< ၃ ဓမ္မရာဇဝင် 15 >

1
And in the eighteenth yeere of King Ieroboam the sonne of Nebat, reigned Abiiam ouer Iudah.
2 နေဗတ် ၏သား ယေရောဗောင် မင်းကြီး နန်းစံတဆယ် ရှစ် နှစ် တွင် ၊ အဘိယ သည် ယေရုရှလင် မြို့၌ မင်းပြု ၍၊ ယုဒ ပြည်ကို သုံး နှစ် စိုးစံ ၏။ မယ်တော် ကား၊ အဘရှလုံ ၏ သမီး မာခါ အမည် ရှိ၏။
Three yeere reigned hee in Ierusalem, and his mothers name was Maachah the daughter of Abishalom.
3 ခမည်းတော် ပြုသောဒုစရိုက် ကို ပြု မြဲပြု၍ ၊ ဘေး တော်ဒါဝိဒ် ကဲ့သို့ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စိတ် နှလုံးစုံလင် သည်မ ဟုတ်။
And hee walked in all the sinnes of his father, which hee had done before him: and his heart was not perfit with the Lord his God as the heart of Dauid his father.
4 သို့သော်လည်း ဒါဝိဒ် ၏မျက်နှာကိုထောက်၍ ၊ သူ ၏ဘုရားသခင် ထာဝရဘုရား သည် ဆွေ တော်မျိုးတော် ကို ချီးမြှောက် ၍၊ ယေရုရှလင် မြို့ကို တည် စေသဖြင့် ၊ ထိုမြို့ ၌ ဒါဝိဒ်၏မီးခွက် ကို ထွန်းလင်းစေတော်မူ၏။
But for Dauids sake did the Lord his God giue him a light in Ierusalem, and set vp his sonne after him, and established Ierusalem,
5 အကြောင်း မူကား၊ ဒါဝိဒ် သည် ဟိတ္တိ အမျိုး ဥရိယ အမှု ကိုထားလျှင်၊ တသက်လုံး ထာဝရဘုရားမှာ ထား တော်မူသော အမှု တစုံတခုကိုမျှ မ ရှောင် ၊ ရှေ့ တော်၌ တရား သဖြင့် ကျင့် သောအကြောင်းတည်း။
Because Dauid did that which was right in the sight of the Lord, and turned from nothing that he commanded him, all the dayes of his life, saue onely in the matter of Vriah the Hittite.
6 ရောဗောင် သား အဘိယနှင့် ယေရောဗောင် တို့သည် အသက် ရှည်သမျှ ကာလပတ်လုံး ရန်ဘက် ပြု ကြ၏။
And there was warre betweene Rehoboam and Ieroboam as long as he liued.
7 အဘိယ ပြုမူ သော အမှုအရာ ကြွင်း သမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။
The rest also of the actes of Abiiam, and all that he did, are they not written in the booke of the Chronicles of the Kings of Iudah? there was also warre betweene Abiiam, and Ieroboam.
8 အဘိယ သည်ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာသ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
And Abiiam slept with his fathers, and they buried him in the citie of Dauid: and Asa his sonne reigned in his steade.
9 ဣသရေလ ရှင်ဘုရင် ယေရောဗောင် နန်းစံနှစ် ဆယ်တွင် ၊ အာသ သည် ယေရုရှလင် မြို့၌ လေး ဆယ်တ နှစ် မင်းပြု ၍ ယုဒ ပြည်ကို စိုးစံ လေ၏။
And in the twentie yeere of Ieroboam King of Israel reigned Asa ouer Iudah.
10 ၁၀ အဘွားတော်ကား၊ အဘရှလုံ ၏သမီး မာခါ ဖြစ်၏။
He reigned in Ierusalem one and fourtie yeere, and his mothers name was Maachah the daughter of Abishalom.
11 ၁၁ အာသ သည် အဘိ တော်ဒါဝိဒ် ပြုသကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ တရား သဖြင့်ပြု ၏။
And Asa did right in the eyes of the Lord, as did Dauid his father.
