< ၃ ဓမ္မရာဇဝင် 13 >
1 ၁ ထိုအခါ ယေရောဗောင် သည် နံ့သာပေါင်းကို မီးရှို့ ခြင်းငှါ ယဇ် ပလ္လင်နား မှာရပ် နေစဉ်တွင်၊ ဘုရားသခင် ၏ လူ တယောက်သည် ထာဝရဘုရား ၏ နှုတ်ကပတ် တော်အတိုင်း ၊ ယုဒ ပြည်မှ ဗေသလ မြို့သို့ ရောက် လာ၍၊
၁ထိုအခါ ယေရောဗောင်သည် နံ့သာပေါင်းကို မီးရှို့ခြင်းငှါ ယဇ်ပလ္လင်နားမှာရပ်နေစဉ်တွင်၊ ဘုရား သခင်၏ လူတယောက်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း၊ ယုဒပြည်မှ ဗေသလမြို့သို့ ရောက် လာ၍၊
2 ၂ ထာဝရဘုရား ၏ နှုတ်ကပတ် တော်အတိုင်း ယဇ် ပလ္လင်တဘက် ၌ ကြွေးကြော် လျက် ၊ အိုယဇ် ပလ္လင်၊ ယဇ် ပလ္လင်၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဒါဝိဒ် မင်း မျိုး ၌ ယောရှိ အမည် ရှိသောသူကို ဘွားမြင် လိမ့်မည်။ သင့် အပေါ် မှာ နံ့သာပေါင်းကို မီးရှို့ ၍၊ မြင့် သောအရပ်၌ ယဇ်ပုရောဟိတ် လုပ်သောသူတို့ကို ထိုသူသည် သင့် အပေါ် မှာပူဇော် ၍ ၊ လူ သေအရိုး တို့ကို မီးရှို့ လိမ့်မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို၏။
၂ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ယဇ်ပလ္လင်တဘက်၌ ကြွေးကြော်လျက်၊ အိုယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဒါဝိဒ်မင်း မျိုး၌ ယောရှိအမည်ရှိသော သူကို ဘွားမြင်လိမ့်မည်။ သင့်အပေါ်မှာ နံ့သာပေါင်းကို မီးရှို့၍၊ မြင့်သောအရပ်၌ ယဇ်ပုရောဟိတ်လုပ်သောသူတို့ကို ထိုသူသည် သင့် အပေါ်မှာပူဇော်၍၊ လူသေအရိုးတို့ကို မီးရှို့လိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
3 ၃ ထို နေ့ခြင်းတွင် ပုပ္ပ နိမိတ်ကိုလည်း ပေး ၍ ထာဝရဘုရား မိန့် တော်မူသော ပုပ္ပ နိမိတ်ဟူမူကား ၊ ယဇ် ပလ္လင် သည် ကွဲ ၍ ပလ္လင်ပေါ် မှာရှိသော ပြာ လည်း ယိုကျ လိမ့်မည်ဟု ဟော လေ၏။
၃ထိုနေ့ခြင်းတွင် ပုပ္ပနိမိတ်ကိုလည်း ပေး၍ ထာဝရဘုရားမိန့်တော်မူသော ပုပ္ပနိမိတ်ဟူမူကား၊ ယဇ် ပလ္လင်သည် ကွဲ၍ပလ္လင်ပေါ်မှာရှိသော ပြာလည်း ယိုကျလိမ့်မည်ဟု ဟောလေ၏။
4 ၄ ထိုသို့ ဘုရားသခင် ၏ လူ သည် ဗေသလ မြို့ ယဇ် ပလ္လင်တဘက် ၌ ကြွေးကြော် သော စကား ကို ယေရောဗောင်မင်းကြီး သည် ကြား လျှင် ၊ ယဇ် ပလ္လင်ပေါ် မှာရှိသော မိမိ လက် ကိုဆန့် ၍ ထိုသူ ကို ဘမ်းဆီး ကြဟုဆို လျက်၊ ဆန့် သော လက် သည် သွေ့ခြောက် ၍ နောက် တဖန် မ ရုပ်နိုင်။။
