< ၃ ဓမ္မရာဇဝင် 19 >
1 ၁ ဧလိယ ပြု သော အမှုနှင့် ပရောဖက် အပေါင်း တို့ကို ထား နှင့် ကွပ်မျက် သောအမှုကို၊ အာဟပ် သည် ယေဇဗေလ အား အကုန်အစင် ကြား ပြော၏။
Ahab told Jezebel all that Elijah had done and how he had killed all the prophets with the sword.
2 ၂ ယေဇဗေလ က၊ နက်ဖြန် နေ့ယခုအချိန် ရောက်မှ၊ သင့် အသက် သည် ထိုပရောဖက်တို့၏ အသက် ကဲ့သို့ ငါမဖြစ် စေလျှင် ၊ ဘုရား တို့သည် ငါ၌ထိုမျှ မကပြု ပါစေသောဟု တမန် ကို ဧလိယ ထံသို့ စေလွှတ် ၍ ကြား လိုက်၏။
Then Jezebel sent a messenger to Elijah, saying, “So may the gods do to me, and more also, if I do not make your life like the life of one of those dead prophets by tomorrow about this time.”
3 ၃ ထိုအခါ ဧလိယသည်ကြောက် သဖြင့် ၊ ထ ၍ အသက် လွတ်အောင် ယုဒ ခရိုင် ဗေရရှေဘ မြို့သို့သွား ၏။ ထို မြို့၌ ကျွန် ကို ထား ခဲ့၍၊
When Elijah heard that, he arose and fled for his life and came to Beersheba, which belongs to Judah, and left his servant there.
4 ၄ သူ့ကိုယ်တိုင်သည် တော သို့ တနေ့ ခရီးသွား ပြီးလျှင် ၊ ရသမ် ပင်အောက် သို့ရောက် ၍ ထိုင် လေ၏။ ထိုအခါ ကိုယ် အသက် သေ ရမည်အကြောင်း ဆုတောင်း လျက် ၊ အိုထာဝရဘုရား ၊ ယခု တန် ပါ၏။ အကျွန်ုပ် အသက် ကို သိမ်းယူ တော်မူပါ။ အကျွန်ုပ် သည် ဘိုးဘေး တို့ ထက် သာ၍ မ ကောင်းပါဟု မြည်တမ်း ပြီးလျှင်၊
But he himself went a day's journey into the wilderness, and came and sat down under a broom tree. He requested for himself that he might die, and said, “It is enough, now, Yahweh; take away my life, for I am no better than my dead ancestors.”
5 ၅ ရသမ် ပင်အောက် မှာ အိပ်ပျော် ၏။ ထိုအခါ ကောင်းကင် တမန်က၊ ထ ၍စား လော့ဟု သူ့ ကို တို့ လျက် ဆို ၏။
So he lay down and slept under a broom tree. Suddenly an angel touched him and said to him, “Get up and eat.”
6 ၆ ဧလိယသည် မျှော် ကြည့်သောအခါ ၊ မီး နှင့်ဖုတ်သော မုန့်ပြား နှင့် ခေါင်းရင်း ၌ ရေ ဘူး ရှိသည်ကို မြင် ၍ စား သောက် ပြီးမှ တဖန် အိပ်ပျော် ၏။
Elijah looked, and near his head was bread that had been baked on coals and a jug of water. So he ate and drank and then lay down again.
7 ၇ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ဒုတိယ အကြိမ်လာ ၍ သူ့ ကို တို့ လျက် ၊ သွားရမည့်ခရီး သည် အလွန် ဝေးသောကြောင့် ၊ ထ ၍စား ဦးလော့ဟုဆို သည် အတိုင်း၊
The angel of Yahweh came again a second time and touched him and said, “Get up and eat, because the journey will be too much for you.”
8 ၈ ဧလိယသည်ထ ၍ စား သောက် ပြန်၏။ ထိုအစာ အာဟာရကို အမှီပြုလျက်၊ အရက် လေး ဆယ်ခရီးသွား ၍ ဘုရားသခင် နှင့်ဆိုင်သော ဟောရပ် တောင် သို့ ရောက် သဖြင့်၊
So he arose and ate and drank, and he traveled in the strength of that food forty days and forty nights to Horeb, the mountain of God.
