< ၃ ဓမ္မရာဇဝင် 18 >
1 ၁ ကာလ အင်တန်ကြာ၍ သုံး နှစ် စေ့သောအခါ၊ ဧလိယ သို့ ရောက် လာသောထာဝရဘုရား ၏ နှုတ်ကပတ် တော်က၊ သင်သည် အာဟပ် မင်းအား သွား ၍ ကိုယ် ကိုပြလော့။ ငါသည်လည်း မြေ ပေါ် မှာ မိုဃ်း ရွာစေမည်ဟု မိန့် တော်မူသည်အတိုင်း၊
After a long time, in the third year of the drought, the word of the LORD came to Elijah: “Go and present yourself to Ahab, and I will send rain upon the face of the earth.”
2 ၂ ဧလိယ သည် အာဟပ် မင်းအား ကိုယ် ကိုပြအံ့သောငှါ သွား ၏။ ထိုအခါ ရှမာရိ မြို့၌ ပြင်းစွာ သော အစာ အာဟာရခေါင်းပါးခြင်းဘေးရှိ၍၊
So Elijah went to present himself to Ahab. The famine was severe in Samaria,
3 ၃ အာဟပ် မင်းသည် နန်း တော်အုပ်ဩဗဒိ ကိုခေါ် ၏။ ထိုဩဗဒိ သည် ထာဝရဘုရား ကို အလွန် ရိုသေ သောသူဖြစ် ၏။
and Ahab summoned Obadiah, who was in charge of the palace. (Now Obadiah greatly feared the LORD,
4 ၄ ယေဇဗေလ သည် ထာဝရဘုရား ၏ပရောဖက် တို့ကိုပယ်ဖြတ် သောအခါ ၊ ဩဗဒိ သည် ပရောဖက် တရာ ကို မြေတွင်း ထဲမှာ ငါး ဆယ်စီ ဝှက်ထား ပြီးလျှင် ၊ မုန့် နှင့် ရေ ကိုပေး၍ ကျွေး လေ၏။
for when Jezebel had slaughtered the prophets of the LORD, Obadiah had taken a hundred prophets and hidden them, fifty men per cave, providing them with food and water.)
5 ၅ အာဟပ် ကလည်း ၊ တပြည်လုံး သို့လှည့်လည် ၍ စမ်းရေ တွင်းများ၊ ချောင်း များရှိရာအရပ်ရပ် သို့ သွားလော့။ တိရစ္ဆာန် အပေါင်းတို့သည် မ သေ ၊ မြင်း နှင့် လား တို့သည် အသက် လွတ်မည်အကြောင်း၊ မြက်ပင် ကို တွေ့ ကောင်းတွေ့လိမ့်မည်ဟု ဩဗဒိ အား ဆို လျက်၊
Then Ahab said to Obadiah, “Go throughout the land to every spring and every valley. Perhaps we will find grass to keep the horses and mules alive so that we will not have to destroy any livestock.”
6 ၆ သူတို့သည် တပြည်လုံး ကို နှံ့ပြား အောင် ဝေဖန် ၍၊ အာဟပ် နှင့် ဩဗဒိ သည် လမ်းတခြားစီ ထွက်သွား ကြ၏။
So they divided the land to explore. Ahab went one way by himself, and Obadiah went the other way by himself.
7 ၇ ဩဗဒိ သည်သွားစဉ်အခါ၊ ဧလိယ သည် ဆီး ၍ကြို၏။ ဩဗဒိသည် ဧလိယကိုသိ ၍ ပြပ်ဝပ် လျက် ၊ ကိုယ်တော် သည် အကျွန်ုပ် သခင် ဧလိယ မှန်ပါသလောဟု မေး လျှင်၊
Now as Obadiah went on his way, Elijah suddenly met him. When Obadiah recognized him, he fell facedown and said, “Is it you, my lord Elijah?”
8 ၈ ဧလိယက ငါ မှန်၏။ ဧလိယ သည် ဤမည်သောအရပ်၌ရှိပါ၏ဟု သင့် သခင် ထံ သို့သွား ၍ လျှောက် လော့ ဟု ပြော ဆိုသော်၊
“It is I,” he answered. “Go tell your master, ‘Elijah is here!’”
9 ၉ ဩဗဒိကလည်း၊ ကိုယ်တော် ကျွန် ၏ အသက်ကိုသတ် စေခြင်းငှါ အာဟပ် ၌ အပ် ရမည်အကြောင်း ၊ ကိုယ်တော် ကျွန်သည် အဘယ်သို့ ပြစ်မှား ဘိသနည်း။
But Obadiah replied, “How have I sinned, that you are handing your servant over to Ahab to put me to death?
