< ၃ ဓမ္မရာဇဝင် 17 >
1 ၁ ဂိလဒ် ပြည် တိရှဘိ မြို့သားဧလိယ က၊ ငါကိုးကွယ် သော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလ ပတ်လုံးမိုဃ်း မ ရွာ၊ နှင်း မကျရဟု အာဟပ် မင်းအား မြွက်ဆို ၏။
၁ဂိလဒ်ပြည်တိရှဘိမြို့သားဧလိယဆိုသူ ပရောဖက်က အာဟပ်မင်းအား``မိုးရွာမည်ဟု ငါမပြောမချင်းလာမည့်နှစ်နှစ်သုံးနှစ်တွင် မိုးခေါင်လိမ့်မည်။ ဆီးနှင်းလည်းကျလိမ့်မည် မဟုတ်ကြောင်း ငါကိုးကွယ်၍အသက်ရှင်တော် မူသောဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍သင့် အားငါဆို၏'' ဟုဆင့်ဆိုလေသည်။
2 ၂ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဧလိယ သို့ ရောက် လာသည်ကား၊
၂ထိုနောက်ထာဝရဘုရားသည်ဧလိယအား၊-
3 ၃ သင်သည် ဤ အရပ်မှ ထွက်သွား လော့။ အရှေ့ သို့ ပြောင်း ၍ ယော်ဒန် မြစ်တဘက်၊ ခေရိတ် ချောင်း နား မှာ ပုန်းရှောင် ၍နေလော့။
၃``ဤမြို့မှထွက်ခွာကာအရှေ့အရပ်သို့သွား ပြီးလျှင် ယော်ဒန်မြစ်အရှေ့ဘက်ရှိခေရိတ် ချောင်းအနီးတွင်ပုန်းအောင်းလော့။-
4 ၄ ထိုချောင်း ရေကို သောက် ရမည်။ ကျီးအ တို့သည် သင့် ကို ကျွေးမွေး မည်အကြောင်း ငါမှာ ထားပြီဟု မိန့် တော်မူသည်အတိုင်း၊
၄သင်သည်ထိုချောင်းမှသောက်ရေကိုရလိမ့်မည်။ သင်ရှိရာသို့အစားအစာယူဆောင်လာရန် ကျီးအတို့ကိုလည်းငါမှာထားပြီးဖြစ်သည်'' ဟုမိန့်တော်မူ၏။
5 ၅ ဧလိယသည်သွား ၍ ယော်ဒန် မြစ်တစ်ဘက် ၊ ခေရိတ် ချောင်း နား မှာ နေ လေ၏။
၅ဧလိယသည် ထာဝရဘုရား၏အမိန့်တော် ကိုနာခံလျက်ခေရိတ်ချောင်းသို့သွားရောက် နေထိုင်လေသည်။-
6 ၆ ကျီးအ တို့သည် နေ့တိုင်းနံနက် တခါ၊ ညဦး တခါ မုန့် နှင့် အမဲသား ကို ဆောင် ခဲ့ကြ၏။ ချောင်း ရေကိုလည်း သောက် ရ၏။
၆သူသည်ချောင်းရေကိုသောက်၏။ ကျီးအတို့ သည်သူစားရန်မုန့်နှင့်အမဲသားကို နေ့စဉ် နေ့တိုင်းနံနက်၌တစ်ကြိမ်ညနေ၌တစ်ကြိမ် ယူဆောင်လာ၏။-
7 ၇ နောက် တဖန် မိုဃ်း မ ရွာသောကြောင့် ချောင်း ရေခန်းခြောက် လေ၏။
၇ကာလအတန်ကြာသောအခါမိုးခေါင်သဖြင့် ချောင်းရေသည်ခန်းခြောက်လေ၏။
8 ၈ ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ရောက် လာသည်ကား၊
၈ထိုအခါထာဝရဘုရားကဧလိယအား၊-
9 ၉ သင်ထ လော့။ ဇိဒုန် ပြည်၊ ဇရတ္တ မြို့သို့ သွား ၍ နေ လော့။ ထို မြို့၌ နေသောမုတ်ဆိုးမ တယောက်သည် သင့် ကို ကျွေးမွေး မည်အကြောင်း ငါမှာ ထားပြီဟု မိန့် တော်မူသည်အတိုင်း၊
