< ၃ ဓမ္မရာဇဝင် 16 >
1 ၁ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဗာရှာ ကို အကြောင်းပြု၍၊ ဟာနန် ၏သား ယေဟု သို့ ရောက် လာသည် ကား၊
Ó sì ṣe, ọ̀rọ̀ Olúwa sì tọ Jehu ọmọ Hanani wá sí Baaṣa pé,
2 ၂ သင့် ကို မြေမှုန့် ထဲက ငါကြွ ၍ ၊ ငါ ၏လူ ဣသရေလ အမျိုးကို အုပ်စိုး စေခြင်းငှါချီးမြှောက် သော်လည်း ၊ သင်သည် ယေရောဗောင် ၏လမ်း သို့ လိုက် လျက် ၊ ဣသရေလ အမျိုးသည် ပြစ်မှား ၍၊ ငါ့ အမျက် ကို နှိုးဆော်စေခြင်းငှါ ပြုသောကြောင့်၊
“Èmi ti gbé ọ ga láti inú erùpẹ̀ wá, mo sì fi ọ́ ṣe olórí Israẹli ènìyàn mi, ṣùgbọ́n ìwọ sì rìn ní ọ̀nà Jeroboamu, ó sì mú kí Israẹli ènìyàn mi dẹ́ṣẹ̀, láti mú mi bínú nípa ẹ̀ṣẹ̀ wọn.
3 ၃ သင်၏အမျိုးအနွယ် သားစဉ်မြေးဆက်တို့ကို ငါ ပယ်ရှား ၍၊ သင် ၏အမျိုး ကို နေဗတ် ၏သား ယေရောဗောင် ၏ အမျိုး ကဲ့သို့ ငါဖြစ် စေမည်။
Nítorí náà, èmi yóò mú Baaṣa àti ilé rẹ̀ kúrò, èmi yóò sì ṣe ilé rẹ̀ bí ilé Jeroboamu ọmọ Nebati.
4 ၄ ဗာရှာ ၏ အမျိုးသားသည် မြို့ ထဲမှာ သေ လျှင်၊ အသေ ကောင်ကို ခွေး စား လိမ့်မည်။ မြို့ပြင် မှာ သေလျှင် မိုဃ်း ကောင်းကင်ငှက် စား လိမ့်မည်ဟုမိန့် တော်မူ၏။
Àwọn ajá yóò jẹ ẹni Baaṣa tí ó bá kú ní ìlú, ẹyẹ ojú ọ̀run yóò sì jẹ àwọn tí ó kú ní oko.”
5 ၅ ဗာရှာ ပြုမူ သော အမှုအရာ ကြွင်း သမျှတို့နှင့် သူ၏တန်ခိုး ကြီးခြင်းအရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။
Àti ìyókù ìṣe Baaṣa, ohun tí ó ṣe àti agbára rẹ̀, a kò ha kọ wọ́n sínú ìwé ọ̀rọ̀ ọjọ́ àwọn ọba Israẹli?
6 ၆ ဗာရှာ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ တိရဇ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်ဧလာ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
Baaṣa sì sùn pẹ̀lú àwọn baba rẹ̀, a sì sin ín ní Tirsa. Ela ọmọ rẹ̀ sì jẹ ọba ní ipò rẹ̀.
7 ၇ ဗာရှာသည် ယေရောဗောင် အမျိုး နှင့်တူ ၍ ထိုအမျိုးကို လုပ်ကြံ သော အပြစ်၊ မိမိ ပြုမူ သောအားဖြင့် ၊ ထာဝရဘုရား ၏အမျက် တော်ကို နှိုးဆော်၍၊ ရှေ့ တော်၌ ပြစ်မှား သမျှ သော အပြစ် ကြောင့် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဗာရှာ ကိုအကြောင်းပြု၍၊ ဟာနန် ၏ သား ယေဟု အားဖြင့် ရောက် လာသည်နှင့်အညီ၊
Ọ̀rọ̀ Olúwa sì wá nípa ọwọ́ Jehu wòlíì ọmọ Hanani pẹ̀lú sí Baaṣa àti ilé rẹ̀, nítorí gbogbo búburú tí ó ti ṣe níwájú Olúwa, ní mímú un bínú nípa ohun tó ti ṣe àti wíwà bí ilé Jeroboamu, àti nítorí tí ó pa á run pẹ̀lú.