10 ၁၀ ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော် ကို ရှာ စေခြင်းငှါ အကျွန်ုပ် သခင် မ စေလွှတ် သော တိုင်း နိုင်ငံ တခုမျှ မ ရှိ ပါ။ တကျွန်းတနိုင်ငံသားက၊ ဧလိယမ ရှိပါဟု လျှောက် သောအခါ၊ ကိုယ်တော် ကို ရှာ ၍မ တွေ့နိုင်ဟု ထိုတိုင်း နိုင်ငံ သားတို့သည် အကျိန် ကိုခံရကြပါ၏။
As surely as the LORD your God lives, there is no nation or kingdom where my lord has not sent someone to search for you. When they said, ‘He is not here,’ he made that kingdom or nation swear that they had not found you.
11 ၁၁ ယခု မူကား ၊ ဧလိယ သည် ဤမည်သောအရပ်၌ ရှိ ပါ၏ဟု သင့် သခင် ထံ သို့သွား ၍ လျှောက် လော့ဟု မိန့် တော်မူပါသည်တကား။
And now you say, ‘Go tell your master that Elijah is here!’
12 ၁၂ အကျွန်ုပ် သည် ကိုယ်တော် ထံမှ ထွက်သွား ၍ အာဟပ် မင်းထံမှာ လျှောက် စဉ်တွင်၊ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် အကျွန်ုပ်မ သိ သော အရပ်သို့ ကိုယ်တော် ကို ဆောင် သွားတော်မူလျှင် ၊ အာဟပ်မင်းသည် ကိုယ်တော် ကို မ တွေ့ နိုင်သောအခါ အကျွန်ုပ် ကိုသတ် ပါလိမ့်မည်။ ကိုယ်တော် ကျွန် မူကား ၊ အသက် ငယ်စဉ်ကာလ မှစ၍ ထာဝရဘုရား ကို ရိုသေ ပါပြီ။
I do not know where the Spirit of the LORD may carry you off when I leave you. Then when I go and tell Ahab and he does not find you, he will kill me. But I, your servant, have feared the LORD from my youth.
13 ၁၃ ယေဇဗေလ သည် ထာဝရဘုရား ၏ ပရောဖက် တို့ကိုသတ် သောအခါ ၊ အကျွန်ုပ်ပြု သော အမှုတည်းဟူသောထာဝရဘုရား ၏ပရောဖက် တရာ ကို မြေတွင်း ထဲမှာ ငါး ဆယ်စီ ဝှက်ထား ပြီးလျှင် ၊ မုန့် နှင့် ရေ ကိုပေး၍ ကျွေး ကြောင်းကို အကျွန်ုပ် သခင် ကြား တော်မ မူသလော။
Was it not reported to my lord what I did when Jezebel slaughtered the prophets of the LORD? I hid a hundred prophets of the LORD, fifty men per cave, and I provided them with food and water.
14 ၁၄ ယခု မူကား ၊ ဧလိယ သည် ဤမည်သောအရပ်၌ ရှိ ပါ၏ဟု သင့် သခင် ထံသို့ သွား ၍ လျှောက် လော့ဟု ကိုယ်တော် မိန့် တော်မူသည်ဖြစ်၍၊ အာဟပ်သည် အကျွန်ုပ် ကိုသတ် ပါလိမ့်မည်ဟု ပြန်ဆို၏။
And now you say, ‘Go tell your lord that Elijah is here!’ He will kill me!”
15 ၁၅ ဧလိယ ကလည်း ၊ ငါကိုးကွယ် သော ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အသက် ရှင် တော်မူသည် အတိုင်း၊ ငါသည် ယနေ့ အာဟပ် မင်းအား ကိုယ် ကိုအမှန် ပြမည်ဟု ဆို ပြန်သော်၊
Then Elijah said, “As surely as the LORD of Hosts lives, before whom I stand, I will present myself to Ahab today.”
16 ၁၆ ဩဗဒိ သည် အာဟပ် မင်းထံ သို့သွား ၍ လျှောက် သဖြင့် ၊ အာဟပ် သည် ဧလိယ ကို ကြိုဆို အံ့သောငှါ သွား ၍၊
So Obadiah went to inform Ahab, who went to meet Elijah.