၉``ယခုသင်သည်ဇိဒုန်မြို့အနီးရှိဇရတ္တမြို့ သို့သွား၍နေထိုင်လော့။ ထိုမြို့သူမုဆိုးမ တစ်ယောက်အား သင့်ကိုကျွေးမွေးရန်ငါမှာ ကြားထားပြီ'' ဟုမိန့်တော်မူ၏။-
10 ၁၀ ဧလိယသည်ထ ၍ ဇရတ္တ မြို့သို့ သွား ၏။ မြို့ တံခါး သို့ ရောက် သောအခါ ၊ မုတ်ဆိုးမ သည် ထင်းခွေ လျက်ရှိ၏။ ဧလိယက၊ ငါသောက် စရာ ရေ အနည်းငယ် ကို ခွက် နှင့် ယူ ခဲ့ပါလော့ဟု ဟစ် ၍ ဆို ၏။
၁၀သို့ဖြစ်၍ဧလိယသည်ဇရတ္တမြို့သို့သွား လေသည်။ သူသည်မြို့တံခါးဝသို့ရောက်သော အခါ ထင်းခွေနေသောမုဆိုးမတစ်ယောက်ကို တွေ့သဖြင့်``ငါ့အားသောက်ရေတစ်ပေါက် လောက်ပေးပါ'' ဟုပြော၏။-
11 ၁၁ မိန်းမသည်ရေကိုယူ ခြင်းငှါ သွား စဉ်တွင် ၊ တဖန် ဟစ် ၍ မုန့် တဖဲ့ ကိုလည်း သင့် လက် ၌ ယူ ခဲ့ပါလော့ဟု ဆို ပြန်လျှင်၊
၁၁မုဆိုးမသည်ရေခပ်ရန်ထွက်သွားသောအခါ ဧလိယက``ငါ့အတွက်မုန့်အနည်းငယ်ကို လည်းယူလာခဲ့ပါ'' ဟုဟစ်အော်၍ပြော၏။
12 ၁၂ မိန်းမက၊ သင် ၏ဘုရားသခင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ မုန့်ပြား တပြားမျှမ ရှိ။ အိုး ထဲမှာ မုန့်ညက် တ လက်ဆုပ်၊ ဘူး ၌ ဆီ အနည်းငယ် သာရှိ၏။ ကျွန်မ နှင့်သား ငယ်အဘို့ ဖုတ် ၍ စား လိုသောငှါ၎င်း၊ စားပြီးမှ သေ လိုသောငှါ၎င်း၊ ထင်းစ နှစ် ခုကို ယခုခွေ ပါ၏ဟု ပြန်ပြော ၏။
၁၂မုဆိုးမက``ကျွန်မမှာမုန့်တစ်ချပ်မျှမရှိ ကြောင်း အသက်ရှင်တော်မူသောသင်၏ဘုရားသခင်ကိုတိုင်တည်၍ကျိန်ဆိုပါ၏။ မုန့်ခွက် ထဲတွင်မုန့်ညက်လက်တစ်ဆုပ်စာနှင့်ဆီဘူး တွင် သံလွင်ဆီအနည်းငယ်မျှသာကျွန်မမှာ ရှိပါ၏။ ဤရှိစုမဲ့စုကလေးဖြင့်ကျွန်မ နှင့်သားငယ်အတွက်မုန့်လုပ်၍မီးဖုတ်စား နိုင်ရန် ဤနေရာသို့လာ၍ထင်းအနည်းငယ် ခွေနေခြင်းဖြစ်ပါသည်။ ထိုမုန့်သည်ကျွန်မ တို့နောက်ဆုံးစားကြရမည့်အစားအစာပင် ဖြစ်ပါသည်။ ထို့နောက်ကျွန်မတို့သည်အစာ ငတ်၍သေကြရန်ပင်ဖြစ်ပါသည်'' ဟုပြန် ပြောလေ၏။
13 ၁၃ ဧလိယ ကလည်း မ စိုးရိမ် နှင့်။ သင် ဆိုသည်အတိုင်း သွား ၍ ပြု လော့။ သို့ရာတွင် ငါ့ အဘို့ မုန့်ပြား ငယ် တပြားကို အရင် လုပ် ၍ ယူ ခဲ့လော့။ နောက်မှ သင် နှင့် သင် ၏ သားငယ်အဘို့ လုပ် လော့။
၁၃ဧလိယကလည်း``မစိုးရိမ်နှင့်။ သင်တို့စားရန် အစားအစာကိုသာသွား၍ပြင်ဆင်ပါလော့။ သို့ရာတွင်ဦးစွာပထမငါ၏အတွက်မုန့် ပြားတစ်ချပ်ကိုလုပ်၍ယူခဲ့လော့။ နောက်မှ ကျန်ရှိသောမုန့်ညက်ဖြင့်သင်တို့သားအမိ အတွက်မုန့်ကိုလုပ်ပါလော့။-