၄ထိုသို့ ဘုရားသခင်၏ လူသည် ဗေသလမြို့ ယဇ်ပလ္လင်တဘက်၌ ကြွေးကြော်သော စကားကို ယေရောဗောင်မင်းကြီးသည် ကြားလျှင်၊ ယဇ်ပလ္လင်ပေါ်မှာရှိသော မိမိလက်ကိုဆန့်၍ ထိုသူကို ဘမ်းဆီးကြဟုဆို လျက်၊ ဆန့်သောလက်သည် သွေ့ခြောက်၍ နောက်တဖန် မရုပ်နိုင်။
5 ၅ ဘုရားသခင် ၏ လူ သည်ထာဝရဘုရား ၏ နှုတ်ကပတ် တော်အတိုင်း ပေး သော ပုပ္ပ နိမိတ်နှင့်အညီ ယဇ် ပလ္လင် ကွဲ ၍ ၊ ပြာ သည်လည်း ပလ္လင် ပေါ်က ယိုကျ လေ၏။
၅ဘုရားသခင်၏ လူသည်ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ပေးသောပုပ္ပနိမိတ်နှင့်အညီ ယဇ် ပလ္လင်ကွဲ၍၊ ပြာသည်လည်း ပလ္လင်ပေါ်က ယိုကျလေ၏။
6 ၆ ရှင် ဘုရင်ကလည်း၊ ငါ့ လက် ၌ ရောက်သောရောဂါကို ပျောက်စေမည်အကြောင်း ၊ ငါ့ အတွက် ပဌနာ ပြု ၍ သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ တောင်းပန် ပါလော့ဟုဘုရားသခင် ၏ လူ ကို ပြောဆို ၏။ ဘုရားသခင် ၏လူ သည် ထာဝရဘုရား ကို တောင်းပန် သဖြင့် ၊ ရှင်ဘုရင် လက် သည် ရောဂါပျောက်၍ ပကတိ အတိုင်း ဖြစ် လေ၏။
၆ရှင်ဘုရင်ကလည်း၊ ငါ့လက်၌ ရောက်သောရောဂါကို ပျောက်စေမည်အကြောင်း၊ ငါ့အတွက် ပဌနာ ပြု၍ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်ပါလော့ဟုဘုရားသခင်၏ လူကိုပြောဆို၏။ ဘုရားသခင်၏လူသည် ထာဝရဘုရားကို တောင်းပန်သဖြင့်၊ ရှင်ဘုရင်လက်သည် ရောဂါပျောက်၍ ပကတိ အတိုင်း ဖြစ်လေ၏။
7 ၇ ရှင် ဘုရင်ကလည်း ၊ ငါ နှင့်အတူ လိုက် ၍ အားဖြည့် လော့။ လက်ဆောင် ပေး မည်ဟု ဘုရားသခင် ၏ လူ အား ဆို လျှင်၊
၇ရှင်ဘုရင်ကလည်း၊ ငါနှင့်အတူ လိုက်၍ အားဖြည့်လော့။ လက်ဆောင်ပေးမည်ဟု ဘုရားသခင်၏ လူအား ဆိုလျှင်၊
8 ၈ ဘုရားသခင် ၏လူ က၊ နန်း တော်တဝက် ကိုပေး သော်လည်း သင် နှင့်အတူ ငါမ လိုက်။ ဤ အရပ် ၌ မုန့် ကိုမ စား ၊ ရေ ကိုလည်း မ သောက် ရ။
၈ဘုရားသခင်၏လူက၊ နန်းတော်တဝက်ကို ပေးသော်လည်း သင်နှင့်အတူ ငါမလိုက်။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်းမသောက်ရ။
9 ၉ ထာဝရဘုရား ၏ နှုတ်ကပတ် တော်က၊ မုန့် ကို မ စား နှင့်။ ရေ ကို မ သောက် နှင့်။ လာ သော လမ်း ဖြင့် မ ပြန် နှင့်ဟု ငါ့ အား ပညတ် တော်မူပြီဟု ရှင်ဘုရင် အား ပြောဆို ၏။
၉ထာဝရဘုရား၏ နှုတ်ကပတ်တော်က၊ မုန့်ကို မစားနှင့်။ ရေကို မသောက်နှင့်။ လာသောလမ်းဖြင့် မပြန်နှင့်ဟု ငါ့အား ပညတ်တော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၏။
10 ၁၀ ထိုနောက် ဗေသလ မြို့သို့ လာ သော လမ်း ကို ရှောင် ၍ အခြား သောလမ်း ဖြင့် ပြန် သွား၏။