17 ၁၇ တွေ့မြင် သောအခါ ၊ သင် သည် ဣသရေလ အမျိုးကို နှောင့်ရှက် သောသူမှန်သလောဟုမေး လျှင်၊
When Ahab saw Elijah, he said to him, “Is that you, O troubler of Israel?”
18 ၁၈ ဧလိယက၊ ငါသည်ဣသရေလ အမျိုးကို မ နှောင့်ရှက် ၊ သင် နှင့် သင့်အဆွေအမျိုး တို့သည် ထာဝရဘုရား ၏ ပညတ် တရားကိုစွန့် ၍ ဗာလ ဘုရားတို့ကိုဆည်းကပ် သဖြင့်၊ ဣသရေလအမျိုးကို နှောင့်ရှက်ကြပြီ။
“I have not troubled Israel,” Elijah replied, “but you and your father’s house have, for you have forsaken the commandments of the LORD and have followed the Baals.
19 ၁၉ သို့ရာတွင် လူကို ယခု စေလွှတ် ၍ ဣသရေလ အမျိုးသားအပေါင်း တို့ကို၎င်း ၊ ဗာလ ပရောဖက် လေး ရာ ငါး ဆယ်ကို၎င်း၊ ယေဇဗေလ စားပွဲ ၌ စား သောအာရှရ ပရောဖက် လေး ရာ ကို၎င်း၊ ကရမေလ တောင် ၊ ငါ့ ထံသို့ စုဝေး စေလော့ဟုဆို သည်အတိုင်း၊
Now summon all Israel to meet me on Mount Carmel, along with the four hundred and fifty prophets of Baal and the four hundred prophets of Asherah who eat at Jezebel’s table.”
20 ၂၀ အာဟပ် သည် ဣသရေလ အမျိုးသား အပေါင်း တို့ရှိရာသို့ လူကိုစေလွှတ် ၍ ၊ ပရောဖက် တို့ကို ကရမေလ တောင် ပေါ် မှာ စုဝေး စေ၏။
So Ahab summoned all the Israelites and assembled the prophets on Mount Carmel.
21 ၂၁ ဧလိယ သည် လူ များရှိရာသို့ လာ ၍ ၊ သင် တို့သည် ဘာသာ နှစ် ပါးစပ်ကြား မှာ အဘယ်မျှ ကာလ ပတ်လုံးယုံမှားသောစိတ်နှင့် နေကြလိမ့်မည်နည်း။ ထာဝရဘုရား သည် ဘုရားသခင် မှန်လျှင် ထို ဘုရားကို ဆည်းကပ် ကြလော့။ ဗာလ သည် ဘုရားသခင်မှန်လျှင် ထို ဘုရားကို ဆည်းကပ် ကြလော့ဟုဆိုလျှင်၊ လူ များတို့ သည် တိတ်ဆိတ် စွာ နေကြ၏။
Then Elijah approached all the people and said, “How long will you waver between two opinions? If the LORD is God, follow Him. But if Baal is God, follow him.” But the people did not answer a word.
22 ၂၂ တဖန် ဧလိယ က၊ ထာဝရဘုရား ၏ ပရောဖက် ကား ငါ တယောက် တည်း ကျန်ရစ် ၏။ ဗာလ ၏ပရောဖက် ကား လေး ရာ ငါး ဆယ်ရှိကြ၏။
Then Elijah said to the people, “I am the only remaining prophet of the LORD, but Baal has four hundred and fifty prophets.
23 ၂၃ နွား နှစ် ကောင်ကိုပေး ကြလော့။ သူ တို့သည် တကောင် ကိုရွေး ၍ အပိုင်းပိုင်း ဖြတ်ပြီးလျှင် ထင်း ပေါ် မှာ တင် ပါလေစေ။ မီး မ ထည့် စေနှင့်။ ငါ လည်း နွား တကောင် ကို လုပ် ၍ ထင်း ပေါ် မှာ တင် မည်။ မီး ကိုမ ထည့်။
Get two bulls for us. Let the prophets of Baal choose one bull for themselves, cut it into pieces, and place it on the wood but not light the fire. And I will prepare the other bull and place it on the wood but not light the fire.
24 ၂၄ သင်တို့သည် သင် တို့ဘုရား များ၏ နာမ ကို ဟစ်ခေါ် ကြလော့။ ငါ လည်း ထာဝရဘုရား ၏ နာမ တော်ကို ဟစ်ခေါ် မည်။ မီး ဖြင့် ထူး တော်မူသော ဘုရားသည် ဘုရားသခင် မှန် ပါစေဟု လူ များတို့အား ပြောဆို လျှင်၊ လူ အပေါင်း တို့က၊ ဧလိယ၏စကား သည် လျောက်ပတ် ပေသည်ဟု ဆို ကြ၏။
Then you may call on the name of your god, and I will call on the name of the LORD. The God who answers by fire, He is God.” And all the people answered, “What you say is good.”
