< ၃ ဓမ္မရာဇဝင် 16 >

1 ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဗာရှာ ကို အကြောင်းပြု၍၊ ဟာနန် ၏သား ယေဟု သို့ ရောက် လာသည် ကား၊
Sai maganar Ubangiji ta zo wa Yehu ɗan Hanani game da Ba’asha,
2 သင့် ကို မြေမှုန့် ထဲက ငါကြွ ၍ ၊ ငါ ၏လူ ဣသရေလ အမျိုးကို အုပ်စိုး စေခြင်းငှါချီးမြှောက် သော်လည်း ၊ သင်သည် ယေရောဗောင် ၏လမ်း သို့ လိုက် လျက် ၊ ဣသရေလ အမျိုးသည် ပြစ်မှား ၍၊ ငါ့ အမျက် ကို နှိုးဆော်စေခြင်းငှါ ပြုသောကြောင့်၊
“Na ɗaga ka daga ƙura na mai da kai shugaban mutanena Isra’ila, amma ka yi tafiya a hanyoyin Yerobowam, ka kuma sa mutanena Isra’ila suka yi zunubi, ka tsokane ni na yi fushi ta wurin zunubansu.
3 သင်၏အမျိုးအနွယ် သားစဉ်မြေးဆက်တို့ကို ငါ ပယ်ရှား ၍၊ သင် ၏အမျိုး ကို နေဗတ် ၏သား ယေရောဗောင် ၏ အမျိုး ကဲ့သို့ ငါဖြစ် စေမည်။
Saboda haka ina gab da cinye Ba’asha da gidansa, zan kuma mai da gidanka kamar na Yerobowam ɗan Nebat.
4 ဗာရှာ ၏ အမျိုးသားသည် မြို့ ထဲမှာ သေ လျှင်၊ အသေ ကောင်ကို ခွေး စား လိမ့်မည်။ မြို့ပြင် မှာ သေလျှင် မိုဃ်း ကောင်းကင်ငှက် စား လိမ့်မည်ဟုမိန့် တော်မူ၏။
Karnuka za su cinye waɗanda suke na Ba’asha da suka mutu a birni, tsuntsaye kuma za su cinye waɗanda suka mutu a jeji.”
5 ဗာရှာ ပြုမူ သော အမှုအရာ ကြွင်း သမျှတို့နှင့် သူ၏တန်ခိုး ကြီးခြင်းအရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။
Game da sauran ayyukan mulkin Ba’asha, abin da ya yi, da kuma nasarorinsa, an rubuta su cikin littafin tarihin sarakunan Isra’ila.
6 ဗာရှာ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ တိရဇ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်ဧလာ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
Ba’asha ya huta tare da kakanninsa, aka kuma binne shi a Tirza. Sai Ela ɗansa ya gāje shi a matsayin sarki.
7 ဗာရှာသည် ယေရောဗောင် အမျိုး နှင့်တူ ၍ ထိုအမျိုးကို လုပ်ကြံ သော အပြစ်၊ မိမိ ပြုမူ သောအားဖြင့် ၊ ထာဝရဘုရား ၏အမျက် တော်ကို နှိုးဆော်၍၊ ရှေ့ တော်၌ ပြစ်မှား သမျှ သော အပြစ် ကြောင့် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဗာရှာ ကိုအကြောင်းပြု၍၊ ဟာနန် ၏ သား ယေဟု အားဖြင့် ရောက် လာသည်နှင့်အညီ၊
Ban da haka, maganar Ubangiji ta zo ta wurin annabi Yehu ɗan Hanani wa Ba’asha da gidansa, saboda dukan muguntar da ya aikata a gaban Ubangiji, ya tsokane shi yă yi fushi ta wurin abubuwan da ya yi, da kuma zama kamar gidan Yerobowam, da kuma domin ya hallaka gidan Yerobowam.
8 ယုဒ ရှင်ဘုရင် အာသ နန်းစံနှစ် ဆယ်ခြောက် နှစ် တွင် ၊ ဗာရှာ သား ဧလာ သည် တိရဇ မြို့၌ နေ၍ ဣသရေလ နိုင်ငံကို နှစ် နှစ်စိုးစံ သည်ရှိသော်၊
A shekara ta ashirin da shida ta Asa sarkin Yahuda, Ela ɗan Ba’asha ya zama sarkin Isra’ila, ya kuma yi mulki a Tirza shekaru biyu.
9 ရထား စီးသူရဲတဝက် ကိုအုပ် သောသူ၊ မိမိ ကျွန် ဇိမရိ သည်သင်းဖွဲ့ ၍ ၊ ဧလာသည် တိရဇ မြို့တွင် နန်း တော်အုပ်အာဇ ၏ အိမ် ၌ယစ်မူး အောင် သောက် လျက်နေစဉ် အခါ၊
Zimri, ɗaya daga cikin shugabanni, wanda ya shugabanci rabin kekunan yaƙin Ela, ya yi maƙarƙashiya a kansa. Ela yana a Tirza a lokacin, ya bugu a gidan Arza, sarkin fada a Tirza.