8 ၈ ယုဒ ရှင်ဘုရင် အာသ နန်းစံနှစ် ဆယ်ခြောက် နှစ် တွင် ၊ ဗာရှာ သား ဧလာ သည် တိရဇ မြို့၌ နေ၍ ဣသရေလ နိုင်ငံကို နှစ် နှစ်စိုးစံ သည်ရှိသော်၊
Ní ọdún kẹrìndínlọ́gbọ̀n Asa ọba Juda, Ela ọmọ Baaṣa bẹ̀rẹ̀ sí ní jẹ ọba ní Israẹli, ó sì jẹ ọba ní Tirsa ní ọdún méjì.
9 ၉ ရထား စီးသူရဲတဝက် ကိုအုပ် သောသူ၊ မိမိ ကျွန် ဇိမရိ သည်သင်းဖွဲ့ ၍ ၊ ဧလာသည် တိရဇ မြို့တွင် နန်း တော်အုပ်အာဇ ၏ အိမ် ၌ယစ်မူး အောင် သောက် လျက်နေစဉ် အခါ၊
Simri, ọ̀kan nínú àwọn ìránṣẹ́ rẹ̀, olórí ìdajì kẹ̀kẹ́ rẹ̀, dìtẹ̀ sí i. Ela sì wà ní Tirsa nígbà náà, ó sì mu àmupara ní ilé Arsa, ìríjú ilé rẹ̀ ni Tirsa.
10 ၁၀ ဇိမရိ သည်ဝင် ၍ ယုဒ ရှင်ဘုရင် အာသ နန်းစံနှစ် ဆယ်ခုနစ် နှစ် တွင် ၊ ဧလာကို သေ စေခြင်းငှါလုပ်ကြံ ၍ နန်း ထိုင်လေ၏။
Simri sì wọlé, ó sì kọlù ú, ó sì pa á ní ọdún kẹtàdínlọ́gbọ̀n Asa, ọba Juda, ó sì jẹ ọba ní ipò rẹ̀.
11 ၁၁ နန်း ထိုင်စက ၊ ဗာရှာ အမျိုးသား အပေါင်း တို့ကိုသတ် ၏။ ဗာရှာနှင့် ပေါက်ဘော် တော်သော ယောက်ျား၊ အဆွေ ဖွဲ့သော ယောက်ျားတယောက်ကိုမျှမ ချန် မထား။
Bí ó sì ti bẹ̀rẹ̀ sí ní jẹ ọba, bí ó sì ti jókòó lórí ìtẹ́, ó lu gbogbo ilé Baaṣa pa, kò ku ọkùnrin kan sílẹ̀, bóyá ìbátan tàbí ọ̀rẹ́.
12 ၁၂ ထာဝရဘုရား သည် ဗာရှာ ကို အကြောင်းပြု၍ ပရောဖက် ယေဟု အားဖြင့် မိန့် တော်မူသော စကား တော် နှင့်အညီ ၊ ဇိမရိ သည် ဗာရှာ အမျိုးသား အပေါင်း တို့ကို ဖျက်ဆီး ၏။
Bẹ́ẹ̀ ni Simri pa gbogbo ilé Baaṣa run, gẹ́gẹ́ bí ọ̀rọ̀ Olúwa tí ó sọ sí Baaṣa nípa ọwọ́ Jehu wòlíì:
13 ၁၃ အကြောင်းမူကား၊ ဗာရှာ နှင့် သား ဧလာ တို့သည် ကိုယ်တိုင်ပြစ်မှား သော အပြစ်နှင့် ဣသရေလ အမျိုးကိုလည်း ပြစ်မှား စေသော အပြစ် အားဖြင့်၎င်း၊ မိစ္ဆာ ဒိဌိအားဖြင့် ၎င်း၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်သော အကြောင်း တည်း။
nítorí gbogbo ẹ̀ṣẹ̀ tí Baaṣa àti Ela ọmọ rẹ̀ ti ṣẹ̀ àti tí wọ́n ti mú Israẹli ṣẹ̀, tí wọ́n fi mú Olúwa Ọlọ́run Israẹli bínú, wọ́n mú u bínú nípa òrìṣà asán wọn.
