< ၃ ဓမ္မရာဇဝင် 14 >

1 ထိုအခါ ယေရောဗောင် ၏သား အဘိယ သည် နာ သောကြောင့်၊
Wakati ule Abiya mwana wa Yeroboamu akaugua,
2 ယေရောဗောင် သည် မိမိ မယား ကိုခေါ်၍၊ သင် သည် ယေရောဗောင် ၏ မယား ဖြစ်သည်ကို အဘယ်သူမျှမ သိ စေခြင်းငှါခြားနား သော အဆင်းအရောင်ကို ဆောင်ပြီးလျှင် ၊ ရှိလော မြို့သို့ ထ သွား ပါလော့။ ငါသည် ဤ လူမျိုး ကို စိုးစံ ရမည်အကြောင်း ကို ပြ သော ပရောဖက် အဟိယ သည် ထို မြို့၌ရှိ ၏။
naye Yeroboamu akamwambia mke wake, “Nenda ukajibadilishe, ili watu wasijue kwamba wewe ni mke wa Yeroboamu. Kisha uende Shilo. Nabii Ahiya yuko huko, yule aliyeniambia kuwa nitakuwa mfalme juu ya watu hawa.
3 မုန့် ဆယ် လုံး၊ မုန့်ပြား အချို့၊ ပျားရည် ဘူး ကို ဆောင် လျက် ပရောဖက် ထံ သို့သွား ပါလော့။ သူငယ် ၌ အဘယ်သို့ ဖြစ် မည်ကို သူ ဟော လိမ့်မည်ဟု မှာ ထားသည် အတိုင်း၊
Chukua mikate kumi, maandazi kadhaa na gudulia la asali na umwendee. Atakuambia kitakachotokea kwa kijana.”
4 ယေရောဗောင် မယား သည် ထ ၍ ရှိလော မြို့၌ အဟိယ အိမ် သို့ သွား လေ၏။ ထိုအခါ အဟိယ သည် အသက် ကြီးသောကြောင့် မျက်စိ မ မြင် ၊ မှုန် လျက်ရှိ၏။
Basi mke wa Yeroboamu akafanya kama alivyosema mumewe, akaenda kwenye nyumba ya Ahiya huko Shilo. Wakati huu Ahiya alikuwa kipofu naye alishindwa kuona kwa sababu ya umri wake.
5 ထာဝရဘုရား ကလည်း ၊ ယေရောဗောင် မယား သည် သားနာ သောကြောင့် ၊ သား အတွက် တစုံတခု ကို တောင်း အံ့သောငှါ သင့် ဆီသို့ ယခုလာ ၏။ ဤမည်သော စကားဖြင့် ပြန်ပြော ရမည်။ သူသည် လာ သောအခါ အခြားသော မိန်းမဖြစ်ယောင်ဆောင် လိမ့်မည်ဟု အဟိယ အား မိန့် တော်မူ၏။
Lakini Bwana alikuwa amemwambia Ahiya, “Mke wa Yeroboamu anakuja kukuuliza kuhusu mwanawe, kwa kuwa ni mgonjwa, nawe utamjibu hivi na hivi. Atakapowasili, atajifanya kuwa ni mtu mwingine.”
6 ထိုမိန်းမသည် တံခါး အထဲ သို့ ဝင် ၍၊ နင်း သံ ကို အဟိယ သည် ကြား လျှင် ၊ အိုယေရောဗောင် မယား ဝင် လော့။ အဘယ်ကြောင့် အခြားသောသူ ၏အယောင် ကို ဆောင်သနည်း။ ဝမ်းနည်း စရာသိတင်းကို ကြားပြော စေခြင်းငှါသင့် ဆီသို့ ငါ့ ကိုစေလွှတ် တော်မူ၏။
Hivyo Ahiya aliposikia kishindo cha hatua zake mlangoni, akasema, “Karibu ndani, mke wa Yeroboamu. Kwa nini kujibadilisha? Nimetumwa kwako nikiwa na habari mbaya.
7 သင်သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏အမိန့်တော်ကို၊ ယေရောဗောင် ထံ သို့သွား ၍ ဆင့်ဆို ရမည်မှာ၊ သင့် ကိုလူစု ထဲက ငါရွေး ၍ ငါ ၏လူ ဣသရေလ အမျိုးကို အုပ်စိုး စေခြင်းငှါချီးမြှောက် လျက်၊
Nenda, ukamwambie Yeroboamu kwamba hivi ndivyo asemavyo Bwana, Mungu wa Israeli: ‘Nilikuinua miongoni mwa watu na kukufanya kiongozi juu ya watu wangu Israeli.