14 ၁၄ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထာဝရဘုရား သည် မြေ ပေါ် မှာ မိုဃ်း ရွာစေတော်မ မူမှီတိုင်အောင်၊ အိုး ၌ရှိသောမုန့်ညက် မ ကုန်။ ဘူး ၌ရှိသောဆီ မ လျော့ ရဟု မိန့်တော်မူကြောင်း ကို ဆင့်ဆို ၏။
၁၄အဘယ်ကြောင့်ဆိုသော်ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရားက`ငါ ထာဝရဘုရားသည်မိုးကိုမရွာစေမီကာလ အတွင်း မုန့်ခွက်တွင်မုန့်ပြတ်ရလိမ့်မည်မဟုတ်။ ဆီဘူးတွင်လည်းဆီပြတ်ရလိမ့်မည်မဟုတ်' ဟုမိန့်တော်မူသောကြောင့်ဖြစ်သည်'' ဟု မုဆိုးမအားပြောလေ၏။
15 ၁၅ ထိုမုတ်ဆိုးမသည်သွား ၍ ဧလိယ စကား အတိုင်း ပြု သဖြင့် ၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍ ၊ အိမ်သား တို့ သည် အင်တန်ကာလ ပတ်လုံး စား ရကြ၏။
၁၅မုဆိုးမသည်ဧလိယပြောသည့်အတိုင်းပြု သဖြင့် သူတို့အားလုံးပင်ရက်ပေါင်းများစွာ စားရန်အတွက် အစားအစာကိုအလုံ အလောက်ရရှိကြလေသည်။-
16 ၁၆ ထာဝရဘုရား သည် ဧလိယ အားဖြင့် မိန့် တော်မူ သော စကား အတိုင်း ၊ အိုး ၌ရှိသောမုန့်ညက် မ ကုန် ၊ ဘူး ၌ရှိသောဆီ မ လျော့။
၁၆ဧလိယအားဖြင့်ထာဝရဘုရားကတိ ပေးတော်မူခဲ့သည့်အတိုင်း မုန့်ခွက်တွင်မုန့် ညက်မပြတ်။ ဆီဘူးတွင်လည်းဆီမပြတ်။
17 ၁၇ ထို နောက်မှအိမ်ရှင်မ ၏သား သည် ပြင်းပြ စွာ သော အနာ ရောဂါစွဲသောကြောင့်အသက် ချုပ်၏။
၁၇ကာလအနည်းငယ်ကြာသောအခါ မုဆိုးမ ၏သားသည်ဖျားနာ၍ သူ၏ရောဂါအခြေ အနေမှာဆိုးသည်ထက်ဆိုး၍လာပြီးလျှင် နောက်ဆုံး၌သူငယ်သည်သေဆုံးသွားတော့ ၏။-
18 ၁၈ မိန်းမကလည်း၊ အို ဘုရားသခင် ၏လူ ၊ ကိုယ်တော် သည် ကျွန်မ နှင့် အဘယ်သို့ ဆိုင်သနည်း။ ကျွန်မ အပြစ် တို့ကို အောက်မေ့ စေ၍ ၊ ကျွန်မ သား ကိုသတ် အံ့သောငှါ ကျွန်မ ဆီသို့ ကြွ လာတော်မူသလောဟု ဧလိယ အား ဆို သော်၊
၁၈မုဆိုးမသည်ဧလိယအား``အို ထာဝရဘုရား ၏အစေခံ၊ အရှင်သည်အဘယ်ကြောင့်ကျွန်မ အားဤသို့ဒုက္ခရောက်စေပါသနည်း။ အရှင် သည်ကျွန်မ၏သားသေရအောင်ဘုရားသခင်အား ကျွန်မ၏အပြစ်များကိုပြန် လည်သတိပေးရန်အတွက် ဤအရပ်သို့ ကြွလာတော်မူပါသလော'' ဟုဆို၏။
19 ၁၉ သင် ၏သား ကိုငါ့ အား ပေး လော့ဟုဆို လျက် ၊ မိန်းမ ရင်ခွင် ထဲက ယူ ၍ မိမိ နေ ရာအထက် အခန်းသို့ ဆောင် သွား သဖြင့် ၊ မိမိ အိပ်ရာ ပေါ် မှာထား ပြီးလျှင်၊