14 ၁၄ ဧလာ ပြုမူ သော အမှုအရာ ကြွင်း သမျှ တို့သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
Ìyókù ìṣe Ela àti gbogbo ohun tí ó ṣe, a kò ha kọ wọ́n sínú ìwé ọ̀rọ̀ ọjọ́ àwọn ọba Israẹli?
15 ၁၅ ယုဒ ရှင်ဘုရင် အာသ နန်းစံနှစ် ဆယ်ခုနစ် နှစ် တွင် ၊ ဇိမရိ သည် တိရဇ မြို့၌ ခုနစ် ရက် စိုးစံ ၏။
Ní ọdún kẹtàdínlọ́gbọ̀n Asa ọba Juda, ni Simri jẹ ọba ọjọ́ méje ní Tirsa. Àwọn ọmọ-ogun sì dó ti Gibetoni, ìlú àwọn ará Filistini.
16 ၁၆ ထိုသို့ ဇိမရိ သည် သင်းဖွဲ့ ၍ ရှင် ဘုရင်ကိုသတ် သည်ဟု ဖိလိတ္တိ ပြည်ဂိဗေသုန် မြို့ရှေ့ မှာ တပ်ချ သော သူအပေါင်းတို့သည် သိတင်းကြား လျှင် ၊ ထို နေ့ခြင်းတွင် ဗိုလ်ချုပ် မင်းဩမရိ ကို ဣသရေလ ရှင် ဘုရင်အရာ၌ တပ် ထဲမှာ ချီးမြှောက်ကြ၏။
Nígbà tí àwọn ọmọ Israẹli tí ó dó tì gbọ́ wí pé Simri ti dìtẹ̀ sí ọba, ó sì ti pa á, wọ́n kéde Omri, olórí ogun, bí ọba lórí Israẹli ní ọjọ́ náà ní ibùdó.
17 ၁၇ ဩမရိ သည် ဣသရေလ အမျိုးသားအပေါင်း တို့ နှင့်တကွ ဂိဗေသုန် မြို့မှ ထွက် ၍ ၊ တိရဇ မြို့ကို ဝိုင်းထား ကြ၏။
Nígbà náà ni Omri àti gbogbo Israẹli pẹ̀lú rẹ̀ kúrò ní Gibetoni, wọ́n sì dó ti Tirsa.
18 ၁၈ မြို့ ကိုတိုက် ၍ ရမည်ဟုဇိမရိ သည် သိ သောအခါ ၊ နန်း တော်ထဲသို့ ဝင် ၍ မိမိ အပေါ် မှာ နန်း တော်ကို မီး ရှို့ သဖြင့် ကိုယ်တိုင်သေ လေ၏။
Nígbà tí Simri sì ri pé a ti gba ìlú, ó sì wọ inú ààfin ilé ọba lọ, ó sì tẹ iná bọ ilé ọba lórí ara rẹ̀, ó sì kú,
19 ၁၉ အကြောင်းမူကား၊ ယေရောဗောင် လိုက် သောလမ်း ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော လမ်းသို့ လိုက်၍ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သော အကြောင်းတည်း။
nítorí àwọn ẹ̀ṣẹ̀ rẹ̀ tí ó ti ṣẹ̀, ní ṣíṣe búburú níwájú Olúwa àti ní rírìn ní ọ̀nà Jeroboamu àti nínú ẹ̀ṣẹ̀ rẹ̀ tí ó ti ṣe àti tí ó ti mú Israẹli ṣẹ̀.
20 ၂၀ ဇိမရိ ပြုမူသောအမှုအရာ ကြွင်း သမျှတို့နှင့် ပုန်ကန် ခြင်းအရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
Ní ti ìyókù ìṣe Simri, àti ọ̀tẹ̀ rẹ̀ tí ó dì, a kò ha kọ wọ́n sínú ìwé ọ̀rọ̀ ọjọ́ àwọn ọba Israẹli?
21 ၂၁ ထိုအခါ ပြည်သား တို့သည် ကွဲပြား ၍၊ အချို့ တို့သည် ဂိနတ် ၏သား တိဗနိ ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ သူ့နောက် သို့ လိုက်ကြ၏။ အချို့ တို့သည် ဩမရိ နောက် သို့လိုက်ကြ၏။
Nígbà náà ní àwọn ènìyàn Israẹli dá sí méjì; apá kan wọn ń tọ Tibni ọmọ Ginati lẹ́yìn, láti fi í jẹ ọba, apá kan tókù sì ń tọ Omri lẹ́yìn.