8 နိုင်ငံ တော်ကို ဒါဝိဒ် မင်းမျိုး လက်မှ နှုတ် ၍ သင့် အား ပေး သော်လည်း ၊ သင်သည် ငါ့ ကျွန် ဒါဝိဒ် ကဲ့သို့ မ ဟုတ်။ သူသည် ငါ့ ပညတ် တို့ကို စောင့်ရှောက် ၏။ ငါ့ ရှေ့ မှာ ကောင်း သောအကျင့်ကိုသာ ကျင့် မည်ဟု စိတ် နှလုံးအကြွင်းမဲ့ ငါ့ ကို ဆည်းကပ် ၏။
Nikararua ufalme kutoka kwa nyumba ya Daudi na kukupa wewe, lakini hukuwa kama mtumishi wangu Daudi, ambaye aliyashika maagizo yangu na kunifuata kwa moyo wake wote, akifanya tu lile lililokuwa sawa machoni pangu.
9 သင်မူကား သင့် ရှေ့ မှာ ဖြစ် ဘူးသော သူ အပေါင်း တို့ကို လွန် ၍ ဒုစရိုက် ကိုပြုလေပြီ။ ငါ့ အမျက် ကို နှိုးဆော်ခြင်းငှါ အခြား တပါးသော ဘုရား နှင့်သွန်း သော ရုပ်တု တို့ကိုလုပ်၍ ငါ့ ကိုသင့် ကျော နောက် သို့ ပစ် ထားပြီ။
Umefanya maovu mengi kuliko wote waliokutangulia. Umejitengenezea miungu mingine, sanamu za chuma, umenighadhibisha na kunitupa nyuma yako.
10 ၁၀ ထိုကြောင့် ယေရောဗောင် အမျိုး အပေါ် သို့ ဘေးဥပဒ် ရောက် စေမည်။ ဣသရေလ မြို့ရွာ၌ အချုပ် ခံသောသူဖြစ်စေ ၊ အလွတ် ပြေးသောသူဖြစ်စေ၊ ယေရောဗောင် အမျိုးယောက်ျားများကို ပယ်ဖြတ် မည်။ လူသည် နောက်ချေး ကို အကုန်အစင် ကျုံးသွား သကဲ့သို့ ၊ ကျန်ကြွင်းသော ယေရောဗောင် အမျိုး ကို ပယ် သွားမည်။
“‘Kwa sababu ya hili, nitaleta maafa juu ya nyumba ya Yeroboamu. Nitakatilia mbali kutoka kwa Yeroboamu kila mzaliwa wa mwisho wa kiume katika Israeli, mtumwa au mtu huru. Nitachoma nyumba ya Yeroboamu mpaka iteketee yote kama mtu achomaye kinyesi.
11 ၁၁ ယေရောဗောင် အမျိုးသားသည် မြို့ ထဲမှာ သေ လျှင်အသေ ကောင်ကို ခွေး စား လိမ့်မည်။ မြို့ပြင် မှာ သေလျှင် မိုဃ်း ကောင်းကင်ငှက် စား လိမ့်မည်အကြောင်းထာဝရဘုရား မိန့် တော်မူပြီ။
Mbwa watawala wale walio wa nyumba ya Yeroboamu watakaofia ndani ya mji na ndege wa angani watajilisha kwa wale watakaofia mashambani. Bwana amesema!’
12 ၁၂ သင် ထ ၍ ကိုယ် အိမ် သို့ သွား လော့။ မြို့ တံခါးအထဲ သို့ ဝင် သောအခါ သူငယ် သေ လိမ့်မည်။
“Kukuhusu wewe, rudi nyumbani. Wakati utakapotia mguu katika mji wako, kijana atakufa.
13 ၁၃ ဣသရေလ အမျိုးသားအပေါင်း တို့သည် ငိုကြွေး မြည်တမ်းခြင်းကို ပြု၍ သင်္ဂြိုဟ် ကြလိမ့်မည်။ ယေရောဗောင် အမျိုးသားစုတွင် ၊ ထို သူငယ်တယောက် တည်းသာ သင်္ဂြိုဟ်ခြင်းကိုခံ ရလိမ့်မည်။ အကြောင်း မူကား၊ ယေရောဗောင် အမျိုးသား စုတွင် ထိုသူငယ်တယောက်သည် ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ၌ ကြည်ညိုသောစိတ် ရှိ ၏။
Israeli yote itamwombolezea na kumzika. Kwa sababu ni yeye pekee wa nyumba ya Yeroboamu atakayezikwa, kwa sababu ni yeye peke yake ndani ya nyumba ya Yeroboamu ambaye Bwana, Mungu wa Israeli, ameona kitu chema kwake.