12 ၁၂ ယောက်ျားအလိုသို့ လိုက်တတ်သောမိန်းမလျှာ တို့ကို၎င်း ၊ ဘိုး တော်ဘေးတော်လုပ် သော ရုပ်တု ရှိသမျှ တို့ကို၎င်း၊ ပြည် တော်ထဲက ပယ်ရှား တော်မူ၏။
And he tooke away the Sodomites out of the lande, and put away all the idoles that his fathers had made.
13 ၁၃ အဘွားတော်မာခါ သည် အာရှရ ပင်အဘို့ ရုပ်တု ကိုလုပ် သောကြောင့် ၊ မိဖုရား အရာကိုနှုတ် ၍ ၊ ရုပ်တု ကို ဖျက်ဆီး ပြီးလျှင် ၊ ကေဒြုန် ချောင်း နား မှာ မီးရှို့ တော်မူ၏။
And he put downe Maachah his mother also from her estate, because shee had made an idole in a groue: and Asa destroyed her idoles, and burnt them by the brooke Kidron.
14 ၁၄ မြင့် သောအရပ်တို့ကို မ ပယ်ရှား သော်လည်း ၊ လက်ထက်တော် ကာလ ပတ်လုံး၊ အာသ စိတ် နှလုံးသည် ထာဝရဘုရား ရှေ့ တော်၌ စုံလင် ခြင်းရှိ ၏။
But they put not downe the hie places. Neuertheles Asas heart was vpright with the Lord all his dayes.
15 ၁၅ ခမည်းတော် လှူ သောဥစ္စာ၊ ကိုယ်တိုင်လှူ သော ဥစ္စာ၊ ရွှေ ၊ ငွေ ၊ တန်ဆာ များကို ဗိမာန် တော်ထဲသို့ သွင်း တော်မူ၏။
Also he brought in the holy vessels of his father, and the things that he had dedicated vnto ye house of the Lord, siluer, and golde, and vessels.
16 ၁၆ အာသ နှင့် ဣသရေလ ရှင်ဘုရင် ဗာရှာ တို့သည် အသက်ရှည်သမျှ ကာလ ပတ်လုံး ရန်ဘက် ပြု ကြ၏။
And there was warre betweene Asa and Baasha King of Israel all their dayes.
17 ၁၇ ဣသရေလ ရှင်ဘုရင် ဗာရှာ သည် ယုဒ ပြည်သို့ စစ်ချီ ၍ ၊ ယုဒ ရှင်ဘုရင် အာသ ထံ သို့အဘယ်သူမျှမ ထွက် မဝင်စေခြင်းငှါရာမ မြို့ကို တည် ၏။
Then Baasha king of Israel went vp against Iudah, and buylt Ramah, so that he woulde let none go out or in to Asa King of Iudah.
18 ၁၈ ထိုအခါ ကျန်ကြွင်း သော ဗိမာန် တော်ဘဏ္ဍာ နှင့် နန်း တော်ဘဏ္ဍာ တည်းဟူသောရွှေ ငွေ ရှိသမျှ ကို အာသ သည်ယူ ၍ မိမိ ကျွန် တို့၌ အပ် သဖြင့် ၊ ဒမာသက် မြို့မှာ နေ သောရှုရိ ရှင်ဘုရင် ရေဇုန် သား တာဗရိမုန် ၏သား ဗင်္ဟာဒဒ် ထံ သို့ပေး လိုက်၍၊
Then Asa tooke all the siluer and the gold that was left in the treasures of the house of the Lord, and the treasures of the kings house, and deliuered them into the handes of his seruantes, and King Asa sent them to Ben-hadad the sonne of Tabrimon, the sonne of Hezion king of Aram that dwelt at Damascus, saying,
19 ၁၉ ငါ သည်သင် နှင့် ၎င်း၊ ငါ့ ခမည်းတော် သည် သင့် ခမည်းတော် နှင့်၎င်း၊ မိဿဟာယ ဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေ ငွေ ကို ငါလက်ဆောင် ပေး လိုက်၏။ ဣသရေလ ရှင်ဘုရင် ဗာရှာ သည် ငါ့ ထံမှ ထွက်သွား စေခြင်းငှါ ၊ သူနှင့် ဖွဲ့သော မိဿဟာယ ကို ဖျက် ၍လာ ပါဟု မှာ လိုက်လေ၏။
There is a couenant betweene me and thee, and betweene my father and thy father: behold, I haue sent vnto thee a present of siluer and golde: come, breake thy couenant with Baasha King of Israel, that he may depart from me.