22 ၂၂ ဩမရိ နောက် သို့လိုက်သော သူ တို့ သည် ဂိနတ် ၏ သား တိဗနိ နောက် သို့ လိုက်သော သူ တို့ကို နိုင် သဖြင့် ၊ တိဗနိ သေ ၍ ဩမရိ သည် နန်း ထိုင်လေ၏။
Ṣùgbọ́n àwọn ènìyàn tí ń tọ Omri lẹ́yìn borí àwọn tí ń tọ Tibni ọmọ Ginati lẹ́yìn. Bẹ́ẹ̀ ni Tibni kú, Omri sì jẹ ọba.
23 ၂၃ ယုဒ ရှင်ဘုရင် အာသ နန်းစံသုံး ဆယ်တ နှစ် တွင် ၊ ဩမရိ သည် နန်း ထိုင်၍ ဣသရေလ နိုင်ငံကို တဆယ် နှစ် နှစ် စိုးစံ၏။ တိရဇ မြို့၌ ခြောက် နှစ် စိုးစံ ပြီးမှ၊
Ní ọdún kọkànlélọ́gbọ̀n Asa ọba Juda, Omri bẹ̀rẹ̀ sí ń jẹ ọba lórí Israẹli, ó sì jẹ ọba ní ọdún méjìlá, ọdún mẹ́fà ní Tirsa.
24 ၂၄ ရှမာရိ တောင် ကို တောင်ရှင်ရှမေရ ၌ ငွေ အခွက် နှစ်ဆယ်နှင့် ဝယ် ၍ တောင် ပေါ် မှာ မြို့ကိုတည် ၏။ ထိုမြို့ ကို တောင် ရှင် ရှမေရ အမည် ကို အစွဲပြုသဖြင့်၊ ရှမာရိ မြို့ ဟူ၍သမုတ် လေ၏။
Ó sì ra òkè Samaria lọ́wọ́ Ṣemeri ní tálẹ́ǹtì méjì fàdákà, ó sì kọ́ ìlú sórí rẹ̀, ó sì pe ìlú náà ní Samaria, nípa orúkọ Ṣemeri, orúkọ ẹni tí ó kọ́kọ́ ni òkè náà.
25 ၂၅ ဩမရိ သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သဖြင့် ၊ မိမိ ရှေ့ မှာ ဖြစ်ဘူးသော သူအပေါင်း ထက် သာ၍ဆိုးညစ် ၏။
Ṣùgbọ́n Omri sì ṣe búburú níwájú Olúwa, Ó sì ṣe búburú ju gbogbo àwọn tí ó wà ṣáájú rẹ̀ lọ.
26 ၂၆ နေဗတ် ၏သား ယေရောဗောင် လိုက် သောလမ်း ၊ ဣသရေလ အမျိုးသည် မိစ္ဆာ ဒိဌိအားဖြင့် မိမိတို့ဘုရားသခင် ထာဝရဘုရား ၏အမျက် တော်ကို နှိုးဆော်၍၊ ပြစ်မှား စေသော ဒုစရိုက် အပြစ်လမ်းသို့ လိုက်လေ၏။
Ó rìn ní gbogbo ọ̀nà Jeroboamu ọmọ Nebati àti nínú ẹ̀ṣẹ̀ rẹ̀, èyí tí ó ti mú Israẹli ṣẹ̀, láti fi ohun asán wọn mú Olúwa, Ọlọ́run Israẹli bínú.
27 ၂၇ ဩမရိ ပြုမူ သော အမှုအရာ ကြွင်း သမျှတို့နှင့် တန်ခိုး ကြီးခြင်းအရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
Ìyókù ìṣe àti ohun tí Omri ṣe, àti agbára rẹ tí ó fihàn, a kò ha kọ, wọ́n sínú ìwé ọ̀rọ̀ ọjọ́ àwọn ọba Israẹli?
28 ၂၈ ဩမရိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာဟပ် သည် ခမည်းတော် အရာ ၌နန်း ထိုင်၏။
Omri sì sùn pẹ̀lú àwọn baba rẹ̀ a sì sin ín ní Samaria. Ahabu ọmọ rẹ̀ sì jẹ ọba ní ipò rẹ̀.