14 ၁၄ အချိန်ရောက်မှ ယေရောဗောင် အမျိုး ကို ပယ်ဖြတ် လတံ့သော ဣသရေလ ရှင်ဘုရင် တပါးကို ထာဝရဘုရား သည် မိမိ တို့အဘို့ ပေါ်ထွန်း စေတော်မူမည်။ အဘယ် အချိန်နည်းဟုမေးသော်၊ ယခု ပင်ဖြစ်လိမ့်မည်။
“Bwana atajiinulia mwenyewe mfalme juu ya Israeli ambaye ataikatilia mbali jamaa ya Yeroboamu. Siku ndiyo hii! Nini? Naam, hata sasa hivi.
15 ၁၅ အာရှရ ပင်တို့ကို ပြုစု ၍ ထာဝရဘုရား ၏ အမျက် တော်ကိုနှိုးဆော်ကြသောကြောင့် ၊ ကျူပင် ကို ရေ ၌ လှုပ်ရှား သကဲ့သို့ ထာဝရဘုရား သည် ဣသရေလ အမျိုးကို ဒဏ်ခတ် ၍၊ ဘိုးဘေး တို့အား ပေး တော်မူသော ဤ ပြည် ကောင်း မှ နှုတ်ပယ် ပြီးလျှင် ၊ မြစ် ကြီးတဘက် ၌ အရပ်ရပ်သို့ ကွဲပြား စေတော်မူမည်။
Naye Bwana ataipiga Israeli, hata iwe kama unyasi unaosukwasukwa juu ya maji. Ataingʼoa Israeli kutoka nchi hii nzuri aliyowapa baba zao na kuwatawanya ngʼambo ya Mto Frati, kwa sababu wamemghadhibisha Bwana kwa kutengeneza nguzo za Ashera
16 ၁၆ ကိုယ်တိုင်ပြစ်မှား ၍ ဣသရေလ အမျိုးကိုလည်း ပြစ်မှား စေသော ယေရောဗောင် ၏ အပြစ် တို့ကြောင့် ဣသရေလ အမျိုးကို စွန့်ပစ် တော်မူမည်ဟု ဆင့်ဆိုလေ ၏။
Naye atawaacha Israeli kwa ajili ya makosa ya Yeroboamu aliyoyatenda na kusababisha Israeli kuyatenda.”
17 ၁၇ ယေရောဗောင် မယား သည် ထ သွား ၍ ၊ တိရဇ မြို့တံခါး ခုံသို့ ရောက် သောအခါ သူငယ် သေ ၏။
Kisha mke wa Yeroboamu akainuka, akaondoka kwenda Tirsa. Mara alipokanyaga kizingiti cha mlango, kijana akafa.
18 ၁၈ ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် အဟိယ အားဖြင့် မိန့် တော်မူသည်အတိုင်း ၊ ထိုသူငယ် ကို သင်္ဂြိုဟ် ၍ ဣသရေလ အမျိုးသားအပေါင်း တို့သည် ငိုကြွေး မြည်တမ်းခြင်းကို ပြုကြ၏။
Wakamzika na Israeli yote ikamwombolezea, kama Bwana alivyokuwa amesema kupitia mtumishi wake, nabii Ahiya.
19 ၁၉ ယေရောဗောင် ပြုမူသော အမှုအရာ ကြွင်း သမျှ၊ စစ်တိုက် ခြင်း အမှု၊ မင်းပြု ခြင်းအမှုတို့သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
Matukio mengine ya utawala wa Yeroboamu, vita vyake na jinsi alivyotawala, vimeandikwa katika kitabu cha kumbukumbu za wafalme wa Israeli.
20 ၂၀ ယေရောဗောင် သည် အနှစ် နှစ် ဆယ်နှစ် နှစ် စိုးစံ ပြီးမှ ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ သား တော်နာဒဒ် သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။
Yeroboamu akawatawala kwa miaka ishirini na miwili, kisha akalala na baba zake. Naye Nadabu mwanawe akawa mfalme baada yake.
21 ၂၁ ရှောလမုန် သား ရောဗောင် သည် ယုဒ ပြည်ကို စိုးစံ လေ၏။ နန်း ထိုင်သောအခါ အသက်လေး ဆယ်တ နှစ် ရှိ၏။ ထာဝရဘုရား သည် နာမ တော်တည် စေရာဘို့ ဣသရေလ ခရိုင် များတို့အထဲက ရွေးကောက် သော ယေရုရှလင် မြို့ ၌ ဆယ် ခုနစ် နှစ် စိုးစံ လေ၏။ မယ်တော် ကား အမ္မုန် အမျိုးသား၊ နေမ အမည် ရှိ၏။
Rehoboamu mwana wa Solomoni alikuwa mfalme wa Yuda. Alikuwa na umri wa miaka arobaini na moja alipoanza kutawala, naye akatawala miaka kumi na saba huko Yerusalemu, mji ambao Bwana alikuwa ameuchagua kutoka makabila yote ya Israeli ili apate kuliweka humo Jina lake. Mama yake aliitwa Naama, ambaye alikuwa Mwamoni.