၁၀ထိုနောက် ဗေသလမြို့သို့ လာသောလမ်းကို ရှောင်၍ အခြားသောလမ်းဖြင့် ပြန်သွား၏။
11 ၁၁ ထိုကာလ၌ ဗေသလ မြို့တွင် အသက် ကြီးသော ပရောဖက် တယောက် ရှိ ၏။ သူ ၏သား တို့သည်လာ ၍ ဘုရားသခင် ၏လူ သည် ထိုနေ့ ၌ ဗေသလ မြို့မှာ ပြု သော အမှု ရှိသမျှ နှင့် ရှင်ဘုရင် အား ပြော သော စကား များကို အဘ အား ပြန်ကြား လျှင်၊
၁၁ထိုကာလ၌ ဗေသလမြို့တွင် အသက်ကြီးသော ပရောဖက် တယောက်ရှိ၏။ သူ၏သားတို့သည်လာ၍ ဘုရားသခင်၏လူသည် ထိုနေ့၌ ဗေသလမြို့မှာ ပြုသောအမှုရှိသမျှနှင့် ရှင်ဘုရင်အားပြောသော စကားများကို အဘအား ပြန်ကြားလျှင်၊
12 ၁၂ ယုဒ ပြည်မှ လာ သော ဘုရားသခင် ၏ လူ သည် အဘယ်လမ်း ဖြင့် ပြန်သွား သည်ကို မြင် ကြသောကြောင့် ၊ အဘ က ထိုသူသည် အဘယ် လမ်း ဖြင့်ပြန်သွား သနည်းဟုမေး ပြီးလျှင်၊
၁၂ယုဒပြည်မှ လာသောဘုရားသခင်၏ လူသည် အဘယ်လမ်းဖြင့် ပြန်သွားသည်ကို မြင်ကြသောကြောင့်၊ အဘက ထိုသူသည် အဘယ်လမ်း ဖြင့်ပြန်သွားသနည်းဟု မေးပြီးလျှင်၊
13 ၁၃ မြည်း ကို ကုန်းနှီး တင်ကြလော့ဟု ဆို သည် အတိုင်း ၊ သား တို့သည် မြည်း ကိုကုန်းနှီး တင်၍ အဘသည် စီး သွားလျက်၊
၁၃မြည်းကို ကုန်းနှီးတင်ကြလော့ဟု ဆိုသည် အတိုင်း၊ သားတို့သည် မြည်းကိုကုန်းနှီးတင်၍ အဘသည် စီးသွားလျက်၊
14 ၁၄ ဘုရားသခင် ၏ လူ ကိုလိုက် လေ၏။ သပိတ် ပင် အောက် မှာထိုင် လျက် ရှိသည်ကိုတွေ့ လျှင် ၊ သင် သည် ယုဒ ပြည်မှ လာ သော ဘုရားသခင် ၏ လူ မှန် သလောဟုမေး သော် ၊ ငါ မှန်သည်ဟု ပြန်ဆို ၏။
၁၄ဘုရားသခင်၏ လူကိုလိုက်လေ၏။ သပိတ်ပင် အောက်မှာထိုင်လျက် ရှိသည်ကိုတွေ့လျင်၊ သင်သည် ယုဒပြည်မှလာသော ဘုရားသခင်၏ လူမှန်သလောဟု မေးသော်၊ ငါမှန်သည်ဟု ပြန်ဆို၏။
15 ၁၅ ပရောဖက်ကလည်း၊ ငါ နှင့်အတူ ငါ့အိမ် သို့ လိုက် ၍ မုန့် ကို စား ပါလော့ဟု ခေါ်ပင့်လျှင်၊
၁၅ပရောဖက်ကလည်း၊ ငါနှင့်အတူ ငါ့အိမ်သို့ လိုက်၍ မုန့်ကို စားပါလော့ဟု ခေါ်ပင့်လျှင်၊
16 ၁၆ ငါသည် သင် နှင့်အတူ မ လိုက် ရ၊ သင့်အိမ်သို့မဝင်ရ။ ဤ အရပ် ၌ မုန့် ကိုမ စား ၊ ရေ ကိုလည်း မ သောက် ရ။
၁၆ငါသည် သင်နှင့်အတူ မလိုက်ရ၊ သင့်အိမ်သို့မဝင်ရ။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်း မသောက်ရ။
17 ၁၇ ထာဝရဘုရား က၊ ထို အရပ်၌ မုန့် ကိုမ စား နှင့်။ ရေ ကိုမ သောက် နှင့်။ လာ သော လမ်း ဖြင့် မ ပြန် နှင့်ဟု ငါ့ အား မိန့် တော်မူကြောင်းကို ပြောဆို ၏။