29 ၂၉ ယုဒ ရှင်ဘုရင် အာသ နန်းစံသုံး ဆယ်ရှစ် နှစ် တွင် ၊ ဩမရိ သား အာဟပ် သည်ရှမာရိ မြို့၌ ဣသရေလ မင်းပြု ၍၊ ဣသရေလ နိုင်ငံကို နှစ် ဆယ်နှစ် နှစ် စိုးစံ ၏။
Ní ọdún kejìdínlógójì Asa ọba Juda, Ahabu ọmọ Omri jẹ ọba ní Israẹli, o si jẹ ọba lórí Israẹli ní Samaria ní ọdún méjìlélógún.
30 ၃၀ ဩမရိ သား အာဟပ် သည် မိမိ ရှေ့ မှာ ဖြစ်ဘူးသောသူအပေါင်း တို့ထက် ထာဝရဘုရား ရှေ့ တော်၌သာ၍ ဒုစရိုက် ကိုပြု ၏။
Ahabu ọmọ Omri sì ṣe búburú ní ojú Olúwa ju gbogbo àwọn tí ó wà ṣáájú rẹ̀ lọ.
31 ၃၁ နေဗတ် ၏သား ယေရောဗောင် ပြုသောဒုစရိုက် အပြစ်လမ်းသို့သာလိုက် လျှင် ၊ သာမညအပြစ်ရောက်မည် ဟု ထင်မှတ်လျက်၊ ဇိဒုန် မင်းကြီး ဧသဗာလ သမီး ယေဇဗေလ နှင့်စုံဘက် ၍ ၊ ဗာလ ဘုရားကို ဝတ်ပြု ကိုးကွယ် ၏။
Ó sì ṣe bí ẹni pé ó ṣe ohun kékeré fún un láti máa rìn nínú ẹ̀ṣẹ̀ Jeroboamu ọmọ Nebati, ó sì mú Jesebeli, ọmọbìnrin Etibaali, ọba àwọn ará Sidoni ní aya, ó sì bẹ̀rẹ̀ sí ń sin Baali, ó sì bọ ọ́.
32 ၃၂ ရှမာရိ မြို့တွင် ဗာလ ဘုရား၏ ဗိမာန် ၌ ဗာလ ဘုရားအဘို့ ယဇ် ပလ္လင်ကိုတည် ၏။
Ó sì tẹ́ pẹpẹ kan fún Baali nínú ilé Baali tí ó kọ́ sí Samaria.
33 ၃၃ အာရှရ ပင်ကိုလည်းပြုစု ၍ ၊ မိမိ ရှေ့ မှာ ဖြစ် ဘူးသော ဣသရေလ ရှင် ဘုရင်အပေါင်း တို့ထက် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ၏အမျက် တော်ကို နှိုးဆော်ခြင်းငှါ သာ၍ ပြု ၏။
Ahabu sì túnṣe ère òrìṣà Aṣerah, ó sì ṣe púpọ̀ láti mú Olúwa Ọlọ́run Israẹli bínú ju èyí tí gbogbo ọba Israẹli tí ó ti wà ṣáájú rẹ̀ ti ṣe lọ.
34 ၃၄ အာဟပ်လက်ထက် ၌ ဗေသလ မြို့သားဟိဧလ သည် ယေရိခေါ မြို့ကို တည် ၏။ ထာဝရဘုရား သည် နုန် ၏သား ယောရှု အားဖြင့် မိန့် တော်မူသော စကား နှင့်အညီ ၊ သားဦး အဘိရံ လက်ထက်၌ မြို့ရိုးအမြစ်ကိုတည် ၍ ၊ သားထွေး စေဂုပ် လက်ထက်၌ မြို့တံခါး တို့ကို ထောင် ၏။
Ní ìgbà ayé Ahabu, Hieli ará Beteli kọ́ Jeriko. Ó fi ìpìlẹ̀ rẹ̀ lé ilẹ̀ ní Abiramu, àkọ́bí rẹ, ó sì gbé àwọn ìlẹ̀kùn ibodè rẹ̀ kọ́ ní Segubu àbíkẹ́yìn rẹ̀, gẹ́gẹ́ bí ọ̀rọ̀ Olúwa tí ó ti ipa Joṣua ọmọ Nuni sọ.