20 ၂၀ အာသ မင်းကြီး ၏ စကားကို ဗင်္ဟာဒဒ် သည် နားထောင် ၍ ၊ ဣသရေလ မြို့ ရွာတို့ကို စစ်ချီစေခြင်းငှါမိမိ ဗိုလ် များကို စေလွှတ် သဖြင့် ၊ သူတို့သည် ဣယုန် မြို့၊ ဒန် မြို့၊ အာဗေလဗက်မာခါ မြို့မှစ၍ ဂင်္နေသရက် ပြည်လုံး ၊ နဿလိ ပြည် လုံး ကို လုပ်ကြံ ကြ၏။
So Ben-hadad hearkened vnto King Asa, and sent the captaines of the hosts, which he had, against the cities of Israel, and smote lion, and Dan, and Abel-beth-maachah, and all Cinneroth, with all the land of Naphtali.
21 ၂၁ ထိုသိတင်းကို ဗာရှာ သည် ကြား သောအခါ ၊ ရာမ မြို့ကို လက်စ မသတ်ဘဲ တိရဇ မြို့၌ နေ ရ၏။
And when Baasha heard thereof, hee left buylding of Ramah, and dwelt in Tirzah.
22 ၂၂ ထိုအခါ အာသ မင်းကြီး သည် ယုဒ ပြည် တရှောက်လုံး တွင် အမိန့် တော်ကို ကြော်ငြာစေသဖြင့်၊ ပြည်သားတယောက် မျှ မလွတ် ၊ ရှိသမျှတို့သည် ရာမ မြို့၌ ဗာရှာ မင်းသွင်းသော ကျောက် နှင့် သစ်သား ကိုယူသွား ကြ၍ ၊ အာသ မင်းကြီး သည် ဗင်္ယာမိန် ခရိုင်၌ ဂေဘ မြို့နှင့် မိဇပါ မြို့ကို တည် ၏။
Then king Asa assembled al Iudah, none excepted. and they tooke the stones of Ramah, and the timber thereof, wherewith Baasha had buylt, and King Asa built with them Geba of Beniamin and Mizpah.
23 ၂၃ အာသ မင်းပြုမူ သော အမှုအရာ ကြွင်း သမျှ နှင့် တန်ခိုး ကြီးခြင်း၊ မြို့ များကိုတည် ခြင်းအရာတို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။ သို့ရာတွင် အသက် ကြီးသောအခါခြေ တော်၌ အနာ ရောဂါစွဲသဖြင့်၊
And the rest of all the actes of Asa, and all his might, and all that he did, and the cities which he buylt, are they not written in the booke of the Chronicles of the Kings of Iudah? but in his olde age he was diseased in his feete.
24 ၂၄ ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ အဘိ တော်ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ သား တော်ယောရှဖတ် သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
And Asa slept with his fathers, and was buried with his fathers in the citie of Dauid his father. And Iehoshaphat his sonne reigned in his steade.
25 ၂၅ ယုဒ ရှင်ဘုရင် အာသ နန်းစံနှစ် နှစ် တွင် ၊ ယေရောဗောင် သား နာဒဒ် သည် ဣသရေလ နိုင်ငံ၌ မင်းပြု ၍ နှစ် နှစ်စိုးစံ ၏။
And Nadab the sonne of Ieroboam began to reigne ouer Israel the second yere of Asa King of Iudah, and reigned ouer Israel two yeere.