25 ၂၅ တဖန် ဧလိယ က၊ သင် တို့သည် များ သောကြောင့် နွား တကောင် ကို အရင် ရွေး ၍ လုပ် ကြလော့။ မီး မ ထည့် ဘဲ သင် တို့ဘုရား များ၏နာမ ကို ဟစ်ခေါ် ကြလော့ဟု ဗာလ၏ပရောဖက်တို့အားဆိုသည်အတိုင်း၊
Then Elijah said to the prophets of Baal, “Since you are so numerous, choose for yourselves one bull and prepare it first. Then call on the name of your god, but do not light the fire.”
26 ၂၆ သူတို့သည် လူများပေး သော နွား ကိုယူ ၍ လုပ် ပြီးလျှင် ၊ အိုဗာလ ဘုရား၊ အကျွန်ုပ် တို့အား ထူး တော်မူပါဟု နံနက် အချိန်မှစ၍ မွန်းတည့် အချိန်တိုင်အောင် ဗာလ ၏ နာမ ကို ဟစ်ခေါ် ကြ၏။ သို့ရာတွင် ဗျာဒိတ် သံမ ရှိ။ ထူး သောသူလည်း မ ရှိ။ သူတို့သည် ကိုယ်တည် သော ယဇ် ပလ္လင်ရှေ့ မှာ ကခုန် ကြ၏။
And they took the bull that was given them, prepared it, and called on the name of Baal from morning until noon, shouting, “O Baal, answer us!” But there was no sound, and no one answered as they leaped around the altar they had made.
27 ၂၇ မွန်းတည့် အချိန်၌ ဧလိယ က၊ ကျယ် သောအသံ နှင့် ဟစ် ကြလော့။ ဗာလသည် ဘုရား ဖြစ်တော်မူ၏။ ဆင်ခြင် လျက် နေတော်မူ၏။ သို့မဟုတ် တစုံတခုကို လိုက် ၍ရှာတော်မူ၏။ သို့မဟုတ် ခရီးသွား တော်မူ၏။ သို့မဟုတ်ကျိန်းစက် တော်မူသောကြောင့်၊ တစုံတယောက်သောသူသည် နှိုး ရမည်ဟု ပြက်ယယ် ပြု၍ဆို၏။
At noon Elijah began to taunt them, saying, “Shout louder, for he is a god! Perhaps he is deep in thought, or occupied, or on a journey. Perhaps he is sleeping and must be awakened!”
28 ၂၈ သူတို့သည်လည်း ကျယ် သောအသံ နှင့် ဟစ် ၍ ထုံးစံ ရှိသည်အတိုင်း ၊ ကိုယ်အသွေး နှင့် ကိုယ်ကိုလူးခြင်းငှါထား ၊ သံစူး နှင့် ကိုယ် ကိုရှစေကြ၏။
So they shouted louder and cut themselves with knives and lances, as was their custom, until the blood gushed over them.
29 ၂၉ မွန်းလွှဲ ၍ ညဦးယံယဇ် ပူဇော် ချိန်တိုင်အောင် ပရောဖက် ပြုကြသော်လည်း ၊ ဗျာဒိတ် သံမ ရှိ။ ထူး သောသူ၊ အမှု ထားသောသူလည်း မ ရှိသောအခါ၊
Midday passed, and they kept on raving until the time of the evening sacrifice. But there was no response; no one answered, no one paid attention.
30 ၃၀ ဧလိယ က၊ ငါ့ အနီးသို့ လာ ကြလော့ဟု လူ များတို့ကိုခေါ် သည်အတိုင်း ၊ လူ အပေါင်း တို့သည် အနီးသို့ လာ ကြ၏။ ထိုအခါ ဧလိယသည် ပြိုပျက် သော ထာဝရဘုရား ၏ယဇ် ပလ္လင်ကို ရှင်းလင်း ပြီးမှ၊
Then Elijah said to all the people, “Come near to me.” So all the people approached him, and he repaired the altar of the LORD that had been torn down.
