ သတ် လိမ့်မည်ဟုဆို သည်အတိုင်း ၊ ထိုသူသွား စဉ်တွင် ခြင်္သေ့ တွေ့ ၍ သတ် ၏။
וַיֹּאמֶר לוֹ יַעַן אֲשֶׁר לֹא־שָׁמַעְתָּ בְּקוֹל יְהֹוָה הִנְּךָ הוֹלֵךְ מֵֽאִתִּי וְהִכְּךָ הָאַרְיֵה וַיֵּלֶךְ מֵֽאֶצְלוֹ וַיִּמְצָאֵהוּ הָאַרְיֵה וַיַּכֵּֽהוּ׃
37 ၃၇ အခြား သောသူ ကိုတွေ့ ၍ ငါ့ ကိုရိုက် ပါလော့ဟု ဆို ပြန်လျှင် ၊ ထိုသူသည် နာကျင် စွာရိုက် လေ၏။
וַיִּמְצָא אִישׁ אַחֵר וַיֹּאמֶר הַכֵּינִי נָא וַיַּכֵּהוּ הָאִישׁ הַכֵּה וּפָצֹֽעַ׃
38 ၃၈ ထိုပရောဖက် သည်သွား ၍ မိမိ မျက်နှာ ကို ပုဝါ နှင့် ဖုံးအုပ် လျက် ရှင်ဘုရင် ကို ငံ့လင့် ၏။
וַיֵּלֶךְ הַנָּבִיא וַיַּעֲמֹד לַמֶּלֶךְ עַל־הַדָּרֶךְ וַיִּתְחַפֵּשׂ בָּאֲפֵר עַל־עֵינָֽיו׃
39 ၃၉ ရှင် ဘုရင်သည် ရှောက်သွား သောအခါ ထိုသူက၊ ကိုယ်တော် ကျွန် သည် စစ်တိုက် သွား ပါ၏။ လူ တယောက်သည် စစ်ပွဲထဲကထွက်လာ၍ ကျွန်တော် ၌ လူတယောက်ကို အပ်သဖြင့် ဤ လူ ကိုစောင့် လော့။ တစုံတခုအားဖြင့်ပျောက် လျှင် သူ့ အသက် အတွက် သင့် အသက် သေရမည်။ သို့မဟုတ် ငွေ အခွက် တဆယ် လျော် ရမည်ဟု မှာထား သော်လည်း၊
וַיְהִי הַמֶּלֶךְ עֹבֵר וְהוּא צָעַק אֶל־הַמֶּלֶךְ וַיֹּאמֶר עַבְדְּךָ ׀ יָצָא בְקֶרֶב־הַמִּלְחָמָה וְהִנֵּֽה־אִישׁ סָר וַיָּבֵא אֵלַי אִישׁ וַיֹּאמֶר שְׁמֹר אֶת־הָאִישׁ הַזֶּה אִם־הִפָּקֵד יִפָּקֵד וְהָיְתָה נַפְשְׁךָ תַּחַת נַפְשׁוֹ אוֹ כִכַּר־כֶּסֶף תִּשְׁקֽוֹל׃
40 ၄၀ ကိုယ်တော် ကျွန် သည် အရပ်ရပ် ၌ အမှု များသောအခါ ၊ ထိုသူ ပျောက်ပါသည်ဟု လျှောက် လျှင် ၊ ဣသရေလ ရှင်ဘုရင် က၊ သင့် အမှုကို ထိုသို့ပင် စီရင်ရမည်။ သင့်ကိုယ်တိုင်လည်း စီရင်ပြီးဖြစ်သည်ဟု မိန့်တော်မူ ၏။
וַיְהִי עַבְדְּךָ עֹשֵׂה הֵנָּה וָהֵנָּה וְהוּא אֵינֶנּוּ וַיֹּאמֶר אֵלָיו מֶֽלֶךְ־יִשְׂרָאֵל כֵּן מִשְׁפָּטֶךָ אַתָּה חָרָֽצְתָּ׃
41 ၄၁ ထိုပရောဖက်သည်မျက်နှာဖုံး ပုဝါကို ချက်ခြင်း ပယ် သဖြင့် ၊ ပရောဖက် တစုံတပါးဖြစ်ကြောင်း ကို ဣသရေလ ရှင်ဘုရင် သိ ၏။
וַיְמַהֵר וַיָּסַר אֶת־הָאֲפֵר (מעל) [מֵעֲלֵי] עֵינָיו וַיַּכֵּר אֹתוֹ מֶלֶךְ יִשְׂרָאֵל כִּי מֵהַנְּבִיאִים הֽוּא׃
42 ၄၂ ပရောဖက်ကလည်း၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါကျိန် သောသူကို သင်လွှတ် သောကြောင့် ၊ သင့် အသက် သည် သူ့ အသက် အတွက် ၊ သင့် လူ တို့သည် သူ့ လူ တို့အတွက် အရှုံးခံရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို ၏။
וַיֹּאמֶר אֵלָיו כֹּה אָמַר יְהֹוָה יַעַן שִׁלַּחְתָּ אֶת־אִישׁ־חֶרְמִי מִיָּד וְהָיְתָה נַפְשְׁךָ תַּחַת נַפְשׁוֹ וְעַמְּךָ תַּחַת עַמּֽוֹ׃
43 ၄၃ ဣသရေလ ရှင် ဘုရင်သည် ညစ်ညူး သောစိတ် နှင့် ညှိုးငယ် လျက် ရှမာရိ မြို့၊ နန်း တော်သို့ သွား ၏။
וַיֵּלֶךְ מֶלֶךְ־יִשְׂרָאֵל עַל־בֵּיתוֹ סַר וְזָעֵף וַיָּבֹא שֹֽׁמְרֽוֹנָה׃

< ၃ ဓမ္မရာဇဝင် 20 >