22 ၂၂ ယုဒ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဘိုးဘေး တို့ပြစ်မှား သမျှ ထက် ပြစ်မှား သော အပြစ် များအားဖြင့် အမျက် တော်ကိုနှိုးဆော်ကြ၏။
Yuda wakatenda maovu machoni pa Bwana. Kwa dhambi walizotenda wakachochea hasira yake yenye wivu zaidi kuliko baba zao walivyofanya.
23 ၂၃ မြင့် သောတောင် ရှိသမျှ တို့အပေါ် ၌၎င်း ၊ စိမ်း သော သစ်ပင် ရှိသမျှ တို့အောက် ၌၎င်း၊ ကုန်း များ၊ ရုပ်တု များ၊ အာရှရ ပင်များကို တည် ကြ၏။
Pia wakajijengea mahali pa juu pa kuabudia miungu, mawe ya kuabudiwa na nguzo za Ashera juu ya kila kilima kilichoinuka na kila mti uliotanda.
24 ၂၄ ယုဒပြည် ၌ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ များရှိ ၍၊ ထာဝရဘုရား သည် ဣသရေလ အမျိုး ရှေ့ မှ နှင်ထုတ် တော်မူသော ပြည်သား မျိုးပြုသောစက်ဆုပ် ရွံရှာဘွယ်ရာအမှုအလုံးစုံ တို့ကို ပြု ကြသည် တကား။
Walikuwepo hata wanaume mahanithi wa mahali pa ibada za sanamu katika nchi; watu wakajiingiza katika kutenda machukizo ya mataifa ambayo Bwana aliyafukuza mbele ya Waisraeli.
25 ၂၅ ရောဗောင် မင်းကြီး နန်းစံငါး နှစ် တွင် ၊ အဲဂုတ္တု ရှင်ဘုရင် ရှိရှက် သည် ယေရုရှလင် မြို့သို့ စစ်ချီ ၍၊
Katika mwaka wa tano wa utawala wa Mfalme Rehoboamu, Shishaki mfalme wa Misri akashambulia Yerusalemu.
26 ၂၆ ဗိမာန် တော် ဘဏ္ဍာ နှင့် နန်း တော်ဘဏ္ဍာ ရှိသမျှကို သိမ်းသွား ၏။ ရှောလမုန် လုပ် သော ရွှေ ဒိုင်း ရှိသမျှ ကို လည်း ယူသွား ၏။
Akachukua hazina za Hekalu la Bwana na hazina za jumba la kifalme. Akachukua kila kitu, pamoja na zile ngao zote za dhahabu ambazo Solomoni alikuwa amezitengeneza.
27 ၂၇ ရောဗောင် မင်းကြီး သည် ရွှေဒိုင်းအစား ကြေးဝါ ဒိုင်း တို့ကိုလုပ် ၍ နန်း တော်တံခါး စောင့် ကိုယ်ရံတော် မှူး၌ အပ် လေ၏။
Kwa hiyo Mfalme Rehoboamu akatengeneza ngao za shaba badala ya zile za dhahabu na kuzikabidhi kwa majemadari wa ulinzi wa zamu kwenye ingilio la jumba la mfalme.
28 ၂၈ ရှင် ဘုရင်သည် ဗိမာန် တော်သို့သွား သောအခါ ၊ ကိုယ်ရံတော် သားတို့သည် ဒိုင်းတို့ကိုဆောင် ၍ နောက်တဖန် မိမိ တို့စောင့် ရာအခန်း မှာ ပြန် ထားကြ၏။
Kila wakati mfalme alipokwenda katika Hekalu la Bwana, walinzi walizichukua hizo ngao, na baadaye walizirudisha kwenye chumba cha ulinzi.
29 ၂၉ ရောဗောင် ပြုမူ သော အမှုအရာ ကြွင်း သမျှ တို့ သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။
Kwa matukio mengine ya utawala wa Rehoboamu na yote aliyoyafanya, je, hayakuandikwa katika kitabu cha kumbukumbu za wafalme wa Yuda?
30 ၃၀ ရောဗောင် နှင့် ယေရောဗောင် တို့သည် အသက် ရှည်သမျှ ကာလပတ်လုံးရန်ဘက် ပြု ကြ၏။
Kulikuwa na vita vinavyoendelea kati ya Rehoboamu na Yeroboamu.
31 ၃၁ ရောဗောင် သည်လည်း ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဒါဝိဒ် မြို့ ၌ သူတို့နှင့်အတူ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်အဘိယ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
Naye Rehoboamu akalala na baba zake, na akazikwa pamoja nao katika Mji wa Daudi. Mama yake aliitwa Naama, ambaye alikuwa Mwamoni. Naye Abiya mwanawe akawa mfalme baada yake.

< ၃ ဓမ္မရာဇဝင် 14 >