31 ၃၁ သင် ၏အမည် ကား ဣသရေလ ဖြစ် ရမည်ဟူသောထာဝရဘုရား ၏ဗျာဒိတ် တော်ကိုခံရ သော ယာကုပ် သား အမျိုးအနွယ် အရေအတွက် အတိုင်း ၊ ကျောက် တဆယ် နှစ် လုံးကိုယူ ၍၊
And Elijah took twelve stones, one for each tribe of the sons of Jacob, to whom the word of the LORD had come and said, “Israel shall be your name.”
32 ၃၂ ထာဝရဘုရား ၏ နာမ တော်အဘို့ ယဇ် ပလ္လင်ကို တည် ပြီးမှ ၊ မျိုးစေ့ နှစ်တင်းလောက်ဝင်နိုင်သော ကျုံး ကို ယဇ် ပလ္လင်ပတ်လည် ၌ တူး လေ၏။
And with the stones, Elijah built an altar in the name of the LORD. Then he dug a trench around the altar large enough to hold two seahs of seed.
33 ၃၃ ထင်း ကိုစီ ၍ နွား ကိုလည်း အပိုင်းပိုင်း ဖြတ်ပြီးလျှင် ထင်း ပေါ် မှာ တင် လေ၏။
Next, he arranged the wood, cut up the bull, placed it on the wood,
34 ၃၄ အိုး လေး လုံးကိုရေ နှင့် အပြည့် ထည့်၍ ၊ မီး ရှို့စရာ ယဇ်နှင့် ထင်း ပေါ် မှာလောင်း ကြလော့ဟု ဆို သည်အတိုင်း သူတို့သည် လောင်းပြီးမှ၊ တဖန် လောင်းကြဦးလော့ဟု ဆို သည်အတိုင်း သူတို့သည်လောင်းပြီးမှ ၊ သုံး ကြိမ်တိုင်အောင်လောင်းကြလော့ဟုဆိုသည်အတိုင်း၊ သူတို့သည် သုံး ကြိမ်တိုင်အောင်လောင်းကြ၏။
and said, “Fill four waterpots and pour the water on the offering and on the wood.” “Do it a second time,” he said, and they did it a second time. “Do it a third time,” he said, and they did it a third time.
35 ၃၅ ရေ သည် ယဇ် ပလ္လင်ပတ်လည် ၌ စီး ၍ ကျုံး သည်လည်း ရေ နှင့်ပြည့် လေ၏။
So the water ran down around the altar and even filled the trench.
36 ၃၆ ညဦးယံယဇ် ပူဇော် ချိန်ရောက်သောအခါ ၊ ပရောဖက် ဧလိယ သည် ချဉ်းလာ ၍ ၊ အာဗြဟံ ၊ ဣဇာက် ၊ ဣသရေလ တို့၏ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် သည် ဣသရေလ အမျိုး၏ဘုရားသခင် ဖြစ်တော်မူကြောင်း ကို၎င်း၊ အကျွန်ုပ် သည် ကိုယ်တော် ကျွန် ဖြစ်၍ အမိန့် တော်အတိုင်း ဤ အမှု အလုံးစုံ တို့ကို ပြု ကြောင်းကို၎င်း၊ ယနေ့ သိ ကြပါစေသော။
At the time of the evening sacrifice, Elijah the prophet approached the altar and said, “O LORD, God of Abraham, Isaac, and Israel, let it be known this day that You are God in Israel and that I am Your servant and have done all these things at Your command.
37 ၃၇ အိုထာဝရဘုရား ၊ ကိုယ်တော် သည် ထာဝရ အရှင်ဘုရားသခင် ဖြစ်တော်မူကြောင်း ကို၎င်း ၊ ဤ လူ တို့ စိတ် သဘောကို ပြောင်းလဲ စေတော်မူကြောင်းကို၎င်း၊ သူတို့သည် သိ စေခြင်းငှါ အကျွန်ုပ် စကားကိုနားထောင် တော်မူပါ။ နားထောင် တော်မူပါဟု ဆုတောင်း လေ၏။
Answer me, O LORD! Answer me, so that this people will know that You, the LORD, are God, and that You have turned their hearts back again.”
38 ၃၈ ထိုအခါ ထာဝရဘုရား ၏မီး သည် ကျ သဖြင့် ၊ မီး ရှို့ရာယဇ်အစရှိသော ထင်း ၊ ကျောက် ၊ မြေမှုန့် ကို လောင် ၍ ကျုံး ၌ ရှိသော ရေ ကိုလည်း ခန်းခြောက် စေ၏။
Then the fire of the LORD fell and consumed the sacrifice, the wood, the stones, and the dust, and it licked up the water in the trench.