10 ၁၀ ဇိမရိ သည်ဝင် ၍ ယုဒ ရှင်ဘုရင် အာသ နန်းစံနှစ် ဆယ်ခုနစ် နှစ် တွင် ၊ ဧလာကို သေ စေခြင်းငှါလုပ်ကြံ ၍ နန်း ထိုင်လေ၏။
Zimri ya shiga, ya buge shi ya kashe a shekara ta ashirin da bakwai na Asa sarkin Yahuda. Sa’an nan ya gāje shi a matsayin sarki.
11 ၁၁ နန်း ထိုင်စက ၊ ဗာရှာ အမျိုးသား အပေါင်း တို့ကိုသတ် ၏။ ဗာရှာနှင့် ပေါက်ဘော် တော်သော ယောက်ျား၊ အဆွေ ဖွဲ့သော ယောက်ျားတယောက်ကိုမျှမ ချန် မထား။
Nan da nan sai ya fara mulki ya kuwa zauna a kujerar sarauta, ya kashe dukan iyalin Ba’asha. Bai bar namiji guda ɗaya ba, ko dangi, ko aboki.
12 ၁၂ ထာဝရဘုရား သည် ဗာရှာ ကို အကြောင်းပြု၍ ပရောဖက် ယေဟု အားဖြင့် မိန့် တော်မူသော စကား တော် နှင့်အညီ ၊ ဇိမရိ သည် ဗာရှာ အမျိုးသား အပေါင်း တို့ကို ဖျက်ဆီး ၏။
Ta haka Zimri ya hallaka dukan iyalin Ba’asha, bisa ga maganar da Ubangiji ya yi game da Ba’asha ta wurin annabi Yehu.
13 ၁၃ အကြောင်းမူကား၊ ဗာရှာ နှင့် သား ဧလာ တို့သည် ကိုယ်တိုင်ပြစ်မှား သော အပြစ်နှင့် ဣသရေလ အမျိုးကိုလည်း ပြစ်မှား စေသော အပြစ် အားဖြင့်၎င်း၊ မိစ္ဆာ ဒိဌိအားဖြင့် ၎င်း၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်သော အကြောင်း တည်း။
Wannan ya faru saboda dukan zunuban Ba’asha da waɗanda ɗansa Ela ya yi, da ya sa Isra’ila suka yi, har suka tsokane Ubangiji, Allah na Isra’ila, yă yi fushi ta wurin gumakansu marasa amfani.
14 ၁၄ ဧလာ ပြုမူ သော အမှုအရာ ကြွင်း သမျှ တို့သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
Game da sauran ayyukan mulkin Ela, da dukan abin da ya yi, duk a rubuce suke a cikin littafin tarihin sarakunan Isra’ila.
15 ၁၅ ယုဒ ရှင်ဘုရင် အာသ နန်းစံနှစ် ဆယ်ခုနစ် နှစ် တွင် ၊ ဇိမရိ သည် တိရဇ မြို့၌ ခုနစ် ရက် စိုးစံ ၏။
A shekara ta ashirin da bakwai na Asa sarkin Yahuda, Zimri ya yi mulki a Tirza kwana bakwai. Mayaƙa suka yi sansani kusa da Gibbeton, wani garin Filistiyawa.
16 ၁၆ ထိုသို့ ဇိမရိ သည် သင်းဖွဲ့ ၍ ရှင် ဘုရင်ကိုသတ် သည်ဟု ဖိလိတ္တိ ပြည်ဂိဗေသုန် မြို့ရှေ့ မှာ တပ်ချ သော သူအပေါင်းတို့သည် သိတင်းကြား လျှင် ၊ ထို နေ့ခြင်းတွင် ဗိုလ်ချုပ် မင်းဩမရိ ကို ဣသရေလ ရှင် ဘုရင်အရာ၌ တပ် ထဲမှာ ချီးမြှောက်ကြ၏။
Sa’ad da Isra’ilawa a cikin sansani suka ji cewa Zimri ya yi maƙarƙashiya a kan sarki, ya kuma kashe shi, sai suka yi shela, suka naɗa Omri, shugaban mayaƙa ya zama sarki a bisa Isra’ila, a wannan rana a cikin sansani.
17 ၁၇ ဩမရိ သည် ဣသရေလ အမျိုးသားအပေါင်း တို့ နှင့်တကွ ဂိဗေသုန် မြို့မှ ထွက် ၍ ၊ တိရဇ မြို့ကို ဝိုင်းထား ကြ၏။
Sai Omri da dukan Isra’ilawa suka janye daga Gibbeton, suka yi wa Tirza kwanto.
