< ၃ ဓမ္မရာဇဝင် 15 >
And in the eighteenth year of king Jeroboam the son of Nebat began Abijam to reign over Judah.
2 ၂ နေဗတ် ၏သား ယေရောဗောင် မင်းကြီး နန်းစံတဆယ် ရှစ် နှစ် တွင် ၊ အဘိယ သည် ယေရုရှလင် မြို့၌ မင်းပြု ၍၊ ယုဒ ပြည်ကို သုံး နှစ် စိုးစံ ၏။ မယ်တော် ကား၊ အဘရှလုံ ၏ သမီး မာခါ အမည် ရှိ၏။
He reigned three years in Jerusalem; and his mother's name was Maachah, a daughter of Abishalom.
3 ၃ ခမည်းတော် ပြုသောဒုစရိုက် ကို ပြု မြဲပြု၍ ၊ ဘေး တော်ဒါဝိဒ် ကဲ့သို့ မိမိ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စိတ် နှလုံးစုံလင် သည်မ ဟုတ်။
And he walked in all the sins of his father, which he had done before him; and his heart was not perfect with Jehovah his God, as the heart of David his father.
4 ၄ သို့သော်လည်း ဒါဝိဒ် ၏မျက်နှာကိုထောက်၍ ၊ သူ ၏ဘုရားသခင် ထာဝရဘုရား သည် ဆွေ တော်မျိုးတော် ကို ချီးမြှောက် ၍၊ ယေရုရှလင် မြို့ကို တည် စေသဖြင့် ၊ ထိုမြို့ ၌ ဒါဝိဒ်၏မီးခွက် ကို ထွန်းလင်းစေတော်မူ၏။
But for David's sake Jehovah his God gave him a lamp in Jerusalem, setting up his son after him, and establishing Jerusalem;
5 ၅ အကြောင်း မူကား၊ ဒါဝိဒ် သည် ဟိတ္တိ အမျိုး ဥရိယ အမှု ကိုထားလျှင်၊ တသက်လုံး ထာဝရဘုရားမှာ ထား တော်မူသော အမှု တစုံတခုကိုမျှ မ ရှောင် ၊ ရှေ့ တော်၌ တရား သဖြင့် ကျင့် သောအကြောင်းတည်း။
because David did that which was right in the sight of Jehovah, and turned not aside from anything that he commanded him all the days of his life, except in the matter of Urijah the Hittite.
6 ၆ ရောဗောင် သား အဘိယနှင့် ယေရောဗောင် တို့သည် အသက် ရှည်သမျှ ကာလပတ်လုံး ရန်ဘက် ပြု ကြ၏။
And there had been war between Rehoboam and Jeroboam all the days of his life.
7 ၇ အဘိယ ပြုမူ သော အမှုအရာ ကြွင်း သမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။
And the rest of the acts of Abijam, and all that he did, are they not written in the book of the chronicles of the kings of Judah? And there was war between Abijam and Jeroboam.
8 ၈ အဘိယ သည်ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အာသ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
And Abijam slept with his fathers; and they buried him in the city of David. And Asa his son reigned in his stead.
9 ၉ ဣသရေလ ရှင်ဘုရင် ယေရောဗောင် နန်းစံနှစ် ဆယ်တွင် ၊ အာသ သည် ယေရုရှလင် မြို့၌ လေး ဆယ်တ နှစ် မင်းပြု ၍ ယုဒ ပြည်ကို စိုးစံ လေ၏။
And in the twentieth year of Jeroboam king of Israel, Asa began to reign over Judah;
10 ၁၀ အဘွားတော်ကား၊ အဘရှလုံ ၏သမီး မာခါ ဖြစ်၏။
and he reigned forty-one years in Jerusalem; and his mother's name was Maachah, daughter of Abishalom.
11 ၁၁ အာသ သည် အဘိ တော်ဒါဝိဒ် ပြုသကဲ့သို့ ထာဝရဘုရား ရှေ့ တော်၌ တရား သဖြင့်ပြု ၏။
And Asa did what was right in the sight of Jehovah, as David his father.