9 ၉ ဥမင် ထဲသို့ ဝင် ၍ နေ ၏။ ထာဝရဘုရား ၏ နှုတ်ကပတ် တော် ရောက်လာသည်ကား၊ ဧလိယ ၊ သင် သည် ဤ အရပ်၌ အဘယ်သို့ ပြုလျက်နေသနည်းဟုမေး တော်မူ၏။
He went to a cave there and stayed in it. Then the word of Yahweh came to him and said to him, “What are you doing here, Elijah?”
10 ၁၀ ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား ဘက် ၌ အလွန် စိတ် အားကြီးပါပြီ။ အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့သည် ကိုယ်တော် ၏ပဋိညာဉ် တရားကို စွန့် ပြီးလျှင် ၊ ကိုယ်တော် ၏ယဇ် ပလ္လင်များကို ဖြိုဖျက် ၍ ကိုယ်တော် ၏ပရောဖက် များကို ထား နှင့် သတ် ကြပါပြီ။ အကျွန်ုပ် တယောက် တည်း ကျန်ရစ် ၍ ၊ အကျွန်ုပ် အသက် ကို ပင်သတ် ခြင်းငှါ ရှာ ကြပါသည်ဟု လျှောက် လေ၏။
Elijah replied, “I have been very zealous for Yahweh, God of hosts, for the people of Israel have forsaken your covenant, destroyed your altars, and killed your prophets with the sword. Now I, only I, am left and they are also trying to take my life.”
11 ၁၁ နှုတ်ကပတ်တော်ကလည်း ထွက် လော့။ ထာဝရဘုရား ရှေ့ တောင် ပေါ် မှာရပ် နေလော့။ ထာဝရဘုရား ရှောက် သွားမည်ဟုမိန့် တော်မူ၏။ ထိုအခါ အားကြီး သော လေ ပြင်း သည် တောင်ထိပ် တို့ကိုခွဲ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ကျောက် တို့ကိုချိုးဖဲ့ ၏။ သို့ရာတွင်ထာဝရဘုရား သည် လေ ၌ ရှိတော်မ မူ။ လေ နောက် မှာ မြေလှုပ် ခြင်းရှိ၏။ သို့ရာတွင်ထာဝရဘုရား သည် မြေ လှုပ်ရှားခြင်း၌ လည်းရှိတော်မ မူ။
Yahweh replied, “Go out and stand on the mountain before me.” Then Yahweh passed by, and a very strong wind struck the mountains and broke rocks into pieces before Yahweh, but Yahweh was not in the wind. Then after the wind, an earthquake came, but Yahweh was not in the earthquake.
12 ၁၂ မြေ လှုပ်ခြင်းနောက် မှာမီး ရှိ၏။ သို့ရာတွင်ထာဝရဘုရား သည် မီး ၌ လည်းရှိတော်မ မူ၊ မီး နောက် မှာ ဖြည်းညှင်း သော အသံ ရှိ၏။
Then after the earthquake a fire came, but Yahweh was not in the fire. Then after the fire, a still small voice came.
13 ၁၃ ထိုအသံကို ဧလိယ သည်ကြား လျှင် ၊ မျက်နှာ ကို ဝတ်လုံ နှင့် ဖုံးအုပ် လျက် ထွက် ၍ ဥမင် ဝ ၌ရပ် နေ၏။ ထိုအခါ ဧလိယ ၊ သင် သည်ဤ အရပ်၌ အဘယ်သို့ ပြုလျက် နေသနည်းဟု အသံ လာ၏။
When Elijah heard the voice, he wrapped his face in his cloak, went out, and stood at the entrance of the cave. Then a voice came to him that said, “What are you doing here, Elijah?”
14 ၁၄ ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား ဘက် ၌ အလွန် စိတ် အားကြီးပါပြီ။ အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့သည် ကိုယ်တော် ၏ပဋိညာဉ် တရားကို စွန့် ပြီးလျှင်၊ ကိုယ်တော် ၏ယဇ် ပလ္လင်များကို ဖြိုဖျက် ၍ ၊ ကိုယ်တော် ၏ ပရောဖက် များကို ထား နှင့် သတ် ကြပါပြီ။ အကျွန်ုပ် တယောက် တည်းကျန်ရစ် ၍ ၊ အကျွန်ုပ် အသက် ကိုပင် သတ် ခြင်းငှါ ရှာ ကြပါသည်ဟု လျှောက် လေသော်၊
Elijah replied, “I have been very zealous for Yahweh, God of hosts, because the people of Israel have forsaken your covenant, destroyed your altars, and killed your prophets with the sword. Now I, only I, am left and they are also trying to take my life.”