၁၇ထာဝရဘုရားက၊ ထိုအရပ်၌ မုန့်ကိုမစားနှင့်။ ရေကိုမသောက်နှင့်။ လာသောလမ်းဖြင့်မပြန်နှင့်ဟု ငါ့အား မိန့်တော်မူကြောင်းကို ပြောဆို၏။
18 ၁၈ ပရောဖက်ကလည်း ၊ ငါ သည် သင် ကဲ့သို့ ပရောဖက် ဖြစ်၏။ သင်သည်မုန့် ကိုစား ၍ ရေ ကိုသောက် စေခြင်းငှါသင့် ကိုငါ့အိမ် သို့ ခေါ် ရမည်အကြောင်း၊ ကောင်းကင် တမန်သည် ထာဝရဘုရား ၏ နှုတ်ကပတ် တော် အားဖြင့် မှာ ထားပြီဟု မုသာ သုံး၍ ပြောဆို ၏။
၁၈ပရောဖက်ကလည်း၊ ငါသည် သင်ကဲ့သို့ ပရောဖက်ဖြစ်၏။ သင်သည်မုန့်ကိုစား၍ ရေကိုသောက်စေ ခြင်းငှါ သင့်ကိုငါ့အိမ်သို့ ခေါ်ရမည်အကြောင်း၊ ကောင်းကင်တမန်သည် ထာဝရဘုရား၏ နှုတ်ကပတ်တော် အားဖြင့် မှာထားပြီဟု မုသာသုံး၍ ပြောဆို၏။
19 ၁၉ ထိုကြောင့် ဘုရားသခင်၏လူသည် ပရောဖက် နှင့်အတူ ပြန် လာ၍ ၊ သူ ၏အိမ် မှာ မုန့် ကိုစား ၏။ ရေ ကို လည်း သောက် ၏။
၁၉ထိုကြောင့် ဘုရားသခင်၏လူသည် ပရောဖက် နှင့်အတူ ပြန်လာ၍၊ သူ၏အိမ်မှာ မုန့်ကိုစား၏။ ရေကို လည်း သောက်၏။
20 ၂၀ ထိုသူ နှစ်ပါးတို့သည် စားပွဲ နား မှာ ထိုင် စဉ်တွင် ၊ ခေါ် ခဲ့သော ပရောဖက် သို့ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ရောက် ၍၊
၂၀ထိုသူနှစ်ပါးတို့သည် စားပွဲနားမှာ ထိုင်စဉ်တွင်၊ ခေါ်ခဲ့သော ပရောဖက်သို့ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ရောက်၍၊
21 ၂၁ ယုဒ ပြည်မှ လာ သော ဘုရားသခင် ၏လူ အား ၊ သင်သည် ထာဝရဘုရား ၏နှုတ်တော် ထွက်ကို နား မထောင်၊ သင် ၏ဘုရားသခင် ထာဝရဘုရား ထား တော်မူသော ပညတ် တော်ကို မ စောင့်၊
၂၁ယုဒပြည်မှ လာသောဘုရားသခင်၏လူအား၊ သင်သည် ထာဝရဘုရား၏နှုတ်တော်ထွက်ကို နား မထောင်၊ သင်၏ဘုရားသခင် ထာဝရဘုရားထားတော်မူ သော ပညတ်တော်ကို မစောင့်၊
22 ၂၂ ဤမည်သောအရပ်၌ မုန့် ကိုမ စား နှင့်။ ရေ ကို မ သောက် နှင့်ဟု ပညတ် တော်မူသော အရပ် သို့ ပြန် လာ၍ မုန့် နှင့် ရေ ကိုစား သောက် သောကြောင့် ၊ သင် ၏အလောင်း သည် ဘိုးဘေး တို့၏ သင်္ချိုင်း သို့ မ ရောက် ရဟု ထာဝရဘုရား မိန့် တော်မူကြောင်း ကို အော်ဟစ် ၍ ဆင့်ဆို ၏။
၂၂ဤမည်သော အရပ်၌ မုန့်ကိုမစားနှင့်။ ရေကို မသောက်နှင့်ဟု ပညတ်တော်မူသော အရပ်သို့ပြန်လာ၍ မုန့်နှင့်ရေကိုစားသောက်သောကြောင့်၊ သင်၏အလောင်းသည် ဘိုးဘေးတို့၏ သင်္ချိုင်းသို့မရောက်ရဟု ထာဝရ ဘုရားမိန့်တော်မူကြောင်းကို အော်ဟစ်၍ ဆင့်ဆို၏။
23 ၂၃ မုန့် နှင့် ရေကို စား သောက် ပြီးမှ ၊ ထိုပရောဖက်သည် ပြန် လာသော ပရောဖက် အဘို့ မိမိမြည်း ကို ကုန်းနှီး တင်၍ လွှတ်လိုက်လေ၏။