12 ၁၂ ယောက်ျားအလိုသို့ လိုက်တတ်သောမိန်းမလျှာ တို့ကို၎င်း ၊ ဘိုး တော်ဘေးတော်လုပ် သော ရုပ်တု ရှိသမျှ တို့ကို၎င်း၊ ပြည် တော်ထဲက ပယ်ရှား တော်မူ၏။
And he put away the sodomites out of the land, and removed all the idols that his father had made.
13 ၁၃ အဘွားတော်မာခါ သည် အာရှရ ပင်အဘို့ ရုပ်တု ကိုလုပ် သောကြောင့် ၊ မိဖုရား အရာကိုနှုတ် ၍ ၊ ရုပ်တု ကို ဖျက်ဆီး ပြီးလျှင် ၊ ကေဒြုန် ချောင်း နား မှာ မီးရှို့ တော်မူ၏။
And also Maachah his mother he removed from being queen, because she had made an idol for the Asherah; and Asa cut down her idol, and burned it in the valley of Kidron.
14 ၁၄ မြင့် သောအရပ်တို့ကို မ ပယ်ရှား သော်လည်း ၊ လက်ထက်တော် ကာလ ပတ်လုံး၊ အာသ စိတ် နှလုံးသည် ထာဝရဘုရား ရှေ့ တော်၌ စုံလင် ခြင်းရှိ ၏။
But the high places were not removed; only, Asa's heart was perfect with Jehovah all his days.
15 ၁၅ ခမည်းတော် လှူ သောဥစ္စာ၊ ကိုယ်တိုင်လှူ သော ဥစ္စာ၊ ရွှေ ၊ ငွေ ၊ တန်ဆာ များကို ဗိမာန် တော်ထဲသို့ သွင်း တော်မူ၏။
And he brought into the house of Jehovah the things which his father had dedicated, and the things which he himself had dedicated, silver and gold and vessels.
16 ၁၆ အာသ နှင့် ဣသရေလ ရှင်ဘုရင် ဗာရှာ တို့သည် အသက်ရှည်သမျှ ကာလ ပတ်လုံး ရန်ဘက် ပြု ကြ၏။
And there was war between Asa and Baasha king of Israel all their days.
17 ၁၇ ဣသရေလ ရှင်ဘုရင် ဗာရှာ သည် ယုဒ ပြည်သို့ စစ်ချီ ၍ ၊ ယုဒ ရှင်ဘုရင် အာသ ထံ သို့အဘယ်သူမျှမ ထွက် မဝင်စေခြင်းငှါရာမ မြို့ကို တည် ၏။
And Baasha king of Israel came up against Judah, and built Ramah, in order to let none go out or come in to Asa king of Judah.
18 ၁၈ ထိုအခါ ကျန်ကြွင်း သော ဗိမာန် တော်ဘဏ္ဍာ နှင့် နန်း တော်ဘဏ္ဍာ တည်းဟူသောရွှေ ငွေ ရှိသမျှ ကို အာသ သည်ယူ ၍ မိမိ ကျွန် တို့၌ အပ် သဖြင့် ၊ ဒမာသက် မြို့မှာ နေ သောရှုရိ ရှင်ဘုရင် ရေဇုန် သား တာဗရိမုန် ၏သား ဗင်္ဟာဒဒ် ထံ သို့ပေး လိုက်၍၊
And Asa took all the silver and the gold that were left in the treasures of the house of Jehovah, and in the treasures of the king's house, and gave them into the hand of his servants; and king Asa sent them to Ben-Hadad, the son of Tabrimmon, the son of Hezion, king of Syria, who dwelt at Damascus, saying,
19 ၁၉ ငါ သည်သင် နှင့် ၎င်း၊ ငါ့ ခမည်းတော် သည် သင့် ခမည်းတော် နှင့်၎င်း၊ မိဿဟာယ ဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေ ငွေ ကို ငါလက်ဆောင် ပေး လိုက်၏။ ဣသရေလ ရှင်ဘုရင် ဗာရှာ သည် ငါ့ ထံမှ ထွက်သွား စေခြင်းငှါ ၊ သူနှင့် ဖွဲ့သော မိဿဟာယ ကို ဖျက် ၍လာ ပါဟု မှာ လိုက်လေ၏။
There is a league between me and thee, [as] between my father and thy father; behold, I send thee a present of silver and gold: go, break thy league with Baasha king of Israel, that he may depart from me.