39 ၃၉ လူ အပေါင်း တို့သည် မြင် လျှင် ပြပ်ဝပ် ၍ ၊ ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူ၏ဟု ဝန်ခံ ကြ၏။
When all the people saw this, they fell facedown and said, “The LORD, He is God! The LORD, He is God!”
40 ၄၀ ဧလိယ ကလည်း ၊ ဗာလ ၏ပရောဖက် တို့ကို ဘမ်းဆီး ကြလော့။ တယောက် ကိုမျှ မ လွတ် စေနှင့်ဟုစီရင် သည်အတိုင်း၊ သူ တို့ကို ဘမ်းဆီး ၍ ဧလိယ သည် ကိရှုန် ချောင်း သို့ ယူသွား ပြီးလျှင် ကွပ်မျက် လေ၏။
Then Elijah ordered them, “Seize the prophets of Baal! Do not let a single one escape.” So they seized them, and Elijah brought them down to the Kishon Valley and slaughtered them there.
41 ၄၁ ထိုနောက် မှဧလိယ က၊ မင်းကြီးသည် စား သောက် ခြင်းငှါတက်သွား ပါလော့။ များစွာ သော မိုဃ်း ရွာမည့်အသံ ရှိသည်ဟု အာဟပ် အား ပြောဆို လျှင်၊
And Elijah said to Ahab, “Go up, eat and drink, for there is the sound of a heavy rain.”
42 ၄၂ အာဟပ် သည်စား သောက် ခြင်းငှါ တက်သွား ၏။ ဧလိယ သည် ကရမေလ တောင်ပေါ် သို့ တက် ၍ ၊ မြေ ၌ ပြပ်ဝပ် လျက် မျက်နှာ ကို ဒူး ကြား မှာထား လျက်၊
So Ahab went up to eat and drink. But Elijah climbed to the summit of Carmel, bent down on the ground, and put his face between his knees.
43 ၄၃ မိမိ ကျွန် အား သင်တက် ၍ ပင်လယ် သို့ ကြည့်ရှု လော့ဟုဆို သည်အတိုင်း ၊ ကျွန်သည်တက် ၍ ကြည့်ရှု လျှင် ၊ အဘယ် အရာမျှ မ ရှိပါဟု ပြောဆို ၏။ ဧလိယက၊ ခုနစ် ကြိမ် တိုင်အောင်သွား ၍ ကြည့်ရှုဦးလော့ဟု ဆို ၏။
“Go and look toward the sea,” he said to his servant. So the servant went and looked, and he said, “There is nothing there.” Seven times Elijah said, “Go back.”
44 ၄၄ ခုနစ် ကြိမ်မြောက်သောအခါ ၊ လူ လက် နှင့် တူသော မိုဃ်းတိမ် ငယ် တခုသည် ပင်လယ် ထဲက တက် ပါ ၏ဟုဆို သော် ၊ အာဟပ် မင်းထံသို့ သွား လော့။ မိုဃ်း ရွာ၍ ဆီးတားမည်ကိုစိုးရိမ်စရာရှိသောကြောင့် ၊ မင်းကြီးပြင်ဆင် ၍ ပြန် သွားမည်အကြောင်းလျှောက်ထား လော့ ဟု မှာ လိုက်လေ၏။
On the seventh time the servant reported, “There is a cloud as small as a man’s hand rising from the sea.” And Elijah replied, “Go and tell Ahab, ‘Prepare your chariot and go down before the rain stops you.’”
45 ၄၅ မကြာ မမြင့်မှီမိုဃ်းကောင်းကင် သည် မိုဃ်းသက် မုန်တိုင်းနှင့် မည်း ၍ ပြင်းစွာ မိုဃ်း ရွာ၏။ အာဟပ် သည် ရထားစီး ၍ ယေဇရေလ မြို့သို့ သွား ၏။
Meanwhile, the sky grew dark with clouds and wind, and a heavy rain began to fall. So Ahab rode away and went to Jezreel.
46 ၄၆ ထာဝရဘုရား ၏လက် တော်သည် ဧလိယ အပေါ် မှာရှိ ၍ ၊ သူသည် ခါးပန်း ကိုစည်း လျက် အာဟပ် မင်း အရင် ယေဇရေလ မြို့ တံခါးဝသို့ ပြေး လေ၏။
And the hand of the LORD came upon Elijah, and he tucked his cloak into his belt and ran ahead of Ahab all the way to Jezreel.