၂၃မုန့်နှင့်ရေကို စားသောက်ပြီးမှ၊ ထိုပရောဖက်သည် ပြန်လာသော ပရောဖက်အဘို့ မိမိမြည်းကို ကုန်းနှီး တင်၍ လွှတ်လိုက်လေ၏။
24 ၂၄ လမ်း မှာ ခြင်္သေ့ တွေ့ ၍ သတ် ၏။ အသေ ကောင်သည် လမ်း ၌ လဲ ၍ ၊ မြည်း နှင့် ခြင်္သေ့ သည် အနား မှာ ရပ် နေ၏။
၂၄လမ်းမှာခြင်္သေ့တွေ့၍ သတ်၏။ အသေကောင်သည် လမ်း၌ လဲ၍၊ မြည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေ၏။
25 ၂၅ အသေ ကောင်သည် လမ်း ၌ လဲ ၍ မြည်းနှင့်ခြင်္သေ့ သည် အနား မှာ ရပ် နေသည်ကို ခရီး သွားသောသူတို့ သည် မြင် လျှင် ၊ အသက် ကြီးသော ပရောဖက် နေ သော မြို့ သို့ လာ ၍ သိတင်း ပြောကြ၏။
၂၅အသေကောင်သည် လမ်း၌လဲ၍ မည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေသည်ကို ခရီးသွားသော သူတို့သည် မြင်လျှင်၊ အသက်ကြီးသော ပရောဖက်နေသော မြို့သို့လာ၍ သိတင်းပြောကြ၏။
26 ၂၆ ခေါ် ခဲ့သော ပရောဖက် သည် ထိုသိတင်းကိုကြား လျှင် ၊ ထာဝရဘုရား ၏ အမိန့် တော်ကို နား မထောင်သော ဘုရားသခင် ၏ လူ ဖြစ်လိမ့်မည်။ ထာဝရဘုရား သည် ထိုသူ အား မိန့် တော်မူသော စကား အတိုင်း ၊ သူ့ ကိုခြင်္သေ့ ၌ အပ် တော်မူသဖြင့် ၊ ခြင်္သေ့သည် ကိုက် သတ် လေပြီတကား ဟု ဆို လျက်၊
၂၆ခေါ်ခဲ့သောပရောဖက်သည် ထိုသိတင်းကိုကြားလျှင်၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်သော ဘုရားသခင်၏ လူဖြစ်လိမ့်မည်။ ထာဝရဘုရားသည် ထိုသူအား မိန့်တော်မူသော စကားအတိုင်း၊ သူ့ကိုခြင်္သေ့၌ အပ်တော်မူသဖြင့်၊ ခြင်္သေ့သည် ကိုက်သတ်လေပြီတကား ဟု ဆိုလျက်၊
27 ၂၇ မြည်း ပေါ်မှာ ကုန်းနှီး ကို တင်ကြလော့ဟု သား တို့အား ဆို သည်အတိုင်း သူတို့သည် ကုန်းနှီး တင်ကြ၏။
၂၇မြည်းပေါ်မှာ ကုန်းနှီးကို တင်ကြလော့ဟု သားတို့အား ဆိုသည်အတိုင်း သူတို့သည် ကုန်းနှီးတင်ကြ၏။
28 ၂၈ ပရောဖက်သွား ၍ အသေ ကောင်သည် လမ်း ၌ လဲ လျက် ၊ မြည်း နှင့် ခြင်္သေ့ သည် အနား မှာ ရပ် နေလျက် ရှိသည်ကိုတွေ့ ၏။ ခြင်္သေ့ သည် အသေ ကောင်ကိုမ စား ၊ မြည်း ကိုလည်း မ ကိုက်။
၂၈ပရောဖက်သွား၍ အသေကောင်သည် လမ်း၌ လဲလျက်၊ မြည်းနှင့် ခြင်္သေ့သည် အနားမှာ ရပ်နေလျက် ရှိသည်ကိုတွေ့၏။ ခြင်္သေ့သည် အသေကောင်ကိုမစား၊ မြည်းကိုလည်း မကိုက်။
29 ၂၉ အသက် ကြီးသော ပရောဖက် သည် ဘုရားသခင် ၏လူ အလောင်း ကောင်ကို မြည်း ပေါ် သို့ ချီ ၍ တင် ပြီးလျှင် ငိုကြွေး မြည်တမ်းခြင်းကို ပြု၍ ၊ သင်္ဂြိုဟ် ခြင်းငှါ မိမိမြို့ သို့ ဆောင် သွား၏။