26 ၂၆ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ခမည်းတော် လိုက် သောလမ်း ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော လမ်းသို့ လိုက်လေ၏။
And he did euill in the sight of the Lord, walking in the way of his father, and in his sinne wherewith he made Israel to sinne.
27 ၂၇ ဣသခါ အမျိုး ၊ အဟိယ သား ဗာရှာ သည် သင်းဖွဲ့ ၍ ၊ နာဒဒ် မင်းနှင့် ဣသရေလ အမျိုးသားအပေါင်း တို့သည် ဖိလိတ္တိ ပြည် ဂိဗေသုန် မြို့ကို ဝိုင်းထား ကြစဉ်၊
And Baasha the sonne of Ahijah of ye house of Issachar conspired against him, and Baasha slue him at Gibbethon, which belonged to the Philistims: for Nadab and all Israel layde siege to Gibbethon.
28 ၂၈ ယုဒ ရှင်ဘုရင် အာသ နန်းစံသုံး နှစ် တွင် ၊ ဗာရှာ သည် နာဒဒ်မင်းကို လုပ်ကြံ ၍ နန်း ထိုင်လေ၏။
Euen in the third yeere of Asa King of Iudah did Baasha slay him, and reigned in his steade.
29 ၂၉ နန်း ထိုင်သောအခါ ယေရောဗောင် အမျိုး ရှိသမျှ ကိုလည်း လုပ်ကြံ ၏။ ထာဝရဘုရား သည် မိမိ ကျွန် ၊ ရှိလော မြို့သားအဟိယ အားဖြင့် မိန့် တော်မူသည် အတိုင်း ၊ ယေရောဗောင် အမျိုးကို မဖျက် မှီတိုင်အောင် ၊ အသက်ရှူ သောသူတယောက် ကိုမျှ မ ချန် မထား။
And when he was King, he smote all the house of Ieroboam, he left none aliue to Ieroboam, vntill hee had destroyed him, according to the word of the Lord which he spake by his seruant Ahijah the Shilonite,
30 ၃၀ အကြောင်း မူကား၊ ယေရောဗောင် သည် ကိုယ်တိုင်ပြစ်မှား သော အပြစ် နှင့် ဣသရေလ အမျိုးကိုလည်း ပြစ်မှား စေသော အပြစ်အားဖြင့်၊ ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏အမျက် တော်ကို နှိုးဆော်သောအကြောင်းတည်း။
Because of the sinnes of Ieroboam which he committed, and wherewith he made Israel to sinne, by his prouocation, wherewith he prouoked the Lord God of Israel.
31 ၃၁ နာဒဒ် မင်းပြုမူ သော အမှုအရာ ကြွင်း သမျှ တို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
And the residue of the actes of Nadab, and all that he did, are they not written in the booke of the Chronicles of the Kings of Israel?
32 ၃၂ အာသ နှင့် ဣသရေလ ရှင်ဘုရင် ဗာရှာ တို့သည် အသက်ရှည်သမျှ ကာလ ပတ်လုံး ရန်ဘက် ပြု ကြ၏။
And there was warre betweene Asa and Baasha King of Israel, all their dayes.
33 ၃၃ ယုဒ ရှင်ဘုရင် အာသ နန်းစံသုံး နှစ် တွင် ၊ အဟိယ သား ဗာရှာ သည် တိရဇ မြို့မှာ မင်းပြု၍၊ ဣသရေလ နိုင်ငံကို နှစ် ဆယ်လေး နှစ် စိုးစံ ၏။
In the thirde yeere of Asa King of Iudah, began Baasha the sonne of Ahijah to reigne ouer all Israel in Tirzah, and reigned foure and twentie yeeres.
34 ၃၄ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ယေရောဗောင် လိုက်သောလမ်း ၊ ဣသရေလ အမျိုးကိုပြစ်မှား စေသော လမ်းသို့ လိုက် လေ၏။
And he did euill in the sight of the Lord, walking in the way of Ieroboam, and in his sinne, wherewith he made Israel to sinne.

< ၃ ဓမ္မရာဇဝင် 15 >