18 ၁၈ မြို့ ကိုတိုက် ၍ ရမည်ဟုဇိမရိ သည် သိ သောအခါ ၊ နန်း တော်ထဲသို့ ဝင် ၍ မိမိ အပေါ် မှာ နန်း တော်ကို မီး ရှို့ သဖြင့် ကိုယ်တိုင်သေ လေ၏။
Da Zimri ya ga cewa an kame birnin, sai ya je ya shiga hasumiya fadan sarki ya sa wa fadan wuta wutar kuwa ta ƙone shi ya mutu.
19 ၁၉ အကြောင်းမူကား၊ ယေရောဗောင် လိုက် သောလမ်း ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော လမ်းသို့ လိုက်၍ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သော အကြောင်းတည်း။
Wannan ya faru saboda zunuban da ya yi, ya yi mugunta a gaban Ubangiji ya kuma yi tafiya a hanyoyin Yerobowam da kuma cikin zunubin da Yerobowam ya yi da ya sa Isra’ila suka yi.
20 ၂၀ ဇိမရိ ပြုမူသောအမှုအရာ ကြွင်း သမျှတို့နှင့် ပုန်ကန် ခြင်းအရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
Game da sauran ayyukan mulkin Zimri, da tawayen da ya yi, duk a rubuce suke a cikin littafin tarihin sarakunan Isra’ila.
21 ၂၁ ထိုအခါ ပြည်သား တို့သည် ကွဲပြား ၍၊ အချို့ တို့သည် ဂိနတ် ၏သား တိဗနိ ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ သူ့နောက် သို့ လိုက်ကြ၏။ အချို့ တို့သည် ဩမရိ နောက် သို့လိုက်ကြ၏။
Sai mutanen Isra’ila suka rabu kashi biyu; rabi guda sun goyi bayan Tibni ɗan Ginat yă zama sarki, ɗayan rabin kuma sun goyi bayan Omri.
22 ၂၂ ဩမရိ နောက် သို့လိုက်သော သူ တို့ သည် ဂိနတ် ၏ သား တိဗနိ နောက် သို့ လိုက်သော သူ တို့ကို နိုင် သဖြင့် ၊ တိဗနိ သေ ၍ ဩမရိ သည် နန်း ထိုင်လေ၏။
Amma mabiyan Omri suka nuna sun fi na Tibni ɗan Ginat ƙarfi. Sai Tibni ya mutu, Omri kuwa ya zama sarki.
23 ၂၃ ယုဒ ရှင်ဘုရင် အာသ နန်းစံသုံး ဆယ်တ နှစ် တွင် ၊ ဩမရိ သည် နန်း ထိုင်၍ ဣသရေလ နိုင်ငံကို တဆယ် နှစ် နှစ် စိုးစံ၏။ တိရဇ မြို့၌ ခြောက် နှစ် စိုးစံ ပြီးမှ၊
A shekara ta talatin da ɗaya na Asa sarkin Yahuda, Omri ya zama sarkin Isra’ila, ya kuma yi mulki shekara goma sha biyu, shekaru shida a Tirza.
24 ၂၄ ရှမာရိ တောင် ကို တောင်ရှင်ရှမေရ ၌ ငွေ အခွက် နှစ်ဆယ်နှင့် ဝယ် ၍ တောင် ပေါ် မှာ မြို့ကိုတည် ၏။ ထိုမြို့ ကို တောင် ရှင် ရှမေရ အမည် ကို အစွဲပြုသဖြင့်၊ ရှမာရိ မြို့ ဟူ၍သမုတ် လေ၏။
Ya saya tudun Samariya daga Shemer, a bakin talentin biyu na azurfa, ya kuma gina birni a kan tudun, ya kira shi Samariya, bayan Shemer, sunan mai tudun a dā.
25 ၂၅ ဩမရိ သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သဖြင့် ၊ မိမိ ရှေ့ မှာ ဖြစ်ဘူးသော သူအပေါင်း ထက် သာ၍ဆိုးညစ် ၏။
Amma Omri ya yi mugunta a gaban Ubangiji, ya kuma yi zunubi fiye da dukan waɗanda suka kasance kafin shi.
26 ၂၆ နေဗတ် ၏သား ယေရောဗောင် လိုက် သောလမ်း ၊ ဣသရေလ အမျိုးသည် မိစ္ဆာ ဒိဌိအားဖြင့် မိမိတို့ဘုရားသခင် ထာဝရဘုရား ၏အမျက် တော်ကို နှိုးဆော်၍၊ ပြစ်မှား စေသော ဒုစရိုက် အပြစ်လမ်းသို့ လိုက်လေ၏။
Ya yi tafiya a dukan hanyoyin Yerobowam ɗan Nebat da kuma cikin zunubinsa wanda ya sa Isra’ila suka yi, har suka tsokane Ubangiji, Allah na Isra’ila yă yi fushi ta wurin gumakansu marasa amfani.