20 ၂၀ အာသ မင်းကြီး ၏ စကားကို ဗင်္ဟာဒဒ် သည် နားထောင် ၍ ၊ ဣသရေလ မြို့ ရွာတို့ကို စစ်ချီစေခြင်းငှါမိမိ ဗိုလ် များကို စေလွှတ် သဖြင့် ၊ သူတို့သည် ဣယုန် မြို့၊ ဒန် မြို့၊ အာဗေလဗက်မာခါ မြို့မှစ၍ ဂင်္နေသရက် ပြည်လုံး ၊ နဿလိ ပြည် လုံး ကို လုပ်ကြံ ကြ၏။
And Ben-Hadad hearkened to king Asa, and sent the captains of his forces against the cities of Israel, and smote Ijon, and Dan, and Abel-Beth-Maachah, and all Kinneroth, with all the land of Naphtali.
21 ၂၁ ထိုသိတင်းကို ဗာရှာ သည် ကြား သောအခါ ၊ ရာမ မြို့ကို လက်စ မသတ်ဘဲ တိရဇ မြို့၌ နေ ရ၏။
And it came to pass when Baasha heard of it, that he left off building Ramah, and dwelt in Tirzah.
22 ၂၂ ထိုအခါ အာသ မင်းကြီး သည် ယုဒ ပြည် တရှောက်လုံး တွင် အမိန့် တော်ကို ကြော်ငြာစေသဖြင့်၊ ပြည်သားတယောက် မျှ မလွတ် ၊ ရှိသမျှတို့သည် ရာမ မြို့၌ ဗာရှာ မင်းသွင်းသော ကျောက် နှင့် သစ်သား ကိုယူသွား ကြ၍ ၊ အာသ မင်းကြီး သည် ဗင်္ယာမိန် ခရိုင်၌ ဂေဘ မြို့နှင့် မိဇပါ မြို့ကို တည် ၏။
And king Asa called together all Judah: none was exempted; and they carried away the stones and the timber from Ramah, with which Baasha had been building; and king Asa built with them Geba of Benjamin, and Mizpah.
23 ၂၃ အာသ မင်းပြုမူ သော အမှုအရာ ကြွင်း သမျှ နှင့် တန်ခိုး ကြီးခြင်း၊ မြို့ များကိုတည် ခြင်းအရာတို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။ သို့ရာတွင် အသက် ကြီးသောအခါခြေ တော်၌ အနာ ရောဂါစွဲသဖြင့်၊
And the rest of all the acts of Asa, and all his might, and all that he did, and the cities that he built, are they not written in the book of the chronicles of the kings of Judah? Only, in the time of his old age he was diseased in his feet.
24 ၂၄ ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ အဘိ တော်ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံလေ၏။ သား တော်ယောရှဖတ် သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
And Asa slept with his fathers, and was buried with his fathers in the city of David his father. And Jehoshaphat his son reigned in his stead.
25 ၂၅ ယုဒ ရှင်ဘုရင် အာသ နန်းစံနှစ် နှစ် တွင် ၊ ယေရောဗောင် သား နာဒဒ် သည် ဣသရေလ နိုင်ငံ၌ မင်းပြု ၍ နှစ် နှစ်စိုးစံ ၏။
And Nadab the son of Jeroboam began to reign over Israel in the second year of Asa king of Judah; and he reigned over Israel two years.