၂၉အသက်ကြီးသော ပရောဖက်သည် ဘုရားသခင်၏လူအလောင်းကောင်ကို မြည်းပေါ်သို့ ချီ၍ တင်ပြီးလျှင် ငိုကြွေးမြည်တမ်းခြင်းကို ပြု၍၊ သင်္ဂြိုဟ်ခြင်း ငှါ မိမိမြို့သို့ ဆောင်သွား၏။
30 ၃၀ အလောင်း ကောင်ကို မိမိ သင်္ချိုင်း တွင်း၌ ထား လျက် ၊ အို ငါ့ ညီ ဟူ၍ငိုကြွေး မြည်တမ်းခြင်းကို ပြု၏။
၃၀အလောင်းကောင်ကို မိမိသင်္ချိုင်းတွင်း၌ ထားလျက်၊ အိုငါ့ညီဟူ၍ ငိုကြွေးမြည်တမ်းခြင်းကို ပြု၏။
31 ၃၁ သင်္ဂြိုဟ် ပြီးမှ သား တို့ကိုခေါ်၍၊ ငါ သေ သောအခါ ဘုရားသခင် ၏ လူ သင်္ချိုင်း တွင်း၌ သင်္ဂြိုဟ် ကြလော့။ ငါ့ အရိုး တို့ကို သူ့ အရိုး တို့အနား မှာထား ကြလော့။
၃၁သင်္ဂြိုဟ်ပြီးမှ သားတို့ကိုခေါ်၍၊ ငါသေသောအခါ ဘုရားသခင်၏ လူသင်္ချိုင်းတွင်း၌ သင်္ဂြိုဟ်ကြလော့။ ငါ့အရိုးတို့ကို သူ့အရိုးတို့အနားမှာ ထားကြလော့။
32 ၃၂ ဗေသလ မြို့ယဇ် ပလ္လင်တစ်ဘက် ရှမာရိ မြို့ ရွာတွင် ၊ မြင့် သောအရပ်ပေါ်မှာ ဆောက်သော အိမ် များ တစ်ဘက် ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်အတိုင်း ကြွေးကြော် သော စကား သည် စင်စစ်ပြည့်စုံ လိမ့်မည်ဟု မှာ ထားလေ၏။
၃၂ဗေသလမြို့ယဇ်ပလ္လင်တဘက်ရှမာရိမြို့ရွာတွင်၊ မြင့်သောအရပ်ပေါ်မှာ ဆောက်သောအိမ်များ တဘက်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်အတိုင်း ကြွေးကြော်သောစကားသည် စင်စစ်ပြည့်စုံလိမ့်မည်ဟု မှာထားလေ၏။
33 ၃၃ ထိုနောက်မှ ယေရောဗောင် သည် မိမိ အဓမ္မ လမ်း ကို မ ရှောင်။ သာမညလူ တို့ကို မြင့် သောအရပ်တွင် ယဇ်ပုရောဟိတ် အရာ၌ ထပ်၍ ခန့်ထား ၏။ ယဇ်ပုရောဟိတ်လုပ်ချင် သောသူ ရှိသမျှကို ချီးမြှောက် သဖြင့် ၊ သူတို့သည် မြင့် သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ် ကြ၏။
၃၃ထိုနောက်မှ ယေရောဗောင်သည် မိမိအဓမ္မလမ်းကို မရှောင်။ သာမညလူတို့ကို မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ်အရာ၌ ထပ်၍ ခန့်ထား၏။ ယဇ်ပုရောဟိတ်လုပ်ချင်သောသူ ရှိသမျှကို ချီးမြှောက်သဖြင့်၊ သူတို့သည် မြင့်သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ်ကြ၏။
34 ၃၄ ထိုသို့ ပြုသောကြောင့်ယေရောဗောင် အမျိုး ကို မြေကြီး ပြင် မှ သုတ်သင် ပယ်ရှင်းစေသော အပြစ် ရောက် သတည်း။
၃၄ထိုသို့ပြုသောကြောင့် ယေရောဗောင်အမျိုးကို မြေကြီးပြင်မှ သုတ်သင်ပယ်ရှင်းစေသော အပြစ်ရောက် သတည်း။