27 ၂၇ ဩမရိ ပြုမူ သော အမှုအရာ ကြွင်း သမျှတို့နှင့် တန်ခိုး ကြီးခြင်းအရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
Game da sauran ayyukan mulkin Omri, abin da ya yi, da kuma abubuwan da ya yi, duk a rubuce suke a cikin littafin tarihin sarakunan Isra’ila.
28 ၂၈ ဩမရိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာဟပ် သည် ခမည်းတော် အရာ ၌နန်း ထိုင်၏။
Omri ya huta tare da kakanninsa, aka kuma binne shi a Samariya. Sai Ahab ya gāje shi a matsayin sarki.
29 ၂၉ ယုဒ ရှင်ဘုရင် အာသ နန်းစံသုံး ဆယ်ရှစ် နှစ် တွင် ၊ ဩမရိ သား အာဟပ် သည်ရှမာရိ မြို့၌ ဣသရေလ မင်းပြု ၍၊ ဣသရေလ နိုင်ငံကို နှစ် ဆယ်နှစ် နှစ် စိုးစံ ၏။
A shekara ta talatin da takwas ta Asa sarkin Yahuda, Ahab ɗan Omri ya zama sarkin Isra’ila, ya kuma yi mulki a Samariya a kan Isra’ila, shekara ashirin da biyu.
30 ၃၀ ဩမရိ သား အာဟပ် သည် မိမိ ရှေ့ မှာ ဖြစ်ဘူးသောသူအပေါင်း တို့ထက် ထာဝရဘုရား ရှေ့ တော်၌သာ၍ ဒုစရိုက် ကိုပြု ၏။
Ahab ɗan Omri ya yi mugunta sosai a gaban Ubangiji fiye da wani daga cikin waɗanda suka riga shi.
31 ၃၁ နေဗတ် ၏သား ယေရောဗောင် ပြုသောဒုစရိုက် အပြစ်လမ်းသို့သာလိုက် လျှင် ၊ သာမညအပြစ်ရောက်မည် ဟု ထင်မှတ်လျက်၊ ဇိဒုန် မင်းကြီး ဧသဗာလ သမီး ယေဇဗေလ နှင့်စုံဘက် ၍ ၊ ဗာလ ဘုရားကို ဝတ်ပြု ကိုးကွယ် ၏။
Bai zama masa wani abu mai wuya ba, yă yi zunuban Yerobowam ɗan Nebat, har ma ya auri Yezebel’yar Etba’al sarkin Sidoniyawa, ya kuma fara bauta wa Ba’al, ya yi masa sujada.
32 ၃၂ ရှမာရိ မြို့တွင် ဗာလ ဘုရား၏ ဗိမာန် ၌ ဗာလ ဘုရားအဘို့ ယဇ် ပလ္လင်ကိုတည် ၏။
Ya kafa bagade domin Ba’al a haikalin Ba’al da ya gina a Samariya.
33 ၃၃ အာရှရ ပင်ကိုလည်းပြုစု ၍ ၊ မိမိ ရှေ့ မှာ ဖြစ် ဘူးသော ဣသရေလ ရှင် ဘုရင်အပေါင်း တို့ထက် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ၏အမျက် တော်ကို နှိုးဆော်ခြင်းငှါ သာ၍ ပြု ၏။
Ahab ya gina ginshiƙin Ashera, ya kuma aikata abubuwa masu yawa don yă tsokane Ubangiji, Allah na Isra’ila yă yi fushi fiye da dukan sarakunan Isra’ila da suka riga shi.
34 ၃၄ အာဟပ်လက်ထက် ၌ ဗေသလ မြို့သားဟိဧလ သည် ယေရိခေါ မြို့ကို တည် ၏။ ထာဝရဘုရား သည် နုန် ၏သား ယောရှု အားဖြင့် မိန့် တော်မူသော စကား နှင့်အညီ ၊ သားဦး အဘိရံ လက်ထက်၌ မြို့ရိုးအမြစ်ကိုတည် ၍ ၊ သားထွေး စေဂုပ် လက်ထက်၌ မြို့တံခါး တို့ကို ထောင် ၏။
A lokaci Ahab ne, Hiyel mutumin Betel ya sāke gina Yeriko. Ya kafa tushensa a bakin ran ɗan farinsa Abiram, ya kuma kafa ƙofofinsa a bakin ran autansa Segub, bisa ga maganar Ubangiji da ya yi ta wurin Yoshuwa ɗan Nun.

< ၃ ဓမ္မရာဇဝင် 16 >