26 ၂၆ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ခမည်းတော် လိုက် သောလမ်း ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော လမ်းသို့ လိုက်လေ၏။
And he did evil in the sight of Jehovah, and walked in the way of his father, and in his sin with which he made Israel sin.
27 ၂၇ ဣသခါ အမျိုး ၊ အဟိယ သား ဗာရှာ သည် သင်းဖွဲ့ ၍ ၊ နာဒဒ် မင်းနှင့် ဣသရေလ အမျိုးသားအပေါင်း တို့သည် ဖိလိတ္တိ ပြည် ဂိဗေသုန် မြို့ကို ဝိုင်းထား ကြစဉ်၊
And Baasha the son of Ahijah, of the house of Issachar, conspired against him; and Baasha smote him at Gibbethon, which [belonged] to the Philistines, when Nadab and all Israel were besieging Gibbethon.
28 ၂၈ ယုဒ ရှင်ဘုရင် အာသ နန်းစံသုံး နှစ် တွင် ၊ ဗာရှာ သည် နာဒဒ်မင်းကို လုပ်ကြံ ၍ နန်း ထိုင်လေ၏။
And Baasha slew him in the third year of Asa king of Judah, and reigned in his stead.
29 ၂၉ နန်း ထိုင်သောအခါ ယေရောဗောင် အမျိုး ရှိသမျှ ကိုလည်း လုပ်ကြံ ၏။ ထာဝရဘုရား သည် မိမိ ကျွန် ၊ ရှိလော မြို့သားအဟိယ အားဖြင့် မိန့် တော်မူသည် အတိုင်း ၊ ယေရောဗောင် အမျိုးကို မဖျက် မှီတိုင်အောင် ၊ အသက်ရှူ သောသူတယောက် ကိုမျှ မ ချန် မထား။
And it came to pass when he was king, he smote all the house of Jeroboam; he left to Jeroboam none that breathed; until he had destroyed him, according to the word of Jehovah which he spoke by his servant Ahijah the Shilonite,
30 ၃၀ အကြောင်း မူကား၊ ယေရောဗောင် သည် ကိုယ်တိုင်ပြစ်မှား သော အပြစ် နှင့် ဣသရေလ အမျိုးကိုလည်း ပြစ်မှား စေသော အပြစ်အားဖြင့်၊ ဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏အမျက် တော်ကို နှိုးဆော်သောအကြောင်းတည်း။
because of the sins of Jeroboam which he sinned, and wherewith he made Israel to sin; by his provocation with which he provoked Jehovah the God of Israel to anger.
31 ၃၁ နာဒဒ် မင်းပြုမူ သော အမှုအရာ ကြွင်း သမျှ တို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
And the rest of the acts of Nadab, and all that he did, are they not written in the book of the chronicles of the kings of Israel?
32 ၃၂ အာသ နှင့် ဣသရေလ ရှင်ဘုရင် ဗာရှာ တို့သည် အသက်ရှည်သမျှ ကာလ ပတ်လုံး ရန်ဘက် ပြု ကြ၏။
And there was war between Asa and Baasha king of Israel all their days.
33 ၃၃ ယုဒ ရှင်ဘုရင် အာသ နန်းစံသုံး နှစ် တွင် ၊ အဟိယ သား ဗာရှာ သည် တိရဇ မြို့မှာ မင်းပြု၍၊ ဣသရေလ နိုင်ငံကို နှစ် ဆယ်လေး နှစ် စိုးစံ ၏။
In the third year of Asa king of Judah began Baasha the son of Ahijah to reign over all Israel in Tirzah, for twenty-four years.
34 ၃၄ ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ယေရောဗောင် လိုက်သောလမ်း ၊ ဣသရေလ အမျိုးကိုပြစ်မှား စေသော လမ်းသို့ လိုက် လေ၏။
And he did evil in the sight of Jehovah, and walked in the way of Jeroboam, and in his sin where with he made Israel to sin.