15 ၁၅ ထာဝရဘုရား က၊ ဒမာသက် တော သို့ ပြန် ၍ ခရီး သွား လော့။ ရောက် သောအခါ ဟာဇေလ ကို ရှုရိ ရှင်ဘုရင် အရာ ၌ ခန့်ထား၍ ဘိသိက် ပေးလော့။
Then Yahweh said to him, “Go, return on your way to the wilderness of Damascus, and when you arrive you will anoint Hazael to be king over Aram,
16 ၁၆ နိမ်ရှိ သား ယေဟု ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထား၍ ဘိသိက် ပေးလော့။ အာဗေလမဟောလ မြို့နေ၊ ရှာဖတ် သား ဧလိရှဲ ကို သင့် ကိုယ်စား ပရောဖက် အရာ ၌ ခန့်ထား၍ ဘိသိက် ပေးလော့။
and you will anoint Jehu son of Nimshi to be king over Israel, and you will anoint Elisha son of Shaphat of Abel Meholah to be prophet in your place.
17 ၁၇ သို့ဖြစ်၍ ဟာဇေလ ထား နှင့်လွတ် သောသူကို ယေဟု သတ် လိမ့်မည်။ ယေဟု ထား နှင့်လွတ် သောသူကို ဧလိရှဲ သတ် လိမ့်မည်။
It will happen that Jehu will kill whoever escapes from the sword of Hazael, and that Elisha will kill whoever escapes from the sword of Jehu.
18 ၁၈ သို့ရာတွင် ဗာလ ရှေ့ ၌ ဒူးထောက် ခြင်း၊ နမ်း ခြင်းကို မ ပြုသော သူအပေါင်း တည်းဟူသောဣသရေလ အမျိုးသားခုနစ် ထောင် တို့ကို ငါ့အဘို့ ငါကျန်ကြွင်း စေပြီ ဟု မိန့် တော်မူ၏။
But I will leave for myself seven thousand people in Israel, whose knees have not bent down to Baal, and whose mouths have not kissed him.”
19 ၁၉ ထို အရပ်မှ ဧလိယသည် သွား ပြီးလျှင် ၊ နွား ငါးယှဉ်းနှင့်လယ်ထွန် လျက်၊ နောက်ဆုံးနွားယှဉ်း၌ ကိုယ်တိုင်လိုက်သော ရှာဖတ် သား ဧလိရှဲ ကို တွေ့ ၍အနား၌ ရှောက် စဉ်တွင် ၊ မိမိ ဝတ်လုံ ကို သူ့ အပေါ် မှာ တင် လေ၏။
So Elijah left from there and found Elisha son of Shaphat, who was plowing with twelve yoke of oxen before him, and he himself was plowing with the twelfth yoke. Elijah walked over to Elisha and draped his cloak on him.
20 ၂၀ ဧလိရှဲသည် နွား တို့ကို ပစ်ထား ၍ ဧလိယ နောက် သို့လိုက် လျက် ၊ အကျွန်ုပ်သည်မိ ဘ ကို နမ်း ပါရစေ။ သို့ပြီးမှ ကိုယ်တော် နောက် သို့ လိုက် ပါမည်ဟု အခွင့် တောင်း လျှင် ၊ ဧလိယကပြန် သွားလော့။ ငါသည် သင် ၌ အဘယ်သို့ ပြု ဘိသနည်းဟုဆို သော်၊
Then Elisha left the oxen and ran after Elijah; he said, “Please let me kiss my father and my mother, and then I will follow you.” Then Elijah said to him, “Go back, but think about what I have done to you.”
21 ၂၁ ဧလိရှဲသည်ပြန် သွား၍ နွား ယှဉ်းကိုသတ် ပြီးမှ ၊ နွားသား ကို လယ်ထွန်သော တန်ဆာ နှင့် ပြုတ် ၍ လူ များ တို့အား ကျွေး လေ၏။ သို့ပြီးမှ ထ ၍ ဧလိယ နောက် သို့ လိုက် လျက် လက်ထောက် ဖြစ်လေ၏။
So Elisha returned from Elijah and took the yoke of oxen, killed the animals, and cooked the meat with the wood from the ox yoke. Then he gave it to the people and they ate. Then he arose, went after Elijah and served him.