၁၉ဧလိယက``သင်၏သားကိုငါ့အားပေးလော့'' ဟုဆိုကာမုဆိုးမ၏လက်မှသူငယ်ကိုယူ၍ မိမိတည်းခိုရာအထက်ခန်းသို့ပွေ့ချီသွား ပြီးလျှင် အိပ်ရာပေါ်တွင်ချထားလိုက်၏။-
20 ၂၀ အကျွန်ုပ် ၏ ဘုရားသခင် ထာဝရဘုရား ၊ အကျွန်ုပ် တည်းခို သော ဤမုတ်ဆိုးမ ၌ ဘေးဥပဒ် ပြု၍၊ သူ ၏သား ကို သေ စေတော်မူမည်လောဟု ထာဝရဘုရား ကို ကြွေးကြော် လေ၏။
၂၀ထို့နောက်သူသည်``အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ဤမုဆိုးမအားအဘယ် ကြောင့်ကိုယ်တော်သည် ဤသို့ထိတ်လန့်ဖွယ် ကောင်းသောအမှုကိုပြုတော်မူပါသနည်း။ ထိုအမျိုးသမီးသည်ကျွန်ုပ်အားကောင်းစွာ ကျွေးမွေးပြုစုပါ၏။ သို့ရာတွင်ယခုကိုယ် တော်သည်သူ၏သားငယ်ကိုသေစေတော် မူပါပြီ'' ဟုကျယ်လောင်စွာဆုတောင်းပတ္ထ နာပြုလေ၏။-
21 ၂၁ တဖန် သူငယ် အပေါ် မှာ မိမိကိုယ်ကိုသုံး ကြိမ် လှန်လျက်၊ အကျွန်ုပ် ၏ဘုရားသခင် ထာဝရဘုရား ၊ ဤ သူငယ် ၏ဝိညာဉ် ကို တဖန် ဝင်စေတော်မူပါဟု ထာဝရဘုရား ကို ကြွေးကြော် ပြန်၏။
၂၁ထို့နောက်ဧလိယသည်သူငယ်၏အပေါ်တွင် သုံးကြိမ်တိုင်တိုင်ဝမ်းလျားမှောက်ပြီးလျှင်``အို အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ဤကလေးကိုအသက်ပြန်၍ရှင်စေတော် မူပါ'' ဟုဆုတောင်း၏။-
22 ၂၂ ဧလိယ စကား ကို ထာဝရဘုရား ကြား တော်မူ၍ ၊ သူငယ် ၏ ဝိညာဉ် သည်ဝင် သဖြင့် ၊ သူသည် အသက် ရှင်ပြန်၏။
၂၂ထာဝရဘုရားသည်ဧလိယ၏ပန်ကြား ချက်ကိုနားညောင်းတော်မူသဖြင့် ကလေး သည်ထွက်သက်ဝင်သက်ကိုပြန်လည်ရရှိ ကာအသက်ပြန်၍ရှင်လာလေသည်။
23 ၂၃ ဧလိယ သည် သူငယ် ကိုအထက် အခန်းမှ အောက် သို့ယူ သွား၍ ကြည့် လော့။ သင် ၏သား အသက် ရှင်ပြီဟု ဆို လျက် အမိ ၌ အပ် လေ၏။
၂၃ဧလိယသည်သူငယ်ကိုအိမ်အောက်ထပ်သို့ ချီဆောင်သွားပြီးလျှင် မိခင်ဖြစ်သူအား``ကြည့် လော့။ သင်၏သားသည်အသက်ရှင်လျက်ရှိ ပါ၏'' ဟုဆို၏။
24 ၂၄ မိန်းမ ကလည်း ၊ ဤ အမှုကိုထောက်၍ကိုယ်တော် သည် ဘုရားသခင် ၏ လူ ဖြစ်ကြောင်း ကို၎င်း ၊ ကိုယ်တော် ဆင့်ဆိုသော ထာဝရဘုရား ၏ စကား တော် ဟုတ်မှန် ကြောင်းကို၎င်း၊ ကျွန်မသိ ပါသည်ဟု ဧလိယ အား ဆို ၏။
၂၄ထိုအမျိုးသမီးကလည်း``အရှင်သည်ဘုရားသခင်၏အစေခံဖြစ်ကြောင်းကိုလည်းကောင်း၊ ထာဝရဘုရားသည်အရှင်အားဖြင့်ဗျာဒိတ် ပေးတော်မူကြောင်းကိုလည်းကောင်း ယခု ကျွန်မသိပါပြီ'' ဟုပြန်ပြောလေ၏။